← Chapters

ဟွာရှို့နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ဥပဒေ

Vol. 53 Ch. 787

ဟွာရှို့နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ဥပဒေ

Vol. 53 Ch. 787

ကျင့်ကြံ၍မရသည့် သာမန်လူတစ်ယောက် ဖြစ်နေပါစေ၊ သင့်ကံကြမ္မာကို ပြောင်းလဲဖို့ သင့်ကိုယ်ပိုင် ဉာဏ်ပညာနှင့် အသိပညာကို အသုံးပြုနိုင်ကြောင်း ဝမ်မင်က သက်သေပြခဲ့သည်။

ဝမ်မင် ကဲ့သို့ ကျင့်ကြံ၍မရသော လူများသည် လူနည်းစု အနေဖြင့် ရှိနေဆဲ ဖြစ်သည်။

သူလိုလူက နောက်ထပ် ထောင်စုနှစ်များစွာ ကြာသည်အထိ ထပ်မံ ပေါ်ထွက်လာရန် မဖြစ်နိုင်ပေ။

"မင်လေး တီထွင်ထားတဲ့ စက်ရုပ် ချပ်ဝတ်တန်ဆာက မပျက်စီးသေးတာများလား"

ဗိုလ်ချုပ်ရီ၏ စကားအသွားအလာက သံသယဖြစ်ပုံ ပေါ်သော်လည်း လေသံမှာမူ အလွန်သေချာမှု ရှိနေသည်။

ထိုအချိန်က ကောင်းကင်းEဂြိုဟ်တုမှ ထုတ်လွှတ်သော ဓာတ်ရောင်ခြည် အလင်းကြောင့် လူအများအပြားက အမြင်အာရုံ ဝေဝါးခဲ့ကြသည်။

အလင်းရောင် မှိန်ဖျော့သွားသောအခါမှသာ ဝမ်မင်နှင့် ဝူကျန်းကျွင်းတို့ မြေပြင်ပေါ်သို့ လဲကျနေသည်ကို မြင်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် ဤသည်က ပကတိအင်မော်တယ်များ၏ မျက်လုံးများကိုမူ လှည့်စား၍ မရပေ။

ဗိုလ်ချုပ်ရီနှင့် အခြား ဗိုလ်ချုပ်များသည် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြသည်။

ဝမ်မင်က အလင်းရောင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်လင်း1 ချပ်ဝတ်တန်ဆာကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ၎င်း၏ သိုလှောင်ခန်းအတွင်း ပစ်ထည့်ခဲ့သည်။

ဆိုရလျှင် ဤချပ်ဝတ်တန်ဆာသည် အများထင်ထားသလိုမဟုတ်ဘဲ စွမ်းအင်လှိုင်းများကြောင့် မပျက်စီးခဲ့ပေ။

"ဖြစ်နိုင်တယ်"

ဥက္ကဌချီ ခေါင်းညိတ်လိုက်သည်။

“အစိုးရ ပါမောက္ခ တစ်ယောက်အနေနဲ့ ဝမ်မင်က လျောက်ထား ​​တင်ပြမှုမရှိဘဲ ဒီချပ်ဝတ်တန်ဆာကို တီထွင်ခဲ့တယ်.. ဟွာရှို့ရဲ့ စည်းမျဉ်းတွေ အရ ဝတ်စုံကို သိမ်းဆည်းသင့်ပြီး ကိုယ်တိုင်လည်း အပြစ်ခံယူဖို့ လိုအပ်တယ်”

ဗိုလ်ချုပ်ရီက ပြောကြားခဲ့သည်။

"ဓားသူတော်စင်က အရင်လို စာအုပ်ကြီးအတိုင်း စည်းကပ် တင်းကျပ်နေတုန်းပဲကိုး"

သူ့ဘေးမှ ဆေးသူတော်စင် လော့ချိုးဟွိုက်က ပြုံး၍ ပြောလိုက်သည်။

"ဒါပေမယ့် ဒီအဖြစ်အပျက်ကို အသေအချာ ပြန်စဉ်းစားကြည့်ရင် မင်လေးက ​​အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဒီချပ်ဝတ်တန်ဆာ ဝတ်စုံကို တီထွင်ခဲ့တာ ဖြစ်တယ်.. အကြို တင်ပြမှု မလုပ်ခဲ့ပေမဲ့လည်း ဟွာရှို့နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ဥပဒေအရဆို မင်လေးက သက်ဆိုင်ရာပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရသင့်ပြီး ချပ်ဝတ်တန်ဆာကိုတောင် သိမ်းယူခံရမှာမဟုတ်ဘူး.. ဒါက သူ့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှု ဖြစ်တဲ့အတွက် ဟွာရှို့မဟာမိတ်အဖွဲ့ အနေနဲ့ ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိဘူး”

ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်သွားသည်။

တကယ်တမ်းတွင် ဤအကြောင်းပြချက်ကို သူနားလည်သည်။

"မင်လေးက ဒီတိုက်ပွဲကို အနိုင်ရခဲ့တယ်.. ဒါပေမယ့် နောက်ဆုံးအခိုက်အတန့်မှာ နှစ်ဖက်လုံး မျက်နှာမပျက်ရအောင် ရွေးချယ်ခဲ့တယ်ဆိုတာ မင်းတို့ သိထားသင့်တယ်"

ဥက္ကဌချီက အချက်တစ်ချက်ကို ထောက်ပြလိုက်သည်။

ဗိုလ်ချုပ်ဆယ်ယောက်က ဝမ်မင် ဆောင်ရွက်ခဲ့သော အပြုအမူ၏ သက်ရောက်မှုကို အဘယ်ကြောင့် မသိနိုင်ရပါမည်နည်း။

ဝမ်မင်နှင့် ဝူကျန်းကျွင်းက ကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် ခွန်အားတို့တွင် ကြီးမားစွာ ကွာဟနေသော်လည်း ဤနည်းပညာမြင့် ချပ်ဝတ်တန်ဆာသည် အဆင့်တူအနေအထားရောက်သည် အထိ အကွာအဝေးကို တံတားထိုးနိုင်ခဲ့သည်။

အကယ်၍ ဝမ်မင်သာ လူတိုင်းရှေ့တွင် ဤတိုက်ပွဲ၌ ပြတ်ပြတ်သားသား အောင်ပွဲရခဲ့လျှင် ထိုတိုက်ပွဲသည် ကြည့်ရှုနေသည့် ဆရာများနှင့် ကျောင်းသားများ အပေါ်တွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိလာစေမည်မှာ သေချာသလောက်ပင်။

ယင်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ကိုပင် ဖြစ်ပေါ်စေနိုင်သည်။

ကျင့်ကြံသူ တစ်ဦး၏ စိတ်အခြေအနေသည် ၎င်းတို့၏ ကျင့်ကြံမှုတွင် အလွန်အရေးကြီးသော အဆုံးအဖြတ် ဖြစ်သည်။

ယင်းက ကျင့်ကြံခြင်း လမ်းစဥ်တွင် မည်မျှ လျှောက်လှမ်းနိုင်မည်ကို တိုက်ရိုက် အဆုံးအဖြတ် ပေးနိုင်သည်။

ဤချပ်ဝတ်တန်ဆာကြောင့် ဆရာများနှင့် ကျောင်းသားများသည် အနာဂတ်တွင် အားစိုက်၍ မကျင့်ကြံတော့ဘဲ ၎င်းတို့၏ ခွန်အားများ လျင်မြန်စွာ တိုးတက်စေရန်အတွက် သိပ္ပံနှင့် နည်းပညာ၏ စွမ်းအားများကို အားကိုးအားထား ပြုလာခဲ့လျှင် ကျင့်ကြံခြင်းလောကသည် တဖြည်းဖြည်း ဆုတ်ယုတ်သွားမည် ဖြစ်သည်။

ဝူကျန်းကျွင်း ရှုံးနိမ့်ခဲ့သော်လည်း အနည်းဆုံးတော့ ဝမ်မင်သည် ဤပွဲကို သရေပွဲအဖြစ် တမင်တကာ ပြောင်းလဲပစ်ခဲ့ပြီး ကျင့်ကြံခြင်းနှင့် သိပ္ပံပညာက တစ်ခုနှင့် တစ်ခု ပိုသာသည် မရှိဘဲ အမှီသဟဲ အားဖြည့်ပေးကြောင်း သရုပ်ပြခဲ့သည်။

"တစ်ချိန်က ငါ့ကို သိပ္ပံပညာက သေသွားရင်တောင် ကျင့်ကြံခြင်း လမ်းစဥ်က ရှင်သန်နေရမယ်လို့ မင်လေး ပြောဖူးတယ်.. ကျင့်ကြံခြင်း လမ်းစဥ်သာ သေဆုံးသွားရင် နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေတွေက အဆုံးမရှိပဲ"

ဥက္ကဌချီက ပြောကြားခဲ့သည်။

ဝမ်မင် တစ်ချိန်က ပြောခဲ့ဖူးသော ဤစကားသည် ဤအခြေအနေကို နားလည်စေရန် အရေးပါသော အကြောင်းပြချက်တစ်ခု ဖြစ်သည်။

ဝမ်မင်လို ကိုယ်တိုင် မကျင့်ကြံနိုင်သော သူတစ်ဦးသည် အဘယ်ကြောင့် ဤသဘောတရားကို အခိုင်အမာ ဆိုရပါသနည်း။

အကြောင်းရင်းမှာ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ကြီးကျယ်သော အခြေအနေများကို မှန်းဆမိ၍ ဖြစ်သည်။

ယခုတစ်ကြိမ် ဝမ်မင် တီထွင်ခဲ့သော ချပ်ဝတ်တန်ဆာသည် အလွန်ပင် ထူးခြားသည်။

ထိုဝတ်စုံက နဝမအဆင့် ခြေသလုံးအိမ်တိုင် အင်မော်တယ်ကိုပင် သရေကျအောင် တိုက်ခိုက်နိုင်သည်။

သို့သော် အနည်းငယ် ပိုသန်မာသည့်လူနှင့် တွေ့လျှင်မူ သူ့ချပ်ဝတ်သည် မိနစ်ပိုင်းအတွင်း ကွဲထွက်သွားလိမ့်မည် ဖြစ်၏။

ဝတ်စုံက လက်ရှိ သိပ္ပံနဲ့ နည်းပညာ အဆင့်အရ ဤအခြေအနေတွင် တစ်ဆို့နေဆဲပင်။

ဝမ်မင်က “ဝမ်လင်း1” ကို တတိယအကြိမ်မြောက် အဆင့်မြှင့်တင်နေချိန်တွင် ဤပိတ်ဆို့မှုကို ဖြတ်ကျော်ရန် ကိစ္စအား စဉ်းစားထားပြီ ဖြစ်သည်။

နတ်ဘုရားနယ်မြေတွင် သူရှာဖွေနေသော အဖြေများ သေချာပေါက် ရှိနေသည်ဟု ဝမ်မင် ခံစားမိသည်။

သို့သော် ဤသည်က ​နောက်​​ထပ် ပုံပြင်​​တစ်​ပုဒ် ဖြစ်သည်။

"ကျန်တဲ့သူတွေရော ဘယ်လိုမြင်ကြလဲ"

ဗိုလ်ချုပ်ရီက အခြားဗိုလ်ချုပ်များကို ဝေ့ကြည့်လိုက်သည်။

"ချိုးဟွိုက် နဲ့ အဖိုးကြီးချီ ပြောတာတွေက ယုတ္တိကျတယ်.. ဝမ်မင်က အပြစ်ပေးတာကနေ လွတ်ကင်းသင့်ပြီး ချပ်ဝတ်တန်ဆာကိုလည်း ထိန်းသိမ်းထားနိုင်တယ်.. တကယ်ဆို သူ့ကို ချီးကျူးစကားတောင် ပြောသင့်တယ်"

အခြားသူများကိုကြည့်ရင်း နောက်ဆုံးတွင် ဗိုလ်ချုပ်ကျန်းသည် သူ၏လည်ချောင်းကို ရှင်းလိုက်ပြီး အားလုံး ကိုယ်စား ပြောဆိုခဲ့သည်။

"ချီးကျူးရမယ် ဟုတ်လား "

"ဟုတ်တယ်.. ဒါက ဝမ်မင်အတွက် မူလက သေလုမျောပါးအခြေအနေတစ်ခု ဖြစ်တယ်.. ဒါပေမဲ့လည်း ဝမ်မင်က သူ့ရဲ့ ကိုယ်တိုင် ကြိုးစားအားထုတ်မှုကနေ အခြေအနေကို အလှည့်အပြောင်း လုပ်နိုင်ခဲ့တယ်.. ချီးကျူးစရာကတော့ ဒီလိုမျိုး အကျပ်အတည်းမှာတောင် သူက ဒီလို ချပ်ဝတ်တန်ဆာကို ဒီဇိုင်းထုတ်နိုင်ခဲ့တာပဲ"

"ဒါက ချီးကျူးထိုက်တယ်လို့ ငါယုံကြည်တယ်.. ပြီးတော့ ဒီချပ်ဝတ်တန်ဆာကို ဘယ်လိုဖန်တီးခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဝမ်မင်ကို မျှဝေခိုင်းရမယ်"

ဗိုလ်ချုပ်ရီ အံ့ဩသွားသည်။

"ငကျန်း.. မင်းက မိစ္ဆာလား"

ဗိုလ်ချုပ်ကျန်း“.......…”

ကျန်ဗိုလ်ချုပ်များက ဗိုလ်ချုပ်ကျန်းကို ကြည့်ကာ ချက်ချင်း သဘောပေါက်သွားသည် ။

ဤသည်မှာ ဝမ်မင်ကို ကာကွယ်ပေးသည့် ပုံစံတစ်မျိုးပင်။

ဗိုလ်ချုပ်ကျန်းက ပခုံးတွန့်လိုက်သည်။

"ဟုတ်ပါတယ်.. ဒါက အကြံပြုချက်တစ်ခုပါပဲ.. မင်းတို့ မကျေနပ်ရင် ကြိုက်သလို ဆွေးနွေးနိုင်ပါတယ်.. ငါဆိုလိုချင်တဲ့ အဓိကအချက်က ဝမ်မင် အနေနဲ့ အပြစ်ပေးခံရဖို့ မလိုအပ်သလို ချပ်ဝတ်ကို လွှဲပြောင်းပေးစရာလည်း မလိုဘူး.. ဒါပါပဲ"

“နေရာလွတ် ပင်လယ်သေကို မှော်ရတနာတွေရဲ့ သင်္ချိုင်းဂူလို့ ခေါ်ဆိုခဲ့တာ ကြာပါပြီ.. နိုင်ငံကြီးတွေရဲ့ အသုံးပြုမှုက အမြဲလိုလို အကန့်အသတ်ရှိတယ်.. ငါတို့နိုင်ငံ အပါအဝင် အများစုက နေရာလွတ်ပင်လယ်သေကို အမှိုက်ပုံးအဖြစ်ပဲ မှတ်ယူကြတယ်.. အဲဒီထဲကို မှော်ရတနာ အကြွင်းအကျန် အချို့က မတော်တဆ ပြုတ်ကျတာ ဒါမှမဟုတ် စုပ်ယူခံရတာတွေ အမှန်တကယ် ရှိနေခဲ့တယ်.. နေရာလွတ်ပင်လယ်သေကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် အမှိုက်ထဲကနေ ရွှေအဖြစ် ပြောင်းလဲ အသုံးပြုနိုင်ပြီး လျှို့ဝှက်ရွှေတွင်း တစ်ခုလိုတောင် ဖြစ်လာနိုင်တယ်”

ဥက္ကဌချီပ သူ့အမြင်ကို ပြောပြခဲ့သည်။

“ဒါကြောင့် ငါရဲ့ အကြံပြုချက်ကတော့ မင်လေးကိုချပ်ဝတ်တန်ဆာ ပြုလုပ်ပုံ မျှဝေခိုင်းဖို့ထက် နေရာလွတ်​ပင်လယ်သေ အကြောင်း ရှင်းပြခိုင်းဖို့ပဲ အကြံပြုချင်တယ်.. တစ်ချိန်တည်းမှာ သူက အမှောင်နက်ဝေါ့ခ် အဖွဲ့ဝင် သရဲခေါင်းဓား သေဆုံးပုံကိုလည်း ရှင်းပြနိုင်လိမ့်မယ်"

"အဖိုးကြီးရီ.. မင်းဘာပြောချင်သေးလဲ"

"စစ်ပွဲသူတော်စင် နဲ့ ဆေးသူတော်စင်တို့ ထောက်ခံနေမှတော့ ဒီအဖိုးကြီးက ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"

ဗိုလ်ချုပ်ရီက ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ယခုအခါတွင် သရဲခေါင်းဓားသည် နေရာလွတ်ပင်လယ်သေတွင် သေဆုံးခဲ့သည်။

ဤသတင်းသာ ထွက်လာလျှင် အမှောင်နက်ဝေါ့ခ် အတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာပေမည်။

"စစ်ပွဲသူတော်စင် ဖော်ပြခဲ့တဲ့ ချီးကျူးစကားတော့ မင်လေးအတွက် မလိုအပ်ဘူးလို့ ငါထင်တယ်.. ဝမ်မင်ဆိုတဲ့ ကလေးက ဘာမှ ကောင်းကောင်းမလုပ်နိုင်သေးဘူး.. သူ့ကို အရမ်းချီးကျူးလို့ မရသေးဘူး.. ရိုးရိုးသားသား ပြောရရင် ဒီကောင်စုတ်လေးက အပြစ်ပေးခံရသင့်တယ်.. ဒီတစ်ကြိမ် သူလုပ်ခဲ့တဲ့လုပ်ရပ်က မင်းတို့ကိုတောင် တုန်လှုပ်သွားစေခဲ့တယ် မဟုတ်လား.. ဒီမအလလေးက မဆင်မခြင် အရမ်းလုပ်တတ်တယ်"

ထိုစကားကို ပြောပြီးနောက် ဥက္ကဌချီက စားပွဲကို ထုရိုက်လိုက်သည်။

သူ့မျက်နှာက နီရဲနေပြီး ဒေါသထွက်နေပုံပေါ်သည်။

နည်းပညာရှင် ဝန်ထမ်းများက ခေါင်းသာညိတ်ခဲ့ပြီး အသံမထွက်ရဲကြပေ။

ဗိုလ်ချုပ်ဆယ်ပါးကသာ နှလုံးသားထဲတွင် မှန်တစ်ချပ်လို ရှင်းရှင်းလင်းလင်း ရှိကြသည်။

ဥက္ကဌချီ၏ အမူအရာက အပေါ်ယံတွင်သာ တင်းမာနေပုံရသော်လည်း စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည် မဟုတ်ပါလား။

ရှေးပဝေသဏီကတည်းကပင် တပည့်က ဆရာထက် သာလွန်သွားသည့်အခါမျိုးတွင် ဆရာသည် တပည့်အတွက် ဝမ်းသာမဆုံး ဖြစ်တတ်ကြသည်။

သို့သော် ဥက္ကဌချီကမူ သူ့ကိုယ်သူ ထိန်းထားခဲ့ပုံရသည်။

သူ့မျက်နှာက ဘယ်လောက်ပဲ နီရဲနေပါစေ ရင်ထဲတွင်မူ အပြုံးပန်းများ ပြည့်နှက်နေခဲ့သည်။

အပိုင်း(၇၈၇) ပြီး၏

All Chapters