ကောင်းကင်ဘုံ၏ နက်နဲသောလျှို့ဝှက်ချက်များကို ထုတ်ဖော်၍မရပါ
Vol. 53 Ch. 790
ဝမ်းနည်းစရာမှာ ဝမ်လင်း ကိုယ်တိုင်က ကောင်းကင်တာအို၏ ဝှိုက်လစ် စာရင်းတွင် ရှိနေကြောင်း အမှန်တကယ် မသိခဲ့ပေ။
အကြောင်းရင်းမှာ ကောင်းကင်တာအိုသည် ဝှိုက်လစ်စာရင်းကို လူသိရှင်ကြား မထုတ်ပြန်ခဲ့သောကြောင့် ဖြစ်သည်။
ဝှိုက်လစ် စာရင်းဝင်များမှာ ကောင်းကင်တာအိုသာ သိသည့် လျှို့ဝှက်ချက်တစ်ခုပင်။
သို့သော် ဝမ်လင်း အတွက်မူ ဝှိုက်လစ် စာရင်းဝင်မဝင် အရေးမကြီးပေ။
သူက ဝှိုက်လစ်စာရင်းမှ မဟုတ်လျှင်ပင် ကောင်းကင်တာအိုက သူ့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။
ကောင်းကင်တာအို ၃၀၀၀တွင် တစ်ခုစီသည် မျိုးနွယ်စုကြီးတစ်ခု ဖြစ်ပြီး မျိုးဆက်အလိုက် အရွယ်အစား ကွဲပြားသည့် ရွှေရောင်လူသား အမြောက်အမြားဖြင့် ခွဲခြားထားသည်။
ဝမ်လင်းကို အနိုင်ယူရန် ကောင်းကင်တာအို ၃၀၀၀က လက်တွဲခဲ့လျှင်ပင် အနိုင်ရဖို့ အခွင့်အလမ်းနည်းပါးသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ဝမ်လင်းသည် ရွှေလူသား၏ ညွှန်ကြားချက်ကို လိုက်နာကာ စာလိပ်ကို ဖွင့်လိုက်သည်။
ယခင်က ဝမ်လင်းသည် စာလိပ်တွင် မေးခွန်းသုံးခု ရေးထားသည်။
တစ်၊ ဥက္ကဌ ပိုင်ကျဲ အမှန်တကယ် သေမသေ..
နှစ်၊ တံငါသည်က နတ်ဘုရားနယ်မြေတွင် နေထိုင်သူလား..
သုံး၊ နတ်ဘုရားနယ်မြေ၏ တည်နေရာက အဘယ်တွင် ရှိပါသနည်း။
စာလိပ်က အထက်ဖော်ပြပါ မေးခွန်းသုံးခုကို တစ်လှည့်စီ ဖြေဆိုခဲ့သည်။
ဝမ်လင်း ထင်ထားသည့်အတိုင်းပင်၊ ဥက္ကဌပိုင်က မသေသေးပေ။
နွေရာသီစခန်းသွင်း လေ့လာရေးတွင် ဝမ်လင်းသည် ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။
ညသရဲဝိညာဥ်အင်ပါယာသည် ဥက္ကဌပိုင်၏ ဝိညာဉ်ကို စုပ်ယူလိုက်ကြောင်း သူသိထားသည်။
ထိုအချိန်က ဥက္ကဌချီ၏ စိတ်ထဲသို့ ဝင်ရောက်၍ ညသရဲဝိညာဥ်အင်ပါယာကို ပြင်းထန်စွာ ပါးရိုက်ခဲ့သည်။
ထိုပါးရိုက်ချက်ကြောင့် ဥက္ကဌပိုင်က အခွင့်အရေး ရယူသွားမည်လားဟု သူတွေးတောမိခဲ့၏။
သေချာသည်မှာ သူမျှော်လင့်ထားတဲ့အတိုင်း ဥက္ကဌပိုင်က အသက်ရှင်နေဆဲပင်။
လက်ရှိတွင် အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည်။
အဘယ်ကြောင့်ဆိုသော် ဥက္ကဌပိုင်သည် လက်စားချေရန်ထပ်မံ ကြိုးစားလာမည်မှာ သေချာသောကြောင့် ဖြစ်၏။
ထို့အပြင် တံငါသည်က နတ်ဘုရားနယ်မြေမှ တစ်စုံတစ်ဦးဖြစ်ကြောင်း ကောင်းကင်တာအိုက အတည်ပြုပေးခဲ့သည်။
နတ်ဘုရားနယ်မြေ၏ တည်နေရာနှင့် ပတ်သက်၍မူ ကောင်းကင်ဘုံ လျှို့ဝှက်ဆန်းကြယ်စာလိပ်က တိုက်ရိုက်အဖြေမပေးခဲ့ပေ။
စာလိပ်အရ ဝမ်လင်းက တံငါသည်ကို ရှာဖွေပြီး မေးမြန်းမှသာရမည်ဟု ဆိုထားသည်။
ထိုအဖြေက မလိမ့်တပတ် ဖြေထားမှန်း သိသာထင်ရှားသောကြောင့် ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်လင်း၏ မျက်နှာတွင် စိတ်ပျက်နေသော အမူအရာကို မြင်ရလျှင် ရွှေလူသားက ဖျောင်းဖြလိုက်သည်။
“မင်းက မေးခွန်းတွေ အရမ်းမေးတဲ့အတွက် ဒီလိုဖြေတာ ဖြစ်မှာ.. ပုံမှန်ဆိုရင် တတိယမေးခွန်းရဲ့ အဖြေအတွက် အဖိုးအခက အရမ်းမြင့်မားတယ်.. ဒီအဖြေက တော်တော်ကောင်းတဲ့ အဖြေ ဖြစ်နေပါပြီ.. ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လို့ မရဘူးလေ”
ဝမ်လင်း “.........…”
…...................
အခြားနေရာများတွင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ငွေရောင်လေးသည် ဘရိုကိုလီသုပ်ဖြင့် ညစာစားရင်း ပျော်ရွှင်နေကြသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်သည် ငွေရောင်လေး မရှိသောအချိန်တွင် ဖိုရမ်၌ သဲလွန်စများ ချန်ရစ်ခဲ့သည့် သတင်းပေး၏ အထောက်အထားများကို ရှာဖွေနေခဲ့သည်။
ဥက္ကဌပိုင်နှင့် ကိစ္စ ဖြစ်ပွားပြီးနောက်တွင် သတင်းပေးသူသည် ကျင့်ကြံခြင်း ဖိုရမ်တွင် အမည်ဝှက်ဖြင့် သတင်းအသစ်များကို ဆက်လက် မျှဝေခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က တံငါသည်နှင့် သတင်းပေးသူကြားတွင် သေချာပေါက် ဆက်စပ်မှုအချို့ ရှိနေကြောင်း တွေးမိခဲ့သည်။
သူက ဘရိုကိုလီ တစ်ပိုင်းကို ခက်ရင်းခွဖြင့် ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"ဒီတစ်ခေါက် သားရဲဘုရင် အကြွင်းအကျန်နယ်မြေမှာ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်"
ငွေရောင်လေးက ပလုပ်ပလောင်းဖြင့် ပြောလိုက်သည်။
“ငါတို့ အနှစ်တစ်ထောင်ကျော် လှည့်စားခံခဲ့ရတယ်.. သားရဲဘုရင်က အမှန်တကယ် မသေသေးဘူး”
"မင်းကို သားရဲဘုရင် ပေးခဲ့တဲ့ သေတ္တာ ဘယ်အချိန်မှ ဖွင့်မှာလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က အနက်ရောင် သေတ္တာလေးနှင့် ပတ်သက်၍ အလွန် သိချင်နေခဲ့သည်။
“သေတ္တာကိုဖွင့်ဖို့က အချိန်တော်တော် ကြာလိမ့်မယ်.. ဘုရင်ကြီးက ငါ့ကို ကိုယ်ခံပညာ နည်းစနစ်တွေ သင်ပေးခဲ့တယ်.. သေတ္တာကို မဖွင့်ခင်မှာ အဲဒီ နည်းစနစ်တွေကို အရင် ကျွမ်းကျင်အောင် လုပ်ရဦးမယ်.. အနည်းဆုံး အဆင့်ငါးအထိ ကျင့်ကြံထားဖို့ လိုအပ်တယ်”
ဗုံးပစ်စီနီယာအင်မော်တယ် ချွေးများထွက်လာသည်။
"အဆင့်ငါးထိလား... ဒါဆို မင်း လေ့ကျင့်နေပြီပေါ့"
ငွေရောင်လေးက ရယ်လိုက်သည်။
"မကျင့်ရသေးဘူး.. အခုမှကျင့်ဖို့တာစူနေတုန်း"
"ဒါဆို ဘယ်လောက်ကြာကြာ ကျင့်ရမှာလဲ"
ငွေရောင်လေးက သူ့လက်ချောင်းကို စုပ်ရင်း နက်နဲစွာ တွေးတောလိုက်သည်။
“အဆင့်တစ်အထိ ကျင့်ကြံဖို့က နှစ်ရက်သုံးရက်လောက် ကြာမယ်.. ကိုယ်ခံပညာ အဆင့်မြင့်လာတာနဲ့အမျှ အခက်အခဲပေါ်မူတည်ပြီး အဆင့်တစ်ဆင့်ကို အနည်းဆုံး တစ်ပတ်လောက်တော့ ကြာမြင့်မယ်.. ဒါကြောင့် တစ်လကနေ တစ်လခွဲအထိ အချိန်ယူရမယ်လို့ ထင်တယ်"
ဗုံးပစ်စီနီယာအင်မော်တယ် “…..........”
အဆင့်ငါးအထိ ကျင့်ကြံဖို့ တစ်လလောက် အချိန်ယူရသော်လည်း ဤသည်မှာ အလင်း၏ အမြန်နှုန်း ဖြစ်နေပြီ ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတော်စင် သားရဲမျိုးနွယ်စုသည် အဆင့်အမြင့်ဆုံးသော သတ္တဝါများ ဖြစ်သည်။
ယင်းက ၎င်းတို့၏ ဘိုးဘေးများမှ ကောင်းချီးပေးထားသော ကျင့်ကြံခြင်း ပါရမီဟုပင် ဆိုနိုင်သည်။
၎င်းတို့က ကျင့်ကြံခြင်း နယ်ပယ်အဆင့်တက်ရန် ခက်ခဲခြင်းမှ လွဲ၍ အခြားအရာအားလုံးကို လျင်မြန်စွာ လေ့လာသင်ယူနိုင်ကြ၏။
သေချာသည်မှာ သင်က ကိုယ့်ကိုယ်ကို "ငွေရောင်လေး" နဲ့ နှိုင်းယှဥ်လျှင် သင့်ကိုယ်သင် စိတ်ပျက်မိမည်သာ ဖြစ်သည်။
ဤသင်ယူမှု အမြန်နှုန်းသည် အမှန်တကယ်ပင် အံ့အားသင့်စရာ ဖြစ်ခဲ့သော်လည်း ငွေရောင်လေး၏ မျက်လုံးများတွင် အားမရသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
ယင်းက စာမေးပွဲမှာ ၉၈ မှတ်ရထားသည့် စာဂျပိုး ကျောင်းသားနှင့် တူပြီး ၉၈ မှတ်သာရပြီး အဘယ်ကြောင့် ၂မှတ်လျော့ရသလဲဟု စိတ်ပျက်လက်ပျက် အော်ဟစ်ပြောဆိုနေသလိုပင်။
ဤသည်မှာ ကွာခြားချက်ပင် ဖြစ်သည်။
လူသားတစ်ဦး၏ ကျင့်ကြံမှု အမြန်နှုန်းသည် သူတော်စင် သားရဲများနှင့် လုံးဝ မယှဉ်နိုင်ပေ။
ဤအတွေးဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်မိသည်။
ကျင့်ကြံရာတွင် စိတ်ရှည်သည်းခံပြီး ဗုဒ္ဓကဲ့သို့ နေထိုင်ရမည်ဟု သူခံစားမိသည်။
ဝမ်မိသားစု အိမ်ငယ်လေးရှိ စီနီယာကြီးသည် သူ့ကိုဉာဏ်အလင်းရရှိနိုင်သည့် ဖြတ်လမ်းကို ပြထားပြီးသား ဖြစ်သည်။
ယင်းမှာ ဘရိုကိုလီ ဖြစ်၏။
သူက ဘရိုကိုလီစားနေသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်သော်လည်း အဓိပ္ပါယ်ကို နားမလည်သေးပေ။
သို့သော် ၎င်းမှာ စီနီယာကြီးဝမ် ကိုယ်တိုင် ပေးသော အရိပ်အမြွက်ဖြစ်သောကြောင့် အခြေခံအချက် အချို့ ရှိရပေမည်။
သူ့အနေဖြင့် လုံလောက်အောင် မစားရသေးသောကြောင့်လော သို့မဟုတ် ဥာဏ်မမီ၍လော။
"မင်း အခုနောက်ပိုင်း ဘာဂိမ်းတွေ ကစားဖြစ်လဲ"
ငွေရောင်လေးက ဗုံးပစ်စီနီယာအင်မော်တယ်၏ အတွေးများကို လုံးဝ သတိမထားမိဘဲ ညစာကိုသာ စားနေခဲ့သည်။
ထိုခဏဝယ် ဗုံးပစ် စီနီယာ အင်မော်တယ်ထံမှ မေးခွန်းကို ကြားလိုက်ရသည်။
"ဂိမ်းလား.. ငါ အခုနောက်ပိုင်း သိပ်မကစားဖြစ်တော့ဘူး.. ဂိမ်းပေါင်းငါးရာက ငွေလည်းကုန်တယ် အချိန်ဖြုန်းရာလည်းကျတယ်.. အရင်တုန်းက ငါကစားတာက လူသားတွေနဲ့ လိုက်လျောညီထွေ ရှိအောင်လို့ပဲ.. ဒီဂိမ်းက အသေးအမွှား ဝယ်ယူမှုလေးကနေ ပိုက်ဆံမကုန်မချင်း စွဲလမ်းစေတယ်ဆိုတာ မင်းသိရဲ့လား"
"အဲဒီလောက်တောင် ဆိုးတယ်လား"
ငွေရောင်လေးက ခေါင်းညိတ်လိုက်သည်။
ညီနောင်ဗုံးပစ်က လုံးဝမသိတာ ထင်ရှားနေသည်။
"ဟုတ်တယ် အရမ်းဆိုးဝါးတယ်"
ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာအင်မော်တယ်၏ အမူအရာက အလွန် လေးနက်လာခဲ့သည်။
"ဒဏ္ဍာရီလာ ရွှေကတ်ကို ရဖို့အတွက် မင်းသိထားသင့်တာက တစ်ချို့လူတွေအနေနဲ့ တန်ဖိုးအများကြီး ပေးဆပ်ရလေ့ရှိတယ်.. များသောအားဖြင့် ဂိမ်းပေါင်းငါးရာထဲမှာ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေသူတွေက လက်တွေ့ဘဝမှာ ငမွဲတွေ ဖြစ်လေ့ရှိတယ်"
"ဒါဆို ညီနောင်ငွေရောင်လေးက ဂိမ်းပေါင်းငါးရာရဲ့ ဆိုးကျိုးတွေကို နားလည်သွားပြီး စာကိုပဲ ဇောက်ချရေးတော့မယ်ပေါ့"
ငွေရောင်လေးက သူ့လက်ကို ဖြန့်လိုက်သည်။
“ငါက စီနီယာဝမ်လောက် စာမရေးတတ်ပေမယ့် တကယ်တမ်းကျတော့ သိပ်မဆိုးဘူးလို့ ခံစားရတယ်.. ဘာပဲဖြစ်ဖြစ် ငါ့အတွက်တော့ ဂိမ်းဆော့တာက အများကြီး မကုန်ကျတဲ့အပြင် ပိုက်ဆံလည်း ရှာလို့ရတယ်”
“ပြီးခဲ့တဲ့လက ငါ့ကို ပေးထားတဲ့ ကဒ်ကို မင်းပြန်သိမ်းခဲ့တယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို သုံးစွဲရန်အတွက် သူ့ကဒ်ကို ပေးထားသော်လည်း ငွေရောင်လေးက အွန်လိုင်းရှော့တွေကနေ ပစ္စည်း တစ်နေကုန် မှာသည့်အတွက် ကဒ်ကို ပြန်သိမ်းခဲ့ခြင်း ဖြစ်၏။
“ညီနောင်ဗုံးပစ် ဒီလိုလုပ်ပါလား.. ဂိမ်းအတွက်သုံးဖို့ ပိုက်ဆံကို စျေးဝယ်ထွက်ဖို့ သုံးသလောက် ပေးနိုင်မလား”
“အင်း.. အဲဒီလောက်တော့ရပါတယ်…”
“ဒါဆို အဆင်ပြေပြီလေ ဒီပိုက်ဆံထက် ပိုမကုန်သရွေ့တော့ ငွေကုန်တာက ဂိမ်းနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သက်သေပြနေတာပဲ မဟုတ်လား”
ထိုဆင်ခြေကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က အံ့အားသင့်သွားသည်။
“….........”
[ဒါက ဘယ်လို ဆိုးဝါးတဲ့ ဆင်ခြေမျိုးလဲဟ]
ယင်းက ငွေရောင်လေး တစ်ဦးတည်း၏ အမှားမဟုတ်ဟု သူ တွေးမိခဲ့သည်။
ကဒ်ကို ပေးထားမိသည့်သူကသာ အဓိကတရားခံ ဖြစ်ပြီး ငွေရောင်လေးကို ပျက်စီးစေခဲ့သူ ဖြစ်သည်။
စင်စစ် ဂိမ်းစွဲနေသည်မှာ မကောင်းပေ။
ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည် တည့်မတ်ပေးရမည်ဟု ခံစားမိခဲ့သည်။
"ငါအခု ပရောဂျက်အသစ် အတွက် စတင်ပြင်ဆင်နေပြီ.. ညီနောင်ငွေရောင်လေး ပါဝင်ဖို့ ဆန္ဒရှိလား.. ဒါက မင်းဝတ္ထုအတွက် လိုအပ်တဲ့ ကုန်ကြမ်း အချို့ကိုလည်း စုဆောင်းနိုင်လိမ့်မယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က လည်ချောင်းရှင်း၍ မေးလိုက်သည်။
"ဘာပရောဂျက်လဲ.. အဲဒီအကြောင်းကို ပြောပြပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို စိတ်အား ထက်သန်စွာ ကြည့်လိုက်သည်။
"ငါ ဂိုဏ်းဖွဲ့ဖို့ ပြင်ဆင်နေတယ်"
အပိုင်း(၇၉၀) ပြီး၏