← Chapters

မော်ကွန်းတွင်မည့်တိုက်ပွဲကြီး

Vol. 40 Ch. 560

မော်ကွန်းတွင်မည့်တိုက်ပွဲကြီး

Vol. 40 Ch. 560

Translator - Hsue Htet

ထျန်းမိုက်၊ ထျန်းယန်တောက်ယွမ်၊ သိဒ္ဓိစွမ်းအင်သွေးကြော!

ထျန်းမိုက်ပိုင်ရှင်များ၌ အထူးရုပ်ခန္ဓာမရှိကြပေ။ သို့သော် အထူးရုပ်ခန္ဓာများနှင့် ပခုံးချင်းယှဉ်နိုင်သည်။ သူတို့၏သိဒ္ဓိသွေးကြောများထဲတွင် ထျန်းတောက်ရှင်းယွမ်ရှိကြသည်။ အဆင့်တစ်ဆင့်မြင့်တက်သည်နှင့်တစ်ပြိုင်နက် သူတို့၏စွမ်းဆောင်ရည်ကို လှုံ့ဆော်နိုင်ပြီး စွမ်းဆောင်ရည်ကို ပိုမိုသန်မာ‌အားကောင်းစေနိုင်သည်။

ယန်ရှန်းသည် ကောင်းကင်ဝိဉာဉ် ပျောက်ဆုံးနေချိန်တွင်ဖွားလာခဲ့ပြီး ရှင်းယွမ်ကို မတော်တဆလင်းလက်စေခဲ့ပြီးနောက် ကြီးမားသည့်စွမ်းဆောင်ရည်အလားအလာကို ခံနိုင်ရည်မရှိခဲ့ချေ။

လက်ရှိ၏ယန်ရှန်းသည် ကောင်းကင်ဝိဉာဉ်ပြည့်စုံသွားခဲ့ပြီဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ သင်ကြားမှုကိုခံယူပြီးနောက်တွင် သူ၏ထျန်းမိုက်သည် ကြယ်စင်၃၆ခုထိ လင်းလက်စေနိုင်ခဲ့ရာ ယန်ရှန်း၏လက်ရှိအလားအလာသည် သာမန်ထက် များစွာသာလွန်ထူးကဲပေသည်။

ပုံမှန်အားဖြင့် ထျန်းမိုက်ပိုင်ရှင်ကျင့်ကြံသူများသည် ကြယ်စင်၄၉ခုအထိ ပုံဖော်တက်လှမ်းနိုင်သည်။

ကြယ်စင်၄၉ခုကို အပြည့်အဝလင်းလက်စေပြီးလျှင် ယန်ရှန်း၏စွမ်းဆောင်ရည်အလားအလာသည် ပျက်စီးခြင်းတာ့အိုရုပ်ခန္ဓာပိုင်ရှင်ဖြစ်သော ကုညီအစ်ကိုနှစ်ဦးထက် သာလွန်သွားနိုင်သည်။

ဘုန်း!

စန်းရိမြို့တော်ကြီး၏အပြင်ဘက်၌ ကျယ်လောင်သည့်ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ကွင်းပြင်ထဲတွင် ယန်ရှန်းသည် ရိုးရှင်းသည့်ဓားရှည်တစ်လက်ကို ကိုင်ဆွဲ၍ မရဏမျိုးနွယ်စု၏ ပါရမီရှင်မင်ယောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။

ကြောက်မက်ဖွယ်လေထုသည် ကောင်းကင်တစ်ခွင်ဖုံးလွှမ်းနေလျက် ကွင်းပြင်၏ အကာအကွယ်စည်းကို အဆက်မပြတ်တုန်ရီနေစေသည်။

မွန်မြတ်ခြင်းခုနစ်ပါးစေတီကို ကျော်ဖြတ်ခဲ့ပြီးနောက်တွင် ယန်ရှန်း၏ကျင့်ကြံမှုအခြေခံသည် ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ပြိုင်ဘက်ဖြစ်သောမင်ယောင်သည် ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် ဖြစ်နေသည်။

တိုက်ကွက်နှစ်ခု ထိခတ်သည်နှင့်တစ်ပြိုင်နက် ယန်ရှန်းသည် ကြီးစွာသောအင်အားကြီး၏ သက်ရောက်မှုကြောင့် တစ်ကိုယ်လုံးတုန်ယင်ကာ လေထဲတွင် အကြိမ်အနည်းငယ်လည်သွားရပြီး ခန္ဓာကိုယ်ကိုတည်ငြိမ်စေရန် ခက်ခက်ခဲခဲထိန်းချုပ်လိုက်ရသည်။ နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများစီးကျနေ၏။

မျက်လုံးအစုံသည် အေးစက်နေကာ ပြုံးစစအမူအရာဖြင့် မင်ယောင်ကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိ စူးရဲစွာစိုက်ကြည့်နေသည်။

စန်းရိမြို့တော်ကျင့်ကြံသူများသည် ယန်ရှန်းမှ ပထမအကြိမ်တိုက်ခိုက်မှုတွင် ကျရှုံးသွားသည်ကိုမြင်သောအခါ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အဆင့်နှစ်ဆင့်ကွာခြားနေသည့် ယန်ရှန်းသည် တစ်ချက်တည်းဖြင့် အသက်မသေသည်ကပင် ကြောက်ခမန်းလိလိသော တိုက်ခိုက်ချေမှုန်းမှုစွမ်းရည်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သာမန်ချန်ခွမ်းယွမ်အဆင့်မှ မင်ယောင်နှင့်တိုက်ခိုက်လျှင် တစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာကြေမွသွားလောက်၏။

လီချင်း၊ လီရှောင်းယောင်တို့နှင့်အတူ ရပ်နေသော မင်းသမီးလန်လင်းသည် စိုးရိမ်ပူပန်နေတော့သည်။ ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်ဖြစ်သော မင်းသမီးလန်လင်းပင်လျှင် မင်ယောင်နှင့်ရင်ဆိုင်ရလျှင် အနိုင်ရမည်ဟု မသေချာ‌နိုင်ပါချေ။

ဂိုဏ်းတူအစ်ကိုယန်ရှန်းသည် ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်သာ ရှိသေး၏။ ဘယ်လိုလုပ်ပြီး မင်ယောင်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ?

“ဂိုဏ်းတူအစ်ကိုလီ ဂိုဏ်းတူအစ်ကိုယန်ရှန်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်မှတော့ ဂိုဏ်းတူအစ်ကိုယန်ရှန်းကို ရှုံးနိမ့်ကြောင်း အသိအမှတ်ပြုခိုင်းလိုက်ပါ!”

“ဒါက မမျှတတဲ့ပြိုင်ပွဲပဲ!”

“သူတို့ ဂိုဏ်းတူအစ်ကိုတို့ကိုသတ်ရဲရင် ကျွန်မရဲ့ စန်းရိမြို့တော်စစ်သည်ဆယ်သန်းကလည်း အလှပြထားတာ မဟုတ်နေဘူး!”

လန်လင်းမှ ကျယ်လောင်စွာအော်ပြောသည်။ မည်သို့ဖြစ်စေ လန်လင်းသည် သူမ၏ဂိုဏ်းတူအစ်ကိုများကို ထိခိုက်ခွင့်မပြုနိုင်ပေ။ ခမည်းတော်ဧကရာဇ်နှင့် စန်းရိမင်းဆက်သည် ထိုမျိုးနွယ်စုကြီးများနှင့် ရန်သူမဖြစ်လိုကြလေရာ ရှန်ရှန့်ကျုံဂိုဏ်းအတွက် တိုက်ခိုက်ပေးရန်မှာ သူမအတွက် တာဝန်ကြီးဖြစ်လာပေသည်။

မျိုးနွယ်စုကြီးများ အင်အားပူးပေါင်းထားကြသည်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မည့် နည်းလမ်း‌သေချာမရှိသော်ငြား ဘယ်နည်းဖြစ်ဖြစ် ဂိုဏ်းတူအစ်ကိုများကို တစ်ဦးတည်းတိုက်ခိုက်ခွင့်ပြုထားခြင်းထက် ပိုမိုကောင်းမွန်သေးသည်။

“ဂိုဏ်းတူညီမလေး မင်းသေချာကြည့်ပါ။ ဒီလောကမှာ အနိုင်မရနိုင်တဲ့အရာဆိုတာ မရှိဘူး”

“မင်းရဲ့နှလုံးသားက သစ္စာခိုင်မြဲနေသ၍ ဘယ်အရာမဆို ငါတို့ပြန်တိုက်ခိုက်နိုင်တယ်!”

“ဒါက အင်အားကွာဟချက်ကြီးမားတဲ့ တိုက်ပွဲပဲ။ ဒါပေမဲ့ ဒါက မင်းရဲ့ဂိုဏ်းတူအစ်ကိုယန်ရှန်းရဲ့ အကောင်းဆုံးစွမ်း‌ေဆာင်ရည်အလားအလာကို လှုံ့ဆော်နိုင်တာလည်း ဖြစ်သွားနိုင်တယ်!”

“မစိုးရိမ်ပါနဲ့။ အကြီးအကဲလီ ဒီမှာရှိနေတာပဲ။ ဂိုဏ်းတူညီလေးယန်ရှန်း အဆင်ပြေမှာပါ”

လန်လင်း၏စကားအဆုံး၌ လီချင်းမှ ခေါင်းခါရမ်း၍ အပြုံးဖြင့် ညင်သာနူးညံ့စွာရေရွတ်ပြောဆိုသည်။

လီရှောင်းယောင်သည် ဘေးတွင်ရပ်နေလျက် ဘာမှ‌မပြောပေ။ သူ၏တည်ငြိမ်အေးဆေးနေသော အမူအရာသည် အဆုံးမရှိသောယုံကြည်မှုကို ထုတ်ဖော်ပြသနေပေသည်။ တစ်ဖက်ပြိုင်ဘက်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများဖြစ်လျှင်သော်မှ လောကနံပါတ်တစ်လီရှောင်းယောင်ဖြစ်သည့် မိမိနှင့်အတူရှိနေသည်ဖြစ်ရာ မည်သူမျှ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို အန္တရာယ်ပြုနိုင်လိမ့်မည်မဟုတ်ပေ။

လီချင်း၏စကားကြောင့် လန်လင်းသည် ခန္ဓာကိုယ်တုန်ယင်လျက် စကားမဆိုတော့ပေ။ သူမ၏မျက်လုံးလှလှလေးများသည် လက်စွပ်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေ၏။

“ခန့်မှန်းကြည့်စမ်း.. အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ချန်ခွမ်းယွမ်အဆင့်ပုရွက်ဆိတ်လေးက မင်ယောင်ကိုပြန်တိုက်ခိုက်ဖို့ လှည့်ကွက်ဘယ်လောက်များများ သုံးနိုင်လောက်မလဲ?”

တစ်ဖက်၌ မင်ကုန်းသည် ကွင်းပြင်ကို အထင်‌မြင်သေးဟန်ဖြင့်ကြည့်၍ လှောင်ရယ်နေသည်။

မင်ကုန်း၏စကားကို ရွှမ်းယောင်နှင့်အခြားသူများသည် မတုံ့ပြန်ကြပေ။ သို့သော် လှောင်ပြောင်သရော်ဟန် မျက်နှာအမူအရာများဖြင့် သူတို့၏နောက်ရှိ မျိုးဆက်သစ်ပါရမီရှင်များသည်လည်း အထင်မြင်သေးဟန်တို့ကို ထုတ်ဖော်ပြသထားကြပေသည်။

ကျင့်ကြံဆင့်တူညီပါက အနည်းငယ်စိတ်ဝင်စားပေဦးမည်။ သို့သော် ကျင့်ကြံဆင့်နှစ်ဆင့်၊သုံးဆင့်ကွာခြားနေသည်ဖြစ်ရာ သူတို့နဲ့ အထုံပါရမီတူညီနေရင်တောင်မှ ဘာများစိတ်ဝင်စားဖို့ကောင်းမှာတဲ့လဲ?

ကျင့်ကြံသူများအတွက် ခြေတစ်လှမ်းစာ ကွာဟချက်သည်ပင် ကြီးမားသည့်ကွာဟမှုကြီးဖြစ်သည်။ ကျင့်ကြံဆင့်နှစ်ဆင့်ကွာဟချက်ဟူသည် ပြောနေရန်ပင် မလိုအပ်တော့။

ဘုန်း!

ကွင်းပြင်ထက်၌ မင်ယောင်၏ခန္ဓာကိုယ်သည် အရှိန်အဝါအပြည့်ဖြင့် ကြောက်ခမန်းလိလိသောစွမ်းအင်သည် ကောင်းကင်ကို အဆက်မပြတ်တုန်ခါနေစေသည်။ သူ၏ထွားကြိုင်းသည့်ခန္ဓာကိုယ်ကြီးသည် ဧရာမလူငယ်တစ်ဦးအလားပင်။

မင်ယောင်သည် လက်ကိုဆန့်ထုတ်၍ဆုပ်ကိုင်ဟန်ပြုလိုက်ရာ ၅ပေအရှည်ရှိ သွေးနီရောင်လှံတံတစ်ချောင်း ရုတ်ချည်းထွက်ပေါ်လာသည်။

“မင်းလိုပါရမီရှင်တစ်ယောက်ကို ဖျက်ဆီးပစ်ရမှာ စိတ်လှုပ်ရှားစရာပဲ!”

မင်ယောင်သည် နှုတ်ခမ်းသပ်လျက် ကောက်ကျစ်စဉ်းလဲသည့်အပြုံးကို လှစ်ဟ၏။ သူ၏သွေးနီရောင်မျက်လုံးအစုံ၌ အေးစက်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်ဖျော့ဖျော့ရှိနေသည်။

ဘုန်း!

စကားဆုံးသည်နှင့် မင်ယောင်သည် ရုတ်ချည်းတိုက်ခိုက်တော့သည်။ သတိပေးခြင်းမရှိဘဲနှင့် သူ၏သွေးနီရောင်လှံတံသည် ကောင်းကင်သို့ထိုးဖောက်သွားပြီး သွေးနီရောင်နဂါးပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး သက်တံရှည်တစ်စင်းကဲ့သို့ ယန်ရှန်းသို့ အရှိန်ပြင်းစွာဦးတည်သည်။

လှံတံထိပ်ဖျား၌ အရောင်ရင့်သောအလင်းတစ်စ တဖျပ်ဖျပ်လင်းလက်နေကာ ထိုင်းမှိုင်းအေးစက်သောအရှိန်အဝါသည် ပြိင်ပွဲကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဤတစ်ကြိမ်တွင် မင်ယောင်သည် အင်အားကုန်သုံး၍ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး စွမ်းအင်များသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သည်။ သေခြင်းတရား၏စွမ်းအင်စီးကြောင်းကဲ့သို့ လောကတစ်ခွင်လုံး ထိုင်းမှိုင်းအေးစက်သွားစေခဲ့သည်။

ဘုန်း!

ယန်ရှန်းမှလည်း တိုက်ကွက်ပစ်လွှတ်၏။ ဩဇာကြီးမားသော ဓားအရှိန်အဝါတောက်ပလာခဲ့ပြီး လေဟာပြင်ထက်တွင် ဓားပုံရိပ်ကြီးတစ်ခုသည် ကောင်းကင်ကိုဆုတ်ဖြဲ၍ ဧရာမတွင်းနက်ကြီးတစ်ခု ဖြစ်‌တည်သွားစေသည်။

အဆုံးမဲ့သောဓားစွမ်းအင်သည် ယန်ရှန်းထံမှ ထွက်ပေါ်နေပြီး ရိုးရှင်းသည့်ဓားရှည်ကို ကိုင်ဆောင်ထားသော ယန်ရှန်းသည် ဓားဝိဉာဉ်တစ်ကောင်ကဲ့သို့ ထင်မှတ်ရပေသည်။ အရှိန်အဝါအားဖြင့် ယန်ရှန်း၌ မင်ယောင်ထက် အားမနည်းသော သာလွန်ထူးကဲသည့်အရှိန်အဝါ ရှိပေသည်။

ယန်ရှန်းသည် သူ၏ဓားရှည်ကို မြင့်မြင့်ကိုင်မြှောက်၍ တစ်ချက်တည်းခုတ်ပိုင်းချလိုက်သည်။

အကြွင်းမဲ့ဓားစွမ်းအင်များသည် ဧရာမဓားရောင်ခြည်ကြီးအဖြစ် စုဝေးသွားပြီး ကွင်းပြင်ရှိ လေဟာပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် သွေးနီရောင်နဂါးပုံရိပ်သို့ ဝါးတစ်ပင်ကို ခုတ်ပိုင်းသည့်အလား ဦးတည်ခုတ်ပိုင်းသည်။

ဘုန်း!

ဓား‌ရောင်ခြည်သည် ထောင်လိုက်အနေအထား၊ အလျားလိုက်အနေအထား၊ အနေအထားမျိုးစုံဖြင့် ခုတ်ပိုင်းသွားကာ မီးစမီးပွားများ လွင့်စင်ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်စွမ်းအင်ကြီးများ သက်ရောက်သွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့လွှမ်းခြုံသွားသည်။ ပြိုင်ပွဲကွင်းပြင်ကြီးသည်လည်း အပြင်းအထန်တုန်ခါသွား၏။ သို့သော် မည်မျှရက်စက်ကြမ်းကြုတ်သည့်စွမ်းအင်လှိုင်းဖြစ်စေ ပြိုင်ပွဲကွင်းပြင်အကာအကွယ်စည်းကို မပျက်စီးစေနိုင်ပေ။

ဘုန်း!

ဓားရှည်နှင့်လှံတံစွမ်းအင်တို့ လူးလာရိုက်ခတ်နေသည့် ကောင်းကင်ပြင်၌ ပုံရိပ်တစ်ခုပျံသန်းထွက်ပေါ်လာပြီး လက်စွပ်ကို ဖျက်ဆီးပစ်လိုက်သည်။ လက်စွပ်သည် အပြင်းအထန်တုန်ခါသွားကာ လက်စွပ်ကိုဖျက်ဆီးလိုက်သည့် ထိုပုံရိပ်မှာ ယန်ရှန်းဖြစ်လေသည်။

ထိုအခိုက်အတန့်၌ ယန်ရှန်း၏ပုံစံမှာ သနားချင့်စဖွယ်ဖြစ်နေ၏။ ဓားရှည်သည် မြေပြင်ထက်တွင် စိုက်ဝင်နေလျက် ဓားကိုကိုင်ဆောင်ထားသည့် ကျားပါးစပ်သည် ကြီးစွာသောအင်အားကြီးကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသည်။ ယန်ရှန်း၏လက်ဖဝါးမှ သွေးများစီးကျနေပြီး ဓားရှည်တစ်လျှောက် စီးကျနေသည်။

ယန်ရှန်း၏လက်မောင်းထက်တွင် ရက်စက်ကြမ်းကြုတ်စွာသော ဓားဒဏ်ရာနှစ်ချက်ရှိနေပြီး သွေးများစိမ့်ထွက်စီးကျနေလေရာ ဝတ်ဆင်ထားသော ဝတ်ရုံသည်လည်း သွေးနီရောင်ပြောင်းသွားတော့သည်။ ယန်ရှန်းသည် သူ၏ဒဏ်ရာများကို စိုးစဉ်းမျှပင် ဂရုမစိုက်ဘဲနှင့် မျက်လုံးအစုံမှာ လင်းယုန်ငှက်၏မျက်ဝန်းများကဲ့သို့ စူးရှတောက်ပနေခဲ့သည်။

ဒဏ်ရာရထားသည့်တိုင် ယန်ရှန်းသည် ဩဇာအရှိန်အဝါ ပြည့်ဝနေဆဲဖြင့် သူ၏တိုက်ခိုက်လိုစိတ်သည်လည်း ဆူပွက်နေဆဲပင်…။

All Chapters