← Chapters

ရုတ်တရက်ဆန်သော အပြောင်းအလဲ။

Vol. 40 Ch. 562

ရုတ်တရက်ဆန်သော အပြောင်းအလဲ။

Vol. 40 Ch. 562

ဘာသာပြန်- The Fate

တိတ်ဆိတ်ခြင်း

မွန်မြတ်သော စန်းရိမြို့တော်ကြီးတစ်ခုလုံးသည် သုသာန်တစပြင်အလား တိတ်ဆိတ်သွားခဲ့သည်။

တိုက်ပွဲကွင်းပြင်အလယ်၌ရှိနေသော မြင်ကွင်းကို စူးစိုက်ကြည့်နေရင်း ရှိရှိသမျှ ကျင့်ကြံသူတိုင်းလိုလိုသည် ထိတ်လန့်ကြောင်အလျက် ရှိချေသည်။ သူတို့ဟာ ထုတ်ဖော်ပြောဆိုနိုင်သည်ထက်ပို၍ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

ရှိနေကြသော လူများအားလုံးက အထင်အသေးဆုံးဖြစ်နေသော ယန်ရှန်းသည် မရဏမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်မင်ယောင်ကို တိုက်ကွက်တစ်ကွက်တည်းနှင့် အနိုင်ယူလိုက်တာလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ဟာ"

"ဒါ ... ဒါက"

မွန်မြတ်သော စန်းရိမြို့တော်အတွင်း၌ သက်ပြင်းရှိုက်သံများ စဥ်ဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ မြင့်မြတ်သော စန်းရိမြို့တော်၏ ကျင့်ကြံသူများအားလုံးသည် ပါးစပ်များ ဟောင်းလောင်းပွင့်လျက် တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုလိုခဲ့သော်လည်း အဆုံးမှာတော့ ဘယ်စကားကိုမှ မပြောဆိုနိုင်ခဲ့ပါ။

မူလက တည်ငြိမ်နေပြီး နှုတ်ခမ်းများတွန့်ကွေးသည်အထိ လှောင်ရယ်နေခဲ့သော အကြီးဆုံးမင်းသားလန်လဲ့သည်လည်း လုံးဝကို ကြောင်အသွားခဲ့ရသည်။ သူက လျှာကို ကိုက်တော့မည့်မတတ်ဖြစ်သွားကာ ယန်ရှန်းကို တုန်လှုပ်ခြောက်ခြားစွာ လှမ်းကြည့်လိုက်မိသည်။

အဲ့ဒါက မရဏမျိုးနွယ်စုရဲ့ ဂန္တဝင်ပါရမီရှင်ကြီးလေ။

အဲ့ဒီလူက ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ကိုတောင် ရောက်နေခဲ့တာလေ။ သူ့လို ချန်ခွမ်းဘုရင်အထွတ်အထိပ်စွမ်းအားရှင်ကတောင် သတိကြီးကြီးထားနေရတာလေ။ ဒါပေမယ့် အဲ့ဒီလိုတည်ရှိမှုကြီးကို ယန်ရှန်းက တိုက်ကွက်တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တာလား။ ဒါက ပထမမင်းသား၏ နှလုံးသားကို အပြင်းအထန်လှုပ်ယမ်းသွားစေခဲ့သည်။ သူ၏စိတ်နှလုံးအတွင်း၌ ထိန်းချုပ်မရနိုင်သော အကြောက်တရားတစ်ခု ပေါက်ဖွားလာခဲ့ရသည်။

မင်းသမီးလန်လင်းတွင် ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် နီးစပ်သော ဆက်နွယ်မှုရှိနေခဲ့သည်။ ရှန်ရှန်ကျုံ့ဂိုဏ်း၏တည်ရှိမှုနှင့်ဆိုလျှင် မင်းသမီးလန်လင်းက ကျိန်းသေပေါက်ကို ဧကရီဘုရင်မဖြစ်လာတော့မှာပဲ။

သူ ရာဇပလ္လင်ကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့ရင်တောင် မင်းသမီးလန်လင်းနောက်ကွယ်ကစွမ်းအားက သူ့ကို အစဥ်အမြဲ ခြောက်လန့်နေနိုင်သည်။ ရာဇပလ္လင်ကို မရယူနိုင်သေးခင်မှာ မင်းသမီးလန်လင်းရဲ့ နောက်ခံကို ဖျက်စီးပစ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်!

သူသာ အောင်မြင်သွားရင် မြင့်မြတ်တဲ့စန်းရိအင်ပါယာကြီးတစ်ခုလုံးကို အကြွင်းမဲ့ ထိန်းချုပ်နိုင်လိမ့်မယ်။

အချိန်တစ်ခုထိတိုင်အောင် အကြီးဆုံးမင်းသား၏မျက်ဝန်းဟာ အေးစက်သွားခဲ့ပြီး နှလုံးသားအတွင်းမှ တိတ်တဆိတ် ဗျူဟာခင်းနေခဲ့သည်။

"အမှိုက်ပဲ!"

မင်ကုန်း၏မျက်နှာဟာ အင်မတန်မှအရုပ်ဆိုးလာခဲ့သည်။ သူဟာ အေးစက်စွာ နှာမှုတ်လိုက်သည်။ မင်ယောင်လို ထူးချွန်သည့်ပါရမီရှင်တစ်ယောက်က ချန်ခွမ်းယွမ်အထွတ်အထိပ်သာရှိနေသေးသော ပုရွတ်ဆိတ်လေးတစ်ယောက်၏ အနိုင်ယူခြင်း ခံလိုက်ရလိမ့်မယ်ဟု သူ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။ ဒါက မရဏမျိုးနွယ်စုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းသာ။

တိုက်ပွဲစင်မြင့်အလယ်၌ လဲပြိုနေခဲ့သော မင်ယောင်သည် အနည်းငယ် စိတ်ဝိညာဥ်ပျောက်ဆုံးလျက် ရှိချေသည်။ သူဟာ အမှန်တရားကို လက်မခံနိုင်ဖြစ်နေခဲ့သည်။ မူလက သူသည် ယန်ရှန်းကို မျက်ဝန်းထဲ လုံးဝထည့်မထားနိုင်လောက်အောင် မောက်မာနေခဲ့သော်လည်း ယခုအချိန်မှာတော့ အခြေအနေဟာ ပြောင်းပြန်လှန်သွားခဲ့လေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူက ယန်ရှန်း၏ အနိုင်ယူခြင်းကို ခံခဲ့ရကာ ဤသည်က သေဆုံးသွားတာထက်တောင် ပို၍ အရှက်ရဖို့ ကောင်းသေးသည်။

သူဟာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်၌ ရှိနေခဲ့သော မရဏမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ ဒါကိုတောင် သူ့ထက် အဆင့်နှစ်ဆင့်ပိုနိမ့်တဲ့ ပါရမီရှင်တစ်ယောက်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာလား။ သူ မရဏမျိုးနွယ်စုကို ပြန်ရောက်သွားရင် ဘယ်လိုမျက်နှာမျိုးနဲ့ ရှင်သန်ရတော့မှာလဲ။

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ ပြင်းထန်သော ဓားစွမ်းအားအရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ ဝန်းကျင်ရှိ ရှိရှိသမျှ အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။ သို့ပါသော်လည်း ဤသည်ကတောင် သူ့နှလုံးသားအတွင်းရှိ နာကျင်ခံစားရမှုကို မဖြေသိမ့်နိုင်သေးပါ။

"ပြန်မလာသေးဘူးလား။ ထပ်ပြီး အရှက်ခွဲချင်သေးတာလား။"

လေထုအထက်၌ မတ်တပ်ရပ်နေသော မင်ကုန်းသည် ယန်ရှန်းမျက်ဝန်းများအတွင်းရှိ အေးစက်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို တွေ့မြင်လိုက်ရသည့်အခါ မျက်ဝန်းများကို မှေးကျဥ်းလျက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ပြောဆိုလိုက်သံက မိုးခြိမ်းသံကြီးအလား ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

မင်ယောင်ဟာ ရှုံးနိမ့်သွားခဲ့သော်လည်း ထူးချွန်သည့်ပါရမီရှင်တစ်ယောက် ဖြစ်နေသေးဆဲသာ။ မင်ကုန်းဟာ မင်ယောင်ကို ဤနေရာ၌ မသေဆုံးစေချင်ပါ။ ဒါက ရှန်ရှန်ကျုံ့ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့အတွက် သူတို့ပြုလုပ်ထားတဲ့ လှည့်ကွက်လေးပဲလေ။ သူတို့ရဲ့လူတွေကို ဒါလေးအတွက်နဲ့တော့ အဆုံးရှုံးမခံနိုင်ဘူး။

သူဟာ ထိုသို့ပြောဆိုလိုက်ပြီးနောက် မင်ယောင်ကို လုံးဝ ဂရုမစိုက်တော့ပါ။ သူဟာ လက်ကို လျှင်မြန်စွာ ဆန့်တန်း၍ ဝေ့ယမ်းလိုက်သည့်အခါ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးသည် လက်ဖဝါးကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ကာ မင်ယောင်ကို ဆုပ်ကိုင်လျက် သူ၏ဘေးနားသို့ ပြန်လည်ဆွဲခေါ်လာခဲ့သည်။

"မင်ကုန်း၊ နှစ်ပေါင်းများစွာကြာတာတောင် မင်းကတော့ အရှက်မဲ့နေသေးတုန်းပါလား။"

လေထုအထက်၌ရှိနေသော ဧကရာဇ်စန်းရိသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ မင်ကုန်း၏ လှုပ်ရှားမှုများဟာ အင်မတန်မှ မြန်ဆန်ခဲ့တာကြောင့် သူဟာ မတားဆီးနိုင်ခဲ့ပါ။

ဧကရာဇ်စန်းရိ၏ လှောင်ပြောင်ပြောဆိုသံကို ကြားလိုက်ရသည့်အခါ မင်ကုန်း၏ အမူအယာဟာ မှိုင်းညို့သွားခဲ့သော်လည်း ဘာကိုမှ ထုတ်ဖော်မပြောဆိုလာခဲ့ချေ။ သူဟာ ထပ်တူညီမျှသော အရုပ်ဆိုးအကျည်းတန်သည့် မျက်နှာအမူအယာများရှိနေကြသော ရွှယ်ယောင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။

"မင်ဟွမ် မင်းလှုပ်ရှားလိုက်ပါ။"

မရဏမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်သုံးယောက်အနက် တစ်ယောက်ဖြစ်သော မင်ဟွမ်သည် အသန်မာဆုံးပါရမီရှင်ဖြစ်ကာ သူ၏ကျင့်ကြံမှုသည် ချန်ခွမ်းဘုရင်အစောပိုင်းအဆင့်သို့တောင် ရောက်ရှိနေခဲ့သည်။

မင်ကုန်း၏စကားကို ကြားလိုက်ရသည့်အခါ ရွှယ်ယောင်နှင့် အခြားသူများဟာ ဘာကိုမှ မပြောဆိုခဲ့ပါ။ မင်ဟွမ်လို ချန်ခွမ်းဘုရင်အစောပိုင်းအဆင့်မှာရှိနေသော ထိပ်တန်းပါရမီရှင်တစ်ယောက်သာ လှုပ်ရှားလိုက်ပါက အဲ့ဒီကောင်ယန်ရှန်းက အနိုင်ယူနိုင်ဦးမှာလား။ သူတို့ကတော့ မထင်ပါဘူးနော်။

ယန်ရှန်းသာ တကယ်အနိုင်ရသွားရင်တော့ သူတို့အားလုံး ပိုမို၍ ရူးခါသွားကြပါလိမ့်မည်။

"ဘုန်း!"

တစ်ဖက်တွင် မတ်တပ်ရပ်နေသော မင်ဟွမ်သည် မျက်ဝန်းများကို ရုတ်တရက် ဖွင်လှစ်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်းမှ စိတ်ဝိညာဥ်ကို ထွင်းဖောက်နိုင်သော အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။

အစမှ အဆုံးထိတိုင်အောင် သူဟာ မျက်ဝန်းများကို ဘယ်တုန်းကမှ မဖွင့်လှစ်ခဲ့ပါ။မင်ယောင် ရှုံးနိမ့်သွားသည့်အခါမှာတောင် အနည်းငယ်သာ မျက်မှောင်ကြုတ်ခဲ့မိသည်။

သူ၏ အစွမ်းထက်ပြီး မာနကြီးသော အမူအယာသည် တမင်တကာ လုပ်ယူထားခြင်းမဟုတ်သော်ငြားလည်း ရှိရှိသမျှ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

"လာခဲ့စမ်း!"

ကွင်းပြင်အလယ်သို့ သက်ဆင်းလိုက်ပြီးနောက် မင်ဟွမ်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်ဟာ ရုတ်တရက် ရှိမြဲနေရာမှ ပျောက်ဆုံးသွားခဲ့ပြီး တခဏအကြာ၌ ယန်ရှန်း၏နောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့သည်။ သူဟာ လက်ဖဝါးကို ဆန့်တန်းလိုက်သည့်အခါ အနီရောင်အလင်းတန်းတစ်ခုသည် ရုတ်တရက်ပျံသန်းထွက်ခွာသွားခဲ့သည်။

"ဘုန်း!"

ယန်ရှန်း၏အမူအယာဟာ မပြောင်းလဲဘဲ တည်ငြိမ်နေခဲ့ပြီး သူဟာ လက်နောက်ပြန်ပစ်လျက် ဓားရှည်ကို ဝေ့ယမ်းလိုက်သည်။ ထက်မြသော ဓားအလင်းတန်းသည် မင်ဟွမ်၏လက်မောင်းကို ထိရိုက်မိသွားခဲ့သည်။ သို့ပါသော်လည်း ၎င်းဓားရှည်က သူ့ကို မနာကျင်စေခဲ့ဘဲ သေးငယ်သော အဖြူရောင် အမှတ်ကလေးတစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့သည်။

များမကြာမီတွင် ယန်ရှန်း၏နောက်ကျောဘက်၌ သွေးနီရောင်လက်ဖဝါးရာကြီးတစ်ခုဖြစ်ပေါ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ဟာ အရှေ့ဘက်သို့ ယိမ်းယိုင်သွားခဲ့သည်။ သူ့နောက်ကျောဘက်ရှိ ဒါဏ်ရာမှာ အင်မတန်မှ နက်ရှိုင်းလှပြီး နီဆွေးသော သွေးများကို ယိုစီးစေလျက် သူ၏ဝတ်ရုံတစ်ခုလုံးကို ဆွေးဆွေးနီစေခဲ့သည်။

"သွေးတွေက အမြဲတမ်း ကောင်းမွန်တယ်။"

မင်ဟွမ်က သူ့လက်ချောင်းများအကြားရှိ သွေးများကို လျှာဖြင့်လျက်လိုက်ပြီး အမူအယာမဲ့စွာ ပြောဆိုလိုက်သည်။ သူ၏ ထူးမခြားနားသော ပုံနေဟန်ထားက မွန်မြတ်သောစန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူတိုင်းကို တသိမ့်သိမ့်တုန်ရီသွားစေခဲ့သည်။

မင်ယောင်ကို အနိုင်ယူလိုက်ပြီးနောက် သူတို့ဟာ ယန်ရှန်း၏ ထိတ်လန့်ဖွယ်စွမ်းအားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။ ဒါပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ ယန်ရှန်းဟာ နောက်ထပ်အကြပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရပြန်သည်။ သူ ဒီတစ်ခေါက်ရော အံဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ဦးမှာလား။

မွန်မြတ်သော စန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူတိုင်းသည် ယန်ရှန်းကို မျှော်လင့်ချက်မျက်ဝန်းများဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်ကြသည်။

ထိတ်လန့်ဖွယ်ကောင်းသော အလှည့်အပြောင်းကိုဖြစ်ပေါ်စေလျက် ယန်ရှန်းက မင်ယောင်ကို အနိုင်ယူလိုက်ပြီးနောက် အကြောင်းအရင်းတစ်ချို့ကြောင့် သူတို့ဟာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ပါရမီရှင်များက ကောင်းကင်တာအိုမျိုးနွယ်စု၏ ပါရမီရှင်များကို အနိုင်ယူနိုင်လိမ့်မည်ဟု အတွေးအကြံတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

အကြောက်တရားကြောင့်သာ သူတို့က ယန်ရှန်းနှင့် အခြားသူများကို တိုက်ခိုက်စေခဲ့သော်လည်း ယန်ရှန်းနှင့် အခြားသူများ အမှန်တကယ်တိုက်ခိုက်လိုက်သည့်အခါမှာတော့ သူတို့အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်ပေါ်စေခဲ့သည်။

သူတို့ကြီးသပ်သပ်သာဆိုပါက သူတို့ဟာ ကျိန်းသေပေါက် တိုက်ခိုက်ရဲမှာ မဟုတ်ပါ။ ထို့အတွက်ကြောင့် မွန်မြတ်သောစန်းရိမြို့တော်အတွင်းရှိ အဆိုပါကျင့်ကြံသူများသည် ယန်ရှန်းနှင့် အခြားသူများကို နှလုံးသားအတွင်းမှ အနည်းနှင့်အများဆိုသလို လေးစားအားကျလာကြသည်။

ဖြစ်နိုင်ပါက သူတို့ဟာ ယန်ရှန်းနှင့် အခြားသူများကို မရှုံးနိမ့်စေချင်ပါ။ ဘာပဲဖြစ်ဖြစ် ယန်ရှန်းတို့က လူသားမျိုးနွယ်ကပဲလေ။ ကောင်းကင်တာအိုမျိုးနွယ်စုကလူတွေကတော့ ဘယ်လောက်ပဲအစွမ်းထက်ပါစေ လူသားမျိုးနွယ်မှ မဟုတ်ကြတာ။

တိုက်ပွဲကွင်းပြင်အလယ်၌ မင်ဟွမ်၏ ထူးမခြားနားသော အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ ယန်ရှန်း၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ သူ့လက်တွင်းရှိ ဓားရှည်မှာ အရိုင်းဆန်စွာ တုန်လှုပ်လာခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် လေဟာပြင်ကို ပိုင်းဖြတ်လျက် မင်ဟွမ်ထံသို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ပြေးဝင်သွားခဲ့သည်။ ခြောက်ခြားဖွယ်ကောင်းသော ဓားအစွန်းသည် မင်ဟွမ်ရှေ့မှောက်ရှိလေထုကို ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် ပုံပျက်သွားစေခဲ့သည်။

"မယုံကြည်နိုင်စရာပဲ။"

တိုက်ခိုက်လိုက်သော ထိတ်လန့်ဖွယ်ကောင်းသည့် ဓားအလင်းတန်းကို တွေ့မြင်လိုက်ရသည့်အခါမှာတောင် မင်ဟွမ်၏အမူအယာဟာ ပြောင်းလဲမသွားခဲ့ပါ။ သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်ဖဝါးတစ်ဖက်ကို အသာအယာဆန့်ထုတ်လျက် သူ၏လက်ကို အသုံးပြုကာ ယန်ရှန်း၏ဓားကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

"ဘုန်း!"

ကြီးမားသော ပေါက်ကွဲသံကြီး မြည်ဟည်းထွက်ပေါ်လာခဲ့သည်။ မင်ဟွမ်က နေရာမှာတင် မတ်တပ်ရပ်လျက် ရှိနေခဲ့ပြီး သူ၏လက်ဖဝါးပေါ်၌တော့ သေးငယ်သော ဓားဒါဏ်ရာလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းဓားဒါဏ်ရာကလေးထံမှ အနက်ရောင်သွေးများ တတောက်တောက် စီးဆင်းကျလျက်ရှိသည်။

ယန်ရှန်းထုတ်ဖော်လိုက်သော ထိတ်လန့်ဖွယ်ကောင်းသည့် ဓားစွမ်းအားကို သူဟာ လက်ဖဝါးကြီးသပ်သပ်ဖြင့် ဖမ်းဆုပ်ခဲ့ခြင်းဖြစ်သော်လည်း ထိုဓားချက်က သေးငယ်သော ဒဏ်ရာဒါဏ်ချက်ကလေးကိုသာ ဖြစ်ပေါ်စေခဲ့လေသည်။

All Chapters