← Chapters

ပေါင်းစပ်မှု

Vol. 41 Ch. 564

ပေါင်းစပ်မှု

Vol. 41 Ch. 564

ဘာသာပြန်-The Fate

ရွှမ်းယွမ်သဘောတူလိုက်ပြီးနောက် ကုချိုးနဲ့ကုကန်းချိုးတို့ညီအစ်ကိုနှစ်ယောက်သည် အပြုံးကြီးကြီးပြုံးလျက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိသည်။ ထို့နောက်တွင် သူတို့ဟာ ရွှမ်းယွမ်ရှိရာသို့ လမ်းလျှောက်သွားလိုက်ကြပြီး မြေပြင်ပေါ်ပြုတ်ကျနေသော ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်ရတနာများကို ကောက်ယူလိုက်ကြကာ ၎င်းတို့ကို အိပ်ကပ်အထဲကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထိုးသွင်းလိုက်ကြသည်။

ဟုတ်တာပေါ့....သူတို့အများကြီးယူဖို့အတွက်တော့ မတွေးထားပါဘူးနော်။သူတို့နှစ်ယောက်က စုစုပေါင်းမှ (4) ခုတည်း ယူခဲ့တာပါ။ တစ်ယောက်နှစ်ခုစီပေါ့လေ။

" မင်း...မင်းတို့က "

ရွှမ်းယွမ်ရီက အနည်းငယ်ကြောင်အသွားကာ မေးမြန်းလိုက်သည်။

" ဂိုဏ်းတူညီငယ်လေး..မင်းက သိပ်ကိုကြင်နာတတ်တာပဲကွာ။ "

ကုကန်းချိုးက ရွှမ်းယွမ်၏ပခုံးကို ပုတ်ပေးလိုက်ပြီး လေးစားအားကျစွာ သက်ပြင်းချလျက် ပြောဆိုလိုက်သည်။ ထို့နောက် သူက ဘာကိုမှ ဆက်မပြောတော့ဘဲ လည်ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

ကုချိုးကလည်း ပြုံးရယ်လိုက်ပြီး ရွှမ်းယွမ်၏ပခုံးကို ပုတ်ခါပေးလိုက်ကာ စာနာမှုပြည့်ဝစွာဖြင့် ပြောဆိုလိုက်သည်။

" ဂိုဏ်းတူညီငယ်လေး မင်းဘာတွေ ရှည်ရှည်ဝေးဝေးတွေးနေမှာလဲ။ မင်းက အခုမှ ဂိုဏ်းထဲကို ဝင်လာခဲ့တာဆိုတော့ ဂိုဏ်းတူအကိုကြီးတွေကို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်လက်နက်တွေနဲ့ ဂုဏ်ပြုမပေးချင်ဘူးလား။ "

" မင်းလိုမျိုး ဂိုဏ်းတူညီငယ်လေးတွေအားလုံးက နားလည်သဘောပေါက်လွယ်မယ်ဆိုရင် ဒီဂိုဏ်းတူအကိုကြီးက အများကြီးကို စိတ်သက်သာရာရမှာပါ။"

ထို့သို့ပြောဆိုလိုက်ပြီးနောက် ကုချိုးက ရွမ်းယွမ်၏အမူအရာများကို လျစ်လျူရှုလိုက်ကာ လှည့်၍ထွက်ခွာသွားတော့သည်။

" ဖစ်...! "

ရွှမ်းယွမ်ရီက ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်လုမတတ်ဖြစ်သွားကာ သူ၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။

သောက်ကျိုးနည်း....ဒါကြီးက လုယူနေတာ မဟုတ်ဘူးလား.....

ဒါကိုတောင် ဂုဏ်ပြုလက်ဆောင်လို့ ဘယ်လိုပါးစပ်နဲ့ ပြောထွက်ရတာလဲ....

သူ့အတွက် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်မှော်ဝင်ရတနာများက အမှန်တကယ်တန်ဖိုးမဲ့သော်လည်း ၎င်းတို့က ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်မှော်ရတနာများ ဖြစ်နေဆဲသာ။ ဒါတွေကို ဒီလိုမျိုး လုယက်သွားလို့ ရတယ်တဲ့လား။

ရွှမ်းယွမ်ဟာ အင်မတန်မှ စိတ်နှလုံး မသာမယာဖြစ်နေမိသည်။ သူ၏ရှေ့မှောက်တွင် ဘယ်သူကမှ ဒီလိုအရာမျိုး မပြုလုပ်ရဲကြပါ။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူ၏အမူအရာက ရုပ်ဆိုးအကျည်းတန်နေခဲ့သော်လည်း သူ၏နှလုံးသားထဲတွင်တော့ ရန်ငြိုးများမပေါက်ဖွားလာခဲ့ချေ။

ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ သူဘယ်နေရာကိုပဲ သွားရောက်ပါစေ..လူပေါင်းများစွာက သူ့ကို အဆက်မပြတ်ချီးမွှမ်းနေခဲ့ကြပြီး သူ့ကိုဆို လုယက်ဖို့ဆိုလေစွ...အနည်းငယ်တောင် အနှောင့်အယှက်မပြုရဲကြပါချေ !

သို့သော်လည်း ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်လိုက်ပြီးချင်းဆိုသလို ကုချိုးတို့လို ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်သာသာလောက်လေးနှစ်ယောက်က သူ၏အဆင့်အတန်းကို အာရုံစိုက်ခြင်းမရှိဘဲ သူ့ထံမှ ရတနာပစ္စည်းများကို လုယက်ရဲပေသည်။ ဒါက သူ၏နှလုံးသားကို ပျော်ရွှင်မှုအနည်းငယ်ဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ဒါက သူလိုချင်ခဲ့တဲ့အရာ မဟုတ်ဘူးလား...။

ဂုဏ်ပုဒ်တွေ ခမ်းနားမှုတွေ အရာအားလုံးကို ဘေးဖယ်ထားပြီး မင်းကိုယ်တိုင်အတွက်သာ ရွေးချယ်။

ဤသည်မှာ ကျင့်ကြံခြင်းဘုံလောကကြီး၏ သာမန်အခြေအနေတစ်ရပ်သာဖြစ်ပြီး အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းလှလေသည်။

ရွှမ်းယွမ်ဟာ နှလုံးသားအတွင်းမှ တီးတိုးတွေးခေါ်နေခဲ့ပြီး သူဟာ ရှန်ရှန်ကျုံဂိုဏ်းနဲ့ပတ်သတ်၍ မျော်လင့်ချက်အနည်းငယ်ကို ထားရှိလာမိခဲ့သည်။

ရွှမ်းယွမ်၏မျက်လုံးများအတွင်းရှိ ပျော်ရွှင်မှုက ဝမ်ဖုန်းနှင့်အခြားသူများ၏ မျက်ဝန်းများအတွင်းမှ ပြေးမလွှတ်ခဲ့ပါ။ဝမ်ဖုန်းနှင့်သူ့လူများ၏မျက်နှာထက်တွင် ထူးခြားသောအကြည့်များ ဖြစ်ပေါ်လာခဲ့သည်။

ဒီကောင်က နာကြင်မှုနှစ်သက်သူ ဖြစ်နေတာများလား။

ဝမ်ဖုန်းဟာ ရွှမ်းယွမ်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး ခေါင်းကိုခါရမ်းလိုက်ကာ လေဟာပြင်အတွင်း၌ မျောလွင့်နေသော ဇာမဏီငှက်ဥကို ပြန်လည်၍ မော့ကြည့်လိုက်သည်။သူ၏မျက်နှာထက်တွင် အတွေးလွန်နေသော အမူအရာတစ်ခုရှိနေခဲ့သည်။

ဇာမဏီဌက်ဥကို ဘယ်လိုယူဆောင်သွားရမလဲဆိုတာ တွေးခေါ်နေချိန်မှာ ဤဇာမဏီဌက်ဥကိုသာ ယူဆောင်သွားနိုင်ပါက ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကကိုလည်း ယူဆောင်သွားနိုင်ကောင်းသည်။

ပြောရပါလျှင် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသည် မြင့်မြတ်သောဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကပင် ဖြစ်ချေတော့သည်။ဤဇာမဏီဌက်ဥသည်လည်း ဇာမဏီနတ်ဘုရား၏ (99) ကြိမ်မြောက် ပြန်လည်ထမြောက်ခြင်းအပြီး၌ အသွင်ပြောင်းဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ဖြစ်ရာ ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသည် ဤဇာမဏီဌက်ဥနဲ့ နှီးနှောဆက်ယှက်လျက် ရှိလေသည်။

ဒီလိုမှမဟုတ်ပါက ဇာမဏီဌက်ဥက ဇာမဏီစစ်နတ်ဘုရား၏နတ်ဘုရားဘုံလောကကို ဖွင့်လှစ်နိုင်စွမ်းရှိမှာ မဟုတ်ပါ။

" ကျွီ.....! "

သို့ပါသော်လည်း ဝမ်ဖုန်းတွေးတောနေစဥ်မှာ ဇာမဏီဌက်ဥက ဝမ်ဖုန်း၏အတွေးအခေါ်များကို အာရုံခံလိုက်မိသည့်အလား ရုတ်တရက်ပြင်းထန်စွာ တုန်ခါလိုက်ကာ နီစွေးသောရောင်စဥ်များများကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ထိတ်လန့်ဖွယ်စွမ်းအားကြောင့် သတိလက်လွှတ်ဖြစ်နေသော ရွှမ်းယွမ်သည် မြေပြင်ထက်သို့ လဲပြိုကျသွားခဲ့သည်။ သို့သော်လည်း သူဟာ ပြင်းထန်သောဖိအားကို လျစ်လျူရှူလျက် ဇာမဏီဌက်ဥကို စူးစိုက်ကြည့်လိုက်မိသည်။

ရွှမ်းယွမ်၏တုန်ရီနေသော အကြည့်များအောက်တွင် ဇာမဏီဌက်ဥသည် နီစွေးသောရောင်စဥ်တန်းများအဖြစ် တစ်လှပ်လှပ်ပြိုကွဲသွားခဲ့ပြီး ရောင်စဥ်တန်းများ၏တောက်ပမှုအောက်တွင် ဇာမဏီနှလုံးသားမီးလျှံသစ်ပင်သည် ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် တစ်ဆက်တည်းဆိုသလို ဇာမဏီဌက်ဥသည် အလင်းတန်းငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ မခန့်မှန်းနိုင်သောအမြန်နှုန်းဖြင့် ဝမ်ဖုန်း၏မျက်ခုံးနှစ်ဖက်အကြားသို့ ပြေးဝင်သွားခဲ့ကာ ဝမ်ဖုန်း၏မျက်ခုံးနှစ်ဖက်အကြား၌ သေးငယ်သောမီးတောက်ငယ်ပုံစံသင်္ကေတလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဇာမဏီဌက်ဥ၏အမြန်နှုန်းမှာ ဝမ်ဖုန်းတုန့်ပြန်နိုင်သည်ထက်တောင် ပို၍ မြန်ဆန်လာခဲ့သည်။ သူတုန့်ပြန်နိုင်ခဲ့သည့်အချိန်တွင် ဇာမဏီဌက်ဥဟာ သူ၏ မျက်ခုံးနှစ်ဖက်အကြားသို့ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်သည်။

ဤသည်က ဝမ်ဖုန်းကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့ကာ သူက အသိစိတ်ပင်လယ်ထဲသို့ဝင်ရောက်၍ ဇာမဏီဌက်ဥကို စူးစမ်းလေ့လာလိုက်သည်။

ဤစူးစမ်းဆင်ခြင်မှုက ဝမ်ဖုန်း၏ နှလုံးသားတစ်ခုလုံးကို ရုတ်ချည်းခါရမ်းသွားစေခဲ့သည်။

ဤအချိန်၌ ဇာမဏီဌက်ဥသည် မြင့်မားသောကံတရားဝိညာဥ်၏ဘေးနား၌ မျောလွင့်နေခဲ့သည်ကို သူတွေ့မြင်ခဲ့ရသည်။၎င်းက ကံတရားဝိညာဥ်၏ လက်ခုပ်အတွင်းရှိနေသည့်အရာတစ်ခုလိုမျိုး ရပ်တည်နေခဲ့ကာ ဇာမဏီဌက်ဥထံမှ သွေးနီရောင်နိဗ္ဗာန်အလင်းတန်းများဖျာထွက်လျက် ကံတရားဝိညာဥ်၏ မူလက သေးငယ်သောလက်တစ်စုံကို နီစွေးသွားစေခဲ့သည်။

ဒါ့အပြင် သူ၏ကံတရားဝိညာဥ်က ထူးဆန်းသောပုံပန်းသွင်ပြင်တစ်ခုကို ဖော်ဆောင်နေခဲ့သည်။ကံတရားဝိညာဥ်၏ လက်ဖဝါးထက်မှ မီးခိုးရောင်ကံတရားစွမ်းအားများသည် ဇာမဏီဌက်ဥကို ရစ်တွယ်သွားခဲ့ကာ ဌက်ဥ၏မျက်နှာပြင်ပေါ်၌ ကြီးမားသော ပိုးအိမ်ကဲ့သို့အရာတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သူတို့နှစ်ခုဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်နေခဲ့သည်။ ကံတရားဝိညာဥ်က ဇာမဏီဌက်ဥကို ဥပေါက်ရန်အတွက် ကူညီပေးနေသလို ဇာမဏီဌက်ဥကလည်း ပြန်လည်ထမြောက်ခြင်း၏စွမ်းအားကို ကံတရားဝိညာဥ်အတွင်းသို့ သွတ်သွင်းပေးနေခဲ့သည်။ထိုမှသာ ကံတရားဝိညာဥ်ဟာ ပြန်လည်ထမြောက်ခြင်း၏စွမ်းအားကို ပေါက်ဖွားသန့်စင်နိုင်မှာဖြစ်သည်။

ဤအချိန်၌ ဝမ်ဖုန်းသည် သူ့ကံတရားဝိညာဥ်၏စွမ်းအားက အနည်းငယ်တိုးပွားလာကြောင်း ခပ်ရေးရေးမျှ ခံစားလိုက်မိသည်။

ဒါကိုမြင်တော့ ဝမ်ဖုန်းမျက်နှာထက်၌ အံ့သြသင့်နေသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကအပြင် မျှော်လင့်မထားသော အခြားအကျိုးအမြတ်များကိုလည်း ဇာမဏီဌက်ဥထံမှ သူက ရရှိခဲ့လေသည်။

ဇာမဏီဌက်ဥ၏ ထူးခြားဆန်းကြယ်သော စွမ်းအားများပင်ဖြစ်စေ၊ ကံတရားဝိညာဥ်၏ လျို့ဝှက်ဆန်းကြယ်သော အသွင်များပင်ဖြစ်စေ၊အရာအားလုံးက ဇာမဏီဌက်ဥက သူ့ကို ကောင်းကျိုးသာပေးနေခဲ့ပြီး နာကျင်ထိခိုက်စေခဲ့ခြင်းမရှိပါ။

ဇာဏီဌက်ဥဟာ ကြောက်ရွှံ့ဖွယ်ရာကောင်းသော်လည်း ကံတရားဝိညာဥ်၏ရှေ့မှောက်တွင်တော့ နာခံတတ်သော ညီငယ်လေးတစ်ယောက်အလား ဖြစ်နေခဲ့သည်။

ကံတရားဝိညာဥ်အပေါ် သူ၏အသုံးချမှုက ပြောင်ကျနေခဲ့ရင်တောင်မှ၊ ကံတရားရဲ့ လျို့ဝှက်ဆန်းကြယ်မှုအကြောင်းကို သူက အပြည့်အဝနားမလည်ခဲ့သေးရင်တောင်မှပေါ့။

လျို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်သော လမ်းစဥ်များအနက် တစ်ခုဖြစ်သည့်အလျောက် ကံတရားဝိညာဥ်က သူ၏စိတ်ဝိညာဥ်နဲ့ ပေါင်းစပ်သွားပြီးသည့်နောက်တွင် သူ၏စိတ်ဝိညာဥ်ဟာ အဆုံးစွန်ထိတိုင် လျို့ဝှက်ဆန်းကြယ်၍ ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တခဏကြာအောင် စူးစမ်းလေ့လာလိုက်ပြီးနောက် ဝမ်ဖုန်းဟာ ကျေနပ်အားရစွာဖြင့် အသိစိတ်ပင်လယ်ထဲမှ ပြန်လည်ထွက်ခွာလာခဲ့ကာ မူလကိုယ်၏အာရုံခံစားမှုနဲ့ ပြန်လည်၍ ဆက်စပ်သွားခဲ့သည်။ သူဟာ မျက်ဝန်းများပြူးကျယ်၍ သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော ရွှမ်းယွမ်ကို တွေ့မြင်လိုက်ရသည်။

ဝမ်ဖုန်းဟာ ပြုံးရယ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ကိုယ်ကို ဖြောင့်မတ်စွာ မတ်တပ်ရပ်လိုက်ချေသည်။သူ၏ခန္ဓာကိုယ်ဟာ မြင့်မားဖြောင့်တန်းနေပြီး ခန့်မှန်း၍မရနိုင်သော ကိုယ်နေဟန်ထားကို ဖော်ဆောင်နေခဲ့သည်။

ရွှမ်းယွမ်ကတောင်မှ ဝမ်ဖုန်းကြောင့် မကြောင်အ မထိတ်လန့်ဘဲ မနေနိုင်တော့ပါ။ဘယ်အရာကြောင့်များ ဇာမဏီဌက်ဥကတောင် နာနာခံခံနဲ့ ဝမ်ဖုန်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားခဲ့ရတာလဲ။

" အံ့ဖွယ်ပဲ ..."

ဝမ်ဖုန်း၏အကြည့်ကို ခံစားလိုက်ရသည့်အခါ ရွှမ်းယွမ်က ရုတ်တရက်တုန်လှုပ်သွားပြီး အလျှင်စလို ဂါရဝပြုလိုက်မိသည်။သူဟာ ဇာမဏီဌက်ဥ၏ ဖိနှိပ်ခံရမှုမှ လွတ်မြောက်သွားတာတောင် ဝမ်ဖုန်းကို မလေးမစားမပြုမှုရဲတော့ပါ။

ယခုအချိန်၌ ဇာမဏီဌက်ဥက ဝမ်ဖုန်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပြီဖြစ်ရာ ဝမ်ဖုန်းက သူ့ကို အတွေးတစ်ချက်ဖြင့် ဖိနှိပ်နိုင်စွမ်းရှိလေသည်။ ဒါက မူလအခြေအနေနဲ့ လုံးဝကို ကွာခြားမှုမရှိတာဘဲ မဟုတ်ဘူးလား။

သူက ရှန်ရှန်ကျုံဂိုဏ်းကိုလည်း ဝင်ရောက်လာခဲ့ပြီးပြီ။ အိမ်ကလဲ ခိုးထွက်လာပြီး ဘာမှလည်း လုပ်စရာမရှိဘူးဆိုမှတော့ အဲ့ဒီရှန်ရှန်ကျုံဂိုဏ်းက သူ သခင်လေးရွှမ်းယွမ်ရဲ့ စိတ်ပါဝင်စားမှုနဲ့ ထိုက်တန်ရဲ့လားဆိုတာ စောင့်ကြည့်ရသေးတာပေါ့ကွာ။

သူ့ရဲ့စိတ်ပါဝင်စားမှုနဲ့ မထိုက်တန်ဘူးဆိုရင်တော့ သူပြန်ပြီး ခိုးထွက်ပြေးရုံပဲပေါ့။သူလိုချင်တဲ့အရာက စိတ်လှုပ်ရှားပျော်ရွှင်မှုပါပဲလေ။ဒါက ရိုးရှင်းပါတယ်။ ရှန်ရှန်ကျုံဂိုဏ်းက ပေးစွမ်းနိုင်လောက်မှာပါ ဟုတ်တယ်မလား။

သူ့မိသားစု၏ အထူးကြီးကြပ်မှုအောက်မှာတောင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ဖြစ်ရာ ရွှမ်းယွမ်၏ ဖုံးကွယ်ရေးစွမ်းရည်သည် သာမန်လူများ မနှိုင်းဆနိုင်လောက်အောင် နက်ရှိုင်းလေသည်။သူသာ အမှန်တကယ်ထွက်ခွာချင်ပါက ဤကနေ့ရှန်ရှန်ကျုံဂိုဏ်းက သူ့ကို တားဆီးနိုင်စွမ်းမရှိသေးပါ !

" သွားကြရအောင် .. မြင့်မြတ်တဲ့စန်းရိမြို့တော်ကို ပြန်ပြီး သွားကြရအောင်။ "

ရွှမ်းယွမ်၏ ရိုသေလေးစားသောအမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက ကျေနပ်အားရစွာ ပြုံးရယ်လိုက်ပြီး ရှိနေကြသောလူများကို ဝေ့ရမ်းကြည့်ရှူလျက် လက်ကိုခါရမ်းကာ ပြောဆိုလိုက်သည်။

All Chapters