← Chapters

ပိုင်ဟုန်ထွက်ပေါ်လာခြင်း။

Vol. 41 Ch. 566

ပိုင်ဟုန်ထွက်ပေါ်လာခြင်း။

Vol. 41 Ch. 566

ဘာသာပြန်- The Fate

"ရှုံးနိမ့်တာကို ဝန်ခံတာလား။"

"ဒီတိုက်ပွဲမှာ ရှုံးနိမ့်တာကို ဝန်ခံဖို့အတွက် မင်းမှာ အရည်အချင်း မပြည့်မှီဘူး!"

"မင်း သူ့ကို ကာကွယ်ချင်နေတယ်ဆိုရင်လည်း ရပါတယ်! မင်းတို့နှစ်ယောက်က ငါတို့ မျိုးနွယ်စုသုံးစုရဲ့ ထိပ်တန်းပါရမီရှင်တွေအားလုံးကို ရင်ဆိုင်နိုင်မယ်ဆိုရင် မင်းတို့ အနိုင်ရမယ်။ အဲ့ဒါဆိုရင် ဘာစကားမှမပြောဘဲ ငါတို့ ထွက်ခွာသွားပေးမယ်။"

လီချင်း၏စကားကို ကြားလိုက်ရသည့်အခါ မင်ကုန်းက မျက်ဝန်းများကို မှေးကျဥ်းလျက် အဆုံးအစမဲ့စွာ လှောင်ရယ်လိုက်သည်။

"သောက်ကျိုးနည်း!"

"မရဏမျိုးနွယ်စုရဲ့ နှလုံးသားက ပုပ်ပွနေတာပဲ!"

"ဒါက အရှက်မဲ့လွန်းတာဟ!"

မင်ကုန်း၏ စကားသံ ပဲ့တင်ထပ်သွားသည့်အခါ မြင့်မြတ်သောစန်းရိမြို့အတွင်းရှိ ကျင့်ကြံသူများအားလုံးသည် အုံအုံကြွကြွဖြစ်သွားကြသည်။ အမှန်တရားကို မြတ်နိုးသော စိတ်ထားကြောင့် သူတို့ဟာ အင်မတန်မှ ဒေါသထွက်လာကြကာ အချို့သော ကျင့်ကြံသူများ၏ မျက်ဝန်းများက နီရဲလာကြသည်။

ဒါက ဘယ်လိုစိန်ခေါ်မှုမျိုးလဲ။ ဒါက ယန်ရှန်းတို့ကို ရှင်းရှင်းလင်းလင်းကြီး သေစေချင်နေတာပဲ မဟုတ်လား။

မူလက သူတို့သည် မရဏမျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုများ၏ ပူးပေါင်းခွန်အားကို ကြောက်ရွံ့ခဲ့ကြသော်လည်း ယန်ရှန်းတို့က အံ့သြစရာကောင်းသော တိုက်ပွဲဝင်စွမ်းအားကို ဖော်ထုတ်ပြသလိုက်သည့်အခါ သူတို့နှလုံးသားအတွင်းရှိ မျှခြေသည် ယန်ရှန်းတို့နှစ်ယောက်ဘက်ကို တိမ်းစောင်းသွားခဲ့သည်။

ယခုအချိန်တွင် မင်ကုန်းက အလွန်အမင်း အရှက်မဲ့နေလေရာ သူတို့အားလုံး အင်မတန်မှ ဒေါသထွက်လာကြ၏!

"အရမ်းကို မောက်မာလွန်းတယ်!"

"မင်ကုန်း မင်းက တိုက်ခိုက်ချင်နေတယ်ဆိုရင် ဒီဧကရာဇ်က မင်းတို့နဲ့ တိုက်ခိုက်ပေးမယ်။"

လေထုအထက်၌ မတ်တပ်ရပ်နေသော ကြီးမြတ်သော ဧကရာဇ်စန်းရိကတောင် ဒေါသထွက်သွားခဲ့သည်။ ခေါင်းလောင်းမြည်သံကဲ့သို့ သူ၏ အော်မြည်သံကြီးသည် ကောင်းကင်ကြီးတစ်ခုလုံးကို လှုပ်ရှားသွားစေခဲ့ကာ မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည့် အမျက်ဒေါသကြောင့် မဟာဧကရာဇ်စန်းရိ၏ ခန္ဓာကိုယ်ထက်မှ ပြင်းစွာသော ခွန်အားအဟုန် ပေါက်ကွဲထွက်လာခဲ့သည်။

"စန်းရိအင်ပါယာ မင်းတို့သာ လှုပ်ရှားရဲရင် ငါတို့မျိုးနွယ်စုသုံးစုရဲ့ စစ်တပ်ကလည်း မင်းတို့မြင့်မြတ်တဲ့ စန်းရိအင်ပါယာကို ချေမှုန်းတိုက်ခိုက်ပစ်ရလိမ့်မယ်။"

မင်ကုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး နက်ရှိုင်းသော လေသံံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သူ၏ ဘေးနားတွင်ရှိသော ရွှမ်းယောင်နှင့် အခြားသူများကလည်း ဘာစကားတစ်ခွန်းမှ မပြောခဲ့သော်ငြား သူတို့၏ အရှိန်အဝါများက ညီတူညီမျှစွာ ပေါက်ကွဲထွက်လာကြသည်။ သူတို့က မင်ကုန်းနှင့် အတူတကွ ရပ်တည်လိုက်ကြကာ မဟာဧကရာဇ်စန်းရိကို အေးစက်စွာ လှမ်းကြည့်လိုက်ကြသည်။

"အဲ့ဒီတော့ရော ဘာဖြစ်သေးလဲ။"

"ငါတို့ စန်းရိအင်ပါယာမှာ စစ်သားပေါင်း သန်းနဲ့ချီပြီး ရှိတယ်။ ဒီတိုက်ပွဲတစ်ပွဲကို ဘာ့ကြောင့်များ ကြောက်ရွံ့နေရမှာလဲ။"

မဟာဧကရာဇ်စန်းရိသည် အမူအယာမဲ့သော မျက်နှာဖြင့် တုန့်ဆိုင်းခြင်းမရှိဘဲ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။

အဆိုပါ ကျယ်လောင်သော စကားသံကြီးသည် မိုးခြိမ်းသံကြီးကဲ့သို့ ကောင်းကင်နှင့် ကမ္ဘာမြေပြင်အတွင်း၌ ပေါက်ကွဲထွက်သွားခဲ့ကာ မြင့်မြတ်သော စန်းရိမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံး၏ နှလုံးသားအတွင်းမှ အကြောက်တရားများကို ချေမှုန်းပစ်လိုက်သည်။

ဟုတ်တယ်။ သူတို့တွေ တိုက်ပွဲလေးတစ်ပွဲကို ဘာ့ကြောင့်များ ကြောက့်ရွံ့နေရမှာလဲ။

အချိန်တစ်ခုထိတိုင်အောင် မြင့်မြတ်သော စန်းရိမြို့အတွင်းရှိ ကျင့်ကြံသူများ၏ နှလုံးသားများသည် မဟာဧကရာဇ်စန်းရိ၏ စကားလုံးများကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

သူတို့ဟာ ယန်ရှန်းနှင့် အခြားသူများအပေါ် ရန်ငြိုးအမုန်းတရားများမရှိကြဘဲ ယန်ရှန်းတို့က မွန်မြတ်မှုခုနစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်ခဲ့တာကြောင့် သူတို့ကတောင် လေးစားနေကြသေးသည်။ ယန်ရှန်းနှင့် အခြားသူများကို သူတို့ တိုက်ခိုက်စေချင်ခဲ့သည့် အကြောင်းအရင်းမှာ သူတို့ဟာ စန်းရိအင်ပါယာကို တိုက်ပွဲတစ်ပွဲအတွင်း မဆွဲသွင်းချင်တာကြောင့်ပင်ဖြစ်၏။

သို့ပါသော်လည်း မင်ကုန်းတို့၏ အရှက်မဲ့မှုက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ကာ သူတို့အားလုံးကို ဒေါသထွက်သွားစေခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ သူတို့တွေ ဘာ့ကြောင့်များ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေရဦးမှာလဲ။

မြင့်မြတ်သော ဧကရာဇ်စန်းရိသည် ထိုသို့သော စကားလုံးများကို ပြောဆိုလိုက်ပြီးနောက် သူ၏လက်ကို ဆန့်တန်းကာ ဖမ်းဆုပ်သည့် ပုံသဏ္ဌာန်ပြုလုပ်လိုက်၏။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေပြင်အကြားရှိ စွမ်းအားများသည် ဆွဲညို့ခြင်းခံလိုက်ရကာ အရူးအမူး သိပ်သည်းလာလျက် အေးစက်သော အလင်းတန်းများ တောက်ပနေသည့် ထက်မြသော ဓားရှည်တစ်ချောင်းပုံစံ ပြောင်းလဲသွားခဲ့သည်။

ဓားရှည်၏ ထိပ်ဖျားသည် အဝေးတစ်နေရာရှိ မင်ကုန်းကို ထိုးညွှန်နေခဲ့သည်။ ၎င်းဓားရှည်ဟာ အပြည့်အဝနိုးထလာခြင်း မရှိသေးသော်လည်း အဆိုပါ ဓားရှည်၏ ထက်မြသော အရှိန်အဝါက ကမ္ဘာလောကကြီးကို ဖြူဖျော့သွားစေခဲ့သည်။

မြင့်မြတ်သော ဧကရာဇ်စန်းရိ၏ စိတ်နေသဘောထားကို တွေ့မြင်လိုက်ရသည့်အခါ မင်ကုန်း၏ မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်သွားခဲ့ပြီး သူ၏မျက်ဝန်းအနက်ပိုင်း၌ အကြောက်တရား၏ အရိပ်အယောင်များ ပေါ်ထွန်းလာခဲ့ရသည်။ သို့ပါသော်လည်း များမကြာမီတွင် သူဟာ နက်နက်ရှိုင်းရှိုင်း အော်ဟစ်ရယ်မောလိုက်မိသည်။

တစ်ယောက်တည်းဆိုပါက သူဟာ မဟာဧကရာဇ်စန်းရိကို ကြောက်လန့်နေရဦးမှာသာ ဖြစ်သည်။ သို့ပါသော်လည်း သူတို့၏ဘက်တွင် ကောင်းကင်တာအိုမျိုးနွယ်စုသုံးစုနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရှိနေလေရာ ဘာကိုများ ကြောက်လန့်ရဦးမလဲ။

"ဘုန်း!"

တိုက်ပွဲစတင်တော့မည့် အချိန်အခါသမယ၌ ထိတ်လန့်ခြောက်ခြားဖွယ်ရာကောင်းပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါကြီးတစ်ခုသည် ကောင်းကင်ယံထက်မှ ရုတ်တရက် သက်ဆင်းလာခဲ့ကာ ရှည်သွယ်ဖြောင့်တန်းသော ပုံရိပ်တစ်ခုသည် လေထုအတွင်း၌ ရုတ်ချည်း ပေါ်ပေါက်လာခဲ့သည်။ ထိုသူဟာ မြင့်မြတ်သော ဧကရာဇ်စန်းရိနှင့်၊ မင်ကုန်းနှတို့၏ အကြား၌ မတ်တပ်ရပ်နေခဲ့သည်။

ထိုပုဂ္ဂိုလ်၏ ထွက်ပေါ်လာမှုနှင့် သူ့ထံမှ ပျံ့လွင့်နေသော အစွမ်းထက်သည့် အရှိန်အဝါက မင်ကုန်းနှင့် အခြားသူများကိုသာမက မဟာဧကရာဇ်စန်းရိကိုပါ တောင့်တင်းသွားစေခဲ့သည်။

အဆိုပါပုဂ္ဂိုလ်၏အထက်မှ သူဟာ သန်မာသော ခြိမ်းခြောက်မှုတစ်စုံတစ်ရာကို ခံစားနေရသည်။ သူ့ကို ပိုမို၍ တင်းကြပ်သွားစေခဲ့သည်က အဆိုပါပုဂ္ဂိုလ်ဟာ ကောင်းကင်တာအိုမျိုးနွယ်စုများ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေခဲ့ခြင်းပင်။

"ပိုင်ဟုန်!!!"

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ။"

အဆိုပါ ပုဂ္ဂိုလ်၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည့်အခါ မင်ကုန်း၊ ရွှမ်းယောင်နှင့် အခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ရှားသွားခဲ့ကြသည်။ သူတို့က ကြောက်လန့်နေသော အမူအယာများဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

ရောက်ရှိလာသည့် ပုဂ္ဂိုလ်မှာ ဝမ်ဖုန်း၏ သိမ်းသွင်းခြင်းခံလိုက်ရသော ပိုင်ရွှမ်၏ ဖခမည်းတော် ပိုင်ဟုန်ပင် ဖြစ်ချေတော့သည်။ သူဟာ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်၌ ရှိနေသော အစွမ်းထက်သည့် တည်ရှိမှုကြီးတစ်ခု ဖြစ်၏။

ပိုင်ဟုန်၏ ကျင့်ကြံမှုစွမ်းအားက သူတို့အားလုံးထက် များစွာ သာလွန်ကြောင်းကို မင်ကုန်းနှင့် အခြားသူများ ရှင်းရှင်းလင်းလင်း သိထားကြသည်။ သူတို့တွေ အင်အားစုပေါင်းလိုက်ရင်တောင် ပိုင်ဟုန်ကို အလွယ်တကူ အနိုင်ယူဖို့ဆိုတာက မဖြစ်နိုင်ပါ။

မင်ကုန်း၏စကားကို ကြားလိုက်ရသော်လည်း ပိုင်ဟုန်က အမူအယာကင်းမဲ့နေဆဲဖြစ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖြောင့်တန်းစွာ မတ်တပ်ရပ်နေခဲ့သည်။ နတ်ဘုရင်တစ်ပါးကဲ့သို့ အမူအယာဖြင့် သူ၏ တည်ရှိမှုဟာ ရှိနေကြသော လူများအားလုံးကို အရှုံးပေးချင်စိတ်များ အလိုလို ပေါက်ဖွားလာစေနိုင်သည်။ သူဟာ မင်ကုန်း၏ စကားကို ဖြေကြားခြင်းမရှိဘဲ လီချင်းနှင့် ယန်ရှန်းတို့ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ လီချင်းတို့၏ အကြောက်တရားကင်းမဲ့သော အမူအယာနှင့် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်ကို တွေ့မြင်လိုက်ရသည့်အခါ သူဟာ မနေနိုင်တော့ဘဲ လေးစားမိသွားသည်။

ထို့နောက် သူဟာ မင်ကုန်းတို့ကို အမူအယာမဲ့စွာ လှမ်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"မင်းတို့တွေ အရမ်းလွန်ကဲနေပြီ။"

"ကောင်းကင်တာအို မျိုးနွယ်စုဝင်တွေအနေနဲ့ မင်းတို့က တရားမျှတတဲ့ တိုက်ပွဲကိုတောင် မရင်ဆိုင်ရဲကြဘူး။ မင်းတို့ကို မင်းတို့ ကောင်းကင်တာအို မျိုးနွယ်စုလို့ ခေါ်သွင်ဖို့ ထိုက်တန်သေးရဲ့လား။"

ပိုင်ဟုန်၏ စကားသံများက ခေါင်းလောင်းမြည်သံကြီးကဲ့သို့ ပဲ့တင်ထပ်သွားကာ မြင့်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများကို ဆွံ့အသွားစေခဲ့သည်။ ဤသည်မှာ မင်ကုန်းလို ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက် ကူကယ်ရာမဲ့နေခြင်းကို သူတို့ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။

ကြီးမြတ်သောဧကရာဇ်စန်းရိက အင်မတန် ဒေါသထွက်နေခဲ့လျှင်တောင်မှ အဆင့်တူစွမ်းအားရှင်တစ်ယောက်ကို ဤကဲ့သို့ အလွယ်တကူ မာန်မဲရဲမှာ မဟုတ်ပါ။

ပိုင်ဟုန်လို ကောင်းကင်တာအိုမျိုးနွယ်စုဝင်တစ်ယောက်က မျိုးနွယ်တူဖြစ်သော မင်ကုန်းနှင့် အခြားသူများကို မာန်မဲလိုက်ခြင်းက သူတို့ကို ပို၍ ထိတ်လန့်သွားစေခဲ့သည်။

ဒီမှာ ဘာတွေဖြစ်နေတာလဲ။

ကောင်းကင်တာအိုမျိုးနွယ်စု၏ အဆိုပါ ပုဂ္ဂိုလ်က အဘယ်အရာကို ပြုလုပ်ချင်နေကြောင်းကို ကြီးမြတ်သောဧကရာဇ်စန်းရိကတောင် မခန့်မှန်းနိုင်တော့ပါ။

ထိုစကားလုံးများကို ကြားသိလိုက်ရသည့်အခါ မင်ကုန်းနှင့် အခြားသူများ၏ မျက်နှာများသည် နီမြန်းသွားကြကာ ပိုင်ဟုန်ကို တဆတ်ဆတ် တုန်လှုပ်နေသော ခန္ဓာကိုယ်များဖြင့် စူးစိုက်ကြည့်နေခဲ့ကြသည်။

သူတို့ဟာ ပိုင်ဟုန်၏ ထိတ်လန့်ဖွယ်ခွန်အားကိုတောင် မတွက်ဆနိုင်ကြတော့ဘဲ အင်မတန် ဒေါသထွက်လာကြသည်။

မွန်မြတ်ဘုံလောကအတွင်းရှိ အင်အားကြီးမျိုးနွယ်စုခေါင်းဆောင်များဖြစ်သည့်အလျောက် သူတို့၏ အဆင့်အတန်းဟာ မွန်မြတ်ဘုံလောကအတွင်း၌ အမြင့်မားဆုံးဟု ပြောဆိုနိုင်သည်။ သူတို့ကို ဘယ်သူကများ ဒီလိုမျိုး အရှက်မဲ့စွာ ပြောဆိုရဲမှာလဲ။

"ပိုင်ဟုန် ကောင်းကင်မျိုးနွယ်စုဝင်တစ်ယောက်အနေနဲ့ မင်း မကူညီချင်ဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမယ့် မင်းက ဘာကြောင့်များ လူသားမျိုးနွယ်ကို ကူညီချင်နေရတာလဲ။"

မင်ကုန်းဟာ မှောင်မဲနေသော အမူအယာဖြင့် မေးမြန်းလိုက်သည်။ ဒီဧကရာဇ်က ပြုလုပ်ချင်နေတဲ့အရာကို မင်းက ကြားဝင် နှောက်ယှက်ချင်နေတာလား။

"အခြားသူတွေနဲ့ ပူးပေါင်းလိုက်ရုံနဲ့ မင်းကိုမင်း လက်လွတ်စပယ် ပြုမူလို့ရပြီလို့ ထင်မနေနဲ့။ ကောင်းကင်တာအိုမျိုးနွယ်စုတွေရဲ့ မျက်နှာကို မင်းလို လူ့အမှိုက်တွေရဲ့ လက်ထဲမှာ အပျက်စီးမခံနိုင်ဘူး။"

ပိုင်ဟုန်ဟာ အမူအယာမဲ့စွာ ရှိနေခဲ့ပြီး အေးစက်စွာ လှောင်ပြောင်ပြောဆိုလိုက်သည်။

"ဘုန်း!"

ထိုသို့ပြောဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ခမ်းနားကြီးကျယ်သော စွမ်းအားများသည် သူ့ထံမှ ပေါက်ပွားဖြစ်တည်လာခဲ့သည်။ ၎င်းက လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ ပြင်းစွာသော အဟုန်ကို ဖော်ထုတ်လျက် မင်ကုန်းနှင့် အခြားသူများကို ဖိနှိပ်ထားခဲ့ကာ သူတို့ကို ချွေးစီးများ အဆက်မပြတ် ထွက်လာစေခဲ့သည်။ လူအုပ်အလယ်၌ ရှိနေခဲ့သော အနက်ဝတ်ရုံဝတ်ဆင်ထားသည့် သတ်ဖြတ်ခြင်းနတ်ဘုရားကတောင် ဤအချိန်၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်၏ ခွန်အားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ထိုပုဂ္ဂိုလ်၏ အရှိန်အဝါသီးသန့်ကတောင် သူတို့ကို သေမင်းနှင့် ရင်ဆိုင်လိုက်ရသည့်အလား ကူကယ်ရာမဲ့သွားစေခဲ့ကာ စိတ်ဝိညာဥ်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။

သတ်ဖြတ်ခြင်းလမ်းစဥ်ကို ပိုင်နင်းအုပ်စိုးထားသည်ဖြစ်ရာ သတ်ဖြတ်ခြင်းနတ်ဘုရားသည် သူ့ထက် အဆင့်မြင့်သော စွမ်းအားရှင်များကိုတောင် ကြောက်လန့်ခြင်းမရှိပါ။ သို့ပါသော်လည်း ပိုင်ဟုန်၏ အရှိန်အဝါက သူ၏ ခုခံမှုကို တိုက်ရိုက်ချိုးဖျက်ပစ်ခဲ့သည်!

All Chapters