← Chapters

ဂန္တဝင်ပါရမီရှင်ဟူသည်။

Vol. 41 Ch. 567

ဂန္တဝင်ပါရမီရှင်ဟူသည်။

Vol. 41 Ch. 567

ဘာသာပြန်- The Fate

" စီနီယာ..ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ "

" ဒါပေမဲ့..တူညီတဲ့စကားကိုပဲ ပြောဆိုရပါမယ်။ ကျုပ်တို့ရဲ့ရှန်ရှန်ကျုံဂိုဏ်းက ဘယ်စိန်ခေါ်မှုကိုမဆို မကြောက်ရွံ့ပါဘူး။ "

" မင်းတို့တိုက်ခိုက်ချင်နေတယ်ဆိုရင်လည်း တိုက်ခိုက်ကြရုံပေါ့။ "

" ဒါပေမဲ့ ပြန်ရောက်လာမယ့် ငါတို့ရှန်ရှန်ကျုံဂိုဏ်း ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့အမျက်ဒေါသကို မင်းတို့သည်းခံနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ "

တိုက်ပွဲကွင်းပြင်အလယ်တွင် လီချင်းဟာ ထောင်လွှားမောက်မာစွာ မတ်တပ်ရပ်နေခဲ့ပြီး ပိုင်ဟုန်နဲ့ ဧကရာဇ်စန်းရိဘက်ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။ ထို့နောက်မှာ သူဟာ မင်ကုန်းနဲ့အခြားသူများဘက်ကို လှမ်းကြည့်လိုက်၍ အေးစက်စွာ ပြောဆိုလိုက်သည်။

အဆိုပါခံစားချက်တစ်စုံတစ်ရာမပါဝင်သော စကားလုံးများသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်သွားခဲ့ကာ ရှိရှိသမျှလူတိုင်းကို တုန်ယင်သွားစေခဲ့သည်။

ဤအချိန်၌ ကမ္ဘာလောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ လီချင်း၏စကားများကသာ ပဲ့တင်ထပ်လျက် ရှိချေတော့သည်။

ရှိရှိသမျှလူတိုင်းသည် လီချင်းကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။အထူးအားဖြင့် မြင့်မြတ်သည့်မြို့တော်မှ ကျင့်ကြံသူများဖြစ်ကြသည်။ လီချင်းလက်ခံလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ...!

ပိုင်ဟုန်၊ ဧကရာဇ်စန်းရိလို သန်မာသည့်ပုဂ္ဂိုလ်များ၏ အထောက်အပံ့ကိုရရှိပါက ဘယ်သူမဆို မင်ကုန်းတို့၏စိန်ခေါ်မှုကို လက်ခံတော့မည်မဟုတ်ပါ။

အဲ့ဒီဘက်မှာ ထူးချွန်တဲ့ပါရမီရှင်တွေ ဒါဇင်နဲ့ချီပြီးရှိနေတာလေ။ ဒီစိန်ခေါ်မှုကို လက်ခံတာက သေချင်နေတာနဲ့ ဘာများကွာခြားတော့မှာလဲ။

သို့ပါသော်လည်း လီချင်းကတော့ လူတိုင်းမျှော်လင့်ထားသည်ထက်ကျော်လွန်စွာ ပိုင်ဟုန်နဲ့ဧကရာဇ်စန်းရိ၏အကူအညီကို ငြင်းပယ်လျက် မင်ကုန်းတို့၏အရှက်မဲ့သောစိန်ခေါ်မှုကို လက်သင့်ခံလိုက်သည်။

ထိုကဲ့သို့ ရဲရင့်သောသူရသတ္တိက ရှိရှိသမျှလူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

သူတို့ဆိုပါက လီချင်းတို့လို အဆင့်အတန်းမျိုးကို ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ပါ။ဤအချိန်၌ လူတိုင်းသည် လီချင်း၏အကြောက်တရားကင်းမဲ့သော အမူအရာကြောင့် သူ့ကို လေးစားအားကျမိသွားကြသည်။

ကျင့်ကြံသူများသည် လီချင်းလိုတပည့်တစ်ယောက်ကို ပျိုးထောင်ပေးနိုင်သည့်အထိ ရှန်ရှန်ကျုံဂိုဏ်းက ဘယ်လိုမျိုး ထူးခြားဆန်းကြယ်နေရသလဲဆိုတာကိုတောင် တွေးဆနေမိ၏။

ကြီးမြတ်သောဧကရာဇ်စန်းရိနဲ့ ပိုင်ဟုန်တို့၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းသောအကြည့်များဖြစ်လာကြပြီး လီချင်းကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။ လီချင်း၏အမူအရာက အင်မတန် လေးနက်တည်ကြည်နေတာကို တွေ့မြင်လိုက်ရသည့်အခါ သူတို့အားလုံး ထိတ်လန့်သွားကြရသည်။

ပိုင်ဟုန်ကလီချင်းကို လေးစားစွာ စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ သူ၏အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

သူဒီကိုရောက်လာရသည့် အကြောင်းအရင်းတစ်ခုမှာ ကောင်းကင်တာအိုမျိုးနွယ်စုများ၏မျက်နှာကို မင်ကုန်းတို့က ဖျက်လိုဖျက်စီးပြုမှုမှာကို မတွေ့မြင်ချင်သောကြောင့်ဖြစ်သည်။နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဝမ်ဖုန်းကြောင့်ပင် ဖြစ်၏ !

ဝမ်ဖုန်းကို သူပထမဆုံး တွေ့မြင်ခဲ့ရသည့်အချိန်၌ သူဟာ ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်တာအိုမျိုးနွယ်စုများနဲ့ မရဏမျိုးနွယ်စုများ၏ ထူးချွန်သောတည်ရှိမှုများသာ ပိုင်ဆိုင်နိုင်သည့်အရှိန်အဝါကို ခံစားသိရှိခဲ့ရသည်။ အဲ့ဒီဝမ်ဖုန်းက ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ သက်ဆိုင်နေတာများလား။

ဒါ့အပြင် ကောင်းကင်တာအိုမျိုးနွယ်စုများ၌ ထူးချွန်သောပါရမီရှင်များစွာ ပေါ်ထွန်းလာခဲ့သော်လည်း မြင့်မြတ်သည့်ပုဂ္ဂိုလ်များကိုတော့ မတွေ့မြင်ခဲ့ဖူးပါ။ သို့ပါသော်လည်း ဝမ်ဖုန်းတွင်တော့ မြင့်မြတ်သောပုဂ္ဂိုလ်များ၏ အရှိန်အဝါမျိုး ကိန်းဝပ်နေခဲ့သည်။ ဝမ်ဖုန်းဟာ ကောင်းကင်တာအိုမျိုးနွယ်စုများအနက် သာမန်မဟုတ်သော ဖြစ်တည်မှုတစ်ခု ဖြစ်နေနိုင်သည်။

သို့သော်ငြားလည်း လီချင်းတွင် ဤကဲ့သို့သတ္တိမျိုး ပိုင်ဆိုင်ထားလိမ့်မည်လို့တော့ ပိုင်ဟုန်က တွေးဆထားခြင်း မရှိပါချေ။

ပိုင်ဟုန်က အရှိန်အဝါကို ရုတ်သိမ်းလိုက်သည်ကို တွေ့မြင်လိုက်ရသည့်အခါ ဧကရာဇ်စန်းရိကလည်း သူ၏အရှိန်အဝါကို ပြန်လည်၍ ရုတ်သိမ်းလိုက်သည်။ သို့ပါသော်လည်း သူဟာ ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို နှိုးဆွထားဆဲဖြစ်ပြီး အချိန်မရွေးတုန့်ပြန်ရန် ပြင်ဆင်ထားခဲ့သည်။ သူတို့က လီချင်းတို့နှစ်ယောက် သေဆုံးသွားမှာကို ရပ်ကြည့်မနေနိုင်ပါ။

တစ်ဘက်တွင်တော့ မင်ကုန်းနဲ့အခြားသူများက ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။လီချင်းက လက်သင့်ခံလိုက်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ပါ‌ေချ။ ဒီလိုဆိုမှတော့ ဒီရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားနှစ်ယောက်ကို သေလမ်းကို ပို့လိုက်ရုံပဲပေါ့။

မင်ကုန်းတို့ရော မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများကပါ လီချင်း၏နောက်ဆုံးစကားများကို အလေးအနက်မှတ်ယူခြင်း မရှိပါချေ။

ရှန်ရှန်ကျုံဂိုဏ်းဟာ အင်မတန်လျို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော်ငြားလည်း မရဏမျိုးနွယ်စုလို မျိုးနွယ်စုကြီးသုံးစု၏ ပေါင်းစုခွန်အား၊ ဒါ့အပြင် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ထပ်ပေါင်းဖြည့်တာကိုတော့ အဘယ်မှာ ရင်ဆိုင်နိုင်မည်နည်း။ မွန်မြတ်ဘုံလောကအတွင်း၌ လက်တစ်ဆုပ်စာခန့်ရှိသော ကြီးမြတ်သည့်သူတော်စင်များနှင့် အင်အားစုကြီးများ ပေါင်းစုခြင်းမှလွဲ၍ အဘယ်အင်အားစုကမှ မရဏမျိုးနွယ်စုတို့၏ ပေါင်းစုခွန်အားကို ရင်ဆိုင်နိုင်မည်မဟုတ်ပါ။

မင်ကုန်းနဲ့အခြားသူများသည် သူတို့၏ ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်မှုရှိတာကြောင့် ရှန်ရှန်ကျုံဂိုဏ်းကို မျက်လုံးထဲတောင် ထည့်မထားတော့ပါ။

မင်ကုန်းက သူ၏ဘေးနားတွင်ရှိနေသော လူငယ်ပါရမီရှင်များကို ဝေ့ကြည့်လိုက်ပြီး စတင်လှုပ်ရှားရန် အချက်ပြလိုက်သည် !

မျိုးနွယ်စုသုံးစု၏ လူငယ်ပါရမီရှင်များနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်ပြလိုက်ကာ တိုက်ပွဲကွင်းပြင်အလယ်သို့ ဆင်းသက်လာခဲ့ကြသည်။ အစောနက ဒဏ်ရာအနာတရ ရရှိသွားသော မင်ယောင်တောင် ပါဝင်နေသေး၏။မင်ကုန်းနဲ့အခြားသူများကတော့ ခွန်အားများကို ပေါက်ကွဲထုတ်ဖော်လျက် တိုက်ပွဲကွင်းပြင်ပတ်ပတ်လည်၌ နေရာယူလိုက်ကြကာ သူတို့၏ အရှိန်အဟုန်များကို ပိုင်ဟုန်နဲ့ ဧကရာဇ်စန်းရိထံ၌ ချိန်ရွယ်ထားခဲ့ကြသည်။ဧကရာဇ်စန်းရိတို့ ပါဝင်လှုပ်ရှားလာကြမှာကို တားဆီးရန် ဖြစ်လေသည်။ဘယ်လိုကိစ္စမျိုးပင်ဖြစ်ပါစေ ဒီကနေ့မှာ လီချင်းတို့တွေ ကျိန်းသေပေါက် သေဆုံးရမယ်!

မနီးမဝေးတစ်နေရာ၌ရှိနေသော လီရှောင်းယောင်၏ ချောမောခန့်ညားသော မျက်နှာထက်၌ လှောင်ပြုံးတစ်ခုရှိနေခဲ့ကာ သူတို့ကို သေလူများကဲ့သို့ စူးစိုက်ကြည့်နေခဲ့သည်ကိုတော့ သူတို့အားလုံး သတိမမူမိခဲ့ကြပါ။

" ဘုန်း....! "

တိုက်ပွဲကွင်းပြင်အလယ်၌ မင်ဟွမ်နဲ့အခြားသူများသည် သူတို့၏ကိုယ်ပိုင်အရှိန်အဝါများကို ပေါက်ကွဲထုတ်ဖော်လိုက်ကြသည်။ ခမ်းနားကြီးကျယ်သောစွမ်းအားများက တိုက်ပွဲကွင်းပြင်အလယ်၌ မုန်တိုင်းထန်သကဲ့သို့ တိုက်ခတ်သွားကာ စင်မြင့်ကြီးတစ်ခုလုံးကို လှုပ်ရမ်းသွားစေခဲ့သည်။ ၎င်းမှာ ထိပ်တန်းပါရမီရှင် (12) ယောက်၏ အရှိန်အဝါများပင် ဖြစ်ချေတော့သည်။

သူတို့တစ်ယောက်ချင်းစီတိုင်းသည် လူငယ်မျိုးဆက်တိုင်း၏ အသာလွန်ဆုံး ပါရမီရှင်များ ဖြစ်ကြ၏။

ထိုလူများ အတူတကွ လှုပ်ရှားခဲ့ကြသည်ဖြစ်ရာ ချန်ခွမ်းဧကရာဇ်များတောင် နောက်ဆုတ်ပေးကြရမှာ ဖြစ်သည်။

မင်ဟွန်နှင့်အခြားသူများ၏ အကြား၌ရှိနေသော ၊ စောနက ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် မင်ယောင်ဟာလဲ ပြန်လည်၍ သက်သာလာခဲ့ပြီဖြစ်သည်။ သူ၏သွေးနီရောင်မျက်ဝန်းများက လီချင်းတို့ကို စူးစိုက်ကြည့်နေခဲ့ကာ ခန္ဓာကိုယ်တစ်ခွင်လုံး၌ သတ်ဖြတ်လိုသောအရှိန်အဟုန်များ ဖြစ်တည်လျက်ရှိချေသည်။

ယန်ရှန်း၏လက်အတွင်း၌ ရှုံးနိမ့်ခဲ့ရခြင်းမှာ သူ့အတွက် ဘဝတစ်သက်တာ၌ အကြီးမားဆုံး အရှက်ရမှုကြီးပင် ဖြစ်၏။ ဒီအရှက်ရမှုကိုသာ မဆေးကြောနိုင်ပါက သူဟာ ဘဝသက်တမ်းတစ်လျှောက်၌ ပြန်လည်၍ ခေါင်းမော့ရဲမှာ မဟုတ်တော့ပါ။

အခုအချိန် ပါရမီရှင်တွေ အတူတကွ တိုက်ခိုက်ကြပြီဆိုမှတော့ ယန်ရှန်းတစ်ယောက် အသက်ရှင်နိုင်လိမ့်ဦးမယ်လို့ သူကတော့ မထင်ပါဘူး။

" သတ်...! "

မင်ဟွမ်တို့သည် တစ်ညီတစ်ညွတ်တည်း ရေရွတ်လိုက်ကြကာ နတ်ဆိုးဆန်သောအရှိန်အဝါများက တိုက်ပွဲကွင်းပြင်ကို လွှမ်းခြုံသွားကြသည်။ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားများသည် လေထုကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်သည်။ ကောင်းကင်ကိုဆုတ်ဖြဲလျက် မြေပြင်ကို တစ်သိမ့်သိမ့်တုန်စေသော အဆိုပါမြင်ကွင်းသည် ရှိရှိသမျှ ကျင့်ကြံသူများကို အကြောက်တရားဖြင့် တုန်ယင်သွားစေခဲ့သည်။

တိုက်ပွဲကွင်းပြင်ကြီးသည် တန်ထောင်ချီလေးလံသော တောင်တန်းကြီးများ၏ ဖိနှိပ်ခြင်းခံခဲ့ရသလိုမျိုး လေးလံသောလေထုကို သယ်ဆောင်ထားခဲ့ကာ လီချင်းနှင့်ယန်ရှန်းတို့၏ ခန္ဓာကိုယ်များကို အဆက်မပြတ်တုန်ခါလာစေခဲ့သည်။

" ဝုန်း....! "

မင်ဟွမ်တို့၏ပြေးဝင်လှုပ်ရှားလာမှုနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးများက တစ်ဆက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

သေခြင်း၏အရှိန်အဝါများဖြင့် ဖော်ထုတ်ထားသော အနက်ရောင်ဓားအလင်းတန်းများသည် အင်မတန်မြန်ဆန်သောနှုန်းထားဖြင့် လီချင်းတို့နှစ်ယောက်ထံ မိုးရွာသွန်းသကဲ့သို့ သက်ဆင်းသွားခဲ့သည်။

အကြင်‌ေနရာ၌ မိုးကောင်းကင်ကိုဖုံးကွယ်နိုင်သော ကြီးမားသည့် လက်သည်းချက်ကြီးများလည်း ရှိနေခဲ့သည်။လူအများ၏စိတ်ဝိညာဥ်ကို ဝါးမြိုနိုင်သော လက်ငါးချောင်းပုံသဏ္ဍာန် စွမ်းအားရပ်များလည်း ရှိနေခဲ့၏။ အမျိုးမျိုးသောစွမ်းအားများက လီချင်းတို့ကို ချိန်ရွယ်ထားလျက် ကျဆင်းလာခဲ့သည်။

" ဝုန်း....! "

မိုးပြာရောင်ရှေးဟောင်းသားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။၎င်း၏ခန္ဓာကိုယ်ကို မိုးပြာရောင်သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်း၏ဦးခေါင်းထက်၌တော့ ကြီးမားမြင့်မားသော ဦးချိုကြီးများ ပိုင်ဆိုင်ထားသည်။ သူ၏ခန္ဓာကိုယ်တစ်ခွင်၌ မိုးပြာရောင်အလင်းတန်းများ တောက်ပလျက်ရှိသော အကြေးခွံများဖုံးအုပ်ထားပြီး သူ့ထံ၌ ငါးတစ်ကောင်၏အမြှီးနဲ့တူညီသော အမြှီးကြီးတစ်ခုလည်းရှိသည်။၎င်း၏ပုံသဏ္ဍာန်က အင်မတန်မှ ထူးဆန်းလေသည်။

အဆိုပါသားရဲကြီးက လီချင်းတို့နှစ်ယောက်ဘက်သို့ ဟိန်းဟောက်လိုက်ကာ သမုဒ္ဒရာ၏စွမ်းအားကို ချေးဌားယူလျက် လီချင်းတို့ဖက်ကို ပြေးဝင်လာခဲ့သည်။

ပေါက်ကွဲသံကြီးနဲ့အတူ တစ်ချိန်တည်း၌ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ ပါရမီရှင်များကလည်း ဘယ်တုန်းကမှ ထွက်ပေါ်မလာခဲ့သလိုမျိုး ရုတ်တရက်ပျောက်ကွယ်သွားကြလေသည်။လီချင်းတို့နှစ်ယောက်၏နှလုံးသားအတွင်း၌ အေးစက်မှုတစ်စုံတစ်ရာ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ခုက သူတို့ကို အမှောင်ထုထဲမှ စောင့်ကြည့်နေခဲ့သလိုမျိုး ခံစားလိုက်ကြရချေသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ လုပ်ကြံသတ်ဖြတ်ရေးနည်းစနစ်သည် အင်မတန်မှ အံ့အားသင့်ဖွယ်ကောင်းလှပေသည်။အထူးသဖြင့် လူငယ်ပါရမီရှင်များ အသုံးပြုလိုက်သည့်အခါ၌ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း၌ လီချင်းတို့နှစ်ယောက်သည် လူငယ်ပါရမီရှင်များစွာ၏ အလယ်ဗဟိုသို့ ရောက်ရှိသွားကြသည်။တိုက်ပွဲကွင်းပြင်အထက်ရှိ လေဟာပြင်သည် တစ်စစီဆုပ်ဖြဲလျက်ရှိပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးဟာ ပြိုကွဲလုမတတ်ဖြစ်နေခဲ့သည်။

အစွမ်းထက်ပြီးပြင်းထန်သောတိုက်ခိုက်မှုများသည် ခပ်လှမ်းလှမ်းတစ်နေရာ၌ ရှိနေခဲ့သော်လည်း အဝေးတစ်နေရာရှိ ကျင့်ကြံသူများ၏နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော လီချင်းနှင့်အခြားသူများဆိုပါက ပြောဖွယ်ရာ မရှိတော့ပါ။

All Chapters