ရွှမ်လင်းအကာအကွယ်။
Vol. 41 Ch. 568
ဘာသာပြန်- The Fate
"ဘုန်း!"
များပြားသော ထိပ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်နေရသော်လည်း လီချင်းက ခန့်ညားသော အသွင်အပြင်ကို ပိုင်ဆိုင်ထားဆဲသာ။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် သူ့ထံမှ အဆုံးအစမဲ့သော သင်္ကေတများအဖြစ် ထွက်ပေါ်လာခဲ့ပြီး ကျယ်ပြောသော ပင်လယ်ပြင်ကြီးကဲ့သို့ လီချင်းနှင့် ယန်ရှန်းတို့နှစ်ယောက်ကို ရစ်ပတ်တွယ်နှောင်လိုက်သည်!
"ဝေါင်း!"
လီချင်း၏ ခန္ဓာကိုယ်ထက်မှ ရှေးဟောင်းသာရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အသံမျိုး ထွက်ပေါ်လာခဲ့သည်။ ရွှမ်လင်းလိပ်မသေမျိုးရုပ်ခန္ဓာကို လီချင်းက အဆုံးစွန်ထိတိုင် လှည့်ပတ်လိုက်သည်။ လီချင်းခန္ဓာကိုယ်မှ လွင့်ပျံ့ထွက်ပေါ်လာသော သင်္ကေတများသည် တစ်ဖြည်းဖြည်းနှင့် သန္တာကျောက်တန်းနှင့်တူသော သားရဲကြီးတစ်ကောင်အဖြစ် ပေါင်းစည်းသွားခဲ့သည်။
ရှေးဟောင်းသားရဲကြီးသည် အင်မတန် ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် လီချင်းနှင့် ယန်ရှန်းတို့ကို ကာကွယ်ပေးနေခဲ့ကာ ၎င်း၏ ခန္ဓာကိုယ်က တလက်လက်တောက်ပလျက်ရှိပြီး လေဟာပြင်ကို ခါယမ်းသွားစေခဲ့သည်။
ရှေးဟောင်းသားရဲကြီး ထွက်ပေါ်လာပြီးသည့်နောက်တွင် လီချင်းပတ်ပတ်လည်ရှိ လေဟာပြင်သည် မျက်လုံးဖြင့် တွေ့မြင်နိုင်သော နှုန်းထားဖြင့် တွန့်လိန် ပုံပျက်သွားခဲ့သည်။
"ဘုန်း!"
လီချင်း၏ ဘေးနားတွင်ရှိနေသော ယန်ရှန်းကလည်း တစ်ဆက်တည်းဆိုသလို တိုက်ကွက်ထုတ်ဖော်လိုက်သည်။ သူ့လက်ထဲရှိ သာမန်ဆန်သော ရှေးဟောင်းဓားရှည်သည် အပြင်းအထန် တုန်ခါလာခဲ့ကာ အဆုံးအစမဲ့သော ဓားချီများကို ပျံ့လွင့်စေခဲ့သည်။
သူတို့နှစ်ယောက်အနက် တစ်ဦးဟာ ပင်မတိုက်ခိုက်သူဖြစ်ပြီး ကျန်တစ်ဦးကတော့ ခုခံကာကွယ်သူဖြစ်သည်။
"ဘုန်း!"
နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်သွားခဲ့ကာ ခမ်းနားကြီးကျယ်သော ချီစွမ်းအားများက တိုက်ပွဲကွင်းပြင်အလယ်သို့ ပျံ့လွင့်သွားလျက် ဧရာမတိုက်ပွဲကွင်းပြင်ကြီးကို အရိုင်းဆန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ယန်ရှန်းထုတ်ဖော်လိုက်သော အဆုံးအစမဲ့သည့် ဓားအလင်းတန်းသည် ကောင်းကင်ကို ဖုံးကာထားသော နတ်ဆိုးလက်သည်းကြီးကို ဖျက်စီးပစ်လိုက်ပြီး မိုးပြာရောင် ရှေးဟောင်းသားရဲကြီးထံသို့ တန်းတန်းမတ်မတ် ဆက်လက်ပြေးဝင်သွားခဲ့သည်။
လီချင်းဖော်ထုတ်လိုက်သော ထူးဆန်းသည့် သားရဲကြီးကလည်း သူ၏ ပါးစပ်ကြီးကို ဖွင့်ဟလျက် ကောင်းကင်နှင့် ကမ္ဘာမြေပြင်အတွင်းရှိ စွမ်းအားများကို ဆွဲစုလိုက်ကာ အလင်းလုံးတစ်လုံးကို ပွင့်အန်ထုတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့အပေါ်ကျဆင်းနေသော ဓားမိုးကြီးသည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားကာ တစ်ချက်တည်းဖြင့် အပြတ်ရှင်းခံခဲ့ရသည်။ ဤပြင်းထန်သော စွမ်းအားလှိုင်းကြောင့် အမှောင်ထုထဲတွင် ပုန်းကွယ်နေသော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ပါရမီရှင်များကတောင် ဖော်ထုတ်ခံလိုက်ရသည်။
"ဘုန်း!"
ဤပြင်းထန်သော လှိုင်းရိုက်ခတ်မှုကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ပါရမီရှင်တချို့ ဖော်ထုတ်ခံလိုက်ရသော်လည်း အမှောင်ထုအတွင်း၌ ဆက်လက်ပုန်းကွယ်နေသော ပါရမီရှင်နှစ်ယောက်တော့ ရှိနေသေးသည်။ သူတို့က လီချင်းကို သေစေနိုင်သော တိုက်ကွက်ပြုလုပ်ရန် အခွင့်အခါကို ချောင်းမြောင်းနေခဲ့ကြလေ၏။
သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ပါရမီရှင်များ အတင်းအကြပ် ဖော်ထုတ်ခံလိုက်ရသောအခါ သူတို့က ဆက်လက်ဖုံးကွယ်မနေတော့ဘဲ အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများကို ဖော်ထုတ်လျက် မဟူရာဓားကို ဆွဲကိုင်ကာ အနက်ရောင်ဓားစွမ်းအင်များကို တစ်ဆက်တည်းဆိုသလို ဝေ့ယမ်းလိုက်သည်။ အဆိုပါ အနက်ရောင်ဓားအလင်းတန်းများသည် လီချင်းနှင့် ရှေးဟောင်းသားရဲကြီးထံသို့ ပြေးဝင်သွားကာ သားရဲကြီးကို တစ်စစီ ဆုတ်ဖြဲရန် ပြင်ဆင်လိုက်တော့သည်။
တစ်ဘက်မှာလည်း မင်ဟွမ်နှင့် အခြားသူများက တစ်ဆက်တည်းဆိုသလို အရှိန်အဝါများကို မြင့်တင်ဖော်ထုတ်လျက် ခွန်းအားကြီးတိုက်ကွက်များကို သုံးစွဲကြကာ လီချင်းတို့ကို ကာကွယ်ပေးနေသော ရှေးဟောင်းသားရဲကြီးကို ဖျက်စီးရန် အဆက်မပြတ် တိုက်ခိုက်နေကြသည်။
ပြင်းထန်သော တိုက်ကွက်များကို အဆက်မပြတ်ခံယူနေရတာကြောင့် လီချင်းတို့နှစ်ယောက်ကို ခုခံကာကွယ်ပေးနေသော ရှေးဟောင်းသားရဲကြီးသည် အဆက်မပြတ် ဟိန်းဟောက်ညည်းညူလိုက်ကာ သူ၏ မူလက သိပ်သည်းနေသော ကိုယ်ထည်ကလည်း တစ်ဖြည်းဖြည်း အရောင်မိန်ဖျော့လာရသည်။
သားရဲကြီးထံမှတစ်ဆင့် သူ့ထံသို့ ပြန်လည်ရောက်ရှိလာသော တန်ပြန်အားကြောင့် လီချင်း၏ မျက်နှာက ဖြူဆုတ်လာခဲ့သည်။
သူ၏ ကြံ့ခိုင်သန်မာသော ရုပ်ခန္ဓာကြောင့်သာမဟုတ်ပါက အဆိုပါ တန်ပြန်အားကတောင် သူ၏ ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲနိုင်လေသည်။
ထိုသို့ဆိုလျှင်တောင်မှ ဤတိုက်ခိုက်မှုကြီးများ၏ မျက်မှောက်တွင် သူဟာ ပြင်းထန်သော အတွင်းဒဏ်ရာများကို ရရှိခံစားလိုက်ရလေသည်။
"ရွှမ်လင်းခုခံကာကွယ်ရေး!"
လီချင်း၏ မျက်ဝန်းများသည် ကြမ်းတမ်းရက်စက်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။
ကြုံးဝါးအော်ဟစ်သံနှင့်အတူ ထူးဆန်းသော မီးခိုးရောင်သင်္ကေတများသည် သူ့ခန္ဓာကိုယ်မှ လျှံထွက်လာခဲ့သည်။ လီချင်းဟာ ခန္ဓာကိုယ်အတွင်းရှိ ချိတ်စည်းကို ဖယ်ခွာလိုက်သည့်အခါ နောက်ထပ်ရှေးဟောင်းသားရဲကြီးတစ်ကောင်သည် မူလရှိနေသော ရှေးဟောင်းသားရဲကြီးနှင့် ထပ်မံ၍ ပေါင်းစပ်သွားခဲ့သည်။
ရွှမ်လင်းခုခံကာကွယ်ရေးမဟာနိယာမ။ လီချင်း၏ အထူးရုပ်ခန္ဓာသည် ရွှမ်လင်းလိပ်ကြီး၏ အထူးအမွေအနှစ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော နတ်ခန္ဓာကို ပေါင်းစည်းထားခြင်း ဖြစ်လေသည်။ ၎င်းက သူ၏ ခုခံကာကွယ်ရေးကို အဆဒါဇင်ပေါင်းများစွာ မြင့်မားအောင် တိုးမြင့်ပေးနိုင်စွမ်းရှိ၏။ သို့ပါသော်လည်း ပေးဆပ်ရသည့် တန်ကြေးမှာ တိုက်ခိုက်ရေးစွမ်းအား ကင်းမဲ့ခြင်းပင် ဖြစ်တော့၏။
မူလက လီချင်းကတောင် အင်မတန်မှ သန်မာသော ခုခံရေးစွမ်းအားရှိနေသည်ဖြစ်ရာ သူ၏ ရုပ်ခန္ဓာကို အပြည့်အဝ ဖော်ထုတ်လိုက်သည့်အခါ ထူးချွန်သော ပါရမီရှင်များကတောင် သူ၏ ခုခံမှုကို မဖြိုခွင်းနိုင်တော့ပါ။
သူဟာ တိုက်ခိုက်နိုင်စွမ်း တစ်စိုးတစ်စိမျှ မရှိတော့သော်လည်း သူသာ အရာအားလုံးကို ခုခံနိုင်သေးသ၍ သူဟာ ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည်။
"သတ်ကြ!"
လီချင်းတို့နှစ်ယောက်က သူတို့၏ ပထမအကြိမ်တိုက်ခိုက်မှုများစွာကို တားဆီးနိုင်လိုက်ကြောင်း တွေ့လိုက်ရသည့်အခါ မင်ဟွမ်နှင့် အခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ခါသွားခဲ့ပြီး သူတို့၏ သွေးနီရောင်မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ကိန်းဝပ်လာခဲ့သည်။
လီချင်းတို့နှစ်ယောက် ဖော်ထုတ်ပြသလိုက်သော နှိုင်းဆမဲ့သည့် တိုက်ပွဲဝင်စွမ်းအားက သူတို့အားလုံးကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။ သူတို့သာ လီချင်းနေရာမှာဆိုပါက ပထမအကြိမ်တိုက်ခိုက်မှုလှိုင်းလုံးများကို ရပ်တန့်နိုင်မှာ မဟုတ်ပါ။
မင်ဟွမ်တို့၏ နှလုံးသားအတွင်း၌ စိုးရိမ်ကြောင့်ကြမှုများ တစ်ဖြည်းဖြည်း ပေါက်ပွားလာခဲ့ကာ အဆိုပါ ကြောက်လန့်မှုများက လီချင်းတို့ကို သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ သူတို့ထံမှ အဆက်မပြတ်ထုတ်လွှတ်နေသော သတ်ဖြတ်ရေးအရှိန်အဝါများကြောင့် ကောင်းကင်ကြီးကတောင် မှိုင်းညို့လျက် အရောင်ပြောင်းလဲသွားခဲ့ရသည်။
ဤအချိန်၌ မင်ဟွမ်နှင့် အခြားသူများမှာ အပြင်းအထန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြပါပြီ။
သူတို့ထံမှ ခမ်းနားကြီးကျယ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ခွန်အားကြီးတိုက်ကွက်များ တစ်ဆက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
"ဘုန်း!"
အဆိုပါ စွမ်းအားကြီးသော တိုက်ကွက်များသည် မြစ်ရေပြင်၏ ပြင်းစွာသော လှိုင်းလုံးများအလား ရှေးဟောင်းသားရဲကြီးထံ ပြင်းထန်သော အဟုန်ဖြင့် ရိုက်ခတ်မိလိုက်သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားသည် မုန်တိုင်းတစ်ရပ်လိုမျိုး တိုက်ပွဲကွင်းပြင်အလယ်၌ ဝေ့ဝဲတိုက်ခိုက်နေခဲ့ကာ တိုက်ပွဲကွင်းပြင်ကြီးဟာ တသိမ့်သိမ့်အရူးအမူး တုန်ခါလာခဲ့လေသည်။
ပြင်းထန်သော ပေါက်ကွဲမှုများ အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိကာ ထက်မြသော လှံရိပ်ဓားရိပ်များကလည်း အဆက်မပြတ် ဝဲပျံလျက်ရှိသည်။ တိုက်ပွဲကွင်းပြင်အလယ်ရှိ အရာအားလုံးသည် စိစိညက်ညက် ချေမွခံလိုက်ရသည်။ ထိုထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ အကာအကွယ်နံရံရှိနေခဲ့တာတောင်မှ မွန်မြတ်သောစန်းရိမြို့တော်၏ ကျင့်ကြံသူများအားလုံးဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိကြ၏။
လူတိုင်းဟာ ထိတ်လန့်ခြောက်ခြားနေသော အမူအယာများဖြင့် ကွင်းပြင်အလယ်ရှိ တိုက်ပွဲကို စူးစိုက်ကြည့်နေခဲ့ကာ သူတို့၏ စိတ်ဝိညာဥ်များကတောင် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူတို့သာ တိုက်ပွဲကွင်းပြင်အလယ်၌ ရှိနေခဲ့ပါက အဆိုပါ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားလှိုင်းများ၏ တစ်စစီ ခြေမွခြင်းကို ကျိန်းသေပေါက် ခံရပေလိမ့်မည်။
သို့သော်လည်း သူတို့ကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ စွမ်းအားကြီးတိုက်ခိုက်မှုများ၏ အဆက်မပြတ် ရိုက်ခတ်ခြင်း ခံနေရတာတောင်မှ ရှေးဟောင်းသားရဲကြီးသည် အနည်းငယ်သော ပျက်စီးယိုယွင်းမှုကိုမျှ မပြခဲ့ဘဲ လီချင်းတို့နှစ်ယောက်ကို မြဲမြံစွာ ကာကွယ်ပေးနေခဲ့သည်။
ဤမြင်ကွင်းက မင်ဟွမ်နှင့်အခြားသူများကို ထိတ်လန့်ခြောက်ခြားသွားစေရုံသာမက လေထုအထက်၌ရှိနေသော မင်ကုန်းနှင့် အခြားသူများကိုလည်း ထိတ်လန့်သွားစေခဲ့သည်။ ထိပ်တန်းပါရမီရှင်ဆယ့်နှစ်ယောက်လုံးလုံး ခွန်အားတွေ စုပေါင်းပြီး တိုက်ခိုက်ကြတာလေ။
ပြောရရင် သူတို့အားလုံးနီးပါးက ချန်ခွမ်းကပ်ဘေး အထွတ်အထိပ်မှာ ရှိနေကြတာမဟုတ်လား။ သူတို့ထဲက အနည်းစုဆိုရင်င် ချန်ခွမ်းဘုရင်အစောပိုင်းအဆင့်ကိုတောင် ရောက်နေကြပြီလေ။
လီချင်းတို့နှစ်ယောက်ကတော့ ချန်ခွမ်းယွမ် အထွတ်အထိပ်မျှသာ ရှိသေးသည်။ သို့ပါသော်လည်း ထိုကဲ့သို့ပုရွတ်ဆိတ်လေးနှစ်ကောင်က ထိပ်တန်းပါရမီရှင်များစွာ၏ အဆက်မပြတ် တိုက်ကွက်များကို ခုခံနိုင်ခဲ့သည်။ ၎င်းက အိမ်မက်ဆန်သော မြင်ကွင်းတစ်ရပ်ကို ဖော်ဆောင်နေခဲ့လေသည်။
ဟုတ်ပါပေသည်။ ရှေးဟောင်းသားရဲကြီးက အင်မတန်မှ သန်မာသော်လည်း ၎င်းကို အသုံးပြုနေသော လီချင်းဟာ အတွင်းဒဏ်ရာများစွာကို ရရှိခံစားနေရသည်။ သူ၏ မျက်နှာဟာ ဖြူဆုတ်လျက်ရှိပြီး သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများယိုစီးလျက်ရှိသည်။ သူ့ခန္ဓာကိုယ်ပေါ်၌လည်း သိပ်သည်းသော အက်ပွဲကြောင်းကြီးများ ဖြစ်ပေါ်လျက်ရှိကာ သူ၏ ဝတ်ရုံဟာလည်း ဆွေးဆွေးနီနေလေသည်။
ရွှမ်လင်းလိပ်မဟာခုခံရေးနည်းစနစ်ကို အသုံးပြုလိုက်ပြီးနောက် ရှေးဟောင်းသားရဲကြီး၏ ခုခံနိုင်စွမ်းက အမှန်တကယ်ကို ထိုးတက်သွားခဲ့သော်လည်း တန်ပြန်အားကတော့ သူ့အပေါ် သက်ရောက်မှုရှိနေဆဲသာ။
သူ၏ ခုခံမှုက အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသော်လည်း သူ၏ ကျင့်ကြံမှုကတော့ ရင်ဆိုင်နေရသောလူများထက် များစွာနောက်ကျနေခဲ့သည်။ သူ၏ ကျင့်ကြံမှုကသာ မင်ဟွမ်တို့နှင့်အဆင့်တူတွင်ဆိုပါက သူသာ ဤတိုက်ကွက်ကို ဖော်ထုတ်လိုက်လျှင် အနည်းငယ်မျှသော နာကျင်မှုကိုတောင် ခံစားရမှာ မဟုတ်ပါ။
သူ့တွင် ကမ္ဘာပေါ်၌ အသန်မာဆုံး ခုခံရေးရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး သူ၏ ခုခံရေးစွမ်းအားကို အလွယ်တကူ ချေမှုန်း၍ မရနိုင်ပါ။
လေထုအထက်၌ရှိသော မင်းသမီးလန်လင်းသည် သနားချင့်စဖွယ်ဖြစ်နေသော လီချင်းနှင့် ယန်ရှန်းတို့ကို စူးစိုက်ကြည့်နေခဲ့ကာ သူမ၏ လှပသောမျက်နှာကလေးထက်တွင် မျက်ရည်များ ဝေ့သီလျက် ရှိနေသည်။ သူမဟာ ဆက်လက်၍ ရပ်တည်မနေနိုင်တော့ပါ။ သူမကလည်း ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂိုဏ်းသားပင် မဟုတ်ပါလော။ ဂိုဏ်းတူအစ်ကိုကြီးနှစ်ယောက်ကတောင် တိုက်ခိုက်နိုင်မှတော့ သူမလည်း တိုက်ခိုက်နိုင်ရမယ်!