← Chapters

ဂိုဏ်းချုပ်ပြန်လာပြီ

Vol. 41 Ch. 571

ဂိုဏ်းချုပ်ပြန်လာပြီ

Vol. 41 Ch. 571

Translator - Hsue Htet

“ပိုင်ဟုန် ခင်ဗျားက တကယ့်ကိုအင်အားကြီးတာပဲ”

“ဒါပေမဲ့ ဒီချန်ခွမ်းအထွတ်အမြတ်ဘုံလောကမှာ ခင်ဗျားရဲ့ကျင့်ကြံမှုအခြေခံကို ပိုအားကောင်းစေတာ ဘယ်နေရာရှိနိုင်မလဲ?”

“ကျုပ်တို့ အတူတူလှုပ်ရှားကြမယ်။ ခင်ဗျားနဲ့ စန်းရိဧကရာဇ်နဲ့ သူတို့ကိုတားနိုင်ရင်တောင်မှ သူတို့သေဆုံးသွားမှာကိုတော့ တားနိုင်မှာမဟုတ်ဘူး”

ပိုင်ဟုန်၏စကား‌အဆုံး၌ မင်ကုန်း၏မျက်လုံးအိမ်တို့ မှေးကျုံ့သွားကာ မှုန်မှိုင်းမှိုင်းဖြင့် လှောင်ရယ်လေသည်။

မျက်နှာဖုံးခွာချခံရပြီးဖြစ်ရာ စိုးရိမ်ပူပန်နေစရာ မလိုအပ်တော့ပေ။ ဤချန်ခွမ်းအထွတ်အမြတ်ဘုံလောက၌ သူတို့သည်ရှင်ဘုရင်ဖြစ်၏။

ပိုင်ဟုန်၏ကျင့်ကြံမှုအခြေခံသည် သူတို့ထက် များစွာပို၍မြင့်မားသော်ငြား ၎င်းသည် ကျင့်ကြံဆင့်ချိပ်မပိတ်ထားမီအချိန်က ဖြစ်ပြီး ချိပ်ပိတ်ပြီးနောက် ပိုင်ဟုန်သည် သူတို့ထက် ကျင့်ကြံဆင့်‌မြင့်မားလျှင်သော်မှ များစွာမြင့်မားနေမည်မဟုတ်ပေ။

ကောင်းကင်တာ့အိုမျိုးနွယ်စုခေါင်းဆောင်ဖြစ်စေ၊ ချန်ခွမ်းအထွတ်အမြတ်ဘုံ၏ မင်ကုန်းဖြစ်စေ၊ ပြည်ထောင်ခုနစ်ခု၏ဧကရာဇ်များဖြစ်စေ၊ သူတို့အားလုံးသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ထိုအဆင့်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံတွင် အင်အားအကြီးမား‌ဆုံးအဆင့်ဟု သတ်မှတ်နိုင်ပေသည်။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူသည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ ချန်ခွမ်းအထွတ်အမြတ်ဘုံ‌သို့ ဝင်ရောက်လျှင် သူ၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏အား‌ေကာင်းသောကျင့်ကြံမှုအခြေခံသည် ချန်ခွမ်းအထွတ်အမြတ်ဘုံ၏နိယာမတို့ကို ပြိုကွဲပျက်စီးစေပြီး ကျင့်ကြံ‌ေရးလမ်းစဉ်တွင် ဘေးဒုက္ခဖြစ်ပွားစေလိမ့်မည်။

ချန်ခွမ်းအထွတ်အမြတ်ဘုံ၌ သူတို့သည် ပိုင်ဟုန်၏ရန်သူဖြစ်ရမည်ကို မကြောက်ရွံ့ပါချေ။ သူတို့ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ သွားရောက်ချိန်တွင်လည်း အရှင်သခင်ကန်းမှ စောင့်ရှောက်ပေးနေပါက ပိုင်ဟုန်ကိုကြောက်ရွံ့ရန် လိုအပ်လိမ့်မည်မဟုတ်ပေ။

ထိုအကြောင်းကြောင့်ပင် မင်ကုန်းတို့သည် ပိုင်ဟုန်နှင့် အတိုက်အခံလုပ်ဝံ့ကြခြင်းဖြစ်သည်။

မင်ကုန်း၏စကားအဆုံး၌ ပိုင်ဟုန်သည် မျက်လုံးအစုံကိုမှေးကျုံ့၍ မင်ကုန်းကို သေလူတစ်ဦးကဲ့သို့ ကြည့်လာခဲ့သည်။ မင်ကုန်းပြောသည့်အတိုင်းပင် လက်ရှိ ပိုင်ဟုန်သည် သူ၏ဧကရာဇ်ဘိုးဘေးကျင့်ကြံဆင့်ကို ချိပ်ပိတ်ထားပြီး ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်သာ ဖြစ်သည်။

သူတစ်ဦးတည်းဖြင့် နှစ်ယောက်၊သုံးယောက်ခန့်ကို တိုက်ခိုက်နိုင်လျှင်သော်မှ လီချင်းတို့သည် သေခြင်းတရားမှ လွတ်မြောက်နိုင်ဦးမည်မဟုတ်ပေ။

အချိန်တစ်ခုအထိ စန်းရိမြို့တော်တစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။ မင်ကုန်းတို့အုပ်စုသာလျှင် လှောင်ရယ်နေကြသည်။ စန်းရိမြို့တော်ကျင့်ကြံသူများသည် အသက်ရှူပင်အောင့်ထားလျက် မြင်ကွင်းကို အာရုံစူးစိုက်နေကြ၏။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်စစ်ပွဲကို စတင်လိုက်ပါလျှင် ထိန်းသိမ်းနိုင်တော့မည်မဟုတ်ပေ။ စစ်ပွဲစတင်လျှင် စန်းရိမင်းဆက်ကြီးတစ်ခုလုံးသည်း စစ်ပွဲအတွင်း ကျရောက်သွားရပေလိမ့်မည်။

“မရဏမျိုးနွယ်စု? ရွှမ်းဟိုင်းမျိုးနွယ်စု? ဖျက်စီးခြင်းမျိုးနွယ်စု? နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမ?.. တဲ့လား?”

“ဒီနေ့ မင်းတို့အားလုံး ဒီမှာသေရမယ်!”

ထိုအခိုက်အတန့်၌ အေးစက်သော ယုံကြည်မှုပြည့်ဝသောအသံတစ်ခု ပဲ့တင်ထပ်လာသည်။ နေရာရှိလူအားလုံးသည်လည်း တုန်ယင်သွားကြပြီး အသံလာရာသို့ ကြည့်လိုက်ကြသည်။

လီရှောင်းယောင်သည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မင်ကုန်းတို့ကိုကြည့်၍ ရပ်နေသည်။ သူ၏ကိုယ်နေဟန်ထားသည် အလွန်တရာသီးခြားဆန်နေလျက် မင်ကုန်းတို့ကို မျက်လုံးထဲပင်မထည့်သည့်အလား မျက်နှာထက်၌ အဘယ်အရာကိုမျှ အမှုမထားသည့်ဟန် ထင်ဟပ်နေသည်။

ထိုအေးစက်၍ယုံကြည်ချက်ပြည့်ဝဟန်သော အသံသည် လီရှောင်းယောင်မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

နေရာရှိလူများသည်လည်း တုံ့ပြန်ပုံအမျိုးမျိုးကွဲပြားနေသည်။ စန်းရိမြို့တော်ကျင့်ကြံသူများသည် အံ့အားသင့်စွာဖြင့် လီရှောင်းယောင်ကို ကြည့်လာကြသည်။ လီရှောင်းယောင်သည် ဘယ်လိုများ ယုံကြည်ချက်အပြည့်ရှိနေသည်မသိပေ။ ထိုလီရှောင်းယောင်သည် များစွာသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများရှေ့တွင် သေခြင်းကိုတောင်းဆိုနေသည့်စကားများကို ထုတ်ပြောပစ်ခဲ့လေသည်။

မင်းသားကြီးသည် လီရှောင်းယောင်ကို သေလူကဲ့သို့သတ်မှတ်၍ လှောင်ရယ်နေတော့သည်။ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဟူသည် အမှန်တကယ် အင်အားကြီးမားပါ၏။ သို့သော် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ရှေ့မှောက်၌မူ နှိုင်းယှဉ်နိုင်သည် မဟုတ်ပေ။

လီရှောင်းယောင်သည် အလွန်မောက်မာထောင်လွှားလွန်းပြီး သေဆုံးရန်ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

စန်းရိဧကရာဇ်နှင့် ပိုင်ဟုန်တို့သည်ပင် လီရှောင်းယောင်ကို အံ့အားသင့်စွာ ကြည့်လာကြသည်။ အကြည့်များသည် လီရှောင်းယောင်ကို စေ့စေ့စပ်စပ် အကဲခတ်နေကြသည်။

“ဟားဟားဟား!”

မင်ကုန်းတို့သည် လီရှောင်းယောင်၏စကားကိုကြားသောအခါ ခဏမျှကြောင်အ,သွားကြပြီးနောက် ဦးခေါင်းမော့၍ ရယ်မောကြလေသည်။ မောက်မာထောင်လွှားသောရယ်မောသံများသည် လောကတစ်ခွင်ပဲ့တင်ထပ်သွား၏။

မင်ကုန်းတို့သည် ရယ်မောလွန်းသောကြောင့် တစ်ကိုယ်လုံးတုန်ခါနေရင်းမှ လီရှောင်းယောင်ကို ဟာသပြက်လုံးတစ်ခုအလား ကြည့်နေကြသည်။

“ကြည့်ကြစမ်း! အဲဒါက ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲပဲ!”

“ကျစ်ကျစ်! ဒါက ခင်ဗျားရဲ့စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေတယ်နော်”

“ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်လေးနဲ့များ ငါကိုယ်တော်ရဲ့ရှေ့မှာ စကားပြောဝံ့သေးတယ်!”

မင်ကုန်းမှ ပျက်ရယ်ပြုသည်။ လီရှောင်းယောင်ကိုကြည့်လျက် အေးစက်သောသတ်ဖြတ်လိုခြင်းအငွေ့အသက်များ တောက်ပသွားကာ ပတ်ဝန်းကျင်သည်လည်း ရေခဲလွှာများဖြစ်တည်သွားသည့်အလား လူကိုကျောချမ်းစေသည်။

ရွှမ်းယောင်နှင့်အခြားသူများသည် စကားမဆိုသော်ငြား လှောင်ရယ်နေကြ၏။ လီရှောင်းယောင်သည် ထိုမျှထိ မိမိကိုယ်ကိုဘဝင်ခိုက်နေမည်ဟု သူတို့မျှော်လင့်မထားခဲ့ပေ။

ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်လေးနဲ့များ ငါတို့အားလုံး ဒီနေရာမှာသေရမယ်လို့ ကြွေးကြော်နေတာ အရမ်းရယ်ရတာပဲ!

“ရှောင်းယောင်ပြောတာ မှန်တယ်! မင်းတို့အားလုံး ဒီနေ့ဒီနေရာမှာ သေရမယ်!”

ထိုအခိုက်အတန့်၌ ကျယ်လောင်သည့်အသံတစ်ခု ကောင်းကင်ယံမှ သက်ဆင်းလာသည်။ အသံလှိုင်းများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့လွှမ်းခြုံသွားခဲ့ပြီး လှိုင်းဂယက်လေးများအဖြစ် ပြောင်းလဲသွားကာ လောကတစ်ခွင်ကို တုန်ခါသွားစေသည်။

ထိုအသံကြောင့် လှောင်ရယ်နေသည်များ ရုတ်ချည်းရပ်တန့်သွား၏။ မျက်လုံးအိမ်တို့ ရုတ်ချည်းမှေးကျုံ့ကာ ပတ်ဝန်းကျင်ကို အလျင်စလိုဖြင့် ရှာဖွေကြည့်နေကြသည်။ သူတို့သည် အသံလာရာရင်းမြစ်ကို ရှာဖွေနေကြခြင်းဖြစ်၏။ သူတို့၏ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြင့် ခံစားသိရှိနိုင်ခဲ့ဖူးသမျှ၌ ထိုအသံပိုင်ရှင်ထက် ပိုမိုအင်အားကြီးမားသူ မရှိခဲ့‌ဖူးချေ။

လီချင်းတို့သည်လည်း ထိုအသံကိုကြားလိုက်ကြရာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဂိုဏ်းချုပ် ပြန်လာခဲ့လေပြီ။

ဂိုဏ်းချုပ်ရှိနေသ၍ ဤလောက၌ သူတို့ကို ထိခိုက်စေနိုင်မည့်သူ မရှိနိုင်ပေ။

ဤမျှအချိန်များစွာကြာမြင့်ဖြတ်သန်းခဲ့ပြီးနောက်၌ လီချင်းတို့သည် ဝမ်ဖုန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားချစ်ခင်ကြသည်။ သူတို့၏စိတ်နှလုံး၌လည်း ဝမ်ဖုန်းနှင့်ပတ်သက်၍ ဤသို့သော အတွေးတစ်ခုသာရှိသည်။ ‘ဤလောက၌ ဂိုဏ်းချုပ် မရင်ဆိုင်နိုင်သည့် ရန်သူဟူသည်မရှိ၊ ဂိုဏ်းချုပ် မလုပ်ဆောင်နိုင်သည့် အရေးကိစ္စဟူသည်မရှိ’ ဟူ၍ဖြစ်သည်။

သူတို့၏ ဝမ်ဖုန်းအပေါ် လေးစားချစ်ခင်မှုသည် စီးဆင်းနေသည့်မြစ်တစ်စင်းကဲ့သို့ အဆုံးမရှိပေ။

ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ချိန်မကြာမြင့်သေးသော မင်းသမီးလန်လင်းပင်လျှင် ဝမ်ဖုန်းကို အကြွင်းမဲ့ယုံကြည်လေသည်။

လေဟာပြင်ထက်ရှိ ပိုင်ဟုန်သည်လည်း အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ထို့နောက် မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာသည်။ ဝမ်ဖုန်း၏အင်အားကို သူမြင်တွေ့ဖူး၏။ ဝမ်ဖုန်းကို ကူညီပေးနေသည့်နောက်လိုက်အချို့ကြောင့် ဝမ်ဖုန်းသည် မည်မျှအင်အားကြီးမားသည်ကို သူမသိရချေ။ သို့သော် ထိုလူအနည်းငယ်သည် မင်ကုန်းတို့ကိုရင်ဆိုင်ရန်အတွက်မူ လုံလောက်၏။

စန်းရိဧကရာဇ်သည်လည်း အံ့အားသင့်လျက် ပတ်ဝန်းကျင်ကို အဆက်မပြတ်ရှာဖွေကြည့်နေသည်။ ဝမ်ဖုန်းတို့ နန်းတော်ထဲသို့ ခြေချသည်ကို ခံစားမိခဲ့ချိန်က စန်းရိဧကရာဇ်သည် မဆုံတွေ့ခဲ့ပေ။ စန်းရိဧကရာဇ်မှ ဆုံတွေ့လိုသည့်အခါ၌မူ ဝမ်ဖုန်းသည် ထွက်သွားခဲ့လေပြီ။

စန်းရိဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ်နက်နဲသည့် ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်မှာ မည်သို့မည်ပုံဖြစ်သည်ကို ယခုအချိန်အထိ မမြင်တွေ့ရသေးပေ။

“ဘယ်သူလဲ? ထွက်လာခဲ့!”

မင်ကုန်း၏အသံမှာ လေးလံနေ၏။ အေးစက်သည့်အသံလှိုင်းထဲတွင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအင်တို့ စီးဆင်းစေလျက် အမှောင်ထဲ၌ပုန်းကွယ်နေသည့်လူများကို ရှာဖွေနေသည်။

နှမြောဖွယ်ကောင်းလှစွာဖြင့် မင်ကုန်း၏အရှိန်အဝါသည် ပင်လယ်ထဲကျသွားသည့် ကျောက်တုံးလေးတစ်တုံးကဲ့သို့ လှိုင်းဂယက်အနည်းငယ်ပင် မဖြစ်ပေါ်စေလိုက်ပေ။

ဘုန်း!

ထိုအခိုက်အတန့်၌ မင်ကုန်း မျက်မှောင်ကြုတ်သွားရသည်။ သူ၏မျက်လုံးအိမ်ထဲတွင် လက်သီးပုံရိပ်တစ်ခု ရောင်ပြန်ဟပ်သွားပြီး ပို၍ကြီးမားလာနေသည်။ သူအသိပြန်ဝင်လာချိန်တွင် ခန္ဓာကိုယ်မှာ ရိုက်ထုတ်ခံလိုက်ရသောကြောင့် လွင့်ထွက်သွားခဲ့လေပြီ။

မင်ကုန်း၏ခန္ဓာကိုယ်သည် လေးတစ်ချောင်းကဲ့သို့ အထက်အောက်လွင့်ပျံထွက်သွားကာ လေဟာပြင်၌ သွေးတို့ဖြင့်ပက်ဖျန်းအပ်သည့် တွင်းနက်ကြီးတစ်ခု ဖြစ်တည်သွားစေသည်။

ဘုန်း!

မင်ကုန်း မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ ပြင်းထန်လွန်းသည့်အရှိန်ကြောင့် မြေဆီလွှာတစ်လွှာပင် အထက်သို့မြင့်တက်သွားပြီး ဖုန်မှုန့်မီးခိုးလုံးများလည်း အထက်ကောင်းကင်ထိတိုင် မြင့်တက်ဖုံးလွှမ်းသွားသည်။ မင်ကုန်း ပြုတ်ကျသွားသည့်နေရာ၌ တွင်းနက်ကြီးတစ်ခု ဖြစ်တည်‌သွား၏။

All Chapters