← Chapters

ထိန်းသိမ်းထားသော လျှို့ဝှက်ချက်

Vol. 89 Ch. 1326

ထိန်းသိမ်းထားသော လျှို့ဝှက်ချက်

Vol. 89 Ch. 1326

“ဒေါင်ဖန်ရွှမ်... နင့်မှာတခြားဘာမှလုပ်စရာမရှိရင် သွားတော့”

ပေမင်ရွှယ်က မှင်သေသေဖြင့် ပြောဆိုလိုက်၏။

“နင်တို့တွေ... ဒီနှစ်တွေထဲမှာ ပေမင်မြို့ကိုရောက်လာတာ ဘယ်နှကြိမ်တောင်ရှိနေပြီလဲ... အဲ့ဒီမှာ ရတနာတစ်ခုခုရှိမယ်ဆိုရင် နင်တို့ရှေးတော်ဝင်မိသားစု ၃စုက ယူသွားလို့ကုန်သွားတာ ကြာလှပေါ့”

“အဲ့လိုတော့ ​ပြောလို့ဘယ်ရပါ့မလဲ”

ဒေါင်ဖန်ရွှမ်က ပြောလိုက်၏။

“ငါကြားတာတော့... မင်းတို့ရဲ့ပေမင်မိသားစုက ရှေးဟောင်း​ခေတ်က တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်ပြောတယ်... အဲ့ဒါက ကြီးမားတဲ့ ရတနာတစ်ခုခု ဒါမှမဟုတ် လျှို့ဝှက်ကျင့်ကြံရေးနည်းစနစ်တစ်ခုခုလည်းဖြစ်ချင်ဖြစ်မှာပေါ့... အဲ့ဒါက အန္တိမရတနာတစ်ခုဖြစ်မနေဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ”

ပေမင်ရွှယ်က သူမကိုယ်သူမ အပြစ်တင်ဟန်ဖြင့်ပြုံးလိုက်၏။

ထိုကဲ့သို့သော ရတနာမျိုး အမှန်တကယ်ရှိမည်ဆိုလျှင် ပေမင်ရှေးတော်ဝင်မိသားစုက ဤအခြေအနေထိ ကျဆင်းသွားပါ့မလား။

ဒေါင်ဖန်ရွှမ်က လက်ကာပြလိုက်၏။

“ရှာကြ... လျှို့ဝှက်သော့တစ်ချောင်း ၊ တောကောင်သားရေတစ်ခု ဒါမှမဟုတ် မြေပုံတစ်ချပ်ပဲဖြစ်ဖြစ် ဘာမှလွတ်မသွားစေနဲ့... မင်းတို့ရှာတွေတဲ့ဟာမှန်သမျှ အကုန်ယူ”

ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများသည် ရှေ့သို့တက်လှမ်းလာပြီး ခြံဝန်းထဲမှာ ထင်တိုင်းကျဲ ရှာဖွေကြလေသည်။ ဆူဇီမို၏ရှေ့မှောက်မှာပင် ကျောက်သားခုံ ၊ ရေနွေးအိုးနှင့် ကြေးမုံကဲ့သို့ သာမန်အဆန်ဆုံးအရာများကိုပင် ထိုကျင့်ကြံသူများက သူတို့၏သိုလှောင်အိတ်များထဲသို့ ထည့်ယူသွားကြ၏။

ခြံဝန်းနှင့် အခန်းထဲရှိ အလှဆင်ထားမှုများသည် ရိုးရှင်းနေသည်မှာ မထူးဆန်းတော့ပေ။ ရှေးတော်ဝင်မိသားစု ၃စုက ဤနေရာသို့ မကြာခဏရောက်လာ၍ လုယက်နေကြမှတော့ အဲ့ဒီမှာဘာမှကျန်ရှိတော့မည် မဟုတ်ပေ။

ဆူဇီမိုသည် ဘေးကနေရပ်၍ အေးစက်စွာဖြင့် စောင့်ကြည့်နေ၏။

ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများသည် သူက မော်တယ်တစ်ယောက်မျှသာဖြစ်သည်ကို မြင်သောအခါ မည်သူကမှ သူ့ကိုအရေးမလုပ်ကြတော့ပေ။

ခြံဝန်းထဲရှိ ပစ္စည်းများကို စိတ်ရှိသလိုယူဆောင်၍ ဘာမှမကျန်တော့မှ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများသည် ဒေါင်ဖန်ရွှမ်၏ဦးဆောင်မှုနှင့်အတူ ထွက်ခွာသွားကြ၏။

ဆူဇီမို၏အကြည့်ကရွေ့လျားသွား၏။ ခြံဝန်း၏မလှမ်းမကမ်းတွင် ပေမင်မြို့၏လမ်းမထက်မှာ တစ်မူထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သည် မတ်တတ်ရပ်၍ လှမ်းမျှော်ကြည့်ရှုနေ၏။

“အစ်ကိုနန်းကုန်...”

ပေမင်အောင်က ထိုသူကိုမြင်သောအခါ ကျေနပ်နှစ်ခြိုက်သွားပြီး အံ့အားတသင့်အော်ခေါ်လိုက်၏။

သူက ရှေ့သို့ပြေးသွားချင်သော်လည်း ပေမင်ရွှယ်က သူ၏လက်ကိုပြန်လည်ဖမ်းဆွဲထား၏။

ပေမင်အောင်က ဝေခွဲမရဖြစ်သွားပြီး ပြန်မေးလိုက်လေသည်

“အစ်ကိုနန်းကုန်... ပြီးခဲ့တဲ့နှစ်ထဲ ခင်ဗျားကဘယ်ကိုရောက်နေတာလဲ... ခင်ဗျား ကျုပ်အစ်မဆီကိုလာလည်တာ မတွေ့တော့ပါလား”

“ခင်ဗျားသိလား... ကျုပ်အစ်မက စိတ်ဝိညာဥ်လက်နက်တစ်ခုကိုအရင်တွေ့ပြီးတော့... စိတ်ဝိညာဥ်ကျောက်တုံးတွေတောင် အဲ့ဒါအတွက် ပေးချေပြီးသွားပြီ... ဒါပေမယ့်လို့ ဒေါင်ဖန်ကျစ်က အဲ့ဒါကို တွေ့သွားပြီးတော့ အတင်းအကျပ်လုယူချင်ခဲ့တယ် ကျုပ်အစ်မက သူ့ကိုအဲ့ဒါကို မပေးတဲ့အတွက် သူက ကျုပ်အစ်မရဲ့ရွှေအမြုတေကို ဖျက်ဆီးသွားခဲ့တယ်”

ကြည့်ရသည်မှာ ဤပကတိသက်ရှိနန်းကုန်သည် နန်းကုန်ရှေးတော်ဝင်မိသားစုမှ တစ်စုံတစ်ယောက်ဖြစ်ပြီး ပေမင်ရွှယ်နှင့် ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုရှိပုံရလေသည်။

ပေမင်အောင်က သူ့ကိုအရမ်းယုံကြည်ပုံရ၏။

သို့သော်လည်း သူက ငယ်ရွယ်သေးပြီး အဲ့ဒီမှာသူနားမလည်နိုင်သည့် ကိစ္စများစွာရှိလေသည်။

စကားအနည်းငယ်မျှနားထောင်ကြည့်ရုံနှင့် အဲ့ဒီမှာတစ်စုံတစ်ရာလွဲမှားနေကြောင်း ဆူဇီမိုက နားလည်လိုက်၏။

ပကတိသက်ရှိနန်းကုန်သည် ပေမင်ရွှယ်၏ ရွှေအမြုတေဖျက်ဆီးခံရပြီးနောက် တစ်နှစ်လုံးလုံး သူမထံသို့လာရောက်လည်ပတ်ခြင်းမရှိတော့သည်မှာသိသာလေသည်။ ဒါ့အပြင်... ပကတိသက်ရှိနန်းကုန်ကို ပေမင်ရွှယ်ကြည့်သောအကြည့်က အနည်းငယ်အေးစက်နေ၏။

ပကတိသက်ရှိနန်းကုန်သည် ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။ သူက ပေမင်အောင်၏စကားများကိုကြားသောအခါ မှင်သေသေအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“ငါကြားမိပါတယ်”

“ရွှယ်လေး... ဒေါင်ဖန်ကျစ်က ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲ... နင်က ဘာလို့သူမနဲ့သွားပြီး တိုက်ခိုက်ရတာလဲ”

ပကတိသက်ရှိနန်းကုန်က ပေမင်ရွှယ်ကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

ပေမင်ရွှယ်က ခနဲ့တဲ့တဲ့အမူအရာဖြင့် သရော်ပြုံးပြုံးလိုက်၏။

သူမက ဉာဏ်ကောင်းသည့်အတွက် အဲ့ဒါကိုထင်မှတ်ထားပြီးသားဖြစ်၏။ သို့သော်လည်း ပေမင်အောင်၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွား၏။

“အစ်ကိုနန်းကုန်... ခင်ဗျား ဘာတွေပြောနေတာလဲ... ဒေါင်ဖန်ကျစ်က ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကျုပ်အစ်မပိုင်တဲ့ပစ္စည်းကို လုယူခဲ့တာလေ”

“သူမက အဲ့ဒါကိုလိုချင်တယ်ဆိုလည်း သူမကိုပေးလိုက်ရုံပေါ့”

ပကတိသက်ရှိနန်းကုန်က မှင်သေသေဖြင့်ပြောလိုက်၏။

ပေမင်အောင်သည် ဤလူကိုပထမဆုံးအကြိမ် တွေ့ဆုံမိသည့်အလား ကြောင်အ,မှင်တက်သွား၏။

ပေမင်ရွှယ်က ပြောလေသည်။

“အဲ့ဒါအမှန်ပဲ... သူမက ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲ.. သူမမှာ မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်းတစ်ခုလည်း ရှိတယ်... သူမလိုချင်တယ်ဆိုရင် ငါက သူမကို အဲ့ဒါပေးလိုက်ရမှာပေါ့ သူမနဲ့ ဘာလို့အတိုက်အခံလုပ်နေရမှာလဲ”

ခဏမျှရပ်တန့်ပြီးနောက် သူမက ခေါင်းကိုခါလိုက်၏။

“ဒါပေမယ့်လို့... ငါအဲ့ဒါကို မပေးချင်ခဲ့ဘူး”

ဆူဇီမိုသည် ထိုစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။ သူသည် ထိုကဲ့သို့သောမြင်ကွင်းမျိုးနှင့် အလွန်တရာရင်းနှီးလေသည်။

သူသည် ထိုကဲ့သို့သောစကားများနှင့်လည်း ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။

“နင်ကအဲ့ဒါကို သူမကို မပေးချင်ခဲ့ဘူးလား”

ပကတိသက်ရှိနန်းကုန်က ရယ်မော၍ခေါင်းခါလိုက်၏။

“ကဲ... အခုတော့ ရလဒ်က ဘယ်လိုဖြစ်လာလဲ နင့်ရဲ့ရွှေအမြုတေက ဖျက်ဆီးခံလိုက်ရပြီး နင်ကအခုဆိုရင် ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... ဒေါင်ဖန်ကျစ်နဲ့တိုက်ခိုက်ရတာ နင့်အတွက်ဘာများကောင်းတာရှိလို့လဲ”

“နန်းကုန်ယွီ.....”

ပေမင်အောင်က အော်ပြောလိုက်၏။

“ခင်ဗျားဘာတွေလာပြောနေတာလဲ...ခင်ဗျားကျုပ်အစ်မကိုသဘောကျတယ် မဟုတ်ဘူးလား… ခင်ဗျားရဲ့ အခုပြောတဲ့စကားက ဘာအဓိပ္ပါယ်လဲ”

“ဟင်းဟင်း... “

နန်းကုန်ယွီက ပြုံးလိုက်၏။

“ငါက မင်းအစ်မကိုသဘောကျလို့ သူ့အနားကို ချည်းကပ်ခဲ့တာလို့ မင်းတကယ်ပဲ ထင်နေတာလား... ငါက မင်းတို့ဆီကနေ ပေမင်ရှေးတော်ဝင်မိသားစု စောင့်ထိန်းထားခဲ့တဲ့ လျှို့ဝှက်ချက်ကိုသိချင်ခဲ့ရုံပဲ”

“ပြောရမယ်ဆိုရင်... မင်းအစ်မရဲ့အဆင့်အတန်းနဲ့ဆို သူမက နန်းကုန်မိသားစုထဲကို ဝင်ရောက်ချင်တယ်ဆိုရင်တောင် ကိုယ်လုပ်တော်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

ထိုစကားများသည် ဓားများလှံများဖြင့် ထိုးစိုက်ခံရခြင်းထက် ပို၍နာကျင်ရလေသည်။

ပေမင်ရွှယ်က ဆတ်ခနဲတုန်ယင်သွားသော်လည်း သူမ၏နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းထား၏။

“မင်း....”

ပေမင်အောင်က ဒေါသထောင်းခနဲထွက်သွားပြီး အံကိုကြိတ်ကာ နန်းကုန်ယွီနှင့် အသေအကြေတိုက်ခိုက်ဖို့ ရှေ့သို့ပြေးဝင်ချင်လေသည်။ ပေမင်ရွှယ်က သူ့ကို တင်းကျပ်စွာ ဖမ်းဆွဲထား၏။

“ဒီလိုမှပေါ့”

နန်းကုန်ယွီက ရယ်မောလိုက်၏။

“ရွှယ်လေး... ဒုက္ခိတတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်လို့ ငါကနင့်ကိုကတိတစ်ခုပေးနိုင်သေးတယ်”

နန်းကုန်ယွီက သူ၏ခေါင်းကိုအနည်းငယ်မော့ပြီး ဝံ့ကြွားစွာဖြင့် ပြောဆိုလိုက်၏။

“နင်က ပေမင်ရှေးတော်ဝင်မိသားစုစောင့်ထိန်းလာတဲ့ လျှို့ဝှက်ချက်ကို ငါ့ကိုပြောမယ်ဆိုရင် ငါက ကိုယ်လုပ်တော်တစ်ယောက်အဖြစ်နဲ့ နင့်ကို နန်းကုန်မိသားစုထဲကို ဝင်ရောက်ခွင့်ပေးမယ်... အနည်းဆုံးတော့ နင်တို့တွေ အရှက်များများမကွဲရအောင် ငါက ကာကွယ်ပေးလို့ ရတာပေါ့”

“နောက်ပြီး... မင်းတို့က ငါတို့နန်းကုန်မိသားစုမှာရှိတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေ ၊ နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တချို့ကိုတောင် ရရှိဦးမယ်”

“ထွက်သွား...”

ပေမင်ရွှယ်က အေးစက်စွာဖြင့် အော်လိုက်၏။

နန်းကုန်ယွီက သူ၏ခေါင်းကိုခါပြီး ရယ်မောလိုက်၏။

“နင်ဒီကိစ္စကိုသေချာစဥ်းစားသင့်တယ်... နင်တို့ရဲ့ ပေမင်ရှေးတော်ဝင်မိသားစုက ဒီအခြေအနေထိ ကျဆင်းနေပြီ.. ငါက မင်းတို့နှစ်ယောက်ကို သနားလို့သာ ဒီအခွင့်အရေးကိုပေးနေတာ ပြီးတော့မှာ နောင်တမရနဲ့”

“နန်းကုန်ယွီ....”

ပေမင်အောင်က ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။

“မင်းက နန်းကုန်ရှေးတော်ဝင်မိသားစုရဲ့ သွေးနှောမျိုးဆက်တစ်ယောက်ပဲ မင်းက ဘာတွေလာပြီးစောင်းကြွနေတာလဲ”

ရှေးတော်ဝင်မိသားစု ၃စုသည် စွမ်းအားကြီးမားပြီး မျိုးဆက်သွေးများစွာရှိကြလေသည်။ သူတို့မှာ မျိုးဆက်သားမြေးပေါင်း သန်းရာနှင့်ချီရှိကြလေသည်။

သူတို့ကြားတွင် တိုက်ရိုက်မျိုးဆက်များသည် အမြင့်မြတ်ဆုံး မျိုးဆက်သွေးရှိပြီး သွေးနှောမျိုးဆက်များကတော့ နိမ့်ကျလေသည်။

နန်းကုန်ရှေးတော်ဝင်မိသားစု၏ သွေးနှောမျိုးဆက်သွေးတစ်ယောက်အနေဖြင့် နန်းကုန်ယွီ၏အဆင့်အတန်းသည် သူ၏မိသားစုမှာ တကယ်ပင်မြင့်မားခြင်း မရှိပေ။ သူသည် ရှားရှားပါးပါး ပြန်ဝင်စားမွန်းစတား သို့မဟုတ် ပြိုင်စံရှားတစ်ယောက် ဖြစ်လာမှသာ သူ၏မိသားစုထဲမှာ ဝင်ဆံ့နိုင်ပေလိမ့်မည်။

နန်းကုန်ယွီက ဒေါသထွက်သွားခြင်းမရှိပေ။

“ငါက သွေးနှောမျိုးဆက်တစ်ယောက်ဖြစ်နေလို့လည်း ပေမင်ရှေးတော်ဝင်မိသားစုစောင့်ထိန်းထားတဲ့ လျှို့ဝှက်ချက်ကို လိုချင်တာပေါ့... အဲ့ဒီလျှို့ဝှက်ချက်ကိုရတာနဲ့ ငါက မဟာအကျိုးဆောင်မှုတစ်ရပ်ကို ပြုလုပ်ပြီးသားဖြစ်ပြီးတော့ တိုက်ရိုက်မျိုးဆက်ထဲကို ဝင်ဆံ့လာနိုင်လိမ့်မယ်... မင်းတို့နှစ်ယောက်ကလည်း ငါ့ရဲ့ကာကွယ်မှုကိုရလာမှာပေါ့”

နန်းကုန်ယွီက သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ကိစ္စပဲ... ငါတို့ဘာလို့မလုပ်ရမှာလဲ”

“ထွက်သွားစမ်း”

ပေမင်ရွှယ်က ထပ်မံ၍အော်ငေါက်လိုက်၏။

သူမသည် နန်းကုန်ယွီ၏စကာများကို နားထောင်ရသည်မှာ အော်ဂလီဆန်လာလေသည်။

“အား...”

နန်းကုန်ယွီက သူ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းချလိုက်၏။

“ဘယ်လောက်တောင်ခေါင်းမာလိုက်သလဲ.... မင်းတို့နှစ်ယောက် ဘယ်လောက်ကြာကြာခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”

သူကပြိုကျနေသော အုတ်တံတိုင်းနှင့် ယိုယွင်းပျက်စီးသွားပြီဖြစ်သော ခြံဝန်းကိူ လက်ညိုးထိုးပြလိုက်၏။

“မင်းတို့တွေအတွက် ဒီလိုမျိုးနေ့ရက်တွေက နောက်ထပ်ဆက်ပြီးရှိလာဦးမှာပဲ ဟားဟား”

နန်းကုန်ယွီ၏အကြည့်က ရွေ့လျားသွားပြီး ဆူဇီမိုပေါ်သို့ဆင်းသက်သွားလေသည်။

သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ဘာ့ကြောင့်ရယ်မသိ အစိမ်းရောင်ဝတ်လူထံမှအကြည့်သည် သူ့ကိုရှင်းမပြတတ်သော ရင်တလှပ်လှပ်ခံစားချက်တစ်ခုပေးနေ၏။

သို့သော်လည်း အစိမ်းရောင်ဝတ်လူက မော်တယ်တစ်ယောက်မျှသာဖြစ်သည်ကိုသူက အလျင်အမြန်နားလည်သွားပြီး ခြောက်ကပ်စွာရယ်မော၍ လှည့်ထွက်သွားလေသည်။

All Chapters