← Chapters

တာအိုအမွေအနှစ်

Vol. 89 Ch. 1328

တာအိုအမွေအနှစ်

Vol. 89 Ch. 1328

“လူကြီးမင်းဆူ... ရှင်က အခုမှနိုးလာတာ.. သိပ်ပြီးနေကောင်းတဲ့ပုံလည်း မပေါ်ဘူး... အရင်ဆုံးသွားအနားယူလိုက်ပါလား.. ကျွန်မဒီနေရာမှာ သန့်ရှင်းရေးလုပ်လိုက်ဦးမယ်”

ပေမင်ရွှယ်က ခြံဝန်းထဲကိုလက်ညိုးထိုးပြလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်၍ ငြင်းဆန်ခြင်းမရှိပေ။

သူသည် ယခုမှနိုးထလာကာစဖြစ်ပြီး သူ့ခန္ဓာကိုယ်၏အခြေအနေကို စစ်ဆေးကြည့်ချင်သေးလေသည်။

အခန်းထဲသို့ရောက်သောအခါ ဆူဇီမို၏ သူ၏အသိစိတ်ကို စစ်ဆေးကြည့်ရှုပြီး မျက်မှောင်ကြုတ်လိုက်၏။

အသက်ဖြတ်ကျိန်စာစွမ်းအား၏ ထက်ဝက်ကျော်ကို အစိမ်းရောင်ကြာပန်းဓားက ဖျက်ဆီးပေးခဲ့၏။ သို့သော်လည်း ထိုကျိန်စာက အရမ်းကိုဆိုးယုတ်ရက်စက်ပြီး အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံထားဆဲဖြစ်ကာ သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ပိတ်ဆို့တားဆီးထား၏။

သူ့အနေဖြင့် သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာစေဖို့အတွက် ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်ဖို့ သို့မဟုတ် ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံဖို့လုပ်နိုင်ဦးမည် မဟုတ်ပေ။

ဆိုလိုသည်မှာ သူသည် ကျိန်စာ၏စွမ်းအားကို ဖယ်မထုတ်နိုင်ဘူးဆိုလျှင် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်သည် ပကတိဓမ္မဝိသေသအဆင့်မှာသာ အမြဲရပ်တန့်နေတော့မည်ဖြစ်၏။

ပို၍ပင်ဆိုးဝါးသည်မှာ သူသည် သူ၏ဓမ္မစွမ်းအားများသို့မဟုတ် မည်သည့်အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကိုမှ ထုတ်မသုံးနိုင်တော့ခြင်းဖြစ်၏။

ကျိန်စာ၏စွမ်းအာကို အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်၏စွမ်းအားဖြင့် တွန်းဖယ်ထုတ်နိုင်ဖို့က ခက်ခဲလေသည်။

သူက ပြင်ပအားတစ်စုံတစ်ရာကို အသုံးချမှရပေလိမ့်မည်။

ဆူဇီမိုသည် အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်အောက်ရှိ ဖန်တီးခြင်းကြာခုံကို အဓိပ္ပါယ်ပါပါကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် အသက်ဖြတ်ကျိန်စာ၏ တည်ရှိမှုကြောင့် ဖန်တီးခြင်းကြာခုံသည် အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်နှင့် လုံးဝပိုင်းခြားခံထားရ၏။ ကြာခုံ၏စိမ့်ပေါက်များကနေ လျှံထွက်လာသော အလင်းရောင်များပင်လျှင် အသက်ဖြတ်ကျိန်စာ၏ စွမ်းအားကို ထိုးဖောက်နိုင်ခြင်းမရှိပေ။

ဖန်တီးခြင်းကြာခုံသည် ၎င်း၏ မူလအခြေအနေကို ပြန်လည်ရရှိပြီး စစ်မှန်သော ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုဖြစ်လာမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း၏ စွမ်းအားသည် အသက်ဖြတ်ကျိန်စာကို သေချာပေါက်ဖယ်ရှားပစ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာကို ပြန်လည်ရှင်သန်စေနိုင်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။

အဲ့ဒါသည် အသက်ဖြတ်ကျိန်စာ၏ စွမ်းအားကိုဖယ်ထုတ်ဖို့ထက် အဆများစွာပို၍ ခက်ခဲပေလိမ့်မည်။

တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ သူက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ရရှိနိုင်ခဲ့လျှင် ဖြစ်၏။

သို့သော် ယခုအချိန်ထိ ဆူဇီမိုသိရှိထားသည့် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရှိသော တစ်ခုတည်းသောနေရာမှာ နဂါးအရိုးတောင်ကြားဖြစ်၏။ သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ထိုနေရာသို့ လုံးဝဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီး တောင်ကြားမှ တိုက်ပွဲပြီးသွားခဲ့သည်မှာ တစ်နှစ်ကြာသွားခဲ့လေပြီ။

နဂါးမျိုးနွယ်က သတင်းများကို ကြားပြီးသွားလောက်လေပြီ။

သူ၏ အစစ်အမှန်နဂါးခန္ဓာသည် ဆူဇီမို၏ ကိုယ်ပွားတစ်ခုဖြစ်သည်ဆိုတာကို နဂါးမျိုးနွယ်က သိရှိသွားသည့်အခါ ဘယ်လိုတုံ့ပြန်မလာမလဲ သူသိချင်မိ၏။

မွေးနီတစ္ဆေနှင့် နဂါမျိုးနွယ်မှ အကြီးအကဲတချို့သည် အစစ်အမှန်နဂါးခန္ဓာကို ကောင်းမွန်စွာပြုမူဆက်ဆံခဲ့ကြ၏။ ယခု သူ၏အစစ်အမှန်နဂါးခန္ဓာသည် အာကာသစီးကြောင်းထဲသို့ တွန်းထုတ်ခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ဆူဇီမိုသည် နဂါးမျိုးနွယ်နှင့် မွေးနီတစ္ဆေအပေါ် မလုံမလဲခံစားနေရ၏။

မွေးနီတစ္ဆေအကြောင်း တွေးမိချိန်တွင် ဆူဇီမို၏စိတ်ထဲသို့ နောက်ထပ် သံသယတစ်ခုက ဝင်ရောက်လာ၏။

မျိုးနွယ်စုခေါင်းဆောင်ယွမ်ပေ ကွယ်လွန်သွားပြီးနောက် မွေးနီတစ္ဆေသည် နဂါးအရိုးတောင်ကြားသို့ ပြန်ရောက်မလာခဲ့ပေ။ သူဘယ်နေရာကိုရောက်သွားသလဲ မည်သူကမှ မသိရှိကြပေ။

သူ၏ပျံလွင့်နေသောအတွေးများကို ဖိနှိမ်ပြီး ဆူဇီမိုသည် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အသက်ဖြတ်ကျိန်စာ၏ စွမ်းအားကိုဖယ်ထုတ်ရန် ကောင်းကင်နှင့်မြေကြီးနှင့် ချိတ်ဆက်ဖို့ကြိုးစားကြည့်လိုက်၏။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီ တစ်ခဏအတွင်း ညနက်ပိုင်းသို့ရောက်ရှိလာခဲ့၏။

ဆူဇီမိုသည် သူ၏မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ပြီး ခါးသီးစွာပြုံး၍ ခေါင်းကိုခါယမ်းလိုက်၏။

သူက အဲ့ဒါကို မလုပ်နိုင်သေးပေ။

စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးခြင်းဖြင့် ထွက်ပေါ်လာသောကျိန်စာသည် တကယ့်ကိုကြောက်စရာကောင်းလွန်း၏။

သူက ယခုအချိန်ထိ ရှင်သန်နိုင်နေသေးသည်မှာပင် အတော်လေးကံကောင်းလှသည်ဟုဆိုရပေမည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကြောင့်သာမဟုတ်လျှင် သူ၏ အစစ်အမှန်နဂါးခန္ဓာက စွမ်းအားကြီးမားသော အမြုတေစိတ်ဝိညာဥ်တစ်ခုနှင့် ဘက်ပြန်ကြေးခွံကဲ့သို့သော သတ်ဖြတ်ခြင်းနည်းစနစ်များကို ကျင့်ကြံထားခဲ့ခြင်းမရှိလျှင် သူ့အနေဖြင့် အသက်ဖြတ်ကျိန်စာကို ခုခံနိုင်ဖို့က အတော်လေးခက်ခဲပေလိမ့်မည်။

“ဝှစ်....ဝှစ်...”

ထိုစဥ်မှာပင် လေထဲသို့လက်သီးထိုးသံများကို ခြံဝန်းထဲကနေ ကြားလိုက်ရ၏။

ဆူဇီမိုသည် အခန်းထဲကနေ လျှောက်လှမ်းထွက်လာပြီး တောက်ပသောလရောင်အောက်၌ မတူညီသောလှုပ်ရှားကွက် ၉မျိုးကို လေ့ကျင့်နေသည့် မိန်းမပျိုလေးတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ သူမက ပေါ့ပါး၍ ကြော့ရှင်းနေ၏။

အတန်ကြာလေ့ကျင့်ပြီးနောက် မိန်းကလေး၏မျက်နှာပေါ်တွင် ချွေးများက စိုလာပြီး သူမကတည်တံ့သောအမူအရာတစ်ခုရှိနေကာ သူမဘေးသို့ ဆူဇီမိုရောက်ရှိလာသည်ကို သတိမထားမိပေ။

ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ထိုညသို့ ပြန်လည်ရောက်ရှိသွားသည့်အလား သူ့ဦးခေါင်းထက်ရှိ လပြည့်ဝန်းကို ငေးငိုင်စွာဖြင့် စိုက်ကြည့်နေ၏။

တူညီသောလရောင်အောက်မှာ မက်မွန်ပွင့်များ ပြန့်ကျဲနေသည့် သစ်ပင်တစ်ပင်အောက်တွင် အမျိုးသမီးတစ်ယောက်သည် သူ့ကိုအခွင့်အလမ်းတစ်ခုပေးခဲ့ပြီး ကျင့်ကြံရေးလမ်းကြောင်းဆီသို့ ခေါ်ဆောင်ပေးခဲ့၏။

“လူကြီးမင်းဆူ...”

ထိုစဥ်မှာပင် ခြံဝန်းထဲမှ အသံတစ်သံက ထွက်ပေါ်လာ၏။

ပေမင်ရွှယ်သည် ဆူဇီမိုကိုမြင်တွေ့သွားပြီး သူမ၏လှုပ်ရှားမှုကိုရပ်တန့်ကာ အနည်းငယ်မောဟိုက်နေ၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါက... သိုင်းတာအိုမလား”

“အင်း...”

ပေမင်ရွှယ်က ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးလိုတယ်... စိတ်ဝိညာဥ်ရင်းမြစ်မရှိဘူးဆိုရင်တောင် လူတစ်ယောက်က သိုင်းတာအိုကို ကျင့်ကြံနိုင်လိမ့်မယ်... လူကြီးမင်းဆူ ရှင့်မှာ စိတ်ဝိညာဥ်ရင်းမြစ်တစ်ခုရှိမရှိ အရင်ကစမ်းကြည့်ဖူးလား”

“အင်း... ငါစမ်းကြည့်ဖူးတယ် ငါ့မှာမရှိဘူး”

သူက ခေါင်းခါပြလိုက်၏။

“အဲ့ဒါဆိုလည်းအဆင်ပြေတာပဲ”

ပေမင်ရွှယ်က ပြောလိုက်၏။

“ရှင်က ကျင့်ကြံချင်တယ်ဆိုရင် သိုင်းတာအိုကို ကျင့်ကြံကြည့်ပါလား... ကျွန်မအဲ့ဒါကို ကျင့်ကြံခဲ့တာ တစ်နှစ်လောက်ရှိသွားပြီ ကျွန်မရဲ့ ခွန်အားက တိုးလာတယ်လို့ခံစားရတယ်... ကျွန်မက အဲ့ဒီကနေ တချို့တလေတတ်မြောက်နေပြီ”

ဆူဇီမို၏ မှင်သေသေမျက်နှာထားနှင့် စိတ်ဝင်စားပုံမရသည်ကို မြင်သောအခါ သူမသည် ခဏမျှစဥ်းစားတွေး​တောပြီးတော့ ပြောလိုက်၏။

“ရှင်က... ကျင့်ကြံရေးလောကကို မဝင်ရောက်ချင်ဘူးဆိုရင်တောင် ရှင့်အနေနဲ့ သိုင်းတာအိုကို ကျင့်ကြံပြီး ရှင့်ခန္ဓာကိုယ်ကို သန်မာလာအောင်လေ့ကျင့်တာက ကောင်းတာပဲလေ”

“တကယ်တော့... သိုင်းတာအိုနဲ့ပတ်သက်ပြီး ငါလည်း နည်းနည်းပါးပါးသိထားတယ်”

ဆူဇီမိုက ပြုံးပြလိုက်၏။

“အမ်... ရှင်လည်းသိတာလား လူကြီးမင်း”

ပေမင်ရွှယ်က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“အင်း...”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“မင်းရဲ့နည်းစနစ်မှာ... မှားတာတွေရှိနေတယ်”

ပေမင်ရွှယ်က မျက်မှောင်ကြုတ်ပြီး ဆူဇီမိုကိုသံသယမကင်းဟန်ဖြင့် ကြည့်လိုက်၏။

“ဒါက အထီးကျန်သိုင်းသခင်သင်ကြားပေးခဲ့တဲ့ တာအိုလှုပ်ရှားကွက်ပဲ... ကျွန်မ အဲ့ဒါကို မှတ်သားထားတာ ကြာလှပြီ အဲ့ဒီမှာဘယ်လိုလုပ် အမှားတစ်ခုရှိနိုင်ပါ့မလဲ”

ဆူဇီမိုက စကားများစွာပြောဆိုခြင်းမရှိဘဲ ပေမင်ရွှယ်၏ ရှေ့မှောက်မှာပင် ပထမအသွင်ပြောင်းလဲခြင်း၏ လှုပ်ရှားကွက် ၉မျိုးကို သရုပ်ဖော်ပြလိုက်၏။

“အဲ့ဒီမှာ ဘာများကွာနေလို့လဲ”

ပေမင်ရွှယ်က တွေဝေရှုပ်ထွေးနေဆဲ ဖြစ်၏။ သူတို့၏ ပြုမူလှုပ်ရှားမှုများက ထပ်တူကျလုနီးပါးပင်။

အဲ့ဒီမှာ ကွာခြားမှုအနည်းငယ်မျှသာလျှင်ရှိလေသည်။

“သိုင်းတာအိုရဲ့ အသွင်ပြောင်းလဲခြင်း ၉ရပ်မှာ အသွင်ပြောင်းလဲခြင်းတစ်ခုချင်းစီအလိုက် ပြုမူလှုပ်ရှားပုံ ၉မျိုးပဲရှိတယ်ဆိုတာကို မင်းသိထားရမယ်... နှစ်ပေါင်းများစွာကြာအောင် ကောက်ချက်ချဆင်ခြင်သုံးသပ်ပြီးမှ အဲ့ဒီလှုပ်ရှားကွက် ၉မျိုးကို ရလာခဲ့တာ... အဲ့ဒီမှာ လုံးဝအမှားခံလို့ မရဘူး”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အပေါ်ယံကြည့်ရင်တော့ အဲ့ဒါက ကွာဟချက်သေးသေးလေးတစ်ခုပဲလို့ ထင်ရမယ်... ဒါပေမယ့်လို့ ဘယ်လိုသွေဖယ်မှုမဆို နောက်ဆုံးမှာ ကမ္ဘာတစ်ခုခြားသွားစေနိုင်တယ်”

ပေမင်ရွှယ်က သံသယဝင်နေဆဲ ဖြစ်၏။

ဘာပဲပြောပြော သူမသည် တစ်ခါတုန်း ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ဖူးပြီး ရွှေအမြုတေအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့ဖူးလေသည်။

အခြားတစ်စုံတစ်ယောက်သာဆိုလျှင်လည်း ကျင့်ကြံမှုမရှိသော မော်တယ်တစ်ယောက်ထံမှ လမ်းညွှန်ပြသမှုကို လက်ခံဖို့ယုံကြည်ရဲလိမ့်မည် မဟုတ်ပေ။

သူမ၏ထင်မြင်ချက်အရ တာအိုအရှင်အထီးကျန်သိုင်းသခင်မဟုတ်သော မော်တယ်တစ်ယောက်က သူ၏အတွေးများကို ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ..။

ပေမင်ရွှယ်က ပြောလိုက်၏။

“လူကြီးမင်းဆူ... ကျွန်မရဲ့ကျင့်ကြံမှုမှာ ပြဿနာတစ်စုံတစ်ရာရှိတယ်လို့မထင်ပါဘူး... ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကျွန်မရဲ့ခွန်အားက သိသိသာသာတိုးလာခဲ့တယ် ကျွန်မက နွားရိုင်းကိုးကောင်ရဲ့ခွန်အားကို အခုချိန်ထိမရောက်သေးပေမယ့်လို့ နွားရိုင်းငါးကောင်ရဲ့ ခွန်အားတော့ရှိနေပြီ”

ဆူဇီမိုက ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်၏။

“မင်းရဲ့ ကျင့်ကြံမှုအမြန်နှုန်းအရဆို နောက်သုံးနှစ်နေရင် မင်းက သိုင်းတာအိုရဲ့ ဘယ်အသွင်ပြောင်းလဲခြင်းကို ရောက်မှာလဲ... တတိယမြောက်လား... စတုတ္ထမြောက်လား... အဲ့လိုဆိုရင် ရှေးတော်ဝင်မိသားစု​ပြိုင်ပွဲကိုရောက်တဲ့အခါ မင်းက လက်စားချေဖို့နေနေသာ ဒေါင်ဖန်ကျစ်လိုလူတွေရဲ့ အနိုင်ကျင့်တာကိုဆက်ပြီးတော့ခံနေရဦးမှာပဲ”

ပေမင်ရွှယ်က တိတ်ဆိတ်ငြိမ်သက်သွား၏။

ဆူဇီမိုပြောသည်မှာ မမှားကြောင်း သူမသိလေသည်။ သူမ၏ကျင့်ကြံမှုအမြန်နှုန်းအရ သူမသည် သွေးချီရွှေအမြုတေအဆင့်ထိရောက်အောင်ကျင့်ကြံဖို့အတွက် အနည်းဆုံး ဆယ်နှစ်လောက်အချိန်ယူရပေလိမ့်မည်။

ဆူဇီမိုကဆက်ပြောလိုက်၏။

“နောက်ပြီး... မင်းက ဒီပုံစံနဲ့ဆက်ပြီး ကျင့်ကြံသွားမယ်ဆိုရင် မင်းက အနာဂတ်မှာ သွေးချီရွှေအမြုတေတစ်ခုကို စုဖွဲ့နိုင်ကောင်းစုဖွဲ့နိုင်လိမ့်မယ် ဒါပေမယ့်လို့... မင်းရဲ့အောင်မြင်ပေါက်မြောက်မှုကလည်း အကန့်အသတ်ရှိလာလိမ့်မယ်... မင်းက နောက်ပိုင်းအဆင့်သုံးဆင့်ဖြစ်တဲ့ ကြယ်တာရာဖြည့်သွင်းခြင်း ၊ မဖျက်ဆီးနိုင်သောစိန်နဲ့ နဂါးဆင်အင်အားတို့ကို ရရှိဖို့ မေ့လိုက်ရလိမ့်မယ်”

ပေမင်ရွှယ်၏ ပါရမီအရည်အချင်းက သူမဘာသာသူမက ကျင့်ကြံမည်ဆိုလျှင်တောင် သူမသည် သိုင်းတာအို၏ ဆဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်း သွေးချီရွှေအမြုတေအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ပေလိမ့်မည်။

ထိုသို့ဖြင့် သူမသည် အမြုတေစိတ်ဝိညာဥ်တစ်ခုကိုဖွဲ့တည်လာနိုင်ဖို့ အခွင့်ရေးရှိပြီး နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော်လည်း သိုင်းတာအို၏ ဆဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းသည် အဆုံးသတ်မဟုတ်ကြောင်း ဆူဇီမိုက ကောင်းကောင်းသိထား၏။

သိုင်းတာအို၏ နောက်ဆုံးအသွင်ပြောင်းလဲခြင်း ၃ရပ်သည် သိုင်းသုတ္တန်၏ တကယ့်အနှစ်သာရဖြစ်၏။ အဲ့ဒါက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းစေနိုင်သော ကောင်းကင်ဘုံကိုဖီဆန်သည့် နည်းစနစ်တစ်ခုဖြစ်၏။

ယခု ပေမင်ရွှယ်၏ အခြေခံအုတ်မြစ်မှာ ပြဿနာတစ်စုံတစ်ရာရှိသွားခဲ့မည်ဆိုလျှင် သူမ၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုက သေချာပေါက် အကန့်သတ်ရှိလာပေလိမ့်မည်။

ပေမင်ရွှယ်သည် ဆူဇီမို၏ မငြင်းဆန်နိုင်သောသဘောတရားကို ကြားရသောအခါ ယိမ်းယိုင်သွားလေသည်။ ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သူမက စောစောက ပြုမူလှုပ်ရှားမှုအတိုင်းလိုက်ပါကာ ပထမဆုံးလှုပ်ရှားကွက်ကို လေ့ကျင့်လိုက်၏။

ဆူဇီမိုက သူ၏ခေါင်းကိုညင်သာစွာခါပြီး သူ၏​ခြေထောက်ကို ဆန့်ထုတ်ကာ ပေမင်ရွှယ်၏ ခန္ဓာကိုယ်ကို ဆယ်ချက်ကျော်ဆင့်၍ကန်လိုက်၏။

ပေမင်ရွှယ်သည် ဆူဇီမိုကန်လာသည်ကို ရှင်းလင်းစွာမြင်ရသော်လည်း ဘာ့ကြောင့်ရယ်မသိ သူမက အဲ့ဒါကိုလုံးဝမရှောင်တိမ်းနိုင်ပေ။ တစ်ခဏအတွင်း သူမ၏ခန္ဓာကိုယ်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူမသည် သူမ၏ ပြုမူလှုပ်ရှားပုံများကို အလိုလိုပြောင်းလဲမိသွား၏။

ထို​ပြုမူလှုပ်ရှားမှုက ရပ်တန့်သွားသည့်ခဏမှာပင် သူမ၏ ခန္ဓာကိုယ်သည် လောင်ကျွမ်းလာ​ပြီး အဆီအနှစ်စွမ်းအင်တစ်ခုက သူမ၏အသွေးအသားများနှင့် ပေါင်းစည်းသွားသည့်အလား ပူနွေးသော ထိတွေ့ခံစားမှုတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲမှာ တလိပ်လိပ်တက်လာလေသည်။

ချက်ချင်းပင် သူမက ချွေးများဖြင့် စိုရွှဲလာ၏။

All Chapters