← Chapters

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်

Vol. 89 Ch. 1334

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်

Vol. 89 Ch. 1334

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကပြောလိုက်၏။

“ညီကိုလုံမို... မင်းက ဆေဘာအခြွေအရံနဲ့စကားပြောပြီးပြီဆိုတော့ နဂါးဝိညာဥ်ဆေဘာအကြောင်း ကြားပြီးရောပေါ့”

“ကျုပ် စောစောကပဲကြားပြီးခဲ့ပါပြီ”

ဆူဇီမိုကပြန်ဖြေလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က မလှမ်းမကမ်းတွင် ကောင်းကင်ထက်သို့ထိုးတက်နေသော စက်ဝိုင်းသဏ္ဌာန်အဆောက်အအုံတစ်ခုကို လက်ညိုးထိုးပြလိုက်၏။

“အဲ့ဒါက နဂါးဝိညာဥ်ခန်းမပဲ... နဂါးဝိညာဥ်ဆေဘာကို အဲ့ဒီထဲမှာ ဖိနှိမ်ထားတာ.. ညီကိုလုံမို မင်းမှာလည်း နတ်ဖီးနစ်အရိုးရှိနေတယ်ဆိုတော့ နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်ချင် ကိုင်ဆွဲနိုင်မှာပေါ့... မင်းက ဒီနေရာကို ရောက်နေပြီဆိုမှတော့ အဲ့ဒါကို တစ်ချက်လောက်သွားစမ်းကြည့်ပါလား”

နတ်ဖီးနစ်ကျွန်းပေါ်တွင် လူနှစ်ယောက်သာလျှင် နတ်ဖီးနစ်အရိုးကိုပိုင်ဆိုင်ထားကြ၏။

နဂါးဝိညာဥ်ဆေဘာကို နတ်ဖီးနစ်အရိုးဖြင့်သာ ဖိနှိမ်နိုင်ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် တစ်ခုသောရှုထောင့်မှကြည့်မည်ဆိုပါက ဆူဇီမိုသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ သို့သော် ယခုအခါ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် မည်သည့်ရန်လိုစိတ်ကိုမှ ထုတ်ဖော်ပြသခြင်းမရှိပေ။

ထိုအစားသူက စိတ်အားထက်သန်သော အမူအရာဖြင့် အရင်ဦးစွာစ၍ ဖိတ်ခေါ်နေ၏။

“ကျွန်မတို့က ကျွန်းသခင်ဆီကို အရင်သွားလည်ကြရင် ပိုကောင်းမလား”

မိုယင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ညင်သာစွာပြုံး၍ ပြောလိုက်၏။

“အဲ့ဒီနှစ်ခုကြားမှာ ဘာမှ ဒွိဟဖြစ်နေစရာမလိုဘူး... ငါတို့က နဂါးဝိညာဥ်ခန်းမမှာ တွေ့မယ်လို့ ကျွန်းသခင်ကို တစ်ယောက်ယောက်ကို သတင်းပေးခိုင်းလိုက်လို့ရတာပဲ... ဘယ်သူပြောနိုင်မလဲ ကျွန်းသခင်ရောက်လာတဲ့အချိန်ကျရင် ညီကိုလုံမိုက နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်ချင် ကိုင်ဆွဲနိုင်နေမှာပေါ့”

“လီကျစ်... ငါက နဂါးဝိညာဥ်ခန်းမကို ညီကိုလုံမိုနဲ့ သွားနှင့်ပြီလို့ ကျွန်းသခင်ကို သတင်းသွားပို့လိုက်... သူ့ကိုပါ လာခဲ့ဖို့ တောင်းပန်ပြောဆိုလိုက်”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ၏လက်ကိုခါပြပြီး မလှမ်းမကမ်းတွင်ရှိသော နတ်ဖီးနစ်ကျွန်းမှ အစောင့်တစ်ယောက်ကို ညွှန်ကြားလိုက်၏။

“နားလည်ပါပြီ”

နတ်ဖီးနစ်ကျွန်းအစောင့်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွား၏။

“စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်... လုံမိုက အခုမှ ဓမ္မဝိသေသအဆင့်မှာပဲရှိသေးတယ် သူအနေနဲ့ နတ်ဖီးနစ်အရိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်ဖို့က ခက်ခဲနေဦးမှာပဲ”

မိုယင်က ပြောလေသည်။

“သူ... ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ပြီးမှပဲ အဲ့ဒါကိုကြိုးစားကြည့်မယ်ဆို နောက်မကျသေးဘူးလို့ ကျွန်မအကြံပြုချင်တယ်”

“အဲ့ဒါကို အခုနေကြိုးစားကြည့်လဲ အဆင်ပြေတာပဲ... သူက အောင်မြင်ချင်အောင်မြင်သွားမှာပေါ့”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က မိုယင်၏အကြံပြုချက်ကို ပယ်ချလိုက်၏။

“ဒါပေမယ့်...”

မိုယင်က ထပ်မံ၍ ငြင်းဆန်ချင်သေး၏။

နဂါးဝိညာဥ်ဆေဘာက အရမ်းကိုကြောက်စရာကောင်းပြီး ကြမ်းကြုတ်ခက်ထန်လေသည်။ သူကအရမ်းကို ခံနိုင်ရည်မရှိလျှင် သူသည် ကြီးမားသောအန္တရာယ်တစ်ခုနှင့်ရင်ဆိုင်ရပြီး ဒဏ်ရာအပြင်းအထန်ပင် ရရှိသွားနိုင်လောက်၏။

“စီနီယာ ကောင်းကင်ဘုံဖီးနစ်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့... ကျုပ်လည်း အဲ့ဒါကို စမ်းကြည့်ချင်နေတာ”

ဆူဇီမိုက ပြုံးစစဖြင့် သဘောတူလိုက်၏။

မိုယင်က စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စနှင့်အတူ စိတ်ထဲကနေ သက်ပြက်းချလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဟားတိုက်ရယ်မောလိုက်၏။

“ညီကိုလုံမိုက တကယ့်ကိုရိုးဖြောင့်တာပဲ... သွားကြတာပေါ့”

သူသည် ရှေ့ကနေဦးဆောင်သွားပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ နဂါးဝိညာဥ်ခန်းမဆီသို့ ဦးတည်လိုက်၏။

ဆူဇီမိုနှင့် မိုယင်ကနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားကြ၏။

ဆူဇီမိုသည် စွမ်းအကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏နောက်ကျောကို အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။

နဂါးဝိညာဥ်ခန်းမ၏ ဝင်ပေါက်ဝ၌ အစောင့်နှစ်ယောက်က စောင့်ကြပ်နေကြ၏။ သူတို့ထဲမှတစ်ယောက်က အရပ်ရှည်ပြီး တစ်ယောက်က အရပ်ပုလေသည်။ သူတို့နှစ်ယောက်သည် ဓမ္မဝိသေသအဆင့်မှာရှိကြ၏။

“စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ်ကိုနှုတ်ဆက်ပါတယ်”

အစောင့်နှစ်ယောက်က ရိုသေလေးစားစွာဖြင့် ဦးညွတ်လိုက်ကြ၏။

“ကျင်းရှန်နဲ့ ကျင်းမင်ထကြ... ဘာမှတခမ်းတနားလုပ်မနေနဲ့”

ကောင်းကင်ဘုံဖီးနစ်က ခေါင်းညိတ်ပြလိုက်၏။

“မင်းတို့နှစ်ယောက်က ဒီနေ့တာဝန်ကျနေတာလား”

“ဟုတ်ကဲ့..”

ဘယ်ဘက်ရှိ အရပ်ရှည်ရှည်နှင့်တစ်ယောက်က ကျင်းရှန်ဖြစ်၏။

“စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ်... ခင်ဗျားက နဂါးဝိညာဥ်ဆေဘာကို ဖိနှိမ်ဖို့ နောက်တစ်ခေါက်ကြိုးစားကြည့်ဦးမလို့လား... အဲ့ဒါက ကျွန်းရဲ့အရေးကြီးတဲ့ကိစ္စပဲ”

ထိုအခိုက်အတန့်တွင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်နှင့် အခြားလူနှစ်ယောက် ရောက်ရှိလာသည်ကိုတွေ့မြင်သောအခါ ကျွန်းရှိ များစွာသော ကျင့်ကြံသူများက နဂါးဝိညာဥ်ခန်းမရှေ့မှာ တဖြည်းဖြည်း စုဝေးလာကြ၏။

“အဲ့ဒါ ငါမဟုတ်ဘူး... ဒီက ညီကိုလုံမိုပဲ”

ကောင်းကင်ဘုံဖီးနစ်က ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။

“ညီကိုလုံမိုမှာလည်း... နတ်ဖီးနစ်အရိုးတစ်ခုရှိတယ် အခု ဒီတစ်ခေါက် ကြိုးပမ်းကြည့်မှာက သူပဲ”

တာအိုအရှင်ကျင်းမင်နှင့် ကျင်းရှန်သည် ဆူဇီမိုကို ရန်လိုစိတ်တစ်စွန်းတစ်စနှင့်အတူ ကြည့်လိုက်ကြ၏။

“ဟင်းဟင်း... ခင်ဗျားက ဓမ္မဝိသေသအဆင့်နဲ့ နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲချင်တယ်ပေါ့လေ”

“ခင်ဗျားက မောက်မာတာလား... မိုက်မဲတာလားတော့ ကျုပ်မသိဘူး ခင်ဗျားမှာ နတ်ဖီးနစ်အရိုးရှိတယ်ဆိုတာနဲ့ပဲ နဂါးဝိညာဥ်ဆေဘာကို ဖိနှိမ်နိုင်မယ်လို့ ထင်နေတာလား... ခင်ဗျားက ရိုးအလွန်းတယ်လို့ပဲ ကျုပ်ပြောချင်တယ်”

ဓမ္မဝိသေသတာအိုအရှင်များဖြစ်သော ကျင်းမင်နှင့်ကျင်းရှန်သည် သူတို့၏အတွေးများကိုဖုံးကွယ်ထားခြင်းမရှိဘဲ လှောင်ပြောင်သရော်လိုက်ကြ၏။

ဆူဇီမိုက ဘာစကားမှပြန်မပြောဘဲ ပြုံးရုံသာပြုံးနေ၏။

ဓမ္မဝိသေသတာအိုအရှင်နှစ်ယောက်သည် အကြံသမားများမဟုတ်ဘဲ သူတို့စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုနေကြခြင်းသာဖြစ်၏။ သို့သော်လည်း သူတို့က တဲ့တိုးဆန်ပြီး ဆူဇီမိုအပေါ်ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်ပေ။

“နင်တို့နှစ်ယောက်... ပါးစပ်ပိတ်ထားကြစမ်း”

မိုယင်က မျက်မှောင်ကြုတ်၍ အော်ငေါက်လိုက်၏။

သူတို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ဓမ္မဝိသေသတာအိုအရှင်နှစ်ယောက်ဖြစ်သည့် ကျင်းမင်နှင့် ကျင်းရှန်သည် မည်သည့်ကြောက်ရွံ့မှုကိုမှ မပြသကြပေ။

ကျင်းရှန်က အနည်းငယ်မကျေမနပ်ဖြစ်နေသေး၏။

“သူက အပြင်လူတစ်ယောက်ပဲ... ဒါတောင်မှ နတ်ဖီးနစ်ကျွန်းကို ရောက်ရောက်ချင်း နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲဖို့ကြိုးစားချင်နေတာလား... သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ သူက စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ်နဲ့ ပြိုင်ဆိုင်ဖို့ကြိုးစားနေတာလား”

“မရိုင်းစမ်းနဲ့”

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က သူတို့နှစ်ယောက်ကိုအော်ငေါက်လိုက်၏။

“ညီကိုလုံမိုကို ဖိတ်ခေါ်လာခဲ့တဲ့သူက ငါပဲ... မင်းတို့နှစ်ယောက် ဘာမှထပ်ပြောစရာမလိုတော့ဘူး”

“သူက အပြင်လူတစ်ယောက်မဟုတ်ဘူး”

ရုတ်တရက် ခပ်လှမ်းလှမ်းကနေ အသံတစ်သံက ထွက်ပေါ်လာ၏။

လူတိုင်းက လှည့်ကြည့်လိုက်ချိန်မှာ အသံပိုင်ရှင်သည် နဂါးဝိညာဥ်ခန်းမ၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူသည် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများပါရှိသည့် အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သက်လတ်ပိုင်းအရွယ်ပုံစံမှာရှိလေသည်။ သူ့ထံမှ စွမ်းအားကြီးမားသော နေရာတွင် အချိန်အတန်ကြာနေထိုင်ခဲ့ရသည့် တစ်စုံတစ်ယောက်၏အော်ရာကဖြာထွက်နေ၏။

“ကျွန်းသခင်ကို နှုတ်ဆက်ပါတယ်”

မိုယင် ၊ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် အခြားသူများသည် ပြိုင်တူဦးညွှတ်၍ တုံ့ပြန်လိုက်ကြ၏။

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်...

ဆူဇီမို၏အမူအရာက တည်တံ့သွားပြီး သူကလည်း အလောတကြီးဦးညွတ်လိုက်၏။

“ကျွန်းသခင်ကိုနှုတ်ဆက်ပါတယ်... ကျုပ်က လုံမိုပါ ကျုပ်အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က ခေါင်းညိတ်၍ ကျင်းမင်နှင့် ကျင်းရှန်ကို တစ်ချက်ဝေ့ကြည့်ကာ ချည်းကပ်လာနေသော အခြားကျင့်ကြံသူများဘက်သို့ လှည့်ကြည့်လိုက်၏။

“လုံမိုမှာ... နတ်ဖီးနစ်အရိုးရှိတယ်ဆိုမှတော့... သူ့ကို နတ်ဖီးနစ်ကျွန်းရဲ့လူတစ်ယောက်လို့ သတ်မှတ်ရမှာပဲ... ဘယ်သူကမှ သူ့ကိုအပြင်လူလို့ မမြင်ရဘူး”

နတ်ဖီးနစ်ကျွန်းသခင်၏စကားလုံးများက ဆူဇီမိုကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်၏။

အစကနေ ယခုအချိန်ထိ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် တစ်စုံတစ်ရာဝင်ရောက်ပြောဆိုခြင်းမရှိပေ။ သူက နတ်ဖီးနစ်ကျွန်းသခင်၏စကားကို ထောက်ခံနေသည့်အလား ပြုံးရုံသာပြုံး၍ ခေါင်းညိတ်နေ၏။

“သွားကြတာပေါ့... ငါတို့က နဂါးဝိညာဥ်ခန်းမကို ရောက်နေပြီဆိုမှတော့ တစ်ချက်လောက်ဝင်ကြည့်ရတာပေါ့”

နတ်ဖီးနစ်ကျွန်းသခင်က ဆူဇီမိုကိုတစ်ချက်ကြည့်ပြီး ညွှန်ကြားလိုက်၏။

“မင်းက... အဲ့ဒါကို ခံနိုင်ရည်မရှိတော့ဘူးဆိုရင် မင်းကိုယ်မင်း ဖိအားမပေးနဲ့ အနည်းဆုံးတော့ အချိန်မီနောက်ဆုတ်လိုက်မယ်ဆိုရင် မင်းက ဘာမှဖြစ်မှာမဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

နဂါးဝိညာဥ်ခန်းမ၏ တံခါးနှစ်ဖက်က ပွင့်သွားပြီး ချောက်ချားစရာကောင်းသော ဆိုးယုတ်အော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်ကာ နတ်ဖီးနစ်ကျွန်းမှ ကျင့်ကြံသူများ၏ အမူအရာကိုပြောင်းလဲသွားစေ၏။

အဲ့ဒါက နဂါးဝိညာဥ်ဆေဘာ၏ ဘိုးဘေးနဂါးဆိုးယုတ်ချီဖြစ်ပြီး အလွန်တရာစွမ်းအားကြီးမား၏။

သူတို့က အရမ်းချည်းကပ်သွားလျှင် ထိုဆိုးယုတ်အော်ရာသည် ဓမ္မဝိသေသတာအိုအရှင်များကို သတ်ဖြတ်ဖို့လုံလောက်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ အမူအရာကတည်ငြိမ်နေ၏။

အဲ့ဒါက သူနှင့်နီးစပ်စေသည်ဟု ခံစားရသော ရင်းနှီးကျွမ်းဝင်သည့် အော်ရာတစ်ခုဖြစ်၏။

သူ့ခန္ဓာကိုယ်ထဲရှိနဂါးမျိုးနွယ်၏ မျိုးဆက်သွေးက ထကြွလာခဲ့၏။

ဆူဇီမိုက ပြုံးလိုက်လေသည်။

အစကတော့... သူသည် ဤနဂါးဝိညာဥ်ဆေဘာကိုသိပ်ပြီးစိတ်မဝင်စားခဲ့ပေ။ သို့သော် ယခုအခါ သူက အဲ့ဒါကို အမှန်တကယ်ပင်စမ်းကြည့်ချင်လာခဲ့၏။

နဂါးဝိညာဥ်ဆေဘာ၏ ခွန်အားကိုအသာထား ထိုလက်နက်ကိုကိုင်ဆောင်ခြင်းဖြင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ သစ္စာရှိမှုကို ရရှိနိုင်မည့်အချက်ကပင်ကြိုးစားကြည့်ဖို့ ထိုက်တန်နေ၏။

ခဏမျှရပ်တန့်ပြီးနောက် နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က ကျင့်ကြံသူများစွာကိုဦးဆောင်ကာ ရှေ့ကနေ ဝင်ရောက်သွား၏။

သူတို့သည် စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းလာပြီး သိပ်မကြာခင် သူတို့၏ မြင်ကွင်းကရှင်းလင်းသွား၏။

ရှေ့တည့်တည့်တွင် ဧရာမလျှို့ဝှက်အခန်းတစ်ခုရှိနေ၏။

လျှို့ဝှက်ခန်း၏ နံရံလေးဘက်ပေါ်တွင် အနည်းဆုံး ချိန်းကြိုးတစ်ရာခန့်ကို သွယ်တန်းထား၏။

ချိန်းကြိုးများ၏ အစွန်းတစ်ဘက်တွင် ဆေဘာရှည်တစ်လက်ရှိနေ၏။

ဆေဘာသည် နှင်းကဲ့သို့ဖြူစွတ်နေပြီး ၎င်း၏အလယ်တွင် မာကြော၍ ၊ စွမ်းအားကြီးမား၍ မကိုင်လှုပ်နိုင်သော နဂါးမျိုးနွယ်၏ ကျောရိုးအစိတ်အပိုင်းတစ်ခုရှိနေသည်ကို ရှင်းလင်းစွာမြင်နိုင်၏။

နဂါးချီက ဆေဘာကိုရစ်ခွေနေပြီး အစိုင်အခဲအဖြစ် ဖွဲ့လုနီးပါးပင်။

နဂါးဝိညာဥ်ဆေဘာ....

နဂါးဝိညာဥ်ဆေဘာကို ဤနေရာတွင် ချိန်းကြိုးတစ်ရာကျော်ဖြင့် ဖိနှိမ်ထားရသည့်အချက်ကပင် ထိုဆေဘာက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ သက်သေပြပေးနေ၏။

ချွင်... ချွင်...

တစ်စုံတစ်ယောက် ချည်းကပ်လာနေသည်ကို ခံစားမိသွားပြီး နဂါးဝိညာဥ်ဆေဘာ၏ ဆေဘာသွားက အော်မြည်၍တုန်ခါလာ၏။

ရုတ်တရက်... ခက်ထန်ကြမ်းကြုတ်၍ ထက်ရှသောဆေဘာချီက ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။

All Chapters