← Chapters

နဂါးဝိညာဥ်ဆေဘာ

Vol. 89 Ch. 1335

နဂါးဝိညာဥ်ဆေဘာ

Vol. 89 Ch. 1335

များစွာသောကျင့်ကြံသူများသည် ခန်းမထဲသို့ဝင်ရောက်လာသည့်ခဏမှာပင် သူတို့၏ခြေလှမ်းများကိုရပ်တန့်လိုက်ကြ၏။ သူတို့ကနောက်ထပ်ရှေ့ဆက်လှမ်းမည်ဆိုလျှင် နဂါးဝိညာဥ်ဆေဘာ၏ ထက်ရှသော ဆေဘာချီများကို ခံစားရပေတော့မည်။

နဂါးဝိညာဥ်ဆေဘာသည် အရမ်းကို လွှမ်းမိုးနိုင်စွမ်းရှိ၏။ ၎င်းကို ဤနေရာမှာချုပ်နှောင်ထားသော်လည်း ၎င်း၏စက်ဝန်းထဲသို့ဝင်ရောက်လာသည့် မည်သည့်သက်ရှိမဆို ၎င်း၏ ရူးသွပ်စွာ တိုက်ခိုက်ခြင်းကိုခံရပေလိမ့်မည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများပင် ခြွင်းချက်မရပေ။

“လုံမို... ဆက်သွား”

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က ခေါင်းအနည်းငယ်ညိတ်ပြီး ဆူဇီမိုကို ရှေ့ဆက်တက်ဖို့ အချက်ပြလိုက်၏။ ဆူဇီမိုက ခေါင်းညိတ်၍ နဂါးဝိညာဥ်ဆေဘာရှိရာသို့ စတင်တက်လှမ်းလိုက်၏။

ကျင်းမင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး မေးမြန်းလိုက်၏။

“အားလုံးပဲ... လုံမိုက ဘယ်လောက်ဝေးဝေးသွားနိုင်မယ်လို့ထင်လဲ”

“သူက နဂါးဝိညာဥ်ဆေဘာကနေ ပေ၅၀ အကွာအဝေးကိုရောက်ရင် ဆက်ပြီးတောင့်ခံနိုင်မှာမဟုတ်တော့ဘူးလို့ ငါထင်တယ်”

“အင်း... ပေ၅၀က အကန့်အသတ်ပဲ အဲ့ဒီထက် ပိုတိုးသွားရင် ဓမ္မဝိသေသတာအိုအရှင်တွေက သေရလိမ့်မယ်”

“ဒါပေမယ့်လို့... လုံမိုမှာ နတ်ဖီးနစ်အရိုးရှိနေတယ် အဲ့တော့ သူက ပေ၃၀ အကွာအဝေးထိရောက်နိုင်မယ်လို့ ငါထင်တယ်... သူက အဲ့ထက်ပိုပြီး နီးကပ်ဖို့တော့မဖြစ်နိုင်တော့ဘူး”

“အဲ့ဒါအမှန်ပဲ... စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ် ဓမ္မဝိသေသအဆင့်မှာရှိနေခဲ့တုန်းက သူကလည်း ပေ၃၀ထိပဲ ရောက်နိုင်ခဲ့တယ်”

ကျင့်ကြံသူများက တိတ်တဆိတ်ဆွေးနွေးပြောဆိုလိုက်ကြ၏။

ဆူဇီမိုသည် နဂါးဝိညာဥ်ဆေဘာ၏ တိုက်ခိုက်မှုစက်ဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့လေပြီ။ သို့သော်လည်း ဆေဘာချီက အစစ်အမှန်နဂါးခန္ဓာကို ရိုက်ခတ်လာလျှင်ပင် ၎င်းက သူ၏​ခြေလှမ်းကိုရပ်တန့်စေနိုင်ခြင်းမရှိပေ။

ဆူဇီမိုက လူတိုင်းကို နောက်ကျောပေးထားပြီး သူ၏မျက်လုံးထဲရှိအပြုံးက ပိုမိုသိပ်သည်းလာခဲ့၏။

နတ်ဖီးနစ်အရိုးကိုပိုင်ဆိုင်ထားသည့် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ပင်လျှင် မဖိနှိမ်နိုင်သောရတနာက အခြားသော မူလအဆုံးစွန်ရတနာတစ်ခုဖြစ်နေမည်ဆိုလျှင် ဆူဇီမိုကလည်း အဲ့ဒါကို တတ်နိုင်ချင်မှတတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း နဂါးဝိညာဥ်ဆေဘာကတော့မတူပေ။ နဂါးဝိညာဥ်ဆေဘာ၏အသွားကို အခြေခံအုတ်မြစ်အဖြစ် ဘိုးဘေးနဂါးတစ်ကောင်၏ အရိုးများနှင့် ဝိညာဥ်ကိုအသုံးပြုထား၏။

နဂါးအရိုးတောင်ကြားမှာ ဆူဇီမိုသည် ဆေးကြောသန့်စင်မှုကို ခံယူပြီး သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို နိုးထစေခဲ့စဥ်က ထွက်ပေါ်လာခဲ့သော ဘိုးဘေးနဂါးသည် သူ့ထံမှ တဗူးမျိုးဆက်သွေးကိုအာရုံခံမိသောအခါ အညံ့ခံသွားခဲ့ရ၏။

ဤနဂါးဝိညာဥ်ဆေဘာထဲရှိ ဘိုးဘေးနဂါးက တဗူးတစ်ကောင်၏အော်ရာကို ခုခံနိုင်မည်တဲ့လား...။

ပေ၅၀...

တစ်ခဏအတွင်းမှာပင် ဆူဇီမိက ပေ၅၀အတွင်းသို့ ရောက်ရှိလာ၏။

သို့သော်လည်း သူက ရပ်တန့်မည့်လက္ခဏာမရှိပေ။ အတိအကျဆိုရလျှင် သူ၏​ခြေလှမ်းက တစ်ချိန်လုံး အတိအကျတူညီနေခဲ့၏။ အဲ့ဒါက အတိအကျတိုင်းထွာထားသည့် အလားပင်။ သူက အေးအေးလူလူလမ်းလျှောက်နေသည့်အလား သူ၏အမြန်နှုန်းကပင် တသမတ်တည်းဖြစ်နေ၏။

အခြားသူများ၏ မျက်လုံးထဲရှိ ထက်ရှ၍ ပြင်းထန်ကြမ်းကြုတ်သော ဆေဘာချီသည် အစစ်အမှန်နဂါးခန္ဓာကို ထိခတ်လာသောအခါ မည်သည့်အဖျက်စွမ်းအားမှမရှိပေ။ သူတို့သည် ဘိုးဘေးနဂါးချီစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ဆူဇီမို၏ခန္ဓာကိုယ်ထဲသို့တိုးဝင်လာ၏။

ပေ၄၀...

ပေ၃၀...

တစ်ခဏအတွင်းမှာပင် ဆူဇီမိုက နဂါးဝိညာဥ်ဆေဘာထံမှ ပေ၃၀ အကွာအဝေးသို့ရောက်ရှိလာ၏။

ကျင်းမင်နှင့် ကျင်းရှန်၏ အမူအရာများက အနည်းငယ်ပြောင်းလဲလာကြ၏။ လူအုပ်ကြီးထဲမှ ဆွေးနွေးသံများက တဖြည်းဖြည်းငြိမ်သက်သွားပြီး သူတို့အကြည့်များသည် နဂါးဝိညာဥ်ဆေဘာဆီသို့လျှောက်လှမ်းနေသော ပုံရိပ်ပေါ်သို့ မမှိတ်မသုန်ကျရောက်နေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကသာလျှင် စိတ်လက်ပေါ့ပါးသော အပြုံးတစ်ခုရှိနေ၏။

ဓမ္မဝိသေသတာအိုအရှင်များအနေဖြင့် နဂါးဝိညာဥ်ဆေဘာကိုကိုင်ဆွဲဖို့မဖြစ်နိုင်ကြောင်း သူကသိထား၏။

ပေ၂၀...

၁၀ပေ...

၅ပေ....

ဆူဇီမိုသည် နဂါးဝိညာဥ်ဆေဘာနှင့် လက်တစ်ကမ်းအကွာအဝေးသို့ရောက်ရှိလာ၏။

“ဒါက....”

မိုယင်၏မျက်လုံးက မျှော်လင့်စောင့်စားမှုဖြင့် ဝင်းလက်တောက်ပလာ၏။

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်သည် တစ်စုံတစ်ရာကိုစောင့်ဆိုင်းနေသည့်အလား သူ၏မျက်လုံးကို မှေးကျဥ်းထား၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကရှိနေဆဲပင်။ သို့သော်လည်း သူ၏အပြုံးက အနည်းငယ်တောင့်တင်းလာသည်ဟုထင်ရ၏။

ဆူဇီမိုသည် မလှမ်းမကမ်းရှိ နဂါးဝိညာဥ်ဆေဘာကိုကြည့်ပြီး သူ၏ညာဘက်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ဆေဘာရိုးကိုဆုပ်ကိုင်လိုက်၏။

ဆူဇီမိုက နဂါးဝိညာဥ်ဆေဘာကို ဆုပ်ကိုင်လိုက်သည့်ခဏမှာပင် ကျယ်လောင်၍ အာဏာသံပါသော နဂါးဟိန်းသံက ဆေဘာထဲကနေ ထွက်ပေါ်လာ၏။

အဲ့ဒီနောက်ချက်ချင်းပင် ဘိုးဘေးနဂါး၏ စွမ်းအားကြီးမားသောချီတစ်ခုသည် ဆေဘာလက်ကိုင်မှတဆင့် ဆူဇီမို၏ကိုယ်ထဲသို့တိုးဝင်လိုက်၏။

ဖန်း... ဖန်း... ဖန်း...

နံရံလေးဘက်ပေါ်ရှိ ချိန်းကြိုးများက ပြတ်တောက်သွားပြီး ကျောက်တုံးကျောက်ခဲများက လိမ့်ဆင်းလာကာ ကြောက်စရာကောင်းသောပုံစံဖြင့် ဆူဇီမို၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။

ဆေဘာထဲမှ သိပ်သည်းစုဖွဲ့နေသော စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသော ဆေဘာချီသည် ဘိုးဘေးနဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ထိုးထွက်လာ၏။

ဘုန်း...

လျှို့ဝှက်ခန်းမတစ်ခုလုံးက ထိုဆေဘာဖြင့် နှစ်ပိုင်းလှီးဖြတ်ခြင်းကို ချက်ချင်းပင်ခံလိုက်ရ၏။ လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။

“အားလုံးပဲ... နောက်ဆုတ်ကြ လုံမိုက နဂါးဝိညာဥ်ဆေဘာခုတ်ခံရလို့သေပြီ”

ကျင်းမင်က အံ့အားတသင့်အော်ပြောလိုက်၏။

လူအုပ်ကြီးက နောက်သို့ဆုတ်လိုက်ကြ၏။

နေရာတွင် ကျန်ရှိသည့်သူများမှာ နတ်ဖီးနစ်ကျွန်း၏ကျွန်းသခင် ၊ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် မိုယင်တို့ဖြစ်ကြ၏။

သူတို့ကျင့်ကြံမှုအဆင့်က မြင့်မားပြီး နတ်ဖီးနစ်ကျွန်း၏ကျွန်းသခင်သည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ သူတို့က အရာရာတိုင်းကိုရှင်းလင်းစွာမြင်နိုင်၏။

သူတို့သုံးယောက်၏ အကြည့်များသည် သူတို့ရှေ့ရှိ လျှို့ဝှက်ခန်းမပေါ်သို့ မမှိတ်မသုန်ကျရောက်နေ၏။

ကျင့်ကြံသူများသည်လည်း တစ်စုံတစ်ရာကို သတိထားမိလာပုံရပြီး သူတို့၏ခြေလှမ်းများကိုရပ်တန့်လိုက်ကာ မျက်လုံးပြူး၍ လှမ်းကြည့်လိုက်၏။

ဖုန်မှုန့်များက စဲသွား၏။

လူတိုင်း၏ရှေ့မှောက်တွင် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

“ဟမ်.... လုံမိုက မသေဘူးလား”

ကျင်းမင်က တွေဝေရှုပ်ထွေးသွား၏။

စောစောက အခြေအနေသည် လောကတစ်ခုလုံး ဖျက်ဆီးခံရတော့မည့်အလားထင်ရ၏။ ဒါတောင် မုန်တိုင်း၏အလယ်ဗဟိုရှိလုံမိုက အသက်ရှင်နေဆဲ ဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ၏မျက်လုံးကိုမှေးကျဥ်းလိုက်၏။ သူ၏အကြည့်က ဆူဇီမို၏ညာဘက်လက်ပေါ်သို့ ကျရောက်သွား၏။ သူ၏လက်ထဲမှာ ဆေဘာရှည်တစ်လက်ရှိနေလေသည်။ နှင်းကဲ့သို့ဖြူစွတ်နေသော နဂါးဝိညာဥ်ဆေဘာကို ရှင်းလင်းစွာ မြင်နိုင်၏။

နဂါးဝိညာဥ်ဆေဘာ...

လုံမိုက အောင်မြင်သွားလေပြီ။ နတ်ဖီးနစ်ကျွန်း၏ကျွန်းသခင်က သူ့ပခုံးထက်ရှိ ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ပြုတ်ကျသွားသည့်အလား သက်ပြင်းရှည်တစ်ချက်ချလိုက်၏။

မိုယင်သည်လည်း စိတ်သက်သာသွားပြီး ကျေနပ်နှစ်ခြိုက်သည့်ပုံပေါက်လာ၏။

“မဖြစ်နိုင်တာ...”

ကျင်းမင်သည် စူးစူးဝါးဝါးအော်ဟစ်၍ ဆူဇီမို၏လက်ထဲရှိ နဂါးဝိညာဥ်ဆေဘာကိုလက်ညိုးထိုးကာ ဗလုံးဗထွေးပြောဆိုလိုက်၏။

“အဲ့-အဲ့ဒါက... နဂါးဝိညာဥ်ဆေဘာလေ အဲ့-အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ... ခင်ဗျား-ခင်ဗျားက ဓမ္မဝိသေသအဆင့်ပဲ အဲ့ဒါက မဖြစ်နိုင်ဘူး”

ကျင့်ကြံသူများသည်လည်း သူတို့၏မျက်လုံးများက တုန်လှုပ်မှုဖြင့်ပြူးကျယ်လာကြ၏။

နဂါးဝိညာဥ်ဆေဘာ၏နောက်ဆုံးကိုင်ဆောင်သူ ပေါ်ထွက်ခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာသွားခဲ့လေပြီ။

ဒီဘက်မျိုးဆက်တွင် တစ်စုံတစ်ယောက်သည် နောက်ဆုံးမှာတော့ နဂါးဝိညာဥ်ဆေဘာကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့လေပြီ။ သို့သော်လည်း ဤလူသည် လူတိုင်း၏ ရင်ထဲနှလုံးသားထဲမှာရောက်ရှိနေသော စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်မဟုတ်ဘဲ အပြင်လူတစ်ယောက်ဖြစ်နေ၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ မျက်လုံးထဲတွင် သုန်မှုန်ထိုင်းမှိုင်းသည့်ပုံရိပ်က ဖျပ်ခနဲပေါ်ထွက်သွား၏။ ဤမြင်ကွင်းက သူမျှော်လင့်ထားခဲ့သည်ထက် တကယ်ပင်ကျော်လွန်သွားခဲ့လေပြီ။

တကယ်ဆို... သူသည် ကျောက်တုံးတစ်တုံးကိုမပြီး သူ့ခြေထောက်အပေါ် ကိုယ်တိုင်ပစ်ချလိုက်သည့်အလား ခံစားလိုက်ရ၏။

ဆူဇီမိုသည် တစ်ဘက်သို့လှည့်ပြီး သူ့လက်ထဲရှိ နဂါးဝိညာဥ်ဆေဘာနှင့်အတူ ပြုံးပြလိုက်၏။

“ဒါတွေအားလုံးက.... ဒီနေ့ စီနီယာကောင်းကင်ဘုံဖီးနစ်ရဲ့ ရင်းနှီးဖော်ရွေစွာနဲ့ ဖိတ်ခေါ်ခဲ့တာကို ကျေးဇူးတင်ရမှာပဲ... ကျုပ်က ကံကောင်းသွားပြီးတော့ ဒီနဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်ခဲ့တယ်”

ကောင်းကင်ဘုံဖီးနစ်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အပြုံးတစ်ခုကိုထုတ်ဖော်လိုက်၏။

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က သူ၏ခေါင်းကို အနည်းငယ်မော့ပြီး ထုတ်ဖော်ကြေညာလိုက်၏။

“နဂါးဝိညာဥ်ဆေဘာက အခုပိုင်ရှင်ရှိလာပြီဆိုမှတော့... ကျုပ်က အဲ့ဒီကိစ္စကိုကြေညာရတော့မယ်... လုံမိုက နတ်ဖီးနစ်ကျွန်းရဲ့....”

“ကျွန်းသခင်”

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က သူ၏စကားကိုဆုံးအောင်မပြောရသေးခင်မှာပင် ဖြတ်၍အခေါ်ခံလိုက်ရ၏။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တကယ်တော့... ကျုပ်ဒီကိုရောက်လာတယ်ဆိုတာလည်း နဂါးဝိညာဥ်ဆေဘာကို ကျုပ်က ဖိနှိမ်နိုင်မလား ကြိုးစားကြည့်ချင်လို့... ခင်ဗျားက ကျုပ်ကို အခွင့်အရေးတစ်ခုပေးဦးမယ်လို့ မျှော်လင့်မိတယ် ကျွန်းသခင်”

“အဲ့ဒါအမှန်ပဲ “

ကျင်းမင်းက ချက်ချင်းပင်အော်ပြောလိုက်၏။

“စီနီယာအစ်ကိုကောင်းကင်ဘုံဖီးနစ်က... အခုချိန်ထိ အဲ့ဒါကို မကြိုးစားရသေးဘူး သူကလည်း နဂါးဝိညာဥ်ဆေဘာကို ဖိနှိမ်နိုင်မယ်ဆိုရင် အဲ့ဒါက သူ့အပိုင်ဖြစ်လာမှာပဲ”

“အင်း...”

များစွာသော ကျင့်ကြံသူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။

စွမ်းအားကြီးပုဂ္ဂုလ် ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်းမှာနေထိုင်လာခဲ့ပြီး ခိုင်မာသော အခြေခံအုတ်မြစ်နှင့် မြင့်မားသော ဩဇာတိက္ကမရှိလာခဲ့လေသည်။ သူသည် ဆူဇီမိုကဲ့သို့ အပြင်လူတစ်ယောက် မယှဥ်နိုင်သည့်တစ်စုံတစ်ယောက် ဖြစ်၏။

“အဲ့ဒါက စည်းမျဥ်းစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်”

မိုယင်က ပြတ်သားစွာပြောဆိုလိုက်၏။

“နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲနိုင်တဲ့ဘယ်သူမဆို နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဖြစ်လာမယ်... တခြားဘယ်သူကမှ အဆင့်မမီတော့ဘူး”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆွဲရခြင်းက ဤကဲ့သို့သော အဓိပ္ပါယ်တစ်ခုရှိနေသည်ဆိုတော့...။

နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆောင်နိုင်သူသည် နတ်ဖီးနစ်ကျွန်း၏ သခင်လေးဖြစ်လာပေလိမ့်မည်။

နတ်ဖီးနစ်ကျွန်းမှ ကျင့်ကြံသူများက ဤကဲ့သို့သော ကြီးမားသည့် တုံ့ပြန်မှုတစ်ခုရှိလာသည်မှာ မထူးဆန်းတော့ပေ။

သူကဲ့သို့သော အပြင်လူတစ်ယောက်က နတ်ဖီးနစ်ကျွန်းသို့ရောက်ရောက်ချင်းမှာပင် သခင်လေးဖြစ်လာမည်ဆိုပါက လူအများစုက ကျေနပ်ကြလိမ့်မည်မဟုတ်ပေ။

“ဒါက...”

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ဆူဇီမိုကိုကြည့်လိုက်၏။

ဆူဇီမိုက ပြုံး၍ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ထံသို့လျှောက်လှမ်းသွား၏။ သူက နဂါးဝိညာဥ်ဆေဘာကို ကမ်းပေးလိုက်လေသည်။

“ဒါပေါ့... စီနီယာကောင်းကင်ဘုံဖီးနစ်ကလည်း ကြိုးစားကြည့်နိုင်တာပဲ”

“အဲ့ဒါဆိုလည်း ကောင်းတာပေါ့”

နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က ခေါင်းညိတ်လိုက်၏။

“အဲ့ဒါဆိုရင် ပိုပြီးတော့ တရားမျှတသွားတာပေါ့... မင်းတို့နှစ်ယောက်စလုံးက နဂါးဝိညာဥ်ဆေဘာကို ဖိနှိမ်နိုင်မယ်ဆိုရင် အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့အတွက် ငါတို့က နောက်ထပ်နည်းလမ်းတစ်ခုစဥ်းစားရလိမ့်မယ်”

All Chapters