← Chapters

သတ်ဖြတ်ခြင်း

Vol. 90 Ch. 1341

သတ်ဖြတ်ခြင်း

Vol. 90 Ch. 1341

“ငါ့ကိုအဲ့လိုမခေါ်စမ်းနဲ့... ရွံစရာကောင်းတယ်”

ပေမင်ရွှယ်က နန်းကုန်ယွီကိုကြည့်ပြီး အေးစက်စွာပြောဆိုလိုက်၏။

“ခွေးမ... ကျေးဇူးမကန်းနဲ့”

နန်းကုန်ယွီ၏နောက်ဘက်တွင် အခြေတည်အဆင့် ကျင့်ကြံသူသုံးယောက်ရှိ၏။ သူတို့သည် နန်းကုန်ယွီ၏အစေခံများဖြစ်ပြီး သူတို့ထဲမှတစ်ယောက်က ပေမင်ရွှယ်ကို ကျိန်ဆဲလိုက်ခြင်းဖြစ်၏။

ပေမင်ရွှယ်၏ အကြည့်က ထိုအစေခံပေါ်သို့ တိတ်တဆိတ်ရွေ့လျားသွား၏။

နန်းကုန်ယွီက ညင်သာစွာပြုံး၍ စိတ်တိုဒေါသထွက်လာခြင်းမရှိပေ။

“ရွှယ်အာ... ငါနင့်ကို အခုလိုခေါ်တယ်ဆိုတာ ငါက ငါတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုထောက်ထားပြီး နင့်ကို အခွင့်အရေးတစ်ခုပေးချင်လို့ပဲ”

“နင်က ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ... ငါ့ရဲ့စိတ်ရှည်နိုင်စွမ်းက အကန့်သတ်ရှိတယ်ဆိုတာ နားလည်မှာပါ”

နန်းကုန်ယွီက ပြုံးနေဆဲ ဖြစ်သော်လည်း သူ၏လေသံက အေးစက်လာ၏။

“ငါတို့ကြားမှာ ဘာပတ်သက်ဆက်နွယ်မှုမှမရှိဘူး”

ပေမင်ရွှယ်က သူမ၏လက်ကို ခါပြလိုက်၏။

“တခြားဘာမှ မရှိဘူးဆိုရင် နင်တို့တွေသွားတော့”

“သွားရမှာလား...”

နန်းကုန်ယွီ၏အမူအရာက အေးစက်လာ၏။

“ပေမင်ရွှယ်... နင်ငါ့ကို ပေမင်မိသားစုရဲ့ လျှို့ဝှက်ချက်မပြောပြဘူးဆိုရင် ငါ့မှာနင့်ကိုကိုင်တွယ်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်နော်”

“နင်က ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... ငါက နင့်ကိုသဘောမကျဘူးဆိုပေမယ့်လို့ ငါ့နောက်ကိုလိုက်နေတဲ့အစေခံတွေကတော့ နင့်ကိုသဘောကျနေတယ်”

အဲ့ဒါက အလွန်တရာညစ်ညမ်းသောအတွေးတစ်ခုဖြစ်၏။ ဆူဇီမိုသည် ထိုစကားကိုကြားသောအခါ သတ်ဖြတ်လိုစိတ်နှင့်အတူ သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။ သို့သော်လည်း သူက တိုက်ခိုက်ဖို့စိတ်ကူးမရှိပေ။

အဲ့ဒါသည် အတိတ်ကာလတုန်းက သူ့ကိုတျဲယွဲ့ ပြုမူခဲ့ပုံနှင့် အတူတူပင်ဖြစ်၏။ ပေမင်ရွှယ်သည် လုံးဝမဖြေရှင်းနိုင်သည့် အကျပ်အတည်းတစ်ခုနှင့် မတွေ့ကြုံသရွေ့ သူသည် ဝင်ပါလိမ့်မည်မဟုတ်ဘဲ သူမဘာသာသူမ ဖြေရှင်းစေမည်ဖြစ်၏။

“ဟီးဟီး...”

အစေခံတစ်ယောက်၏အကြည့်က ပေမင်ရွှယ်၏ခန္ဓာကိုယ်ပေါ်သို့ ပြောင်ပြောင်တင်းတင်းကျရောက်လာပြီး သူက စဉ်းလဲစွာပြုံးလိုက်၏။

“မိန်းကလေး... ငါ့နောက်ကို လိုက်ခဲ့ ငါနင့်ကို အများကြီးဂရုစိုက်ပေးမယ်လို့ အာမခံတယ်”

နောက်ထပ်အစေခံတစ်ယောက်ကလည်း ပြုံး၍ ပြောလိုက်၏။

“အဖိုးကြီးဟူ အကုန်လုံးကို ခင်ဗျားတစ်ယောက်တည်းယူလို့မရဘူးလေ... ကျုပ်တို့လည်း သူ့ကိုပွဲတော်တည်ချင်သေးတယ်”

ပေမင်ရွှယ်က တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏အကြည့်က အစေခံသုံးယောက်ပေါ်သို့ ဖြတ်သန်းကျရောက်သွား၏။

နန်းကုန်ယွီက မှင်သေသေဖြင့် ပြောလိုက်၏။

“ပေမင်ရွှယ်... ငါနင့်ကို ဒီကနေခေါ်ထုတ်သွားပြီး ငါ့ရဲ့အစေခံတွေကို ဆုချလိုက်မယ်ဆိုရင် ပေမင်မိသားစုမှာ ဘယ်သူကမှ ငါ့ကိုတားရဲမှာမဟုတ်ဘူး”

“နင့်ကို ဘယ်သူမှမကယ်နိုင်တော့ဘူး... ငါ့ကို လျှို့ဝှက်ချက်ပြောပြလိုက် အဲ့ဒါက နင့်ရဲ့ နောက်ဆုံးအခွင့်အရေးပဲ”

ပေမင်မြို့တစ်မြို့လုံးတွင် အသန်မာဆုံးသူများမှာ နိုးထဝိညာဥ်အဆင့်၌သာရှိ၏။ သူတို့သည် နန်းကုန်ယွီထက် အဆင့်ကြီးတစ်ဆင့် မြင့်မားသော်လည်း မည်သူကမှ သူ့ကိုတားဆီးရဲလိမ့်မည်မဟုတ်ပေ။

ပေမင်ရွှယ်က အမူအရာကင်းမဲ့နေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နန်းကုန်ယွီ... ငါလည်း နင့်ကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးလိုက်မယ်... နင်အခုနေ ထွက်သွားမယ်ဆိုရင် နင့်အသက်ကို ချမ်းသာပေးနိုင်တယ်”

“နင်အဲ့ဒါ... ဘာစကားပြောလိုက်တာလဲ”

နန်းကုန်ယွီသည် အရယ်ရဆုံးဟာသကိုကြားလိုက်ရသည့်အလား ဒေါသဖြင့်ရယ်မောလိုက်၏။

“နင့်လို ဒုက္ခိတတစ်ယောက်က ငါ့အသက်ကိုချမ်းသာပေးချင်တယ်ပေါ့လေ”

“အို...”

သူကနားလည်သဘောပေါက်သွား၏။

“ငါမှတ်မိပြီ... နင်က အဲ့ဒီသုံးစားမရတဲ့ သိုင်းတာအိုကို ကျင့်ကြံထားပုံရတယ် ဘာလဲ... ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း နင်က အဲ့ဒါကို တော်တော်လေးကျွမ်းကျင်တတ်မြောက်နေပြီပေါ့လေ... ဒါ့ကြောင့် နင်ကငါ့ကိုအခုလိုခြိမ်းခြောက်ရဲတာလား”

“ခွေးမ... နင်ကတော့ သေချင်နေတာပဲဖြစ်ရမယ် ငါ့သခင်လေးကို ဘယ်လိုတောင်ရန်စရဲတာလဲ”

“သခင်လေး... ဒီခွေးမကို ကျုပ်တို့လက် အပ်လိုက်”

အစေခံသုံးယောက်က တစ်ယောက်ပြီးတစ်ယောက်ထရပ်လာပြီး မကောင်းသောစိတ်ဆန္ဒများနှင့်အတူ ပေမင်ရွှယ်ကို စိုက်ကြည့်လိုက်ကြ၏။ သူတို့သည် လှောင်ရယ်၍ နန်းကုန်ယွီ၏အမိန့်ကို စောင့်ဆိုင်းနေလိုက်ကြ၏။

“အဲ့ဒီအခွင့်အရေးဆိုတာ... ငါက နန်းကုန်ယွီကိုပဲ ပေးထားတာ”

ပေမင်ရွှယ်၏အကြည့်ကအေးစက်လာပြီး မလှမ်းမကမ်းတွင်ရှိသော အစေခံသုံးယောက်ကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နင်တို့သုံးယောက်ကတော့... ဒီနေ့ ဘယ်မှထွက်သွားခွင့် မရစေရဘူး”

ပေမင်ရွှယ်သည် ပေမင်ရှေးတော်ဝင်မိသားစု၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ ပေမင်မိသားစုက ကျဆင်းလာခဲ့သည်ဆိုလျှင်တောင် သူမမှာ သူမ၏ မာန်မာနရှိနေဆဲ ဖြစ်၏။ မဟုတ်ပါက သူမသည် ရတနာတစ်ခုအတွ​က် ဒေါင်ဖန်ကျစ်နှင့် အတိုက်အခံပြုလုပ်ခဲ့လိမ့်မည်မဟုတ်ပေ။

ဒါ့အပြင်... ပေမင်ရွှယ်သည် ပြီးခဲ့သည့်တစ်နှစ်ကျော်အတွင်း သိုင်းတာအိုကိုကျင့်ကြံထားခဲ့ပြီး သူမ၏စိတ်ဓာတ်က ခိုင်မာပြတ်သားလာခဲ့ပြီဖြစ်၏။ သိုင်းတာအိုသည် လူတစ်ယောက်ကို လက်စားချေခွင့်ပေးပြီး သူတို့အလိုရှိသည့်တိုင်း ကျေးဇူးတရားကို ပေးဆပ်စေမည်ဖြစ်၏။

အစေခံသုံးယောက်သည် နှုတ်စောင့်စည်းခြင်းမရှိဘဲ သူမအပေါ် ညစ်ညမ်းသည့်စကားလုံးများဖြင့်ပြောဆိုခဲ့၏။ ပေမင်ရွှယ်သည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး သူတို့သုံးယောက်ကို ခွင့်လွှတ်ပေးဖို့ စိတ်ကူးမရှိတော့ပေ။

“နင်က ငါတို့ကို ခြိမ်းခြောက်ရဲသေးတာလား”

အစေခံတစ်ယောက်က ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုကိုထုတ်ဖော်ပြသပြီး သူ၏သိုလှောင်အိတ်ကိုပုတ်လိုက်၏။ သူက ဓားတစ်လက်ကိုဆင့်ခေါ်လိုက်သည့်အချိန်မှာပင် သူ၏အမြင်အာရုံက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက သူ့ထံသို့ပြေးဝင်လာ၏။

အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်း၏။

သူက လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။

ဘန်း...

ပေမင်ရွှယ်သည် အစေခံ၏ရှေ့သို့ရောက်ရှိလာပြီး သူ၏လက်သီးကိုဆန့်​ကာ ထိုသူ၏ရင်ဘတ်ကို ပစ်ထိုးလိုက်၏။

အဲ့ဒါသည် မည်သည့်လှည့်စားမှုနည်းစနစ်မှ မပါဝင်ဘဲ တိုက်ရိုက်ပစ်ထိုးလိုက်ခြင်းဖြစ်၏။

သို့သော်လည်း အစေခံသည် အဲ့ဒါကို လုံးဝမရှောင်တိမ်းနိုင်ဘဲ မြှားတစ်စင်းကဲ့သို့လွင့်ပျံသွားကာ ခြံဝန်းထဲရှိ အုတ်တံတိုင်းနှင့် ​ပစ်ရိုက်မိသွား၏။

အစေခံ၏မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

သူ၏ရင်ဘတ်က ချိုင့်ဝင်သွားပြီး အုတ်တံတိုင်း၏နံရံပေါ်ကနေ ဖြည်းဖြည်ချင်း လျှောကျက အသက်ရှုနိုင်ခြင်းမရှိတော့ပေ။

သာမန်ကာလျှံကာ ထိုထိုးချက်က သူ့ရင်ဘတ်ရှိအရိုးများအားလုံးကို ကြေမွသွားစေ၏။

ထိုသူ၏ နောက်ဘက်ရှိ ​အုတ်တံတိုင်းပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲ​ကြောင်းများပေါ်ထွက်လာ၏။

ထိုထိုးချက်၏စွမ်းအားက အရမ်းကိုကြောက်စရာကောင်း၏။

“အို...”

အခြားသောအစေခံနှစ်ယောက်သည် ထိုသည်ကိုမြင်သောအခါ ပင့်သက်ကိုရှိုက်လိုက်ကြ၏။

သူတို့သည် အခြေတည်အဆင့် ကျင့်ကြံသူများဖြစ်သော်လည်း ဤကဲ့သို့ကြောက်စရာကောင်းသည့် ရုန်းကန်ပေါက်ကွဲအားကို တွေ့မြင်သည့်အခါ တုန်လှုပ်သွားရဆဲ ဖြစ်၏။

ထိုကဲ့သို့ငေးငိုင်နေစဥ် ပေမင်ရွှယ်က နောက်ထပ်အစေခံတစ်ယောက်ရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။ သူမ၏ နုနယ်ပျော့ပြောင်းသော လက်ဖဝါးကို ဆန့်ထုတ်ပြီး ထိုအစေခံ၏ဦးခေါင်းကို အပေါ်ကနေ အုပ်မိုးကာရိုက်ချလိုက်၏။

ဖောင်း...

အစေခံ၏ လည်ပင်းက ချက်ချင်းပင်ကျိုးထွက်သွား၏။

သူ၏ဦးခေါင်းသည် သူ၏ရင်ဝမ်းထဲသို့ ကျိတ်ဝင်သွားပြီး နေရာမှာပင်သေဆုံးသွား၏။

“ခွေးမ... နင်... နင်”

နောက်ဆုံးအခြေခံသည် လိပ်ပြာလွင့်မတက်ကြောက်လန့်သွားပြီး စကားကိုကောင်းကောင်းမပြောနိုင်တော့ပေ။

ပေမင်ရွှယ်က ထိုသူ၏ရှေ့သို့ ရောက်ရှိသွား၏။

သူမက မှင်သေသေဖြင့်ပြောဆိုလိုက်၏။

“နင်တို့ငရဲမှာ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုနိုင်အောင် သူတို့နှစ်ယောက်နောက်ကိုလိုက်သွားလိုက်တော့”

ဖြောင်း....

ပေမင်ရွှယ်က သူမ၏လက်ကိုဆန့်ထုတ်ပြီး ထိုသူ့ကို ပစ်ရိုက်လိုက်၏။

ထိုလူ၏ဦးခေါင်းက သူ၏လည်ပင်းကိုဗဟိုပြု၍ အကြိမ်ရေအနည်းငယ်လည်ပတ်သွားပြီးနောက် ရပ်တန့်သွားလေသည်။ သူက သေဆုံးသွားလေပြီ။

ဘုန်းခနဲမြည်သံနှင့်အတူ သူ၏သက်မဲ့အလောင်းက မြေပြင်ပေါ်သို့ပစ်လဲကျသွား၏။

ဖြစ်စဥ်တစ်ခုလုံးက အသက်သုံးရှိုက်စာမျှသာကြာခဲ့၏။

အခြေတည်အဆင့် ကျင့်ကြံသူသုံးယောက်က နေရာမှာပင် သေဆုံးသွားပြီဖြစ်၏။

ဆူဇီမိုက တိတ်တဆိတ်ခေါင်းညိတ်လိုက်၏။ ပေမင်ရွှယ်သည် တိတ်ဆိတ်ငြိမ်သက်နေစဥ် သူမက နူးညံသိမ်မွေ့၍ အားနည်းသောမိန်းကလေးတစ်ယောက်ဟု ထင်ရ၏။

သို့သော်လည်း သူမတိုက်ခိုက်လာပြီဆိုလျှင် သူမသည် သတ်ဖြတ်ရာမှာပြတ်သားလေသည်။ သူမ၏ တွေဝေတုံ့ဆိုင်းမှုမရှိဘဲ ရှင်းလင်းတိကျနေ၏။

“ဂါး...”

ထိုအခါမှသာလျှင် နန်းကုန်ယွီက နားလည်သဘောပေါက်လိုက်၏။

သူ့အောက်ဘက်ရှိ မြစိမ်းသွေးကျားသစ်သည် ပေမင်ရွှယ်ကို မာန်ဖီဟိန်းဟောက်နေသော်လည်း သူက မဆင်မခြင်ရှေ့သို့တက်လှမ်းရဲခြင်းမရှိပေ။

သားရဲများအနေဖြင့် သူတို့သည် အန္တရာယ်အပေါ် အာရုံခံစိတ်ထက်ရှလေသည်။ ပေမင်ရွှယ်သည် စောစောကသူမ၏ သွေးချီကိုအပြည့်အဝမထုတ်ဖော်ခဲ့သော်လည်း သူမသည် တချို့တစ်ဝက်ကို ထုတ်ဖော်ပြသခဲ့ပြီဖြစ်၏။

မြစိမ်းသွေးကျားသစ်သည် ပေမင်ရွှယ်ထံမှလာသော အန္တရာယ်များသည့်အော်ရာတစ်ခုကိုခံစားမိနေ၏။

အဲ့ဒါသည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် ရင်ဆိုင်ရသည်ထက်ပင် ပို၍ကြောက်စရာကောင်းသော ခံစားချက်ဖြစ်၏။

အဲ့ဒါကြောင့် မြစိမ်းသွေးကျားသစ်သည် ရွှေအမြုတေအဆင့်မှာရှိသော်လည်း ၎င်းက မဆင်မခြင်ပြုမူလှုပ်ရှားရဲခြင်းမရှိပေ။

ဖြစ်ပျက်နေသည့်အရာကို နန်းကုန်ယွီ နားလည်သွားချိန်မှာ အစေခံသုံးယောက်သ သေဆုံးသွားခဲ့လေပြီ။ သူ့အနေဖြင့် သူတို့ကိုကယ်တင်ချင်သည်ဆိုလျှင်တောင် နောက်ကျသွားခဲ့လေပြီ

“ပေမင်ရွှယ်... နင်ဘယ်လိုတောင်လုပ်ရဲတာလဲ”

နန်းကုန်ယွီ၏ အမူအရာက သုန်မှုန်လာပြီး ရွှေအမြုတေတစ်ယောက်အဖြစ် သူ၏အော်ရာကိုထုတ်ဖော်ကာ အေးစက်စွာဖြင့်ပြောဆိုလိုက်၏။

“နင်ငါ့ရဲ့အစေခံတွေကိုဘယ်လိုတောင်သတ်ရဲတာလဲ... နင်အသက်ရှင်ရတာ ပင်ပန်းနေပြီလား”

“နင့်ရဲ့အစေခံတွေကိုသတ်တာက အစပဲရှိသေးတယ်”

ပေမင်ရွှယ်၏အကြည့်က မြစိမ်းသွေးကျားသစ်ပေါ်သို့ ရောက်ရှိသွား၏။

သူမက ခံစားချက်ကင်းမဲ့စွာဖြင့်ပြောဆိုလိုက်၏။

“အဲ့ဒီတောကောင်... ငါ့ကိုအော်နေတာ ငါမကြိုက်ဘူး”

သူမစကားမဆုံးသေးခင်မှာပင် သူမကတိုက်ခိုက်လိုက်ပြီဖြစ်၏။

All Chapters