သူများဖြစ်နေမလား
Vol. 90 Ch. 1345
ဆူဇီမိုသည်လည်း အကြောက်လွန်၍ သေဆုံးသွားသော နန်းကုန်ရှန်ကိုကြည့်ပြီး ကြောင်အ,မှင်တက်သွား၏။
“ငါ့ရဲ့တာအိုဘွဲ့က အဲ့လောက်တောင်ကြောက်စရာကောင်းနေပြီလား”
ဆူဇီမိုက သူ့ကိုယ်သူအပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲအပြီး၌ တာအိုအရှင်အထီးကျန်သိုင်းသခင်ဟူသော စကားလုံးသည် တဗူးတစ်ခုဖြစ်လာလုနီးပါးပင်။
ထျန်ဟွမ်ကုန်မြေတိုက်ကြီးရှိ ကျင့်ကြံသူများသည် ထိုနာမည်ကိုကြားရချိန်တွင် တုန်လှုပ်ကြရမည်ဖြစ်၏။
တိုက်ပွဲက အရမ်းကိုကြောက်စရာကောင်းခဲ့၏။
တာအိုအရှင် အထီးကျန်သိုင်းသခင်ကို နောက်ဆုံးမှာ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်က လေဟာနယ်ထဲသို့ တွန်းပို့နိုင်ခဲ့သော်လည်း ကောင်းကင်နှင့်မြေကြီး တောင်ကြားတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသေဆုံးခဲ့ရ၏။ ဤနှစ်များအတွင်း လွန်ခဲ့သည့်နှစ်တစ်သောင်းက မြောက်ပိုင်းဒေသကပ်ဘေးကလွဲလျှင် ထိုတိုက်ပွဲနှင့် ယှဥ်နိုင်သော အခြားတိုက်ပွဲမရှိတော့ပေ။
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များနှင့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး ပေါ်ထွက်လာမှုကြောင့်သာမဟုတ်လျှင် ထိပ်သီးဂိုဏ်းကြီးများမှ ပညာရှင်များအားလုံးသည် တာအိုအရှင်အထီးကျန်သိုင်းသခင်၏ သုတ်သင်ခြင်းကို ခံရပေလိမ့်မည်။
ရှေးတော်ဝင်မိသားစု ၃စုသည် ထိုတိုက်ပွဲတွင် မပါဝင်ခဲ့ကြသော်လည်း တောင်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကသည် ထိုသတင်းကိုကြားရသောအခါ တုန်လှုပ်သွားရဆဲ ဖြစ်၏။
နန်းကုန်ရှန်သည် ပေမင်မြို့အနီးနားတစ်ဝိုက်မှာ အတော်အတန် အရေးပါအရာရောက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။
သို့သော်လည်း သူသည် နိုးထဝိညာဥ်တစ်ယောက်သာဖြစ်၏။ သူသည် အစကတည်းက ဆူဇီမို၏နည်းလမ်းများမှာ လဲပြိုကျလုနီးပါးဖြစ်နေခဲ့၏။
တာအိုအရှင်အထီးကျန်သိုင်းသခင်ဟူသော စကားကိုကြားရချိန်တွင် သူက လိပ်ပြာလွင့်အောင် ကြောက်လန့်ပြီး သေဆုံးသွားရလေသည်။ ဆူဇီမိုသည် သူတို့၏ သိုလှောင်အိတ်များကိုဖြုတ်ပြီး သူ၏ဝတ်ရုံစထဲသို့ ထိုးထည့်လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က ချုပ်နှောင်ခံလိုက်ရပြီး သူက သူ၏ဓမ္မစွမ်းအားများကို အသုံးပြုနိုင်ခြင်းမရှိသလို သဲလွန်စများကို ဖျောက်ဖျက်ဖို့အတွက် သူတို့၏အလောင်းများကို ဖျက်ဆီးပစ်ဖို့ကလည်း သူ့အတွက်မသင့်တော်ပေ။
သူသည် အလောင်းသုံးလောင်းကိုသယ်ပြီး အနီးနားတောအုပ်ထဲသို့ ပစ်ထည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ညက အတော်လေးနက်လာပြီဖြစ်၏။
တောအုပ်ထဲတွင် ငှက်များနှင့် တောကောင်များသည် ကျင်လည်ကျက်စားနေကြပြီး ဟိန်းဟောက်သံများကို နေရာတိုင်းမှာ ကြားနေရ၏။ တောအုပ်၏ နေရာတိုင်းမှာ သတ်ဖြတ်မှုများက စတင်ဖြစ်ပေါ်နေ၏။
နိုးထဝိညာဥ်သုံးယောက်၏ အလောင်းများသည် မကြာခင် သားရဲတောကောင်များ၏ ဝါးမျိုခြင်းကိုခံလိုက်ရ၏။
ထိုသို့ပြုလုပ်ပြီးနောက် ဆူဇီမိုသည် ဖုန်မှုန့်များကိုခါပြီး လှည့်ထွက်ကာ ပေမင်မြို့သို့ ပြန်ရောက်လာ၏။
ပေမင်ရွှယ်က သူမ၏အခန်းထဲမှာ အသက်ရှုသွင်းရှုထုတ်လေ့ကျင့်ခန်းကို ပြုလုပ်နေဆဲ ဖြစ်၏။ အစကနေ ယခုအချိန်ထိ သူမက မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။
တစ်စုံတစ်ယောက်သည် သူမအတွက် သေရေးရှင်ရေးကပ်ဘေးတစ်ခုကိုဖြေရှင်းပေးခဲ့ကြောင်း သူမက မသိရှိပေ။
ဆူဇီမိုသည် တည်ငြိမ်စွာပြုံး၍ သူ၏အခန်းထဲသို့ ပြန်ရောက်လာခဲ့၏။ သူသည် ပေမင်ရွှယ်ကို ဤအကြောင်းနှင့်ပတ်သက်၍ ပြောပြဖို့စိတ်ကူးမရှိပေ။
ဆူဇီမိုအတွက်တော့ နိုးထဝိညာဥ်သုံးယောက်သည် အရေးမပါအရာမရောက်သော ပုရွက်ဆိတ်များဖြစ်ပြီး ဤကိစ္စက ဘာမှမဟုတ်ပေ။
နောက်မနက်၌ ပေမင်ရွှယ်သည် စားစရာများကိုပြင်ဆင်ပြီး ဆူဇီမို၏အခန်းထဲသို့ ပို့ပေးလိုက်၏။
သူသည် ပြီးခဲ့သည့်ညက သိုလှောင်အိတ်သုံးအိတ်ကိုထုတ်ယူပြီး ပေမင်ရွှယ်ကို ကမ်းပေးလိုက်၏။
“အဲ့ဒါတွေကို ယူလိုက်... ငါ့အတွက်အဲ့ဒါတွေ မလိုဘူး”
“ဒါက...”
ပေမင်ရွှယ်သည် သိုလှောင်အိတ်သုံးအိတ်ကို လက်ခံယူပြီး စစ်ဆေးကြည့်လိုက်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
“ဒါတွေက... နိုးထဝိညာဥ်တွေရဲ့ သိုလှောင်အိတ်တွေလား”
သူမက အတည်ပြုဖို့ မေးကြည့်လိုက်၏။
“ဟုတ်မှာပေါ့”
ပေမင်ရွှယ်က ထပ်မေးလိုက်၏။
“လူကြီးမင်းဆူ... ရှင်ဒါတွေကို ဘယ်ကနေရလာခဲ့တာလဲ”
“ပြီးခဲ့တဲ့ညက ငါလမ်းလျှောက်ထွက်ရင်း လမ်းမှာတွေ့လို့ ကောက်လာတာ”
ဆူဇီမိုက သာမန်ကာလျှံကာပြန်ဖြေလိုက်၏။
ပေမင်ရွှယ်သည် သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ထပ်မံ၍ မမေးတော့ပေ။
တကယ်တော့... သိုလှောင်အိတ်သုံးအိတ်ပေါ်တွင် သေချာဂရုစိုက်မကြည့်သရွေ့ သတိထားမိဖို့ခက်ခဲသော ထူးခြားသည့် အမှတ်တံဆိပ်တစ်ခုရှိနေ၏။
သို့သော်လည်း ပေမင်ရွှယ်သည် ပေမင်ရှေးတော်ဝင်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုကဲ့သို့သောအမှတ်တံဆိပ်များနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လေသည်။
သူမထင်တာမမှားဘူးဆိုလျှင် သိုလှောင်အိတ်သုံးအိတ်ပေါ်ရှိ အမှတ်တံဆိပ်များသည် နန်းကုန်ရှေးတော်ဝင်မိသားစုထံမှ လာခြင်းဖြစ်၏။
အဲ့ဒါတွေက နန်းကုန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်သုံးယောက်၏ သိုလှောင်အိတ်များဖြစ်၏။
ဆူဇီမိုသည် အဲ့ဒါကို တည်ငြိမ်စွာပြောခဲ့သော်လည်း ပေမင်ရွှယ်သည် သူ၏လေသံမှ သွေးရောင်တစ်စွန်းတစ်စကို ခံစားမိနိုင်၏။
ပေမင်ရွှယ်က လိမ္မာပါးနပ်ပြီး ဆက်လက်၍ မေးမြန်းခြင်း မရှိတော့ပေ။
သူမက သိုလှောင်အိတ်သုံးအိတ်ကို သူမ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
နိုးထဝိညာဥ်များ၏ သိုလှောင်အိတ်များပေါ်တွင် စိတ်ဝိညာဥ်အသိစိတ်ချိပ်စည်းတစ်ခုစီရှိနေပြီး သူမ၏ ကျင့်ကြံမှုအဆင့်က အဲ့ဒါကို ချေဖျက်ဖို့ မလုံလောက်သေးပေ။
သူမသည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကို အရင်ကျင့်ကြံရပေမည်။
“ရှေးတော်ဝင်မိသားစု ပြိုင်ပွဲက နောက်တစ်နှစ်ကျော်နေရင် စမှာမလား”
ဆူဇီမိုက သာမန်ကာလျှံကာမေးလိုက်၏။
“အင်း...”
ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက သူ၏ခေါင်းကိုမော့ပြီး ပေမင်ရွှယ်ကို ကြည့်လိုက်၏။
“မင်း.... လက်စားချေချင်လား”
ပေမင်ရွှယ်က သူမ၏ခေါင်းကို အနည်းငယ် ငုံ့ထား၏။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဟုတ်ကဲ့”
ဆူဇီမိုသည် ထိုမိန်းကလေးက အနည်းငယ်အကျပ်တွေ့နေသည်ကို ပြောနိုင်၏။
ပေမင်ရှေးတော်ဝင်မိသားစုသည် ကျဆင်းသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုနှင့် နှိုင်းယှဥ်လျှင် အဲ့ဒါသည် ပုရွက်ဆိတ်တစ်ကောင်က နတ်ဆင်တစ်ကောင်ကို အံတုနေခြင်းနှင့်တူနေ၏။
ပေမင်ရွှယ်နှင့် ဒေါင်ဖန်ကျစ်အကြား အတင့်အတန်းကွာဟချက်ကလည်း ကြီးမားနေ၏။
ဒေါင်ဖန်ကျစ်သည် မင်းသမီးတစ်ပါးကဲ့သို့ မြင့်မားသောနေရာမှာရှိပြီး စွမ်အားကြီးမားနေ၏။
သူမအတွက်တော့ သူမသည် အောက်ခြေကနေရုန်းကန်နေရသော အဆင့်နိမ့်မော်တယ်တစ်ယောက်နှင့်တူလေသည်။
သူမသည် သွေးချီရွှေအမြုတေတစ်ခုကိုကျင့်ကြံထားခဲ့ပြီး သူမ၏ တိုက်ခိုက်ရည်ခွန်အားက အရင်ကထက်သာလွန်လာခဲ့ပြီဖြစ်သော်လည်း သူမသည် သူမ၏လက်ရှိကံကြမ္မာကနေ မလွတ်မြောက်နိုင်သေးပေ။
သူမ၏ သေခြင်းရှင်ခြင်းကို ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်နိုင်နေဆဲ ဖြစ်၏။
“သွားပြီးကျင့်ကြံ... မင်းက အခုမှ သွေးချီရွှေအမြုတေကိုပဲ ကျင့်ကြံရသေးတယ်... ခိုကပ်မနေနဲ့”
ဆူဇီမိုကပြုံးလိုက်၏။
“သိုင်းတာအိုရဲ့ နောက်ပိုင်းအသွင်ပြောင်းလဲခြင်းသုံးရပ်ကမှ သိုင်းသုတ္တန်ရဲ့ တကယ့်အနှစ်သာရပဲ... မင်းက နောက်ဆုံးအသွင်ပြောင်းလဲခြင်းကို ကျင့်ကြံနိုင်မယ်ဆိုရင် မင်းကနောက်တစ်နှစ်နေလို့ ရှေးတော်ဝင်မိသားစုပြိုင်ပွဲကျရင် ရှေးတော်ဝင်မိသားစု ၃စုက မျိုးဆက်သစ်ပြိုင်စံရှားတွေအားလုံးကို ဖိနှိမ်လာနိုင်လိမ့်မယ်”
ပေမင်ရွှယ်က အလေးအနက်ခေါင်းညိတ်ပြလိုက်၏။
တကယ်တော့... သူမသည်ခါးသက်စွာ ခံစားနေရဆဲ ဖြစ်၏။
သူမ၏တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ဘုံကို ဖီဆန်နိုင်သော်လည်း သူမသည် ရှေးတော်ဝင်မိသားစု ၃စု မှပြိုင်စံရှားများကို ဆန့်ကျင်ဖို့ မတတ်နိုင်ပေ။
သူမအတွက်သာဆိုလျှင် အဲ့ဒါက အဆင်ပြေလေသည်။ အလွန်ဆုံး သူမက သေရရုံသာရှိပေမည်။
သို့သော်လည်း သူမသည် သူမ၏မောင်လေးနှင့် ပေမင်ကလန် ရောပါငြိစွန်းမည်ကို စိုးရိမ်ပူပန်နေ၏။
သူမ၏ ရင်ထဲတွင် ဝန်ထုပ်ဝန်ပိုးများစွာနှင့် ငဲ့ကွက်စရာများရှိနေသေး၏။
သူမသည် လွန်ခဲ့သည့်ရက်က နန်းကုန်ယွီကိူ လွှတ်ပေးခဲ့သည်မှာလည်း သူမ စိုးရိမ်ပူပန်နေခဲ့သောကြောင့်ဖြစ်၏။
သူမအနေဖြင့် သူမစိတ်ရှိသလို အတိအကျလက်စားချေနိုင်ဖို့က မလွယ်ကူလှပေ။
ပေမင်ရွှယ်၏ စိုးရိမ်ပူပန်မှုများကို ဆူဇီမိုကပြောနိုင်လေသည်။ သို့သော်လည်း သူက ဘာမှဝင်ရောက်ပြောဆိုခြင်းမရှိပေ။
ဤနှစ်များအတွင်း သူသည် အခန်းထဲမှာသာရှိနေခဲ့ပြီး တိုက်ခိုက်ခဲ့ခြင်းမရှိသလောက်နီးပါးဖြစ်ပြီး သူ၏သရုပ်သကန်ကိုလည်း ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
သူက ပေမင်ရွှယ်ကြီးထွားဖို့အတွက် လုံလောက်သည့်အချိန်နှင့် အခွင့်အရေးကိုပေးချင်လေသည်။ သူ၏သရုပ်သကန်က ပေါက်ကြားသွားမည်ဆိုလျှင် အတောမသတ်နိုင်သော ပြဿနာများက တောက်လျှောက်လိုက်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူသည် သူ့ကိုယ်သူပင် အနိုင်နိုင်ဂရုစိုက်နေရပြီး ပေမင်ရွှယ်ကို တာအိုသင်ကြားပေးဖို့ အချိန်နှင့်စွမ်းအင် ကျန်ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုငြိမ်သက်နေခြင်းမှာ သူက လှုပ်ရှားခြင်းပြုလုပ်မှာမဟုတ်ဟု မဆိုလိုပေ။
လက်ရှိတွင် သူက အနားယူနေသော အစစ်အမှန်နဂါးတစ်ကောင်ဖြစ်၏။
သူကငြိမ်သက်၍ မလှုပ်မယှက်ရှိနေစဥ် အရာရာတိုင်းက တည်ငြိမ်အေးချမ်းနေပေလိမ့်မည်။
သို့သော်လည်း အစစ်အမှန်နဂါးတစ်ကောင်က သူ၏မျက်လုံးကိုဖွင့်လိုက်သည်နှင့် လောကက တုန်လှုပ်သွားရပေလိမ့်မည်။
“ရှေးတော်ဝင်မိသားစုပြိုင်ပွဲကတော့...”
ဆူဇီမိုက သူ၏မျက်လုံးကိုမှေးကျဥ်းပြီး တီးတိုးရေရွတ်လိုက်၏။
. . . . .
ဆယ်ရက်နေပြီးနောက် နန်းကုန်စံအိမ်တွင်...
အစည်းအဝေးခန်းမတွင် နန်းကုန်ယွီသည် အိုးတိုးအမ်းတမ်းအမူအရာဖြင့် အလယ်မှာထိုင်နေ၏။ သူ၏ဘေးတွင် သွေးသံရဲရဲ အဝတ်အစားတချို့ရှိနေပြီး သူ၏မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်ကို တွေ့မြင်နိုင်၏။
အဖိုးအိုအချို့က သုန်မှုန်နေသော်အမူအရာများဖြင့် အောက်မှာထိုင်နေကြ၏။
“အဲ့လိုဆိုရင်... သူတို့သုံးယောက်က သေသွားပြီပေါ့”
အဖိုးအိုတစ်ယောက်က မေးလိုက်၏။
နန်းကုန်ယွီကခေါင်းညိတ်ပြပြီး သူ၏ဘေးရှိ သွေးသံရဲရဲအဝတ်အစားများကို လက်ညိုးထိုးပြလိုက်၏။
“အဲ့ဒါက မှားစရာမရှိဘူး... အဖေက အဲ့ဒီကိုမသွားခင် ဒီတာအိုဝတ်ရုံကို ဝတ်ဆင်ခဲ့တာ”
အဖိုးအိုတစ်ယောက်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေ၏။
“တောအုပ်ထဲကို ကျုပ်စစ်ဆေးကြည့်ပြီးသွားပြီ... အဲ့ဒီမှာ အသန်မာဆုံး စိတ်ဝိညာဥ်သားရဲတွေက ရွှေအမြုတေအဆင့်မှာပဲရှိကြသေးတယ်... သခင်ကြီးနဲ့ တခြားသူတွေက အဲ့ဒီမှာဘယ်လိုလုပ်သေနိုင်ပါ့မလဲ”
“အဲ့ဒီမှာ စွမ်းအားကြီးမားတဲ့ မိစ္ဆာသားရဲတချို့ ပုန်းကွယ်နေပြီး သခင်ကြီးကို တိုက်ခိုက်သတ်ဖြတ်လိုက်တာများလား”
အဖိုအိုတစ်ယောက်ကမေးလိုက်၏။
“မဖြစ်နိုင်ဘူး”
နန်းကုန်ယွီကခေါင်းခါ၍ အံကိုကြိတ်လိုက်၏။
“အဲ့ဒါက ဘယ်လိုလုပ်အဲ့လောက်ထိ တိုက်ဆိုင်နိုင်ပါ့မလဲ... အဖေက ပေမင်မြို့ကို သွားခဲ့တာ ဒါပေမယ့်... ချက်ချင်းဆိုသလို အခုလိုကိစ္စတွေက သူ့အပေါ်ကိုဖြစ်လာခဲ့တယ်”
“ပေမင်မြို့မှာ ပညာရှင်တချို့ရှိနေတယ်လို့ ခင်ဗျားက ပြောချင်တာလား”
အဖိုအိုတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။
“အခုချိန်မှာ ပေမင်မြို့ရဲ့အသန်မာဆုံးသူက သူတို့ရဲ့ကလန်ခေါင်းဆောင် နိုးထဝိညာဥ်တစ်ယောက်ပဲ... သူက ဘဝသက်တမ်းများစွာမကျန်ရှိတော့လို့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကျုပ်ကိုတောင်မယှဥ်နိုင်ဘူး... သူက သခင်ကြီးကိုဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ”
“အဲ့ဒါသူမဟုတ်ဘူး”
နန်းကုန်ယွီက ခေါင်းခါပြပြီး သူ၏စိတ်ထဲသို့ မမာမကျန်းပုံစံနှင့် အစိမ်းရောင်ပုံရိပ်တစ်ခုက ထင်ဟပ်လာ၏။ သူက ရင်တစ်ချက်ထိတ်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒါက... သူများဖြစ်နေမလား”