← Chapters

ပြန်လာကြပြီ

Vol. 90 Ch. 1347

ပြန်လာကြပြီ

Vol. 90 Ch. 1347

စံအိမ်ဝင်ပေါက်ဝ၌ ကျင့်ကြံသူအချို့မတ်တတ်ရပ်နေကြပြီး သူတို့၏မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှုများနှင့်အတူ အပြာရောင်ဝတ်ရုံနှင့်လူကို ရိုသေလေးစားစွာဖြင့် မော့ကြည့်နေကြ၏။

သူတို့ဆိုသည်မှာ အဝေးကနေ ရောက်ရှိလာကြသော နန်းကုန်ယွီနှင့်အခြားသူများဖြစ်ကြ၏။

နန်းကုန်ယွီအပြင် အခြားသောလူအိုသုံးယောက်မှာ နိုးထဝိညာဥ်များဖြစ်ပြီး သူ၏ဦးလေးများဖြစ်၏။

“ဦးလေးလင်းကိုနှုတ်ဆက်ပါတယ်... ကျုပ်က နန်းကုန်ယွီပါ”

အပြာရောင်ဝတ်လူက ဆင်းသက်မလာခင်မှာပင် နန်းကုန်ယွီက အလေးအနက်ဦးညွှတ်၍ အော်ပြောလိုက်၏။

“ဦးလေးလင်းတဲ့လား”

တိမ်စိုင်ပေါ်တွင် တက်ကြွသောမိန်းကလေးက ခိုးခိုးခစ်ခစ်ရယ်လိုက်၏။

“စီနီယာအစ်ကိုနန်းကုန်... ရှင်က တော်တော်လေးဝါစဥ်ကြီးတာပဲ”

အပြာရောင်ဝတ်လူက အောက်ဘက်ရှိနန်းကုန်ယွီကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

နန်းကုန်ယွီသည် ရှေးတော်ဝင်မိသားစု၏ သွေးနှောမျိုးဆက်တစ်ခုမှဖြစ်သည်ကို သူပြောနိုင်၏။

သို့သော်လည်း သူသည် ဤလူနှင့် မည်သည့်ပတ်သက်ဆက်နွယ်မှုမှ မရှိခဲ့ပေ။

“ငါတို့တစ်ယောက်ကိုတစ်ယောက်... သိလို့လား”

အပြာရောင်ဝတ်လူက တိမ်စိုင်ထက်ကနေ အမျိုးသမီးနှစ်ယောက်နှင့်အတူလျှောက်လှမ်းလာပြီး သူ့ရှေ့ရှိကိုင်းညွှတ်ထားသော နန်းကုန်ယွီကိုကြည့်ကာ မှင်သေသေဖြင့်မေးလိုက်၏။

သူသည် တကယ်ပင် မောက်မာဝံ့ကြွားခွင့်ရှိလေသည်။ သူသည် မူလနတ္ထိတစ်ယောက်ဖြစ်ပြီး သူ့ရှေ့ရှိနန်းကုန်ယွီက ရွှေအမြုတေတစ်ယောက်သာဖြစ်၏။

နန်းကုန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေဖြင့် ပုံမှန်အားဖြင့်ဆို သူသည် သွေးနှောမျိုးဆက်မှလာသော ရွှေအမြုတေတစ်ယောက်ကို အရေးလုပ်နေလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါ သူ့ဘေးတွင် မိန်းမလှလေးရှိနေသည့်အတွက် သူသည် အလွန်အကျွံမပြုမူနိုင်ဘဲ ဤကဲ့သို့မေးမြန်းလိုက်ခြင်းဖြစ်၏။

“အမ်....”

နန်းကုန်ယွီက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးလိုက်၏။

“လွန်ခဲ့တဲ့နှစ်တော်တော်များများက ကျုပ်က ခင်ဗျားကိုတစ်ခါတွေ့ခဲ့ဖူးတယ်... ခင်ဗျားကတော့ ကျုပ်ကို မှတ်မိမှာမဟုတ်ဘူး”

“ဟုတ်တယ်... ငါမမှတ်မိဘူး”

အပြာရောင်ဝတ်လူက ခေါင်းညိတ်ပြလိုက်၏။

သူ့ဘေးရှိတက်ကြွသောမိန်းကလေးက တဟားဟားရယ်မောလိုက်၏။

အဖြူရောင်ဝတ်အမျိုးသမီးက သူမကိုစိုက်ကြည့်လိုက်လေသည်။ အဲ့ဒီနောက် သူမ၏အပြုအမူက အနည်းငယ်ရိုင်းပျသွားသည်ကို သိရှိသွားပြီး တက်ကြွသောမိန်းကလေးက သူမ၏အပြုံးကိုရုပ်သိမ်းကာ ဆက်လက်နားထောင်နေလိုက်၏။

နန်းကုန်ယွီကလည်း ရယ်မောလိုက်၏။ အဖိုးအိုအချို့ကလည်း စိုးရွံ့နေပုံရပြီး ဘေးကနေ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်၏။

“တစ်ခုခုရှိလို့လား”

အပြာရောင်ဝတ်လူက မေးလိုက်၏။

“ဟုတ်-ဟုတ်ကဲ့”

နန်းကုန်ယွီက အလောတကြီးပြောလိုက်၏။

“ကျုပ်အဖေက တစ်ယောက်ယောက်ရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရတာဖြစ်လောက်တယ်... ဦးလေးလင်းက ကျုပ်အတွက် တရားမျှတမှုကို ရှာဖွေပြီး လက်စားချေပေးနိုင်မလားလို့”

“ဖြစ်လောက်တယ် ဟုတ်လား”

အပြာရောင်ဝတ်လူက မျက်မှောင်ကြုတ်လိုက်၏။

“သေချာပါတယ်”

နန်းကုန်ယွီက သူ၏စကားကို အလျင်အမြန်ပြောင်းလိုက်၏။

“အဲ့ဒါက ပေမင်မြို့က တစ်ယောက်ယောက်ရဲ့လက်ချက်ပဲ သေချာပေါက်ဖြစ်ရမယ်”

အပြာရောင်ဝတ်လူက စိတ်ဝင်စားမှုသိပ်မရှိပေ။

“ပေမင်ကလန်မှ ကလန်သားများများစားစားမကျန်တော့ဘူး... သူတို့က သူတို့ကလန် ဖျက်ဆီးချေမှုန်းခံရမဲ့အန္တရာယ်ကိုသိရက်နဲ့ မင်းအဖေကို ဘာလို့သတ်ဖို့ကြိုးစားမှာလဲ”

“ဒါက...”

နန်းကုန်ယွီက ခဏမျှတွေဝေသွားပြီး မှင်တက်နေ၏။

အပြာရောင်ဝတ်လူက ဆက်ပြောလိုက်၏။

“နောက်ပြီး... ရှေးတော်ဝင်မိသားစု ၃စုက ဒီနှစ်တွေထဲမှာ ပေမင်ကလန်ကို ဖိနှိမ်နေခဲ့တာပဲ ငါမှတ်မိတာတော့... ပေမင်ကလန်မှာ ပညာရှင်များများစားစားမကျန်တော့ဘူး... သူတို့က မင်းအဖေကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”

“ကျုပ်အဖေကိုသတ်တဲ့သူက အပြင်လူတစ်ယောက်ဖြစ်လိမ့်မယ်”

နန်းကုန်ယွီက အလောတကြီးပြောလိုက်၏။

“သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်... သူ့ရဲ့ကျင့်ကြံမှုအဆင့်ကိုကျုပ်မပြောနိုင်ဘူး... သူက အစိမ်းရောင်ဝတ်ရုံကို တစ်ချိန်လုံးဝတ်ဆင်ပြီးတော့ အပြင်းအထန်ဖျားနာနေတဲ့ပုံပဲ... သူက အိမ်ခြေရာမဲ့ စာပေသမားတစ်ယောက်နဲ့လည်းတူတယ်”

အစိမ်းရောင်ဝတ်ရုံဟူသောစကားကိုကြားရချိန်တွင် အဖြူရောင်ဝတ်အမျိုးသမီးက အနည်းငယ်မှက်တက်ငေးမောသွား၏။ သူမသည် တစ်စုံတစ်ရာကိုတွေးမိသွားပြီး မှိန်​ဖျော့သွားသော အမူအရာနှင့်အတူ သူမ၏ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။

“ဟန်ယန်ဘာဖြစ်လို့လဲ”

အပြာရောင်ဝတ်လူက အဖြူရောင်ဝတ်အမျိုးသမီး၏ထူးခြားမှုကို သတိထားမိသွားပြီး အသံတစ်ခုကို စိတ်ဖြင့်ပို့လွှတ်၍မေးလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး”

အဖြူရောင်ဝတ်အမျိုးသမီးက သူမ၏ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“အစိမ်းရောင်ဝတ်ရုံလို့သူပြောတော့ ဆရာဘိုးလေးကိုသတိရသွားလို့... သူကလည်း အစိမ်းရောင်ဝတ်ရုံကို နှစ်သက်တယ်လေ ကံဆိုးစွာနဲ့ပဲ....”

သူမက သက်ပြင်းချလိုက်လေသည်။

“ဘာမှဝမ်းနည်းမနေနဲ့”

အပြာရောင်ဝတ်လူက သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ကောင်းကင်ဘုံက ဆရာဘိုးလေးကိုကောင်းချီးပေးမှာပါ... သူက လေဟာနယ်စီးကြောင်းထဲကို ပို့ခံလိုက်ရတယ်ဆိုရင်တောင် သေသွားမှာမဟုတ်လောက်ဘူး”

နောက်ဆုံးမှာတော့... သူပင်လျှင် သူ့စကားကို မယုံကြည်ဘဲ သူ၏လေသံက အားပျော့သွား၏။

နန်းကုန်ယွီက ဆက်ပြောလေသည်။

“ဦးလေးလင်း... ကျေးဇူးပြုပြီး ကျုပ်ကိုလက်စားချေပေးပါ... ကျုပ်က ဒီမျက်နှာသာပေးမှုကို သေချာပေါက်မှတ်ထားပြီး ကျုပ်အသက်နဲ့ပြန်ပေးဆပ်ပါ့မယ်”

တကယ်တော့ ဦးလေးလင်းထံမှ အကူအညီတောင်းခြင်းသည် နန်းကုန်ယွီ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုသာလျှင်ဖြစ်၏။

ပို၍အရေးကြီးသည်မှာသူသည် ဤအခွင့်အလမ်းကိုအသုံးချပြီး ဦးလေးလင်းနှင့် ရင်းနှီးလာအောင်လုပ်ရပေမည်။ ထိုအခါ နောင်တစ်ချိန်တွင် သူက တိုက်ရိုက်မျိုးဆက်ထဲသို့ဝင်ရောက်ဖို့ အခွင့်အရေးတချို့ရှိလာပေလိမ့်မည်။

ဘေးတွင်ရှိသော တက်ကြွသောမိန်းကလေးက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

“ငါသာနင့်နေရာမှာဆိုရင်... တစ်ယောက်ယောက်က ငါ့အဖေကို သတ်သွားမယ်ဆို ငါကိုယ်တိုင်သေချာပေါက်လက်စားချေမှာပဲ... ငါ့ရဲ့ကျင့်ကြံမှုအဆင့်က အခုချိန်မှာမလုံလောက်သေးဘူးဆိုရင် အဲ့ဒါက ခက်ခဲကောင်းခက်ခဲလိမ့်မယ်... ဒါပေမယ့် အနှေးနဲ့အမြန်ဆိုသလို ငါ့အဖေအတွက် ငါကိုယ်တိုင်လက်စားချေမိမှာပဲ”

နန်းကုန်ယွီသည် နီမြန်းသွားသောမျက်နှာဖြင့် ရှက်ကိုးရှက်ကန်းပြုံးကာ စိတ်ထဲမှာ မချင့်မရဲ ခံစားလိုက်ရ၏။

သို့သော်လည်း သူက မိန်းကလေး၏ သရုပ်သကန်ကိုမသိရှိသည့်အတွက် မဆင်မခြင်ခွန်းတုံ့မပြန်ရဲပေ။

အပြာရောင်ဝတ်လူကလည်း ပခုံးတွန့်ပြပြီး လက်ကာပြလိုက်၏။

“သူပြောသလိုပဲ... မင်းက လက်စားချေချင်တယ်ဆိုရင် မင်းကိုယ်တိုင်အဲ့ဒါကိုလုပ်ပေါ့... ဘာလို့ငါ့ကိုလာရှာနေတာလဲ ငါစိတ်မဝင်စားဘူး”

ထိုသို့ပြောပြီးသည်နှင့် သူသည် အမျိုးသမီးနှစ်ယောက်ကို ဦးဆောင်ကာ စံအိမ်ဆီသို့ဝင်ရောက်လိုက်၏။

သူက တကယ်ပင်စိတ်ဝင်သားမှုမရှိပေ။

သူသည် သွေးနှောမျိုးဆက်မှ ကလန်သားများ လာရောက်အကူညီတောင်းသည်ကို ​ဖြေရှင်းပေးနေမည်ဆိုလျှင် သူသည် နေ့စဥ်နေ့တိုင်း အနားယူရမည်မဟုတ်ဘဲ မောပန်းလွန်းလို့​သေသွားနိုင်လေသည်။

ဒါ့အပြင် သူက မိန်းမလှလေးတစ်ယောက်ကို အဖော်ပြုပေးနေရ၏။ သူက ဤကဲ့သို့သောကိစ္စများကို အရေးတယူလုပ်နေဖို့ စိတ်ကူးရှိလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ရှေးတော်ဝင်မိသားစုပြိုင်ပွဲသည် ရက်အနည်းငယ်ကြာလျှင် ကျင်းပမည်ဖြစ်၏။ သူသည် နန်းကုန်ရှေးတော်ဝင်မိသားစုမှ သူ၏ကလန်သားများကို ခေါ်ဆောင်သွားရမည်ဖြစ်ပြီး ဤကဲ့သို့သော အရေးမပါသည့်ကိစ္စများနှင့် သူ၏အချိန်ကို မဖြုန်းလိုပေ။

နန်းကုန်ယွီက စိုးရိမ်ကြောင့်ကြသွား၏။

အပြာရောင်ဝတ်လူက စံအိမ်ထဲသို့ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သူ၏ခေါင်းထဲသို့ အတွေးတစ်ချက်က ဖျပ်ခနဲဝင်ရောက်လာပြီး သူက ကပျာကယာအော်ပြောလိုက်၏။

“ဦး​လေးလင်း... ကျုပ်အဖေအသတ်ခံရတဲ့ကိစ္စက သူက ပေမင်ရှေးတော်ဝင်မိသားစုက လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားတာကြောင့်ဖြစ်ဖို့များတယ်”

“ဟမ်...”

အပြာရောင်ဝတ်လူက သူ၏​ခြေလှမ်းကိုရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ဤသတင်းက အတော်လေးစိတ်ဝင်စားစရာကောင်း၏။

“လျှို့ဝှက်ချက်လား... ဘာလျှို့ဝှက်ချက်လဲ”

တက်ကြွသောမိန်းကလေး၏ မျက်လုံးကဝင်းလက်သွားပြီး အလောတကြီးမေးလိုက်၏။

အပြာရောင်ဝတ်လူက တိတ်တဆိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒဏ္ဍာရီအရဆို ပေမင်ရှေးတော်ဝင်မိသားစုက ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို စောင့်ထိန်းနေခဲ့ကြတာ... ဒါပေမယ့်လို့ ဒီနှစ်တွေထဲမှာ ဘယ်သူကမှ အဲ့ဒါကိုမရှာဖွေနိုင်ခဲ့ဘူး”

“ဒီလောက်နှစ်တွေကြာတာတောင် ဘယ်သူကမှမရှာဖွေနိုင်ဘူးဆိုရင် အဲ့ဒါက သတင်းအတုမို့လို့နေမှာပေါ့”

တက်ကြွသောမိန်းကလေးက အနည်းငယ်စိတ်ပျက်သွားပြီး နှုတ်ခမ်းစူလိုက်၏။

“ငါလည်းသေချာမပြောတတ်ဘူး... ဒါပေမယ့်လို့ သမိုင်းအစဥ်အဆက် ရှေးတော်ဝင်မိသားစု ၃စုက ကျင့်ကြံသူအများစုက အဲ့ဒီဒဏ္ဍာရီကို ယုံကြည်လက်ခံကြတယ်”

အပြာရောင်ဝတ်လူက ပြောလိုက်၏။

နန်းကုန်ယွီသည် အပြာရောင်ဝတ်လူငြိမ်သက်စွာ ရပ်တန့်သွားသည်ကို တွေ့မြင်သောအခါ သူ၏စကားက အလုပ်ဖြစ်သွားသည်ဆိုတာ နားလည်လိုက်၏။ သူက အရဲစွန့်ပြီး ဆက်လက်ပြောလိုက်၏။

“ကျုပ်အဖေက အဲ့ဒီလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားတာ ဖြစ်ရမယ်... အဲ့ဒါကြောင့် သူတို့က သူ့ကိုသတ်ဖြတ်ပြီးတော့ နှုတ်ပိတ်လိုက်ကြတာပဲ”

တကယ်တော့... အဲ့ဒါသည် နန်းကုန်ယွီ၏ပေါက်တတ်ကရစကားများဖြစ်၏။

သို့သော်လည်း ထိုစကားက အဓိပ္ပါယ်ရှိနေ၏။

ဒါ့အပြင် အဲ့ဒါသည် ပေမင်ကလန်၏လျှို့ဝှက်ချက်နှင့် ပတ်သက်နေ၏။

ထို့သို့ဖြင့် အပြာရောင်ဝတ်လူက အနည်းငယ်စိတ်ဝင်စားသွား၏။

“ငါတို့အဲ့ဒီကိုတစ်ချက်သွားကြည့်ရင်ကောင်းမလား”

တက်ကြွသောမိန်းကလေးက တိတ်တဆိတ်လှုံ့ဆော်လိုက်၏။

သူမသည် လက်စားချေဖို့နှင့်ပတ်သက်၍ စိတ်မဝင်စားပေ။ သူမသည် ထိုလျှို့ဝှက်ချက်နှင့်ပတ်သက်ပြီး သိချင်ရုံမျှသာဖြစ်၏။

“ဟန်ယန်... နင်ရော ဘယ်လိုသဘောရလဲ”

အပြာရောင်ဝတ်လူက သူ့ဘေးရှိ အဖြူရောင်ဝတ်အမျိုးသမီးဘက်ကိုလှည့်ပြီး ညင်သာစွာမေးလိုက်၏။

“ကျွန်မကတော့ ဘာဖြစ်ဖြစ်အဆင်ပြေတယ်”

အဖြူရောင်ဝတ်အမျိုးသမီးက ညင်သာစွာ ပြုံးလိုက်၏။

“ဒီနေရာမှာ ရှင်ကအိမ်ရှင်ပဲ... ရှင့်အပေါ်ပဲမူတည်တယ် ကျွန်မက ဘေးကနေလိုက်ကြည့်နေရုံပဲ”

“အဲ့ဒါဆိုလည်း တစ်ချက်သွားကြည့်ကြတာပေါ့”

အပြာရောင်ဝတ်လူက ဆုံးဖြတ်ချက်ချလိုက်၏။

“ဘာပဲဖြစ်ဖြစ် ရှေးတော်ဝင်မိသားစုပြိုင်ပွဲမတိုင်ခင် ရက်အနည်းငယ်ကျန်သေးတာပဲ... ပေမင်မြို့ကိုအရင်သွားပြီး ဘာလျှို့ဝှက်ချက်ရှိလဲ အရင်သွားကြည့်ကြတာပေါ့”

နန်းကုန်ယွီက ကျေနပ်နှစ်ခြိုက်သွား၏။

သူ့နောက်ဘက်ရှိ လူအိုကြီးများကလည်း ပြုံးဖြီးလိုက်ကြ၏။

မည်သို့ပင်ဆိုစေ သူတို့သည် ပိုမိုရင်းနှီးလာကြမည်ဖြစ်၏။

“ခွေးမ... နင်ဘယ်လောက်ထိမောက်မာနိုင်ဦးမလဲကြည့်ရတာပေါ့”

နန်းကုန်ယွီသည် ပေမင်မြို့ရှိရာဘက်သို့လှည့်ပြီး အံကိုကြိတ်ကာ လှောင်ရယ်လိုက်၏။

“ပေမင်ရွှယ်... စောင့်ကြည့်နေလိုက် ငါလာနေပြီ”

All Chapters