မှောင်မည်း၍ လေထန်သော ည
Vol. 90 Ch. 1343
နန်းကုန်စံအိမ်၏ တံခါးသည် ကန်ဖွင့်ခံလိုက်ရပြီး နှစ်ပိုင်းကျိုးထွက်သွား၏။
“အဲဒါ ဘယ်သူလဲကွ”
ကျင့်ကြံသူ တစ်အုပ်စုသည် ထိတ်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ပြေးချလာကာ အော်ဟစ်လိုက်ကြ၏။
သို့သော်လည်း ဝင်ရောက်လာသူကို မြင်သောအခါ အစောင့်များသည် ကြောင်အ,မှင်တက်သွားပြီး အလိုလိုခေါ်လိုက်ကြ၏။
“သခင်လေးယွီ”
အထဲသို့ ဝင်ရောက်လာသူသည် နန်းကုန်ယွီပင် ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် နန်းကုန်ယွီ၏ အမူအရာက သုန်မှုန်နေပြီး သူ၏ ချောမောသော မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
အစောင့်များသည် အကြည့်ချင်း ဖလှယ်ပြီး သူ့ကို တားဆီးရဲခြင်း မရှိကြပေ။
နန်းကုန်ယွီသည် စင်္ကြန်လမ်းကို ဖြတ်လျှောက်ပြီး နောက်ဖေးခြံဝန်းဆီသို့ တန်းသွားလိုက်၏။
သိပ်မကြာခင် သူသည် အခန်းတစ်ခုရှေ့သို့ ရောက်ရှိလာပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ တံခါးခေါက်လိုက်၏။
“ဝင်ခဲ့”
အခန်းထဲကနေ တည်ကြည်သော အသံတစ်သံက ထွက်ပေါ်လာ၏။
နန်းကုန်ယွီက တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်သွား၏။
အခန်းသည် အလွန်တရာ ကျယ်ဝန်းပြီး အလယ်တွင် ကျင့်ကြံသူတစ်ယောက် ထိုင်နေ၏။ သူ၏ ရှည်လျားသော မုတ်ဆိတ်များက သူ၏ရင်ဘတ်အထိ ရှည်ကျနေပြီး သူ၏အကြည့်က တည်ကြည်လေးနက်နေ၏။
ဤကျင့်ကြံသူသည် နန်းကုန်စံအိမ်၏ ပိုင်ရှင် နန်းကုန်ရှန်ဖြစ်၏။
တောင်ပိုင်းဒေသ၌ နန်းကုန်ရှေးတော်ဝင်မိသားစု၏ သွေးနှောမျိုးဆက်တစ်ခုမှာပင် အလွန်တရာ မြင့်မြတ်သော ဂုဏ်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထား၏။ ထိုသို့ဖြင့် သူတို့သည် ဤကဲ့သို့သော စံအိမ်တစ်ခုကို ပိုင်ဆိုင်ထားသည်မှာ မထူးဆန်းပေ။
ဒါ့အပြင် နန်းကုန်ရှန်က နိုးထဝိညာဉ်တစ်ယောက်ဖြစ်၏။
“မင်း စိတ်လွတ်ကိုယ်လွတ်ဖြစ်နေရအောင် ဘာတွေဖြစ်ခဲ့တာလဲ”
နန်းကုန်ရှန်က အလေးမထားဟန်ဖြင့် မေးလိုက်၏။
“အဖေ.. ကျုပ်က ပေမင်ရွှယ်ကို ချဉ်းကပ်ရမယ်.. အဲဒါမှ ပေမင်ရှေးတော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ အခွင့်အရေးတစ်ခုကို ရရှိလာလိမ့်မယ်လို့ ခင်ဗျား ကျုပ်ကို မပြောခဲ့ဘူးလား”
နန်းကုန်ယွီက မေးလိုက်၏။
“အင်းလေ”
နန်းကုန်ရှန်က ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့လို့ အဲဒီမိန်းကလေး ပေမင်ရွှယ်က ဒေါင်ဖန်ကျစ်နဲ့ အတိုက်အခံလုပ်ပြီး သူ့ရဲ့ ရွှေအမြုတေက ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒုက္ခိတတစ်ယောက် ဖြစ်နေပြီ.. မင်းက သူ့ကိုထပ်ပြီး ချဉ်းကပ်စရာ မလိုတော့ဘူး”
“အဲဒါ အမှန်ပဲ.. စောစောကတင် ကျုပ်က ပေမင်ရွှယ်ကို ဆုံးမဖို့အတွက် ကျုပ်ရဲ့ အစေခံသုံးယောက်ကို ခေါ်ပြီး ပေမင်မြို့ကို သွားခဲ့တယ်”
“ဒါပေမဲ့..”
နန်းကုန်ယွီသည် ခဏမျှ ရပ်တန့်ပြီး မုန်းတီးသော အမူအရာတစ်ခုနှင့်အတူ အံကိုတင်းတင်းကြိတ်လိုက်၏။
“သူက တကယ်ပဲ တိုက်ခိုက်ခဲ့ပြီးတော့ ကျုပ်ရဲ့ အခြေတည်အဆင့် အစေခံသုံးယောက်ကို သတ်ပစ်လိုက်တယ်”
“နောက်ပြီး သူက ကျုပ်ရဲ့ စိတ်ဝိညာဉ်တောကောင် မြစိမ်းသွေးကျားသစ်ကိုလည်း ထက်ခြမ်းဆွဲဖြဲပစ်လိုက်တယ်”
နန်းကုန်ရှန်က မျက်မှောင်ကြုတ်လိုက်၏။
နန်းကုန်ယွီက ဆက်ပြောလေသည်။
“အဲဒါတင်မကဘူး.. အဖေ.. အဲဒီခွေးမက ခင်ဗျား ကျုပ်ကို ပေးထားတဲ့ ထိပ်တန်းအဆင့် ဓားပျံကိုလည်း လက်ဗလာနဲ့ ထက်ပိုင်းချိုးပစ်လိုက်တယ်”
“ဟမ့်”
ဤအချိန်မှာတော့ နန်းကုန်ရှန်၏ အမူအရာပင်လျှင် အနည်းငယ် ပြောင်းလဲသွား၏။
ထိုမိန်းကလေးက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်ကို လက်ဗလာနှင့် ချိုးလိုက်သည်တဲ့လား..။
အဲဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်..။
သူသည် နိုးထဝိညာဉ်တစ်ယောက် ဖြစ်သော်လည်း သူ၏ ကိုယ်ကာယနှင့်ပင်လျှင် အဲဒါကို ပြုလုပ်နိုင်ချင်မှ ပြုလုပ်နိုင်ပေလိမ့်မည်။
“အဲဒီမိန်းကလေးက သူ့ရဲ့ ရွှေအမြုတေ ဖျက်ဆီးခံရပြီးတာတောင် အဲ့လိုမျိုး ခွန်အားကို ထုတ်ဖော်နိုင်နေသေးတယ်ဆိုတော့.. အဲဒါက..”
နန်းကုန်ရှန်သည် အလေးအနက် စဉ်းစားတွေးတောရင်း သူ၏မျက်လုံးထဲတွင် အလင်းတစ်ချက်က ဖျပ်ခနဲလက်သွား၏။
နန်းကုန်ယွီက မေးလိုက်၏။
“အဖေ.. ခင်ဗျား ဘာကို ပြောချင်တာလဲ”
“ပေမင်ရွှယ်က အဲ့လောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာတာ ပေမင်ရှေးတော်ဝင်မိသားစုက စောင့်ထိန်းလာခဲ့တဲ့ လျှို့ဝှက်ချက်ကြောင့်များလား”
နန်းကုန်ရှန်က ကောက်ချက်ချလိုက်၏။
နန်းကုန်ယွီက အဲဒါကို လက်မခံနိုင်ပေ။
“ပေမင်ရွှယ်က ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က သိုင်းတာအိုကို ကျင့်ကြံနေတယ်လို့ ကျုပ်ကြားထားတယ်.. အဲဒါကြောင့်များလား”
“မဖြစ်နိုင်ဘူး”
နန်းကုန်ရှန်က ခေါင်းခါပြလိုက်၏။
“သိုင်းတာအိုကို ကျင့်ကြံတဲ့သူတွေ အများကြီးရှိလာခဲ့ပြီ.. သူတို့ထဲ ဘယ်သူကများ အဲ့လောက်ထိစွမ်းအားကို ထုတ်ဖော်နိုင်လို့လဲ.. နောက်ပြီး အဲဒါက တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတယ်”
“တာအိုအရှင် အထီးကျန်သိုင်းသခင် ပြန်ရှင်သန်မလာသရွေ့ တခြားဘယ်သူကများ သိုင်းတာအိုကို အဲ့လောက်အတိုင်းအတာထိ ကျင့်ကြံနိုင်မှာလဲ.. ဟင်းဟင်း”
နန်းကုန်ရှန်က လှောင်ရယ်လိုက်၏။
ထိုစဉ်မှာပင် နန်းကုန်ယွီ၏ စိတ်ထဲသို့ အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏ ပုံရိပ်က ဖျတ်ခနဲ ပေါ်ထွက်လာ၏။
“အဖေ.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပေမင်ရွှယ်ရဲ့ဘေးမှာ ထူးဆန်းတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်”
“သူက ပေမင်မြို့က ဟုတ်ပုံမရသလို ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်ဘူး.. သူ့ပုံစံကတော့ မမာမကျန်းဖြစ်နေတဲ့ပုံပဲ.. ဒါပေမဲ့ ဒီတစ်ခေါက် ပေမင်မြို့ကို ကျုပ်သွားတော့ အဲဒီလူက ရှိနေသေးတယ်.. အဲဒီလူက တစ်နည်းတစ်ဖုံ ထူးဆန်းနေတယ်လို့ ကျုပ်ခံစားနေရတယ်”
“အဲဒါဆိုလည်း ကောင်းတာပေါ့.. ငါကိုယ်တိုင် ပေမင်မြို့ကို သွားမယ်”
နန်းကုန်ရှန်က အေးစက်စွာ ပြောလိုက်၏။
“အဲဒါက ဘယ်သူပဲဖြစ်ဖြစ်.. ထူးဆန်းတာပဲဖြစ်ဖြစ်.. မထူးဆန်းတာပဲဖြစ်ဖြစ်… သူတို့အားလုံးကို ငါသတ်မယ်”
“အဖေ.. အဲဒါဆိုလည်း ဂရုစိုက်ဦး”
နန်းကုန်ယွီက စိုးရိမ်ပူပန်စွာဖြင့် သတိပေးလိုက်၏။
နန်းကုန်ရှန်က ညင်သာစွာ ပြုံးလိုက်၏။
“မပူနဲ့.. ငါက နိုးထဝိညာဉ်တစ်ယောက်ပဲ… အဲဒီမိန်းကလေးကို အသာလေး ဖိနှိမ်နိုင်တယ်”
“အိမ်မှာနေပြီး သတင်းကောင်းကို စောင့်နေ.. ငါ အဲဒီမိန်းကလေးကို ခေါ်လာပြီး မင်းစိတ်တိုင်းကျ အပြစ်ပေးခိုင်းမယ်”
“ကျေးဇူးတင်ပါတယ် အဖေ”
နန်းကုန်ယွီက ကျေနပ်နှစ်ခြိုက်သွား၏။
. . . . .
ပေမင်မြို့တွင်…
ပေမင်ရွှယ်သည် ခြံဝန်းထဲရှိ အလောင်းများကို အတန်ကြာအောင် ကြည့်နေ၏။ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ရှိနေ၏။
ခဏကြာပြီးနောက်.. သူမက ဆူဇီမိုဘက်ကိုလှည့်ပြီး ညင်သာစွာ ပြောလိုက်၏။
“လူကြီးမင်းဆူ… ရှင် အပြင်ကိုထွက်ပြီး အရင်ဆုံး ရှောင်နေလိုက်ပါလား.. နန်းကုန်ယွီက ပြန်လာပြီးတော့ ရှင် ဒုက္ခရောက်စေမှာကို ကျွန်မ စိုးရိမ်တယ်”
“မင်း စိုးရိမ်တယ်ဆိုရင် ဘာလို့ သူ့ကို လွှတ်ပေးလိုက်သေးတာလဲ”
ဆူဇီမိုက မေးလိုက်၏။
ပေမင်ရွှယ်က ခါးသက်စွာ ပြုံး၍ ခေါင်းခါပြလိုက်၏။
သူမမှာ ရွေးချယ်စရာ မရှိခဲ့ပေ။
နန်းကုန်ယွီကို သတ်လိုက်မည်ဆိုလျှင် နန်းကုန်ယွီ၏ အဖေက ပေမင်မြို့သို့ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူမနှင့် ပေမင်အောင်အတွက် ကပ်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
သူမက နန်းကုန်ယွီကို လွှတ်ပေးလိုက်မည်ဆိုလျှင် အနည်းဆုံးတော့ ကြားထဲမှာ အခွင့်အရေးတစ်ခု ရှာနိုင်သေးလေသည်။
သူမသည် နန်းကုန်ယွီက သူ၏ကတိကို စောင့်ထိန်းပြီး တစ်ဖန်ပြန်မလာဖို့ မျှော်လင့်မိလေသည်။
“ငါက အဆင်ပြေတယ်.. မင်း ငါ့ကို ဘာမှ စိုးရိမ်နေစရာ မလိုဘူး”
ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏အခန်းထဲသို့ ပြန်သွားလိုက်၏။ သူက တင်ပျဉ်ခွေထိုင်ပြီး သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူနေလိုက်၏။
ညက မှောင်လာပြီး လေပြင်းများက တိုက်ခတ်လာ၏။
ခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုသည် သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
“တချို့လူတွေက တကယ်မိုက်မဲကြတာပဲ”
သူက တီးတိုးရေရွတ်လိုက်၏။
သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို အသုံးမပြုနိုင်သော်လည်း သူ၏ အမြင်၊ အကြားနှင့် အခြားသော အာရုံများသည် ကျန်ရှိနေသေး၏။ သူတို့က အရမ်းကို ထက်ရှပြီး ကီလိုမီတာထောင်ချီ အကွာအဝေးမှ လှုပ်ရှားမှုတစ်ခုကို ထောက်လှမ်းစစ်ဆေးနိုင်၏။
ဘေးချင်းကပ် အခန်းတွင် ပေမင်ရွှယ်က သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်၍ အနားယူနေဆဲဖြစ်၏။ သူမက မည်သည့်အရာကိုမှ သတိမထားမိပေ။
သို့သော်လည်း ဆူဇီမိုသည် ပေမင်မြို့ကနေ ကီလိုမီတာ ရာချီဝေးကွာသော တောအုပ်ထဲတွင် နိုးထဝိညာဉ်သုံးယောက်က ဓားပျံများကို စီးနင်း၍ လာနေသည်ကို သတိထားမိခဲ့ပြီဖြစ်၏။
သူက ပေမင်ရွှယ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ပေမင်ရွှယ်သည် သူမ၏ သွေးချီရွှေအမြုတေကို ဖွဲ့တည်ထားကာစဖြစ်ပြီး သူမက နိုးထဝိညာဉ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သေဆုံးသွားနိုင်လေသည်။
ဒါ့အပြင် သူတို့က သုံးယောက်ဖြစ်၏၊
ဆူဇီမိုက ခုတင်ပေါ်ကနေ ခုန်ဆင်းပြီး အပြင်ဘက်သို့ ငှက်မွှေးတစ်ခုကဲ့သို့ ပေါ့ပါးစွာ ပြေးထွက်သွား၏။
သူသည် သူ၏ ဓမ္မစွမ်းအားများ သို့မဟုတ် စိတ်ဝိညာဉ်အသိစိတ်ကို အသုံးမပြုနိုင်သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားက အထင်သေးလို့ မရပေ။
သူသည် ခြံဝန်းကို ဖြတ်ကျော်၍ မည်သူ့ကိုမှ ထိတ်လန့်စေခြင်း မရှိဘဲ ပေမင်မြို့ အပြင်ဘက်သို့ ခုန်ထွက်သွား၏။
“သခင်ကြီး ပေမင်မြို့က ကီလိုမီတာ ၂၅၀ လောက်ပဲ ဝေးတော့တယ်”
နိုးထဝိညာဉ် သုံးယောက်ကြားတွင် နန်းကုန်ရှန်က လွဲလျှင် ကျန်နှစ်ယောက်သည် နန်းကုန်ရှေးတော်ဝင်မိသားစု၏ အစေခံများ ဖြစ်ကြ၏။
အစေခံလူအိုတစ်ယောက်က ပြောလိုက်၏။
“သခင်ကြီး.. ခင်ဗျားက ကျုပ်တို့နှစ်ယောက်နောက်ကို မလိုက်လည်း ရတာပဲ.. အဲဒါက မိန်းကလေးတစ်ယောက်ပဲ မလား.. ကျုပ်တို့ လုပ်စရာရှိတာ လုပ်ပြီး သူ့ကို ပြန်ခေါ်လာခဲ့လို့ ရတာပဲ”
“မပူပါနဲ့”
နန်းကုန်ရှန်က ပြောလိုက်၏။
“ငါ သေချာစဉ်းစားပြီးမှ အပြင်ကိုထွက်ဖို့ ဆုံးဖြတ်လိုက်တာ.. နောက်ပြီး ပေမင်ရွှယ်ရဲ့ ဘေးမှာ ထူးဆန်းတဲ့ အစိမ်းရောင်ဝတ် လူတစ်ယောက် ရှိတယ်လို့ ယွီအာဆီက ငါကြားထားတယ်.. ငါ တစ်ချက်လောက် သွားကြည့်ရလိမ့်မယ်”
နန်းကုန်ရှန်နှင့် အခြားနှစ်ယောက်သည် သူတို့၏ ဓားပျံများကို စီးနင်းပြီး စကားပြောဆိုလာကြ၏။
“အမ်”
ထိုစဉ်မှာပင် အစေခံလူအိုတစ်ယောက်က မျက်မှောင်ကြုတ်ပြီး အဝေးတစ်နေရာသို့ လက်ညိုးထိုးပြလိုက်၏။
“ညဘက် ဒီလိုအချိန်ကြီး အဲဒီမှာ ဘာလို့ အစိမ်းရောင်ဝတ် လူတစ်ယောက် ရှိနေတာလဲ.. သူက ဒီနေရာကို ဘာလာလုပ်တာလဲ ကျုပ်သိချင်မိတယ်”
အစေခံလူအိုက ထိုသို့ပြောလိုက်သည့် အချိန်မှာပင် သူက တစ်စုံတစ်ရာကို နားလည်သွား၏။
အစိမ်းရောင်ဝတ်လူတဲ့လား…။
နန်းကုန်ရှန်သည် တစ်စုံတစ်ရာကို ခံစားမိသွားပုံရပြီး လှမ်းကြည့်လိုက်၏။
ခပ်လှမ်းလှမ်းတွင် အဝါရောင်သန်းနေသော မျက်နှာနှင့် အစိမ်းရောင်ဝတ်လူတစ်ယောက် မတ်တတ်ရပ်နေ၏။ သူက မမာမကျန်းသည့်ပုံပေါက်နေပြီး မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အော်ရာမှမရှိဘဲ ဖျားနာနေရာကနေ ပြန်ကောင်းမလာသေးသော မော်တယ်တစ်ယောက်နှင့် တူနေ၏။
ဤအစိမ်းရောင်ဝတ်လူက နန်းကုန်ယွီ ဖော်ပြခဲ့သော လူ၏ပုံစံနှင့် အတိအကျတူနေ၏။