← Chapters

ဦးလေးလင်း

Vol. 90 Ch. 1346

ဦးလေးလင်း

Vol. 90 Ch. 1346

“အဲ့ဒါ ဘယ်သူလဲ”

ချက်ချင်းပင် အဖိုးအိုတစ်ယောက်ကမေးလိုက်၏။

နန်းကုန်ယွီက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်၏။

“ကျုပ်လည်းမသိဘူး... ကျုပ်သိတာက သူကအစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ့မျက်နှာက အဝါရောင်သန်းနေတယ်... သူက အပြင်းအထန်နာမကျန်းဖြစ်ပြီး ပြန်မကောင်းသေးတဲ့ပုံပဲ သူ့မှာ ဘာစိတ်ဝိညာဥ်စွမ်းအား ဘာဓမ္မစွမ်းအားမှမရှိဘူး... သူက မော်တယ်တစ်ယောက်နဲ့ လုံးဝမကွာခြားဘူး”

“သူက ပေမင်ကလန်သားတစ်ယောက်လည်းမဟုတ်ဘူး... သူက လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကမှ ပေမင်မြို့မှာ ပေါ်လာတာ”

အဖိုးအိုက တွေဝေရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။

“စိတ်ဝိညာဥ်စွမ်းအင်လည်းမရှိဘူးဆိုတော့ သူက သိုင်းတာအိုကိုကျင့်ကြံထားတာများလား”

“မဖြစ်နိုင်ဘူး”

နန်းကုန်ယွီက ပြောလိုက်၏။

“လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သိုင်းတာအိုနဲ့မီးဆေးထားမယ်ဆိုရင် သူကအဲ့လောက်ထိ အားနည်းနေမှာမဟုတ်ဘူး... နောက်ပြီး သူက သိုင်းတာအိုကို ကျင့်ကြံထားမယ်ဆိုရင်တောင် အမြုတေတစ်ခုကိုဖွဲ့တည်ပြီးရင် သူက အမြုတေစိတ်ဝိညာဥ်တစ်ခုကို စုဖွဲ့နိုင်မှာပဲလေ... သူ့မှာ ဘာဓမ္မစွမ်းအားမှမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး”

“သူဘယ်သူလဲ ဂရုစိုက်နေရဦးမှာလား”

ကြမ်းကြုတ်ခက်ထန်သောစိတ်နေစရိုက်ရှိသည့် အဖိုးအိုတစ်ယောက်က လေထဲသို့ခုန်တက်ပြီး အော်ပြောလိုက်၏။

“ငါတို့လူတွေခေါ်သွားပြီး ပေမင်မြို့မှာရှိတဲ့လူတိုင်းကို ဖမ်းလိုက်မယ်...သူတို့ကိုတစ်ယောက်ချင်းစစ်မေးရင် အဖြေထွက်လာမှာပဲ”

“တစ်ယောက်မှထွက်မလာဘူးဆိုရင် ငါတို့က အလွန်ဆုံး ပေမင်မြို့မှာရှိတဲ့လူတိုင်းကို သတ်ပစ်လိုက်ရုံပေါ့”

နန်းကုန်ယွီ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အော်ပြောလိုက်၏။

“တတိယဦးလေး... မဆင်မခြင်မလုပ်နဲ့”

“ဘာဖြစ်လို့လဲ”

အဖိုးအိုက မျက်ခုံးပင့်ပြီး အော်ပြောလိုက်၏။

“ငါတို့မျိုးဆက်က နန်းကုန်မိသားစုရဲ့ သွေးနှောမျိုးဆက်ဆိုပေမယ့်လို့ ငါတို့က ပေမင်မြို့ကလူတွေ ရန်စစော်ကားလို့ရတဲ့ လူတွေမဟုတ်ဘူး”

“ခင်ဗျားအဖေက သေသွားပြီ... သူ့ရဲ့ တာအိုကလည်းပျက်စီးသွားခဲ့ပြီ အဲ့လိုမျိုး နက်ရှိုင်းတဲ့ရန်ကြွေးကိုမှ ခင်ဗျားကလက်စားမချေပဲ ဘယ်လိုနေနိုင်မှာလဲ”

နန်းကုန်ယွီက ခေါင်းခါပြလိုက်၏။

“တတိယဦးလေး... အရင်ဆုံးစိတ်ကိုလျှော့ပြီး သေချာစဥ်းစားရအောင် ကျုပ်အဖေက ကျုပ်တို့ရဲ့စံအိမ်မှာ တိုက်ခိုက်ရည်ခွန်အား အသန်မာဆုံးပဲ... သူက သေသွားပြီးဆိုတော့ ကျုပ်တို့မဆင်မခြင်ဝင်သွားရင် ကျုပ်တို့အသက်တွေပါ ဆုံးရှုံးရလိမ့်မယ်”

အဖိုးအို၏အမူအရာက ပြောင်းလဲသွား၏။

သူတို့၏မျိုးဆက်တွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးမှာ နိုးထဝိညာဥ်များဖြစ်ကြ၏။

နန်းကုန်ရှန်ကို သတ်လိုက်သောသူက ပေမင်မြို့မှာရှိနေဦးမယ်ဆိုလျှင် သူတို့အတင်းဝင်ရောက်သွားခြင်းက အ​သေသွားခံတာနဲ့ တူနေပေလိမ့်မည်။ ထိုသို့အတွေးဖြင့် အဖိုးအိုက အနည်းငယ်စိုးရွံ့သွား၏။

“အဲ့ဒါဆိုရင်... ငါတို့ဘာလုပ်ရမှာလဲ ငါတို့က ဒီကိစ္စကို ဒီတိုင်းပဲထားလိုက်ရမှာလား”

နောက်ထပ်အဖိုးအိုတစ်ယောက်က မကျေမနပ်ဖြင့်ပြောလိုက်၏။

“ကျုပ်တို့က တိုက်ရိုက်မျိုးဆက်က ပညာရှင်တွေရဲ့အကူညီကိုရမယ်ဆိုရင် ကိစ္စတွေက ပိုပြီးတော့လွယ်ကူသွားလိမ့်မယ်”

နောက်ထပ်အဖိုးအိုတစ်ယောက်က လေးနက်စွာပြောလိုက်၏။

နန်းကုန်ရှေးတော်ဝင်မိသားစုတွင် သွေးနှောမျိုးဆက်များစွာရှိကြ၏။

နန်းကုန်ယွီတို့ကဲ့သို့ သွေးနှောမျိုးဆက် အနည်းဆုံး တစ်ထောင်ရှိပြီး တိုက်ရိုက်မျိုးဆက်ကတော့ တစ်ဆက်သာလျှင်ရှိ၏။

သူတို့၏မျိုးရိုးနာမည်များသည် နန်းကုန်သာဖြစ်ကြသော်လည်း သွေးနှောမျိုးဆက်များနှင့် တိုက်ရိုက်မျိုးဆက်များကြား အဆင့်အတန်းကွာဟချက်က ကြီးမားလေသည်။

ဥပမာအားဖြင့် နန်းကုန်ရှေးတော်ဝင်မိသားစုမှ သွေးနှောမျိုးဆက်များကြားတွင် အသန်မာဆုံး သူများက နိုးထဝိညာဥ်များ သို့မဟုတ် မူလနတ္ထိများသာဖြစ်ကြ၏။

သွေးနှောမျိုးဆက်မှ မည်သည့်ကလန်းသားမဆို ဓမ္မဝိသေသအဆင့်ထိကျင့်ကြံနိုင်ခဲ့သည်ဆိုလျှင် သူတို့သည် တိုက်ရိုက်မျိုးဆက်ထဲသို့ဝင်ရောက်ဖို့ အခွင့်အရေးတစ်ခုရှိလေသည်။

ရှေးတော်ဝင်မိသားစု ၃စု၏ တိုက်ရိုက်မျိုးဆက်များမှာတော့ ပညာရှင်များစွာရှိကြလေသည်။ အဲ့ဒီမှာ ဓမ္မဝိသေသတာအိုအရှင်များ ၊ ပေါင်စည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မဟာယာန-မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ရှိကြလေသည်။

ရှေးတော်ဝင်မိသားစု ၃စုသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ထိပ်သီးဂိုဏ်းကြီး များနှင့် ရင်ဘောင်တန်းရပ်တည်နိုင်သည်ဟုဆိုလျှင် လွန်ရာကျမည်မဟုတ်ပေ။

အဲ့ဒါကြောင့် နန်းကုန်ယွီတို့သည် သွေးနှောမျိုးဆက်တစ်ထောင်ကြားမှာ လုံးဝအရေးမပါအရာမရောက်ဘဲ ထင်ပေါ်ကျော်ကြားမှုမရှိပေ။

သူတို့က မိသားစုကလန်၏ တိုက်ရိုက်မျိုးဆက်များဆီသွားပြီး ထိုကိစ္စကို ပြန်ပြောပြမည်ဆိုလျှင်တောင် တိုက်ရိုက်မျိုးဆက်မှ ပညာရှင်များက ထွက်ပေါ်လာချင်မှ ထွက်ပေါ်လာပေလိမ့်မည်။

နန်းကုန်ယွီက အတန်ကြာစဥ်းစားတွေးတောလိုက်၏။

“ကျုပ်တို့... ဒီကိစ္စကို လောလောဆယ် ခဏဘေးဖယ်ထားလိုက်ရမလား”

“ကျုပ်ကြားတာတော့... နောက်တစ်နှစ်ကျော်နေရင် ဦးလေးလင်းက အလယ်ပိုင်းတိုက်ကနေ ပြန်လာမယ်လို့ပြောတယ်... သူက ရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ကျုပ်တို့ကလန်သားတွေကို ရှီမန်အိမ်တော်ဆီခေါ်သွားလိမ့်မယ်”

“ဦးလေးလင်းလား... ဘယ်ကဦးလေးလင်းလဲ”

အဖိုးအိုတစ်ယောက်က မျက်မှောင်ကြုတ်၍မေးလိုက်၏။

နန်းကုန်ယွီက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“သူက ကျုပ်တို့ နန်းကုန်ရှေးတော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲ... သူက ငယ်ငယ်လးကတည်းက ကျင့်ကြံဖို့အတွက် အလယ်ပိုင်းတိုက်ကို ပို့ခံထားရတာ... ကျုပ်ကြားတာတော့ သူက တစ်သီးပုဂ္ဂလ ၄အုပ်စုထဲကတစ်စုကို ဝင်ရောက်ပြီး ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာတောင် အဆင့်တစ်ခုဝင်ခဲ့တယ်ပြောတယ်... သူက နန်းကုန်မိသားစုရဲ့ အစစ်အမှန်ပြိုင်စံရှားတစ်ယောက်ပဲ”

“ခင်ဗျားက အဲ့ဒီလူနဲ့ ရင်းနှီးလို့လား”

အဖိုးအိုအချို့၏မျက်လုံးများက ဝင်းလက်သွား၏။

ရှေးတော်ဝင်မိသားစု ပြိုင်ပွဲတွင် ပါဝင်နိုင်မည့်မည်သူမဆို အနည်းဆုံး မူလနတ္ထိအဆင့်မှာရှိကြလေသည်။

ဤနှစ်များအတွင်း သူတို့အုပ်စုထဲတွင် မူလနတ္ထိတစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပေ။

နန်းကုန်ယွီက ခေါင်းခါပြလိုက်၏။

“ဘယ်လိုပတ်သက်ဆက်နွယ်မှုမှမရှိဘူး... အဖေနဲ့ကျုပ်နဲ့က သူ့ကိုတစ်ခါတွေ့ဖူးတယ် သူပြန်လာရင် ကျုပ်တို့က သူ့ဆီကို ကိုယ်တိုင်အလည်သွားပြီး ကံစမ်းကြည့်ကြတာပေါ့”

“အဲ့ဒါလည်းကောင်းတာပဲ”

အဖိုးအိုအချို့က ခေါင်းညိတ်လိုက်၏။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားခဲ့၏။

တစ်ခဏအတွင်းမှာပင် တောင်ပိုင်းဒေသ၏ ရှေးတော်ဝင်မိသားစုပြိုင်ပွဲက ချည်းကပ်လာခဲ့လေပြီ။

ရှေးတော်ဝင်မိသားစု ၃စု မှကလန်သားအချို့သည် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ပါဝင်ယှဥ်ပြိုင်ကြပေလိမ့်မည်။

သို့သော်လည်း ရှေးတော်ဝင်မိသားစု ၃စုကြားတွင် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်နှင့် ယှဥ်နိုင်သော မဟာပွဲတော်တစ်ခုလည်းရှိလေသည်။ ရှေးတော်ဝင်မိသားစုပြိုင်ပွဲကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ကျင်းပ၏။

ရှေးတော်ဝင်မိသားစု ၃စုသည် ပြိုင်ပွဲစဥ်နှစ်ရက်အတွက် သူတို့၏လူငယ်မျိုးဆက်တပည့်ဂိုဏ်းသားများကိုစေလွှတ်ကြပေလိမ့်အည်။

ပထမပွဲစဥ်မှာ အခြေတည်အဆင့် ကျင့်ကြံသူများကြားပြိုင်ပွဲဖြစ်၏။

ဒုတိယပွဲစဥ်ကတော့ ရွှေအမြုတေများကြားပြိုင်ပွဲဖြစ်၏။

ရွှေအမြုတေများကြားတိုက်ပွဲက အဓိကပွဲစဥ်တစ်ခုဖြစ်လေသည်။

ထိုအချိန်ကျလျှင် ရှေးတော်ဝင်မိသားစု ၃စု မှပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများသည် ရှေးတော်ဝင်မိသားစုပြိုင်ပွဲတွင် မြင့်မားသော အဆင့်သတ်မှတ်ချက်ရဖို့အတွက် ယှဥ်ပြိုင်တိုက်ခိုက်လာကြမည်ဖြစ်၏။ အဲ့ဒါက တောင်ပိုင်းဒေသတွင် နာမည်ဂုဏ်သတင်းတစ်ခု ရရှိမည်သာမက အံ့ဩစရာကောင်းသော ဆုလာဘ်များကို ရရှိပေလိမ့်မည်။

ထိုပြိုင်ပွဲသည် ရွှေအမြတေနယ်မြေအဆင့်သတ်မှတ်ချက်လောက် ကြီးကျယ်ခမ်းနားမှုမရှိသော်လည်း စွမ်းအားကြီးမားသော အမြုတေနယ်မြေများကြား အကြိတ်အနယ်ပြိုင်ဆိုင်မှုများရှိပြီး အလွန်တရာ စိတ်လှုပ်ရှားစရာကောင်းလေသည်။

မျိုးဆက်တိုင်းမှာ ထိပ်တန်းအဆင့် ပြန်ဝင်စားမွန်းစတားနှင့် အနှိုင်းမဲ့ပါရမီရှင်များက တစ်ယောက်စနှစ်ယောက်စ ထွက်ပေါ်လာပေလိမ့်မည်။

ဤနေ့တွင် နန်းကုန်ရှေးတော်ဝင်မိသားစု၏ ပိုင်နက်နယ်မြေအထက်လေထဲတွင် လူသုံးယောက်က ခမ်းနားထည်ဝါသော တိမ်စိုင်များကိုစီးနင်းလာကြ၏။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး စကားပြောဆိုရယ်မောလာကြ၏။

အမျိုးသားသည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခံ့ညားနေ၏။ သူကအားမာန်တက်ကြွစွာဖြင့် တောင်တန်းများနှင့် မြစ်ပြင်များကိုလက်ညိုးထိုး၍ စကားပြောဆိုနေ၏။

အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်သည် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အဲ့ဒါက လေထဲမှာတဖျပ်ဖျပ်လွင့်နေ၏။ သူမသည် ပေါ့ပါးဖျပ်လတ်၍ အလွန်တရာချောမောလှပသော ရုပ်ရည်သွင်ပြင်ရှိ၏။ သူမပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဟန်ပန်ကိုပိုင်ဆိုင်ထားပြီး မကြာမကြာဆိုသလို သူမ၏နှုတ်ခမ်းကို စူထား၏။

အခြားသောမိန်းကလေးသည်လည်း သွယ်လျ၍ ကျော့ရှင်းမှုရှိလေသည်။ သူမက လက်ဟန်​ခြေဟန်များဖြင့် စိတ်လှုပ်ရှားတက်ကြွစွာ စကားပြောဆိုနေ၏။

“ဟန်ယန်... ဟိုမှာကြည့်”

အပြာရောင်ဝတ်လူက မလှမ်းမကမ်းရှိ ခြံဝန်းတစ်ခုကို လက်ညိုးထိုးပြလိုက်၏။

“အဲ့ဒါက ငါ့ရဲ့စံအိမ်ပဲ... ရှေးတော်ဝင်မိသားစု ပြိုင်ပွဲမတိုင်ခင် ရက်အနည်းငယ်ကျန်သေးတယ်ဆိုတော့ ငါတို့က အဲ့ဒီမှာအရင်ဆုံးနားကြတာပေါ့”

“ဝိုး.... အဲ့ဒါက အကျယ်ကြီးပဲ”

တက်ကြွသောမိန်းကလေးသည် ခပ်လှမ်းလှမ်းရှိ အလွန်တရာကျယ်ဝန်းသော ခြံဝန်းကိုကြည့်ပြီး တိတ်တဆိတ်ပြောစရာစကားမဲ့သွား၏။

ခြံဝန်းသည် တောင်တန်းများ ၊ မြစ်များ ၊ အစေခံများ ၊ စိတ်ဝိညာဥ်ဥယျာဥ်များနှင့် တောကောင်များစွာရှိပြီး သုခဘုံတစ်ခုနှင့် တူနေ၏။ အရာရာတိုင်းက အဲ့ဒီမှာရှိနေလေသည်။

ဟန်ယန်ဟုခေါ်သော အဖြူရောင်ဝတ်အမျိုးသမီး၏မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုက ထင်ဟပ်လာပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

“တောင်ပိုင်းဒေသမှာ ရှေးတော်ဝင်မိသားစု ၃စုရဲ့ စွမ်းအားက တကယ့်ကိုကြီးမားပြီး ကိုင်လှုပ်လို့မရဘူးဘဲ... ဒီခြံဝန်းတစ်ခုတည်းကပဲ အဲ့ဒါကိုသက်သေပြပေးနေပြီ”

“တကယ်တော့... ရှေးဟောင်းခေတ်တုန်းက တောင်ပိုင်းဒေသမှာ ရှေးတော်ဝင်မိသားစု ၄စု ရှိခဲ့တာ... ဒါပေမယ့်လို့ ရှေးတော်ဝင်မိသားစု တစ်စုက ကျဆင်းသွားပြီးတော့ ပြန်လည်ဦးမော့မလာတော့ဘူး”

အပြာရောင်ဝတ်အမျိုးသားက သာမန်ကာလျှံကာပုံစံဖြင့် ပြောဆိုလိုက်၏။

ခဏမျှရပ်တန့်ပြီးနောက် သူကလှည့်၍ပြုံးပြလိုက်၏။

“ရွှမ်ရွှမ်... နင်က ပင်ပန်းနေရောပေါ့ ဒီနေ့တော့စောစောစီးစီးနားလိုက်ပါလား”

တက်ကြွသောမိန်းကလေးက အပြာရောင်ဝတ်လူကို မျက်စောင်းတစ်ချက်ထိုးပြီး သူ၏စိတ်ကိုဖတ်မိနေသည့်အလား နှုတ်ခမ်းစူလိုက်၏။

“ဘာလို့လဲ... ရှင်တို့နှစ်ယောက်ရဲ့အချိန်တွေကို ကျွန်မနှောက်ယှက်မှာမလိုချင်လို့လား... ဟမ့်”

အပြာရောင်ဝတ်လူက သူ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ခံလိုက်ရသည့်အတွက် ရှက်ကိုးရှက်ကန်းဖြင်် ညင်သာစွာ ချောင်းဟန့်လိုက်၏။

အဖြူရောင်ဝတ်အမျိုးသမီးကလည်း ရှက်ရွံမှုဖြင့် နီမြန်းသွား၏။

အပြာရောင်ဝတ်လူက ပြောလိုက်လေသည်။

“ဂျူနီယာညီမ နင်ကဘာကိုပြောနေတာလဲ... ငါက နင်တို့တွေကို တောင်ပိုင်းဒေသကို ဖိတ်ခေါ်ခဲ့တယ်ဆိုတာ အေးအေးဆေးဆေးအနားယူဖို့ပဲ အဲ့ဒီမှာနင်က မူလနတ္ထိအဆင့်ကိုတက်လှမ်းနိုင်မဲ့ အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်မိပြီး ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကိုတောင် လိုက်မီချင်လိုက်မီလာမှာ”

“နောက်ပြီး... ငါက ကလန်သားတွေနဲ့ တောင်ပိုင်းဒေသရဲ့ ရှေးတော်ဝင်မိသားစု ပြိုင်ပွဲမှာ ပါဝင်ရဦးမှာ... အဲ့ဒီအချိန်ကျရင် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာလိမ့်မယ်”

“ကောင်းတယ်... ကောင်းတယ်”

တက်ကြွနေသော မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်၏။

အဖြူရောင်ဝတ်အမျိုးသမီးက အတော်လေးငြိမ်သက်နေပြီး ညင်သာစွာသာပြုံးနေ၏။

သိပ်မကြာခင် သူတို့သုံးယောက်သည် စံအိမ်၏အထက်သို့ ရောက်ရှိလာကြ၏။

“အမ်...”

တက်ကြွသောမိန်းကလေးက​ အောက်သို့ငုံကြည့်ပြီးပြောလိုက်၏။

“အဲ့ဒီလူတွေကဘာလုပ်နေကြတာလဲ... သူတို့က ရှင့်ရဲ့နန်းကုန်မိသားစုကပဲထင်တယ်”

All Chapters