← Chapters

ဆရာဘိုးလေးလား

Vol. 90 Ch. 1350

ဆရာဘိုးလေးလား

Vol. 90 Ch. 1350

မူလနတ္ထိအဆင့်...

အစကတော့ ပေမင်ရွှယ်သည် ဆူဇီမိုအပေါ် ယုံကြည်မှုရှိသော်လည်း ဝင်ရောက်လာသောသူက မူလနတ္ထိတစ်ယောက်ဖြစ်သည်ကို ကြားရသောအခါ သူမသည် ရင်တစ်ချက်ထိတ်သွား၏။ ချက်ချင်းပင်သူမသည် အကြောအချင်များတောင့်တင်းလာပြီး အပြာရောင်ဝတ်လူကို မမှိတ်မသုန်စိုက်ကြည့်လိုက်၏။

မူလနတ္ထိများသည် သူမလက်လှမ်းမမီနိုင်ဘဲ မော်ကြည့်ရသော တည်ရှိမှုများဖြစ်၏။

ဦးလေးလင်းဆိုသူသည် တစ်မူထူးသော ဟန်ပန်တစ်ခုရှိလေသည်။ သူက နန်းကုန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သည်မှာ သိသာ၏။

ပေမင်ရွှယ်၏ခင်မြင်ချက်အရ ဆူဇိမိုသည် မည်မျှပင်သန်မာသည်ဖြစ်ပါစေ သူက မူလနတ္ထိတစ်ယောက်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

တကယ်ဆို... သူမသည် အရာရာတိုင်းကိုလက်ခံဖို့ ပြင်ဆင်ထားလိုက်ပြီဖြစ်၏။

ထိုသို့သူမတွေးနေစဥ်မှာပင် အပြာရောင်ဝတ်လူနှင့် အမျိုးသမီးနှစ်ယောက်သည် သူမရှေ့သို့ စိတ်လှုပ်ရှားသော အမူအရာများဖြင့် ရောက်ရှိလာကြပြီဖြစ်၏။

“ဟမ်...”

ရုတ်တရက်အပြာရောင်ဝတ်လူက သူ၏​ခြေလှမ်းကိုရပ်တန့်ပြီး ဘေးတွင်ရှိသော နန်းကုန်ယွီကို လှည့်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်း သတ်ချင်တယ်လို့ ဘယ်သူ့ကို ပြောလိုက်တာလဲ”

“သူ့ကိုလေ”

နန်းကုန်ယွီက ဆူဇီမိုကို မောက်မာခက်ထန်သောအမူအရာဖြင့် လက်ညိုးထိုးပြလိုက်၏။

“မင်းကတော့... သေချင်နေပြီပဲ”

အပြာရောင်ဝတ်လူက သူ၏လက်ကိုလွှဲယမ်းပြီး နန်းကုန်ယွီ၏ပါးကိုပြင်းထန်စွာရိုက်ချလိုက်၏။

ဖြောင်း...

ထိုရိုက်ချက်၏စွမ်းအားက ကြီးမားပြင်းထန်သည့်အတွက် နန်းကုန်ယွီသည် နေရာကနေ လွင့်စင်ထွက်သွား၏။ သူသည် မြေပြင်ပေါ်မှာ ပေအတော်အတန်လိမ့်ဆင်းသွားပြီး သူ၏ပါးတစ်ခြမ်းက ယောင်ကိုင်းကာ အရိုးများက ကြေသွား၏။

ပြောင်းလဲမှုက ရုတ်တရက်ဆန်လွန်းလေသည်။

အငိုက်မိသွားသော နန်းကုန်ယွီကိုမပြောနှင့် စိတ်တင်းကျပ်နေသော ပေမင်ရွှယ်ပင်လျှင် အံ့အားသင့်သွားရ၏။ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ တစ်ဘက်လူသည် လူမှား၍ ရိုက်လိုက်မိခြင်းပင်။ သို့သော်လည်း ပို၍ပင်တုန်လှုပ်စရာကောင်းသောမြင်ကွင်းကထွက်ပေါ်လာ၏။

အပြာရောင်ဝတ်လူသည် ဆူဇီမိုထံသို့ အလေးအနက်ဦးညွှတ်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်၏။

“ဆရာဘိုးလေးကို နှုတ်ဆက်ပါတယ်”

နိုးထဝိညာဥ် အဖိုးအိုသုံးယောက်သည်လည်း ကြောင်အ,မင်တက်သွားပြီး သူတို့၏ မေးရိုးများကပြုတ်ကျကုန်၏။

ဆရာဘိုးလေးတဲ့လား...

ပေမင်ရွှယ်သည် သူမ၏မျက်လုံးကိုပုတ်ခတ်၍ သူမ၏စိတ်က ယောက်ယက်ခက်နေ၏။

သူမသည် တည်ငြိမ်သော စိတ်နေစရိုက်ရှိပြီး သူမ၏အသက်က ခြိမ်းခြောက်ခံနေရစဥ်မှာပင် ဣန္ဒြေဆယ်နိုင်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမက ဣန္ဒြေပျက်ယွင်းသွား၏။

ဦးလေးလင်းဆိုသူသည် လူမှား၍ရိုက်နှက်ခဲ့ရုံသာမက လူမှား၍ပါ ခေါ်နေတာလား။

“အို... နန်းကုန်လင်း မင်းပဲ”

ဆူဇီမိုက အပြာရောင်ဝတ်လူကို တစ်ချက်ကြည့်ပြီး ခပ်ပေါ့ပေါ့ပင်ပြောလိုက်၏။

အပြာရောင်ဝတ်လူက အဆုံးစွန်မီး၏လက်အောက်က တာအိုအရှင်ကြယ်သွေးနီ၏ တပည့်ဖြစ်၏။

ဆူဇီမိုသည် အဆုံးစွန်မီးကို အသွန်းတစ်ရာဂိုဏ်းသို့ပြန်ပို့ခဲ့စဥ်က သူသည် ငရဲမီးစံအိမ်၏ ဝန်းရံတိုက်ခိုက်ခြင်းခံနေရသော နန်းကုန်လင်းတို့အုပ်စုနှင့် ကြုံကြိုက်ခဲ့ရ၏။

ထိုစဥ်တုန်းက နန်းကုန်လင်း၏ အရိုးထိတိုင်စွဲနေသော မာန်မာနတစ်ခုကို ခံစားမိခဲ့ပြီး သူသည် တစ်မူထူးခြားသော နောက်ခံတစ်ခုရှိလိမ့်မည်ဟု ခန့်မှန်းမိခဲ့၏။

သူသည် ရှေးတော်ဝင်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်နေလေသည်။ နန်းကုန်လင်း၏နောက်တွင် လျှိုဟန်ယန်နှင့် ရူရွှမ်ရှိနေ၏။

အဆုံးစွန်မီးမျိုးဆက်၏ ဝါစဥ်အရ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် ဆူဇီမိုကို ဆရာဘိုးလေးဟု တကယ်ပင်ခေါ်ဆိုရလေသည်။

“နှုတ်ဆက်ပါတယ်... ဆရာဘိုးလေး”

လျှိုဟန်ယန်က အဖြူရောင်ဝတ်ရုံစတဖျပ်ဖျပ်ဖြင့် ရှေ့သို့တက်လှမ်းလာ၏။

သူမက သူမ၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိမ်ပြီး လေးနက်စွာဦးညွှတ်လိုက်၏။

ရူရွှမ်ကလည်းရှေ့သို့တက်လာပြီး အံ့အားတသင့်ပြောလိုက်၏။

“ဆရာဘိုးလေး... ရှင့်အသက်ရှင်နေသေးတာ ဝမ်းသာစရာပဲ... ကျွန်မတို့က ရှင်တစ်ခုခုဖြစ်သွားခဲ့ပြီလို့တွေးမိပြီး အချိန်အကြာကြီးဝမ်းနည်းနေခဲ့ကြတာ”

သူမသည် ပွင့်လင်းရိုးသားပြီး စိတ်ထဲရှိတဲ့အတိုင်းပြောဆိုတတ်လေသည်။

နန်းကုန်ယွီသည် အခုမှလူးလဲ၍ ကျုံးထလာခါစဖြစ်ပြီး တွေ့ရသောမြင်ကွင်းတွင် ကြောင်အ,မှင်တက်သွား၏။

ဦးလေးလင်းက ဒီလူကို ဆရာဘိုးလေးလို့ ခေါ်လိုက်တာလား..။

ဒါဆို... ဒီလူ့ရဲ့ဝါစဥ်ကဘာလဲ။

ဆူဇီမိုကလည်း နန်းကုန်ရှေးတော်ဝင်မိသားစုက တစ်စုံတစ်ယောက်ပဲလား။

နန်းကုန်ယွီ၏ ဦးခေါင်းသည် အရိုက်ခံရပြီးနောက် နာကျင်ကိုက်ခဲနေ၏။

သူ၏စိတ်က တွေဝေရှုပ်ထွေးသွားသောအခါ သူ၏ဦးခေါင်းတစ်လုံးက ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားလိုက်ရ၏။

နိုးထဝိညာဥ်အဖိုးအိုသုံးယောက်သည်လည်း အမူအရာအလွန်တရာပျက်ယွင်းလာကြ၏။

သူတို့က များစွာမစဥ်းစားမိကြပေ။

သူတို့သိလိုက်သည်မှာ ဆူဇီမိုသည် နန်းကုန်လင်း၏ ဆရာဘိုးလေးဆိုလျှင် သူတို့ထက်ဝါစဥ်များစွာ မြင့်မားလေသည်။

ပေမင်ရွှယ်က တွေဝေရှုပ်ထွေးသွား၏။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် ဓလေ့ထုံးတမ်းအရ နှုတ်ဆက်ခြင်းမျှသာမဟုတ်ဘဲ သူတို့၏ စိတ်နှလုံးသားထဲမှလာသော ရိုသေလေးစားမှုပါပါဝင်သည်ကို တွေ့မြင်လိုက်ရ၏။

ဆရာ့ရဲ့နည်းလမ်းတွေက တကယ့်အံ့မခန်းပဲ အဲ့ဒါတွေက မထင်မှတ်ရဘူး... ကြိုတင်ခန့်မှန်းလို့လည်းမရဘူး။

ပေမင်ရွှယ်သည် စိတ်ထဲကနေ ရေရွတ်လိုက်၏။

“ဆရာဘိုးလေး... ခင်ဗျားက တောင်ပိုင်းဒေသကို ဘာလို့ရောက်လာတာလဲ”

နန်းကုန်လင်းက ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်၏။

“ခင်ဗျားက တောင်ပိုင်းဒေသကိုလာမယ်ဆိုလည်း ကျုပ်ကိုကြိုပြီးပြောသင့်တာပေါ့... အဲ့ဒါဆို ကျုပ်ကိုင်တိုင်ကိုယ်ကျလာကြိုမှာပေါ့”

သူသည် ဆူဇီမိုထံမှာ လုံးဝအညံ့ခံသွားခဲ့ပြီဖြစ်၏။

အလယ်ပိုင်းတိုက်မှာတုန်းက ဆူဇီမိုသည် သူတို့၏အသက်များကိုကယ်တင်ခဲ့၏။

လျှိုဟန်ယန်သည် ဆူဇီမို၏အမူအရာကိုကြည့်ပြီး စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်၏။

“ဆရာဘိုးလေး... ရှင်ဒဏ်ရာရထားတာလား ရှင့်ပုံစံက နေလို့မကောင်းတဲ့ပုံပဲ”

“ကောင်းကင်နဲ့မြေကြီး တောင်ကြားက ရလာတဲ့ဒဏ်ရာတွေကြောင့် ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်ကို အသက်မသွင်းနိုင်ဘူး... အခုချိန်မှာ ငါ့ရဲ့ဓမ္မစွမ်းအားကိုလည်း အသုံးမပြုနိုင်ဘူး”

ဆူဇီမိုက တစ်စုံတစ်ရာဖုံးကွယ်ထားခြင်းမရှိဘဲ သာမန်ကာလျှံကာပြောလိုက်၏။

ပေမင်ရွှယ်သည် ရင်တစ်ချက်ထိတ်သွားပြီး သူမ၏စိတ်ထဲသို့ အတွေးတစ််ခု ဖျပ်ခနဲဝင်ရောက်လာ၏။

စောစောက ဆူဇီမို၏စကားသည် အလွန်တရာအရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်ဟုထင်ရ၏။

သို့သော်လည်းထိုအတွေးက လှစ်ခနဲပြေးထွက်သွားပြီး သူမကဆက်လက်၍ပုံမဖော်နိုင်တော့ပေ။

“ဆရာဘိုးလေး... ခင်ဗျားရဲ့ဒဏ်ရာတွေကို ဘယ်လိုကုသရမှာလဲ... ခင်ဗျား ဘာဆေးလုံးအမျိုးအစားလိုတာလဲ... ကျုပ်ကိုပြောပါ ကျုပ်မိသားစုကိုပြောပြီး အဲ့ဒါကိုသေချာပေါက်ယူပေးမယ်”

နန်းကုန်လင်းကပြောလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“အဲ့ဒါကို ကုနိုင်တာများများစားစားမရှိဘူး”

နန်းကုန်ရှေးတော်ဝင်မိသားစုမှာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း သေချာပေါက်ရှိလိမ့်မည်မဟုတ်ပေ။ မဟုတ်ပါက ထိုသတင်းသည် ကျင့်ကြံရေးလောကမှာ ပျံ့နှံ့နေခဲ့သည်မှာ ကြာနေပေလိမ့်မည်။

“ဆရာဘိုးလေး... ခင်ဗျားက ပေမင်မြို့မှာ ဘာလုပ်နေတာလဲ... သူကရော”

နန်းကုန်လင်း၏အကြည့်က ပေမင်ရွှယ်ထံသို့ ရောက်ရှိသွားပြီး ဂရုတစိုက်မေးလိုက်၏။

“သူက ငါ့ရဲ့တပည့်ကြီး ပေမင်ရွှယ်ပဲ”

ဆူဇီမိုက သာမန်ကာလျှံကာပင်ပြောဆိုလိုက်၏။

“အာ...”

နန်းကုန်လင်းက အနည်းငယ်မှင်တက်သွား၏။

သို့သော်လည်း သူက လျင်မြန်စွာတုံ့ပြန်ပြီး ပေမင်ရွှယ်ကို အလောတကြီးနှုတ်ဆက်လိုက်၏။

“ဆရာဒေါ်လေးကို... နှုတ်ဆက်ပါတယ်”

စောစောက ပြောင်းလဲမှုသည် တကယ့်ကို မြန်ဆန်လွန်းပြီး ပေမင်ရွှယ်ကအဲ့ဒါနှင့် လုံးဝအသားမကျသေးပေ။

ယခု... မူလနတ္ထိအဆင့်မှာရှိသော နန်းကုန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်က သူမကို ဦးညွှတ်နှုတ်ဆက်လာသောအခါ သူမသည် တုန်လှုပ်၍ လန့်ဖျပ်သွား၏။

သူမသည် ချက်ချင်းလှည့်ပြီး လက်ခါပြလိုက်၏။

“စီနီယာ... အဲ့လိုလုပ်စရာမလိုပါဘူး”

“ဆရာဒေါ်လေးကို နှုတ်ဆက်ပါတယ်”

ထိုစဥ်မှာပင် လျှိုဟန်ယန်ကလည်း ပေမင်ရွှယ်ကို ဦးညွှတ်လိုက်၏။

ရူရွှမ်ကလည်း စပ်ဖြဲဖြဲဖြင့် နှုတ်ဆက်လိုက်လေသည်။

လျှိုဟန်ယန်ဖြစ်စေ... ရူရွှမ် သို့မဟုတ် နန်းကုန်လင်းဖြစ်စေ သူတို့၏ အဆင့်အတန်းများနှင့် ကျင့်ကြံမှုအဆင့်များသည် ပေမင်ရွှယ်ထက်များစွာမြင့်မားလေသည်။

ယခု... သူတို့ သုံးယောက်သည် သူမကိုတစ်ပြိုင်နက်တည်းဦးညွှတ်လာသောအခါ သူမသည် တကယ်ပင် မသက်မသာခံစားနေရ၏။

“အဲ့ဒါက အဆင်ပြေတယ်”

ဆူဇီမိုက ဘေးတိုက်တစ်ချက်ကြည့်ပြီး ပေမင်ရွှယ်ကိုခေါင်းညိတ်ပြလိုက်၏။

“မင်းက... ငါ့တပည့်ကြီးဆိုတော့ သူတို့ရဲ့စီနီယာပဲ... ဘာမှဝန်ထုပ်ဝန်ပိုးဖြစ်နေစရာမလိုဘူး အဲ့ဒါကို လက်ခံလိုက်”

ပေမင်ရွှယ်သည် ဆူဇီမို၏ နှစ်သိမ့်စကားကိုကြားရပြီးမှ တဖြည်းဖြည်းအသားကျလာ၏။

“အဲ့လိုတွေ လုပ်နေစရာမလိုပါဘူး... အားလုံးပဲထကြပါ”

“ကျေးဇူးတင်ပါတယ်.. ဆရာဒေါ်လေး”

နန်းကုန်လင်းနှင့် အမျိုးသမီးနှစ်ယောက်သည် ဦးညွှတ်၍ မတ်တတ်ထရပ်လိုက်ကြ၏။

အသွန်းတစ်ရာဂိုဏ်းတွင် ဝါစဥ်အနိမ့်အမြင့်နှင့် ကျင့်ဝတ်ထုံးတမ်းများက အရမ်းကိုအရေးပါလေသည်။

ထိုစဥ်မှာပင် နန်းကုန်လင်းသည် သူ၏သိုလှောင်အိတ်ထဲကနေ တလက်လက်တောက်ပနေသော ငွေရောင်ကိုယ်ကျပ်ချပ်ဝတ်တစ်ခုကိုထုတ်ယူပြီး ပေမင်ရွှယ်ကို ကမ်းပေးလိုက်၏။

“ဆရာဒေါ်လေး... ဒါက ကျုပ်ကိုယ်တိုင် သွန်းလုပ်ထားတဲ့ ခုခံရေးကိုယ်ကျပ်ချပ်ဝတ်တစ်ခုပဲ အဲ့ဒါက ပကတိအဆင့်စိတ်ဝိညာဥ်လက်နက်တစ်ခုပါ ကျေးဇူးပြုပြီး လက်ခံပေးပါဦး”

“အဲ့-အဲ့ဒီလက်ဆောင်က... အရမ်းကို တန်ဖိုးကြီးလွန်းနေတယ်”

ပေမင်ရွှယ်၏ မျက်နှာက နီးမြန်းသွားပြီး အလောတကြီးငြင်းပယ်လိုက်၏။ ပကတိအဆင့်စိတ်ဝိညာဥ်လက်နက်များသည် ကျင့်ကြံရေးလောကမှာ အရမ်းကိုရှားပါးလေသည်။

သူမကို မပြောနှင့် ရှေးတော်ဝင်မိသားစု ၃စု မှကျင့်ကြံသူများမှာပင်လျှင် ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်များကိုပိုင်ဆိုင်နိုင်သောသူက များများစားစားမရှိပေ။

ဘေးကနေ နန်းကုန်ယွီသည် ထိုသည်ကိုမြင်သောအခါ မနာလိုအားကျလာ၏။ သူသည် ရွှေအမြုတေအဆင့်သို့ရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကိုသာလျှင် ပိုင်ဆိုင်ခဲ့၏။ သို့သော်လည်း အဲ့ဒါကို ပေမင်ရွှယ်က ချိုးပစ်ခဲ့လေသည်။

သူသည် ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကိုရရှိဖို့ အခွင့်အရေးမရှိခဲ့ဖူးပေ။

All Chapters