← Chapters

ကောင်းကင်တာအို၏ အရေးပေါ်အစည်းအဝေး

Vol. 54 Ch. 796

ကောင်းကင်တာအို၏ အရေးပေါ်အစည်းအဝေး

Vol. 54 Ch. 796

ဝမ်ကျန်းက သန်းခေါင်ယံထမင်းစားခန်းမရှေ့သို့ ရောက်သောအခါ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ဤလတစ်လျှောက်လုံး သူအပတ်တကုတ် ရှာဖွေခဲ့သောသူခိုးသည် ဤစားသောက်ဆိုင်တွင် ရှိနေကြောင်း သူသေချာပေါက်သိသည်။

အဆုံးသတ်တွင် ဤသူခိုးကောင်သည် သူ့တာအိုများကို ခိုးသူသွားသူ ဖြစ်သည်။

ထို့ကြောင့် သူက ငါးစာချရန်အတွက် အနည်းငယ် ရင်းနှီးရန် ဆုံးဖြတ်လိုက်သည်။

ထိုပမာဏသည် အထက်ကမ္ဘာတွင် သာမန်မျှသာ ဖြစ်သည်။

ဆိုရလျှင် ရှယ်ယာဝင်ခြင်းသည် ဝမ်ကျန်းအတွက် ကိတ်မုန့်တစ်ခုကို လှီးသကဲ့သို့ လွယ်ကူလွန်းသောအလုပ် ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်၏ ဂိုဏ်းအသစ်တွင် သူ၏ ရင်းနှီးမြှုပ်နှံမှုသည် ဝမ်လင်းကို မျှားထုတ်ရန်အတွက်သာ ဖြစ်သည်။

ကံကောင်းထောက်မစွာပင် အရာအားလုံးက သူ့အစီအစဉ်အတိုင်း ဖြစ်လာခဲ့သည်။

ဝမ်လင်း၏အကြည့်က ဆိုင်ရှေ့ရှိ ပုံရိပ်ပေါ် ကျရောက်နေခဲ့သည်။

အော်ရာများ ဆင်တူနေသည့် သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ယခုတစ်ကြိမ် ဗုံးပစ်စီနီယာအင်မော်တယ်၏ ဖိတ်ကြားမှုကို ဝမ်လင်း လက်ခံရသည့် အကြောင်းအရင်းမှာ တံခါးအပြင်ဘက်တွင် ရှိနေသောသူကြောင့် ဖြစ်သည်။

မကြာသေးမီက ဝမ်လင်းသည် သူနှင့် အော်ရာဆင်တူသည့် လူတစ်ဦးနှင့် တိုက်ခိုက်နေသည့် နိမိတ်ပြအိပ်မက်တစ်ခု မက်ခဲ့သည်။

ဆိုရလျှင် ဤလူသည် ထူးထူးခြားခြားပင် အိပ်မက်ထဲမှလူ ဖြစ်နေသည်။

ဆိုင်တံခါး၏ ခေတ်မီသောမှန်ချပ်ကို ငေးကြည့်ရင်း ဝမ်လင်းက သူ၏ဘုရင်မျက်လုံးကို တိတ်တဆိတ် ဖွင့်လိုက်ကာ မှန်ကို တိုက်ရိုက်ထိုးဖောက်၍ ဆိုင်အပြင်ဘက်ရှိ ဝမ်ကျန်း၏ မျက်နှာကို ကြည့်လိုက်သည်။

ဝမ်ကျန်းက ချက်ချင်းပင် မျက်နှာပျက်သွားသည်။

ဤသူခိုးက ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။

သူခိုးက သူ့ထံမှ အနည်းဆုံး တာအို ၁၅၀၀ ခန့် ခိုးယူသွားသည်ဟု သူယခင်က ခန့်မှန်းခဲ့သည်။

ထို့ပြင် ကောင်းကင်တာအိုသည် ချေဖျက်ရန်မလွယ်ကူသော်လည်း ဤသူခိုးက ခိုးယူထားသည့်အထဲမှ အနည်းဆုံး ၇၀ သို့မဟုတ် ၈၀%ကို ချေဖျက်ပြီးပုံ ရသည်။

ဤအရေအတွက်မှာ ဝမ်ကျန်းနှင့် အတူတူပင် ဖြစ်သည်။

“ချီးပဲ”

သူခိုးလေး တစ်ယောက်က သူ၏ ကောင်းကင်တာအိုကို ဤအတိုင်းအတာထိ ချေဖျက်နိုင်ခဲ့ပါသလော။

ဝမ်ကျန်းက သူ၏ မကျေနပ်မှုများကို နှစ်ပေါင်းများစွာ တေးမှတ်ထားခဲ့သည်။

ကောင်းကင်တာအို အရေအတွက် ကွာခြားမှုကြောင့် ကိုးဆကြယ်ရှိ ကူမျိုးနွယ်စုမှ အကြီးဆုံး သခင်လေးက သူ့ကို အမြဲလိုလို အနိုင်ကျင့်နေခဲ့သည်။

ယခုတော့ သူက ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဤအခွင့်အရေးကို လွယ်လွယ် လက်မလွတ်လိုတော့ပေ။

“ကောင်းကင်တာအိုနယ်မြေ”

နောက်ထပ် အခိုက်အတန့်တွင် ဝမ်ကျန်းကလည်း သူ၏ မျက်လုံးစွမ်းအားကို ဖွင့်လိုက်သည်။

သူက မျက်လုံးထဲတွင် မရေမတွက်နိုင်သော နိယာမများဖြင့် စိတ်ဝိညာဉ် အစီအရင်တစ်ခုကို ဖန်တီးခဲ့သည်။

ဆိုရလျှင် သူတို့နှစ်ဦးသည် တိုက်ရိုက် တိုက်ခိုက်မည့်အစား စိတ်ဝိညာဉ်ကမ္ဘာ တစ်ခုတွင် ဓားချင်းယှဉ်ရန် ရွေးချယ်ခဲ့ကြသည်။

ဝမ်လင်းက မလှုပ်မရှား ဖြစ်နေသော်လည်း အမှန်တကယ်တွင် ဝမ်ကျန်း၏ စိတ်ဝိညာဉ်နယ်မြေ ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

ဤနေရာတွင် ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ထန်ချမ့်တို့ ရှိနေ၍ သူသာ တိုက်ရိုက် လှုပ်ရှားလိုက်လျှင် သံသယဝင်စရာများ ဖြစ်လာလိမ့်မည် မဟုတ်လော။

ထို့ကြောင့် စိတ်ဝိညာဉ်ကမ္ဘာ အတွင်း တိုက်ခိုက်ခြင်းက ကောင်းမွန်သော နည်းလမ်းတစ်ခုပင် ဖြစ်၏။

ပြီးပြည့်စုံသော စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ဝမ်လင်းသည်အဆုံးသတ်၌ ဝမ်ကျန်းနှင့် မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။

ဤသည်က သူတို့နှစ်ဦးအတွက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ဝမ်လင်းက သူနှင့် ဤလူအကြားတွင် ရှင်းလင်းသော ဆက်နွယ်မှုရှိနေကြောင်း သေချာနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးတွင် တူညီသော လက္ခဏာများဟု ဆိုနိုင်သည့် အေးစက်စက်မျက်လုံးများ ရှိကြသောကြောင့် ဖြစ်သည်။

“မင်းဘယ်သူလဲ”

ဝမ်လင်းက ဝမ်ကျန်းကို စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ကံဆိုးစွာဖြင့် ဝမ်ကျန်းက ဝမ်လင်း၏မေးခွန်းကို အဖြေပေးရန် ဆန္ဒမရှိခဲ့ပေ။

နှစ်အတော်ကြာ မျိုသိပ်ခဲ့ရသည့်နောက်တွင် သူက လုံးဝကို ဒေါသအိုး ပေါက်ကွဲနေခဲ့သည်။

“သူခိုးလေး.. မင်းငါ့ဆီက ခိုးထားတဲ့အရာကို ပြန်ပေးစမ်း”

ဝမ်ကျန်းက အသံကုန် အော်ဟစ်လိုက်သည်။

ထို့နောက်တွင် သူက ဝမ်လင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

ဝမ်လင်းက ဝမ်ကျန်း၏ တိုက်ခိုက်မှုများကို အဆက်မပြတ်ပင် လှည့်ပတ် ရှောင်တိမ်းနေခဲ့သည်။

ဤသူက သူရှာဖွေနေသည့် တံငါသည် ဖြစ်သည်မှာ ထင်ရှားနေ၏။

ယခင်က ဝမ်လင်း၏ တောင်းဆိုချက်ကြောင့် တံငါသည်ကနတ်ဘုရားနယ်မြေမှ ဖြစ်ကြောင်း ကောင်းကင်တာအိုကအတည်ပြုပေးပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက မပေါ့ဆရဲဘဲ အစွမ်းအထက်ဆုံး တာအိုများကိုသာ အသုံးပြုခဲ့သည်။

ဤပုဂ္ဂိုလ်က နတ်ဘုရားနယ်မြေမှ ဖြစ်ပြီး သူ့တွင်ရှိသော ကောင်းကင်တာအို အရေအတွက်ကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဒီလူမှာ အနည်းဆုံး ကောင်းကင်တာအို ၁၅၀၀ ရှိနေတဲ့ပုံပဲ”

ဝမ်လင်းက ရှောင်တိမ်းနေရင်းဖြင့်ပင် ဝမ်ကျန်း၏ အင်အားအစစ်အမှန်ကို ရိပ်မိခဲ့သည်။

ဤလူ၏ ခွန်အားက သူကြုံတွေ့ဖူးသမျှထဲတွင် အခက်ခဲဆုံးပြိုင်ဘက်ဟုပင် ဆိုရပေမည်။

သိုသော် ထိုအချိန်က ဥက္ကဌပိုင်ကို ကိုင်တွယ်သလို တာအိုစည်းတံဆိပ် တစ်ဝက်ကို ဖြုတ်လိုက်ရုံမျှဖြင့် ဤတိုက်ပွဲကို အလျင်အမြန် ဖြေရှင်း၍ရမည် မဟုတ်ပေ။

အကြောင်းအရင်းမှာ သူ့ရှေ့မှ တံငါသည်ကို သူ့အနေဖြင့်မေးခွန်းများစွာမေးရန် ကျန်ရှိနေသောကြောင့် ဖြစ်သည်။

အကယ်၍ မတော်တဆ သတ်မိသွားလျှင် အရာအားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည် မဟုတ်လော။

ယခုအချိန်တွင် ဝမ်လင်း ပထမဆုံးမေးချင်နေသည့် မေးခွန်းမှာ ယခုမှစတွေ့ပြီး သူ့ကို အဘယ်ကြောင့် လက်သီးဖြင့် စထိုးရသလဲ ဆိုသည်ကိုပင်။

သူတို့နှစ်ဦး အရင်က ဆုံဖူးကြပါသလော။

တစ်ဖက်လူက သူ့ဆီကနေ ဝမ်လင်း တစ်စုံတစ်ရာ ခိုးယူသွားသည်ဟုပင် အခိုင်အမာ ပြောဆိုနေခဲ့သည်။

ထို့ကြောင့် နတ်ဘုရားနယ်မြေမှ မြို့သူမြို့သားများက အတော်လေး အဆင့်အတန်းမရှိဟု ဝမ်လင်း ထင်မြင်ခဲ့သည်။

တစ်ဖက်တွင်လည်း ဝမ်ကျန်း၏ လက်သီးချက်များက ဝမ်လင်းကို တစ်ချက်မှမထိခဲ့ပေ။

သို့ရာတွင် ဝမ်ကျန်းက လွယ်လွယ်အရှုံးပေးတတ်သူ တစ်ဦး မဟုတ်ခဲ့ချေ။

ဤနေ့မျိုးကို သူစောင့်ဆိုင်းခဲ့ရသည်မှာ ကြာမြင့်လာခဲ့ပြီ မဟုတ်ပါလား။

“မဟာခွဲထုတ်ခြင်းတာအို”

ဝမ်ကျန်းက ချက်ချင်းဆိုသလို ကောင်းကင်တာအိုကို အသုံးပြုလိုက်သည်။

ဤကောင်းကင်တာအို အမျိုးအစားသည် လက်ဟန်စည်းတံဆိပ်များ ပြုလုပ်ရန် မလိုအပ်ဘဲ ချက်ချင်း အသုံးချနိုင်သည့် နိယာမ ဖြစ်သည်။

ထိုခဏမှာပင် စိတ်ဝိညာဉ်ကမ္ဘာအတွင်း၌ ဝမ်ကျန်း၏ ကိုယ်ပွားများ ထွက်ပေါ်လာသည်ကို ဝမ်လင်း တွေ့လိုက်ရသည်။

ဤအရာက ပုံရိပ်ယောင်မျှ မဟုတ်ဘဲ တကယ့် ကိုယ်ပွားများဖြစ်ကြသည်။

ဟုတ်ပါသည်၊ ဝမ်လင်း ကိုယ်တိုင်လည်း ဤတာအိုနှင့် အလွန်ရင်းနှီးသည်။

ထိုအချိန်တွင် ကောင်းကင်တာအိုရှိ ရွှေရောင်လူပုလေးများနေထိုင်သည့် နေရာတွင် အစည်းအဝေးတစ်ခု ပြုလုပ်နေခဲ့သည်။

ဝမ်ကျန်းက မဟာခွဲထုတ်ခြင်းတာအိုကို အသုံးပြုလိုက်သည့် အခိုက်တွင် ကောင်းကင်တာအို ကော်မတီမှ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

စားပွဲဝိုင်းတစ်ဝိုင်းတွင် ရွှေရောင်လူ၆ယောက် ထိုင်နေသည်။

၎င်းတို့မှာ ကောင်းကင်တာအို အုပ်ချုပ်ရေးကော်မတီ၏ အဓိက အဖွဲ့ဝင်များ ဖြစ်ကြသည်။

၎င်းတို့မှာ ခွန်အားကောင်းကင်တာအို၊ အချိန်ကောင်းကင်တာအို၊ အာကာသကောင်းကင်တာအို၊ ဝိညာဉ်လိပ်ပြာ ကောင်းကင်တာအို၊ သေခြင်းရှင်ခြင်း ကောင်းကင်တာအိုနှင့် စိတ်ဝိညာဉ် ကောင်းကင်တာအိုတို့ဖြစ်ကြသည်။

ခွန်အားကောင်းကင်တာအို “တစ်စုံတစ်ယောက်က ဝှိုက်လစ်စာရင်းထဲက VIP ဖောက်သည်တစ်ယောက်ကို တိုက်ခိုက်ခဲ့တယ် ဆိုတဲ့သတင်းကို အခုလေးတင် ငါတို့ရရှိထားတယ်”

သူ၏စကားကိုကြားလျှင် အခြားသော ကောင်းကင်တာအိုများက တုန်လှုပ်သွားခဲ့သည်။

“ဝှိုက်လစ် စာရင်းထဲက ဖောက်သည်ကို အမှန်တကယ်တိုက်ခိုက်ရဲတဲ့သူရှိတယ်လား.. ဒီလူက သေချင်နေပြီလား”

ခွန်အား ကောင်းကင်တာအိုက ပြောလိုက်သည်။

"ဒါပေမဲ့ ရွှေလူသား ထောက်လှမ်းရေးအရာရှိရဲ့ အစီအရင်ခံစာကို အခြေခံပြီး သုံးသပ်ရရင် အခြေအနေက နည်းနည်း ရှုပ်ထွေးနေတယ်.. တာအိုတည်ထောင်သူရဲ့ စည်းမျဉ်းအရ ကောင်းကင်တာအို ပိုင်ဆိုင်တဲ့သူတွေက ဝှိုက်လစ် စာရင်းဝင်တဲ့သူတွေကို ကောင်းကင်တာအို အသုံးပြုခွင့်မရှိဘူး.. ပုံမှန်အားဖြင့်တော့ နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေးအပြင် ကောင်းကင်တာအိုကို အသုံးပြုခြင်းရဲ့ ရည်ရွယ်ချက်အပေါ်အခြေခံပြီး ငါတို့တွေက စီရင်ချက် ချမှတ်လေ့ရှိတယ်.. ဒါပေမဲ့ ဝှိုက်လစ်စာရင်းထဲက ဖောက်သည်ကို တိုက်ခိုက်ခဲ့တဲ့လူက သတ်ပစ်ဖို့အထိတောင် ကြံရွယ်ထားခဲ့တယ်”

အချိန်ကောင်းကင်တာအို “ဒီလောက် အတင့်ရဲတဲ့ကောင်က ဘယ်သူလဲ”

ခွန်အားကောင်းကင်တာအို “တာအိုဘိုးဘေးဝမ်ရဲ့မျိုးဆက်”

ထိုစကားကိုကြားသည်နှင့် ကောင်းကင်တာအို ၆ယောက်လုံး တိတ်ဆိတ်သွားကြသည်။

ခဏအကြာတွင် သေခြင်းရှင်ခြင်း ကောင်းကင်တာအိုကို ကိုယ်စားပြုသည့် ရွှေလူသားက ပြောလိုက်သည်။

“ဒါက တာအိုစည်းမျဉ်းစည်းကမ်းတွေ ဖြစ်တဲ့အတွက် တာအိုဘိုးဘေးဝမ်ရဲ့ မျိုးဆက်ဖြစ်နေလည်း ချိုးဖျက်လို့မရဘူး.. သူ့ကို သေခြင်းတရားကနေ ကင်းလွတ်ခွင့်ပေးဖို့တော့ ငါအဆိုပြုချင်တယ်.. ဒါပေမဲ့ သူ့ရဲ့ ကောင်းကင်တာအိုကိုတော့ ပုံမှန်အတိုင်း အသုံးပြုလို့ မရစေဖို့အတွက် စည်းကမ်းပေးတဲ့အနေနဲ့ အချိန်အတိုင်းအတာ တစ်ခုထိ သိမ်းယူထားရမယ်”

သူ၏စကားဆုံးလျှင် အခြားသော ကောင်းကင်တာအိုများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အဆုံးသတ်တွင် ခွန်အား ကောင်းကင်တာအိုက သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါက ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ”

အပိုင်း(၇၉၆) ပြီး၏

All Chapters