← Chapters

အလိုရှိသည်:ဝမ်ကျန်း

Vol. 54 Ch. 798

အလိုရှိသည်:ဝမ်ကျန်း

Vol. 54 Ch. 798

ဤသည်မှာ ဝမ်ကျန်း အတွက် လုံးဝ မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခုဖြစ်ပြီး သူ့မျှော်လင့်ထားသည်ထက်ပင် များစွာသာလွန်နေသည်။

ကောင်းကင်တာအို၏ ရာဇဝတ်သားတစ်ဦး အဖြစ် စာရင်းသွင်းခံရမည့်နေ့ အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ကောင်းကင်တာအို ပြစ်ဒဏ် ဖြစ်သည့် လျှပ်စီးက သူ့ဦးခေါင်းထိပ်ကို တိတိကျကျ ထိမှန်ခဲ့သည်။

သူ့ကို မသတ်ချင်သေးသ၍သာ ဘာမှ မထိခိုက်ခဲ့ခြင်း ဖြစ်၏။

သေချာသည့်အချက်တစ်ခုမှာ သူ့အနေဖြင့် ဝမ်လင်းထံ ဆက်လက် ချဉ်းကပ်မည်ဆိုလျှင် ကောင်းကင်တာအို ပြစ်ဒဏ်ဖြစ်သည့် လျှပ်စီးကြောင်းက သူ့အပေါ်ကို ပြင်းထန်စွာ ကျဆင်းလာမည် ဆိုသောအချက်ပင်။

ဤအချက်ကို သိရှိပြီးနောက် ဝမ်ကျန်း၏ ပထမဆုံး တုံ့ပြန်မှုသည် နောက်ဆုတ်ခြင်း ဖြစ်သည်။

သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။

ယခုအခါတွင် ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုခွင့် တားမြစ်ခံထားရသောကြောင့် သူ၏ တိုက်ပွဲဝင်စွမ်းရည်တစ်ခုလုံးသည် အတော်လေး လျော့ကျသွားခဲ့သည်။

သူက ယခုအချိန် ပိုင်ကျဲနှင့် တိုက်လျှင်ပင် သရေ ဒါမှမဟုတ် ရှုံးသွားနိုင်သည်။

ဝမ်ကျန်းက ဝမ်လင်း သူ့အနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အသံကုန် အော်ဟစ်လိုက်သည်။

"မင်း.. မလာနဲ့"

ဝမ်လင်း “….........”

ဝမ်လင်း၏ အော်ရာကို အမှန်တကယ် မခံနိုင်ကြောင်း သိလိုက်ရသောအခါ ဝမ်ကျန်း ထိတ်လန့်သွားသည်။

ကောင်းကင်တာအို စွမ်းအားများ ဆုံးရှုံးသွားခြင်းနှင့်အတူ ဝမ်လင်း၏ အော်ရာထံမှ ဖိနှိပ်ချုပ်ချယ်မှုများကို ယခင်ထက်ဆယ်ဆခန့် ခံစားခဲ့ရ၏။

သို့သော် ဝမ်လင်းက ဝမ်ကျန်း ဘာတွေဖြစ်နေလဲ မသိပေ။

သူက အခြေအနေကို သွားကြည့်ချင်ရုံသာ ဖြစ်သည်။

ဝမ်လင်း အနီးသို့ ချဉ်းကပ်လာစဉ်တွင် ဝမ်ကျန်းက တစ္ဆေမြင်ရသလို ကြောက်လန့်တကြား အော်ဟစ်နေတော့သည်။

ဝမ်လင်း ဆိုင်တံခါးကို ဖွင့်လိုက်သောအခါ ဝမ်ကျန်းသည် သူ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။

ထိုပုံသဏ္ဌာန်က ကမ္ဘာကျော် "The Scream" ပန်းချီကားနှင့်ပင် ဆင်တူနေ၏။

ဝမ်ကျန်းက အော်ဟစ်ရင်း အရူးအမူး နောက်ဆုတ်ခဲ့သော်လည်း အော်ရာဖိအားကြောင့် အကွာအဝေး အများကြီး မဆုတ်နိုင်ခဲ့ပေ။

ထို့နောက် ဝမ်လင်းသည် ဝမ်ကျန်း၏ မျက်နှာပေါ်၌ မျက်ရည်စများကို တွေ့လိုက်ရသည်။

ဝမ်လင်း၏ ဖိနှိပ်မှုကြောင့် ဝမ်ကျန်းက အလွန်ထိတ်လန့်သွားပြီး ခန္ဓာကိုယ်က လေထဲသို့ လွင့်ထွက်သွားပြီး နုံးချိကာ ပြန်လည် ပြုတ်ကျလာခဲ့သည်။

ဤမြင်ကွင်းကြောင့် သူဌေးထန်၏ ညီဖြစ်သူ ထန်ချမ့် နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့ နှစ်ဦးစလုံးက ထိတ်လန့်သွားကြသည်။

"ဘာဖြစ်တာလဲ"

ထန်ချမ့်က အဝေးကို လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ.. ဒီသူဌေးက ဘာလို့ သရဲတစ္ဆေ မြင်နေရသလို ကြောက်လန့်နေတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ မေးစေ့ကိုပွတ်သပ်၍ စဥ်းစားခန်း ဝင်နေခဲ့သည်။

"ညီနောင်လင်းကို ဒီကို ခေါ်လာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ.. သူတစ်ပါးကို ဘယ်တော့မှ မပြစ်မှားတဲ့သူက သရဲတစ္ဆေတွေ လာခြောက်မှာကို ကြောက်စရာမလိုဘူး.. ညီနောင်လင်းနဲ့ ဒီသူဌေးက တစ်ခါမှ မဆုံဖူးဘူး.. ကြည့်ရတာ ဒီလူက မရိုးသားတာ သေချာတယ်.. ဒီ တုရှန်း နည်းပညာ ကုမ္ပဏီက တကယ်ကို တစ်ခုခု မှားယွင်းနေတဲ့ပုံပဲ”

ဝမ်လင်းက စကားမပြောနိုင်ဘဲ မှင်တက်သွားသည်။

“….........”

သူက တကယ်တမ်း ဘာမှမသိခဲ့ပေ။

ဤလူက သူ့ကို အဘယ်ကြောင့် တိုက်ခိုက်တာလဲ ဆိုသည်မှာ ဘုရားသခင်ကသာ သိပေလိမ့်မည်။

အစောပိုင်းတွင် ထိုသူဌးသည် သူ့ကို ကောင်းကင်တာအို အစွမ်းဖြင့် တိုက်ခိုက်လိုသည်မှာ ထင်ရှားသည်။

သို့သော် နောက်ဆုံးတွင် ဤလူသည် မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဥ် နေရာလွတ်မှ ထွက်ပြေးသွားခဲ့ပြီး ဝမ်လင်းကို တစ္ဆေသရဲ မြင်နေသလိုမျိုး ကြည့်နေခဲ့သည်။

ထို့ကြောင့် ဝမ်လင်းက ထိုလူ နေရခက်မည်စိုး၍ မလှုပ်ရှားတော့ပေ။

ထိုလူက ရေနစ်နေသောလူကဲ့သို့ မြေပြင်မှ ခြေကြွရန်ပင် အလွန်အမင်း ရုန်းကန်နေရသည်။

သူ့မျက်နှာက စာရွက်တစ်ရွက်လို ဖြူဆွတ်နေပြီး အမူအရာကအတော်လေး ဆိုးဝါးနေသည်။

"ညီနောင်လင်း.. ဒီလူကြည့်ရတာ အဆင်မပြေဘူး.. သူနေမကောင်းဘူးလား မသိဘူးနော်.. ငါတို့ သူ့ကို သွားစစ်ဆေးသင့်လား"

ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။

ဤဖြစ်နိုင်ချေရှိသည့် အခြေအနေကို စောစောက သူ သတိမထားခဲ့မိပေ။

သူဌေးတွင် တစ်စုံတစ်ရာ အမှားအယွင်းမရှိခဲ့လျှင် ရုတ်တရက် ဖျားနာခြင်းလည်း ဖြစ်နိုင်သည်မဟုတ်လော။

စေ့စပ်ညှိနှိုင်းမှုများ လုပ်ခါနီးတွင် ကံမကောင်းစွာဖြင့် သူဌေးက ရောဂါဖောက်သွားပုံရသည်။

ဝမ်လင်းက နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

သူ့တွင် ဝမ်ကျန်းကို မေးရန် မေးခွန်းများစွာ ရှိသည်။

သို့သော် ဝမ်ကျန်းကို လှမ်းကြည့်လိုက်သည်နှင့် ဝမ်ကျန်းက အရင်ကလိုပင် ကြောက်လန့်တကြား ထအော်တော့သည်။

"မိစ္ဆာ.. မလာနဲ့.. ငါ.. ငါအရှုံးပေးတယ်"

ဝမ်ကျန်းက တုန်ယင်သောလေသံဖြင့် ပြောလိုက်သည်။

ဝမ်လင်းက စိတ်မရှည်ဘဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

ထို့နောက်တွင် ဝမ်ကျန်းက သူငယ်အိမ်များ မလှုပ်တော့ဘဲ မူးလဲကျသွားခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်ကျန်း၏ အခြေအနေကို စစ်ဆေးရန် ဖြည်းညှင်းစွာ လျှောက်လာသည်။

သူက အသက်ရှူသေးသော်လည်း မေ့မြောသွားခဲ့ပေပြီ။

…...............

တစ်ချိန်တည်းမှာပင် ကောင်းကင်တာအို ခြောက်ယောက်သည်လည်း ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

ဝမ်ကျန်း မေ့​မြောသွားပြီ။

ယခုအခါ ဝမ်ကျန်းက ဝမ်လင်း အတွက် ခြိမ်းခြောက်မှု မဟုတ်တော့သောကြောင့် ကောင်းကင်တာအို၏ ပြစ်ဒဏ် လျှပ်စီးကြောင်းက ရပ်တန့်သွားခဲ့သည်။

ထို့အပြင် ဝမ်ကျန်းက အပြစ်ပေးခံရသည်မှာ ထင်ရှားသည်။

ခုနစ်ရက်အတွင်း သူ၏ ကောင်းကင်တာအို စွမ်းအားများ ပြန်လည်ရရှိမည်ကို သိလျှင် ဝမ်လင်းကို ထပ်မံ တိုက်ခိုက်ခြင်းမပြုမီ သေချာစွာ စဉ်းစားမည် ဖြစ်၏။

ခွန်အား ကောင်းကင်တာအိုက သက်ပြင်းချလိုက်သည်။

"ဒါက မလုပ်သင့်တာကို လုပ်မိတဲ့အကျိုးဆက်ပဲ"

သေခြင်းရှင်ခြင်း ကောင်းကင်တာအို “ဒါတွေအားလုံး အတွက် သူ့ကိုလည်း အပြစ်တင်လို့ မရဘူး.. တာအိုဘိုးဘေးတွေက လွဲရင် သူကမှ ဝှိုက်လစ် စာရင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း မသိဘူးလေ”

"မှန်ပါတယ်"

အာကာသ ကောင်းကင်တာအိုက ခေါင်းညိတ်လိုက်သည်။

“ဝမ်ကျန်းက ဒီအကြောင်းကို စောစောစီးစီး သိသွားတာလည်း ကောင်းပါတယ်.. တကယ်တော့ အရှင်လင်းရဲ့ ဝိသေသ လက္ခဏာက အရမ်းထူးခြားတယ်... ဝမ်ကျန်း အနေနဲ့ ရန်ငြိုးနဲ့ နာကြည်းမှုကို စွန့်လွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်.. ပြောရရင် သူအခုထိ အောင်မြင်လာတာက သူ့ဘိုးဘေးတွေကြောင့်ပဲ.. ကံမကောင်းစွာပဲ ဝမ်မိသားစုက ဒီနှစ်တွေ တစ်လျောက်လုံးမှာ သူတို့ဘိုးဘေးရဲ့ အရှိန်အဝါကိုပဲ အားကိုးခဲ့ရတယ်.. တာအိုဘိုးဘေးဝမ်ရဲ့ ဂုဏ်ကျက်သရေကို ဘယ်သူမှ မကျော်လွန်နိုင်ခဲ့ဘူး.. တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ ခေတ်က ကုန်သွားခဲ့ပြီလေ”

"အဲဒီလို ယတိပြတ်ပြောလို့မရသေးဘူး"

စိတ်ဝိညာဥ် ကောင်းကင်တာအိုတွင် မတူညီသောအမြင် ရှိသည်။

"အရှင်လင်းမှာ ပြောင်းလဲနိုင်စွမ်းရှိတယ်.. သူက ဝမ်မိသားစုတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့သူပဲ.. ဒီလိုမှမဟုတ်ရင် တာအိုဘိုးဘေးဝမ်က အဲဒီအချိန်မှာ ဒီလောက်ကြီးကျယ်တဲ့ အရင်းအနှီးကို မြုပ်နှံခဲ့မှာမဟုတ်ဘူး”

စိတ်ဝိညာဥ် ကောင်းကင်တာအို "သူတို့နှစ်ယောက်က အောက်ကမ္ဘာမှာ ဒီတစ်ခါ အချင်းချင်း ရန်ဖြစ်နေကြပြီ.. တာအိုဘိုးဘေးက ဘာလို့ ဒီကိစ္စကို အစကတည်းက ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ရတာလဲ ဒါမှမဟုတ် အနည်းဆုံးတော့ အချက်အလက် အချို့ကို ချန်ထားခဲ့သင့်တယ်.. နားလည်မှုဆိုင်ရာ လွဲမှားမှုတွေက အခုဆို ပိုကြီးလာပြီ.. အဆုံးမှာ ပြန်ပြင်လို့မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ"

အချိန်ကောင်းကင်တာအို “ကောင်းကင်ဘုံရဲ့ နက်နဲတဲ့ အရာတွေကို ထုတ်ဖော်ပြလို့မရဘူး.. အချို့ကိစ္စတွေမှာ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့ အရာတွေရှိတယ်.. တာအိုဘိုးဘေးသာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့မယ်ဆိုရင် ဝမ် မိသားစုရဲ့ မျိုးဆက်တွေကို စမ်းသပ်ဖို့က အဓိပ္ပါယ်မဲ့သွားလိမ့်မယ်.. တာအိုက ရယူဖို့ လွယ်ကူပေမဲ့ နားလည်ဖို့ ခက်ခဲတယ်လေ"

အချိန် ကောင်းကင်တာအို၏ စကားကိုကြားလျှင် ကောင်းကင်တာအို အားလုံးသည် အတွေးထဲတွင် နက်နဲစွာ ပျောက်ဆုံးသွားကြသည်။

တာအိုဘိုးဘေးဝမ်၏ မျှော်လင့်ချက်ကို သူတို့ တွေးနေမိသည်။

ဤအခင်းအကျင်းကို နဂိုထဲက ချထားခြင်း ဖြစ်၏။

ဝမ်မိသားစု၏ မျိုးဆက်များသည် ကံကြမ္မာနှင့် ဘေးဆိုးများကို တိုက်ဖျက်နိုင်မည်ဟု တာအိုဘိုးဘေးက အမြဲတမ်း အခိုင်အမာ ယုံကြည်ခဲ့သည်။

အချိန်ကောင်းကင်တာအို ပြောခဲ့သလိုပင်၊ တာအိုကိုရဖို့ လွယ်သော်လည်း နားလည်ဖို့က ခက်ခဲ၏။

အစွဲကို စွန့်ပယ်ခြင်းသည် မကောင်းသောအရာ မဟုတ်သည့် အချိန်အခါများ ရှိခဲ့သည်။

ကံမကောင်းစွာဖြင့် ဝမ်မိသားစု၏ သားအကြီးဆုံး ဖြစ်သည့် ဝမ်ကျန်းသည် အငြိုးကို မစွန့်လွှတ်နိုင်ခဲ့ဘဲ ဝှိုက်လစ်စာရင်းထဲမှ VIPပုဂ္ဂိုလ်ကို သွားထိမိခဲ့သည်။

ထို့နောက်တွင် တာအိုဆရာသခင် ဝမ်ကျန်းသည် မေ့မြောသွားခဲ့ရသည်။

အပိုင်း(၇၉၈) ပြီး၏

All Chapters