သူရဲကောင်းဖိတ်စာပို့ခြင်း
Vol. 54 Ch. 800
“နှစ်ဘီလီယံ… အများကြီးပါလား…”
ဗုံးပစ်စီနီယာအင်မော်တယ်၏ ပါးစပ်သည် အလွန်ကျယ်လောင်စွာ ဖွင့်ထားသောကြောင့် အထဲကို ကြက်ဥတစ်လုံး ပစ်ထည့်လျှင်ပင် အံဝင်ခွင်ကျ ဖြစ်နိုင်သည်။
အင်မော်တယ်ရွှေနှစ်ဘီလီယံ..
ဤရင်းနှီးမြုပ်နှံမှုက ရယ်စရာကောင်းလွန်းသည်။
ယင်းက အိမ်မှာ မိုင်းတွင်းတစ်ခု ပိုင်ဆိုင်ရုံဖြင့် မလုံလောက်သော ပမာဏဖြစ်သည်။
တာဝန်ခံ အားမိုင်က လည်ချောင်း ရှင်းလိုက်သည်။
“မျှော်လင့်ထားသလို စီနီယာ အင်မော်တယ်က အတွေ့အကြုံ ကြွယ်ဝတဲ့သူတစ်ယောက်ပဲ.. သာမန် သူဌေးလေး တစ်ယောက်သာဆို ဒီပမာဏကို ကြားတာနဲ့ လုံး၀ မူးမေ့လဲသွားလိမ့်မယ်.. ဒီအချက်ကိုထောက်ရင် စီနီယာက ကောင်းကင်တမန်ရင်းနှီးမြုပ်နှံမှုကို အမှန်တကယ် ခံယူထိုက်တယ် ဆိုတာ သက်သေပြနေတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် “…...........”
သူက အလွန်အံ့သြသွားပြီး ခဏမျှ မှင်တက်နေခဲ့သည်။
သူတို့ စကားစမြည်ပြောနေကြစဉ် အားမိုင်သည် အသွင်အပြင် ပြောင်းလဲထားသော ဝမ်လင်းကို တစ်ချက်ကြည့်လိုက်သည်။
"စီနီယာအင်မော်တယ်.. သူက.. "
"ဒါက လင်းကျန်ရန်.. ငါတို့ဂိုဏ်းရဲ့ အဓိကအမှုဆောင်တစ်ယောက်ပဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က ရှင်းပြလိုက်သည်။
"ဒါဆို ဒါက လင်းကျန်းရန်လား.. လင်းကျန်းရန်ကို မလေးမစား ပြုမူမိရင် ခွင့်လွှတ်ပါ"
ဝမ်လင်း အံ့သြသွားသည်။
“.........…”
သူ၏ တာအိုအမည် "လင်းကျန်းရန်"ကို သူက အကောင့်တု တစ်ခုကဲ့သို့ အမြဲတမ်း ကာဗာယူထားခဲ့သည်။
သို့သော် ထိုအမည်က ချက်ဂရု အပြင်ဘက်တွင် အမှန်တကယ် ကျော်ကြားနေမှန်း သူ မသိခဲ့ပေ။
သူ့အနေဖြင့် တာအို နာမည်အသစ် ပြောင်းရန် အချိန်တန်ပြီ ထင်၏။
ခဏလောက်အကြာတွင် တာအို နာမည်အသစ်ကို တွေးတောနေရင်း ဝမ်လင်း စိတ်ထဲသို့ အတွေးမျိုးစုံ ဝင်လာခဲ့သည်။
[စပိုင်စီခေါက်ဆွဲ၊ ချဥ်ငံစပ်ခေါက်ဆွဲ၊ မယောနိအရသာခေါက်ဆွဲ.. အင်း တာအိုအမည် ခေါက်ဆွဲခြောက် ဆိုလည်းမဆိုးပါဘူး]
ဗုံးပစ်စီနီယာအင်မော်တယ်၏ ဘေးတွင် ထိုင်နေသောလူက လင်းကျန်းရန်မှန်း သိပြီးနောက်တွင် အားမိုင်၏ မျက်နှာပေါ်၌ နက်ရှိုင်းစွာ လေးစားသည့် အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
.............
“လင်းကျန်းရန်က ဒီအချိန်မှာ စီနီယာအင်မော်တယ် နဲ့ အတူတူ ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး.. ရိုးရိုးသားသားပြောရရင် အခုနည်းနည်း စိတ်လှုပ်ရှားနေမိတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ် “ညီနောင်လင်းက များသောအားဖြင့် သိုသိုသိပ်သိပ် နေလေ့ရှိတယ်.. ဒါနဲ့ ညီနောင်အားမိုင်က ညီနောင်လင်း အကြောင်း ဘယ်လိုသိတာလဲ"
"လင်းကျန်းရန်က သိုသိုသိပ်သိပ် နေပေမဲ့ လူတော်တော်များများက စီနီယာရဲ့ ဖိုရမ်ကို ဖော်လိုလုပ်ထားတယ် ဆိုတာ စီနီယာအင်မော်တယ် သိသင့်တယ်"
"ဖိုရမ်ကို ဒီအတိုင်းအတာအထိ လုပ်ဆောင်ဖို့က တကယ်မလွယ်ပါဘူး.. တကယ်တော့ စီနီယာအင်မော်တယ်ရဲ့ နာယက ဘယ်သူလဲဆိုတာ အွန်လိုင်းမှာ ခွဲခြမ်းစိတ်ဖြာတဲ့ ပို့စ်တွေအများကြီးရှိတယ်.. အဆုံးမှာတော့ လင်းကျန်းရန်ကို ရှာတွေ့ခဲ့တယ်...
"လင်းကျန်းရန်က စီနီယာ အင်မော်တယ်ရဲ့ ဖိုရမ်အပြင် အခြားပလက်ဖောင်းတွေမှာလည်း ကျော်ကြားတယ်.. အမှန်တော့ စီနီယာအင်မော်တယ် အနေနဲ့ ဝဘ်ဆိုက်ကို ထူးထူးခြားခြား အတိုင်းအတာတစ်ခုအထိ ဘယ်လိုလည်ပတ်နိုင်လဲဆိုတာ ငါ အရမ်းသိချင်မိတယ်"
"အဲဒီလောက်လည်း မဟုတ်ပါဘူး.. ဘယ်လိုလည်ပတ်ခဲ့သလဲ ဆိုတော့ စာအုပ်တွေနဲ့ သတင်းတွေကို များများဖတ်တယ်.. သရေစာ လျှော့စားတယ်.. အိပ်ရေးဝအောင်အိပ်တယ်.. နိုင်ငံတော် အခွန်တွေကို အချိန်မှန်ပေးဆောင်တယ်"
“စီနီယာ အင်မော်တယ် ပြောတာ မှန်ပါတယ်”
အားမိုင်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
မကြာသေးမီက အခွန်ဌာနသည် မင်းသမီးတစ်ဦး၏ မှောင်ခိုလုပ်ငန်းအား ထုတ်ဖော်ခဲ့ပြီး သူမအား အင်မော်တယ်ရွှေ ရှစ်ဘီလီယံကို ဒဏ်ရိုက်ခဲ့သည်။
ဤကိစ္စက တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။
ထို့ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားများကို နားထောင်ပြီးနောက်တွင် အားမိုင်သည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
“စီနီယာ အင်မော်တယ်က တကယ်ကို အမျှော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်.. ဟွာရှို့မဟာမိတ်အဖွဲ့က စီနီယာကို ရွေးချယ်တာ လုံးဝမမှားဘူးလို့ ယုံကြည်ပါတယ်"
"တကယ်တော့ ဟွာရှို့မဟာမိတ်အဖွဲ့က ကျင့်ကြံခြင်း ဖိုရမ်မှာ ရင်းနှီးမြှုပ်နှံဖို့ ကနဦး စီစဉ်ထားတာပါ.. ဒါပေမဲ့ စီနီယာအင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်လိုကြောင်းကို ယခုတစ်ကြိမ် ကြားသိပြီးနောက်မှာ နိုင်ငံခေါင်းဆောင်က သတင်းကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုခဲ့ပြီး ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်ခဲ့တယ်"
“ငါနားလည်ပါတယ်… ဒါပေမယ့် ညီနောင် အားမိုင်.. အင်မော်တယ်ရွှေ နှစ်ဘီလီယံက နည်းနည်း များနေသလားလို့”
"ဟားဟား.. စီနီယာအင်မော်တယ် ကျေးဇူးပြုပြီး မငြင်းပါနဲ့.. ငါတို့က အင်မော်တယ်ရွှေ နှစ်ဘီလီယံရင်းနှီးမြုပ်နှံမှာ ဖြစ်ပေမဲ့ တစ်လုံးတစ်ခဲတည်း ပေးချေမှာ မဟုတ်ဘဲ ငါးရစ် ခွဲပေးမှာ ဖြစ်တယ်"
"ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ ပထမ တစ်ရစ်ကို ပေးပြီးနောက်မှာ စီနီယာအင်မော်တယ် ဂိုဏ်းကို ဘယ်လောက်ထိ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်သလဲဆိုတာ အကဲဖြတ်ပြီးမှ ထပ်ပေးမှာဖြစ်တယ်...အကယ်၍ ဂိုဏ်းက အရှုံးပေါ်နေရင် နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံတွေကို ခေတ္တဆိုင်းငံ့ထားမှာဖြစ်တယ်.. ဒါကိုတော့ စီနီယာအင်မော်တယ် ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်တယ်"
"ငါနားလည်ပါတယ်.. ညီနောင်အားမိုင် ဒီလို ပြောတဲ့အတွက် အတော် စိတ်သက်သာရာရသွားတယ်”
ဗုံးပစ်စီနီယာ အင်မော်တယ် ခေါင်းညိတ်လိုက်သည်။
ရင်းနှီးမြုပ်နှံမှုကို အရစ်ကျ ထုတ်ပေးခြင်းသည် အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဂိုဏ်းကို လည်ပတ်ရန် သူ၏စွမ်းရည်အပေါ် အလွန်ယုံကြည်မှုရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း တစ်ဖက်အဖွဲ့အစည်းကို လှည့်စားလိုခြင်း မရှိခဲ့ပေ။
အင်မော်တယ် ရွှေနှစ်ဘီလီယံသည် ကြီးမားသော ရင်းနှီးမြုပ်နှံမှုဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်၏။
သို့သော်လည်း အဆုံးသတ်တွင် ဂိုဏ်းသည် ကနဦး ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွင်သာ ရှိနေသေးသည်။
သူ့တို့က ငွေအများကြီး မလိုအပ်သေးဘဲ ဘတ်ဂျက်တစ်ခုအပေါ် အခြေချခြင်းမပြုမီ ပြုပြင်ပြောင်းလဲမှု များစွာကို လုပ်ရဦးမည် ဖြစ်၏။
အချိန်တန်၍ များပြားသော ပမာဏကို စုဆောင်းမိသောအခါမှ လုပ်ငန်းကို ချဲ့ထွင်ရန် ကြိုးစားသည်မှာ အရင်းအနှီးကို ဖြုန်းတီးရာ ရောက်မည် မဟုတ်ပေ။
သို့သော် ကနဦး ရင်းနှီးမြုပ်နှံမည့် အင်မော်တယ်ရွှေ သန်းလေးရာ ပမာဏဖြင့်ပင် ကျိုးကြောင်းဆီလျော်စွာ အသုံးချနိုင်မည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် အတော်လေး ယုံကြည်မှုရှိသည်။
"စီနီယာအင်မော်တယ်.. အမှန်တိုင်းပြောရရင် ဟွာရှို့မဟာမိတ်အဖွဲ့က အစပိုင်းမှာ ရင်းနှီးမြုပ်နှံမှုပမာဏအဖြစ် 1.2 ဘီလီယံပဲ လျာထားခဲ့တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ် “ဒါဆို နှစ်ဘီလီယံထိ ဘယ်လိုမြင့်တက်သွားတာလဲ”
အားမိုင် “သန်းရှစ်ရာက မကြာသေးခင်ကမှ အခွန်ကောက်ထားတဲ့ ပိုက်ဆံလေ”
ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဝမ်လင်း "...........…"
“စီနီယာ အင်မော်တယ်.. ဂိုဏ်းတည်ထောင်မဲ့ အချိန်ကို အတိအကျ ဆုံးဖြတ်ပြီးပြီလား”
အားမိုင်က မေးလိုက်သည်။
"အင်း.. လာမဲ့ အင်္ဂါနေ့က နေ့ကောင့်နေ့မြတ်ဆိုတော့ အဲဒီနေ့ကို ရွေးချယ်ထားတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် “ငါ့မှာ ဂိုဏ်းရဲ့ အလုံးစုံအစီအစဉ်ကို လုပ်ဆောင်နေတဲ့သူတွေ ရှိပြီးသားပါ.. အဆောက်အအုံတွေကိုလည်း 'ခေတ်မီနည်းပညာ'ကို အသုံးပြုပြီး ဆောက်လုပ်ဖို့ပြင်ဆင်ထားတယ်.. အချိန်ကျရင် ငါတို့က မှော်စွမ်းရည်ကို အသုံးပြုလိုက်တာနဲ့ ဂိုဏ်းကို ချက်ချင်း တည်ဆောက်မှာဖြစ်တယ်.. အဲဒီနေ့က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို တည်ထောင်ကြောင်း ငါတို့ အတိအလင်း ကြေညာတဲ့နေ့ ဖြစ်လာလိမ့်မယ်”
"ငါပြန်ရောက်တဲ့အခါ သေချာလေး တင်ပြပေးပါ့မယ်.. စီနီယာအင်မော်တယ်က အင်္ဂါနေ့အတွက် အချိန်အတိအကျကို ပြင်ဆင်ပြီးတာနဲ့ ငါ့ကို အသိပေးပါ.. မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး အမည်နဲ့ အဓိက အလင်းအင်အားစုတိုင်းကို သူရဲကောင်းဖိတ်စာ ပေးပို့လိုက်ပါ့မယ်.. ဂိုဏ်းအသစ်တစ်ဂိုဏ်း မွေးဖွားလာတာကို အတူတကွ သက်သေခံကြတာပေါ့”
"သူရဲကောင်းဖိတ်စာ ပို့လို့ရတယ်လား"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။
"အင်းလေ ပို့ရမှာပေါ့.. စီနီယာအင်မော်တယ်က ဟွာရှို့မဟာမိတ်အဖွဲ့ရဲ့ မိတ်ဖက်ဂိုဏ်းပဲလေ"
အားမိုင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ယုတ္တိဗေဒအရပြောရလျှင် အလင်းအင်အားစုတွေဆီ သူရဲကောင်းဖိတ်စာ ပေးပို့တာက ဟွာရှို့မဟာမိတ်အဖွဲ့ရဲ့ခွင့်ပြုချက် ဦးစွာလိုအပ်တယ်.. အတည်ပြုချက် လုပ်ငန်းစဉ်ကလည်း တစ်လကနေ နှစ်လအထိ ကြာတတ်တယ်...ဒါပေမဲ့ မိတ်ဖက်ဂိုဏ်းအနေနဲ့ စီနီယာအင်မော်တယ်ရဲ့ဂိုဏ်းက ဒီအဆင့်တွေကို ကျော်လိုက်လို့ရပါတယ်"
“ဒီလိုဆိုရင် ညီနောင် အားမိုင်ကို ပိုတောင် ကျေးဇူးတင်ရတော့မှာပဲ”
"ဘာမှအပန်းမကြီးပါဘူး အားမနာပါနဲ့"
အားမိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါနဲ့ အချက်တစ်ချက်ကို အလေးထားဖို့တော့ လိုအပ်တယ်.. စီနီယာအင်မော်တယ်ဆီ ရင်းနှီးမြှုပ်နှံတာက ဟွာရှို့မဟာမိတ်အဖွဲ့ ဆိုတာ မဖော်ထုတ်မိဖို့ပဲ.. အဲဒီ အစား ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ပေါင်းစပ်ရင်းနှီးမြုပ်နှံမှုလို့ပဲ ခေါင်းစဥ်တပ်ရမယ်... ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေရဲ့ စာရင်းကို ပြုစုပြီးရင် စီနီယာအင်မော်တယ်ဆီ မိတ္တူတစ်စောင် ပေးပို့လိုက်ပါ့မယ်"
"ဒီပုဂ္ဂလိကကုမ္ပဏီတွေက ဘယ်သူပိုင်တာလဲ"
“ဒီပုဂ္ဂလိက ကုမ္ပဏီတွေကို ဗိုလ်ချုပ်ဆယ်ပါးရဲ့ သားသမီးတွေက သူတို့ရဲ့ သွေးချွေးတွေနဲ့ ထူထောင်ခဲ့ကြတယ်.. ကုမ္ပဏီ အားလုံးက အလင်း အင်အားစုတွေလည်း ဖြစ်တယ်..
ကျေးဇူးပြုပြီး နားလည်ပေးပါ စီနီယာ အင်မော်တယ်.. လက်ရှိအချိန်က အရမ်း အကဲဆတ်တဲ့အချိန် ဖြစ်နေလို့ပါ”
“ကောင်းပြီ”
ဗုံးပစ်စီနီယာအင်မော်တယ် နှင့် အားမိုင်က အပြုံးချင်းဖလှယ်လိုက်ကြသည်။
နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ချက်ချင်း နားလည်သွားကြ၏။
"အင်း ဒါနဲ့ စီနီယာ အင်မော်တယ် ဂိုဏ်းတည်ထောင်တဲ့နေ့အတွက် အထူးဧည့်သည်တွေ လိုသေးလား.. လိုတယ်ဆို ငါ့ကို အသိပေးဖို့ အားမနာပါနဲ့.. မင်းကိုယ်စား အလင်းအင်အားစုတွေရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေကို အခမ်းအနားတက်ရောက်ပေးဖို့ ငါတောင်းဆိုပေးလို့ရတယ်.. ဂိုဏ်းခေါင်းဆောင်တွေ ဆိုရင်တောင် ပြဿနာ လုံးဝ ရှိမှာမဟုတ်ဘူး"
"အခမ်းအနားအတွက် ဂုဏ်သရေရှိ ဧည့်သည်တွေ လိုအပ်တာတော့ အမှန်ပဲ.. ဒါပေမယ့် လူအများကြီး မလိုပါဘူး ဆယ်ယောက်ပါပဲ”
"ဆယ်ယောက်ပဲလား.. ငါတို့မှာ သန်းနှင့်ချီတဲ့ အလင်းအင်အားစုဂိုဏ်းဝင်တွေ ရှိတယ်.. ဆယ်ယောက်က အရမ်း နည်းပါးလွန်းတယ်.. ပြောပါ.. စီနီယာ အင်မော်တယ်က ဘယ်ဆယ်ယောက်ကို လိုချင်တာလဲ သိပါရစေ"
"ဗိုလ်ချုပ်ဆယ်ယောက်ကို ပွဲတက်ခိုင်းလို့ ရမလား"
“….......”
အပိုင်း(၈၀၀) ပြီး၏