← Chapters

ဝမ်လင်း၏ တာအိုနာမည်အသစ်

Vol. 54 Ch. 801

ဝမ်လင်း၏ တာအိုနာမည်အသစ်

Vol. 54 Ch. 801

စာသင်နှစ်၏ ၁၅ပတ်မြောက် ဩဂုတ်လ၆ရက် တနင်္ဂနွေနေ့၏ ညနေခင်းတွင် ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် တည်ထောင်ခဲ့သည့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး အတွက် ရင်းနှီးမြှုပ်နှံမှုကို သူဌေးထန်၏ ညီဖြစ်သူ ဖွင့်လှစ်ထားသည့် သန်းခေါင်ယံ ထမင်းစားခန်းမဆိုင်ခွဲမှာပင် တရားဝင် သဘောတူညီမှုရရှိခဲ့သည်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အင်မော်တယ်ရွှေ နှစ်ဘီလီယံ ဖြစ်ပြီး ၅ကြိမ် ခွဲကာ ပေးမည်ဖြစ်သည်။

ထို့ကြောင့် တစ်ကြိမ်လျှင် အင်မော်တယ်ရွှေ သန်း၄၀၀ ကို မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဘဏ်အကောင့်သို့ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုများတွင် အသုံးပြုရန် အတွက် လွှဲပြောင်းပေးမည် ဖြစ်သည်။

ထိုညနေခင်းမှာပင် အစိမ်းရောင်ဂိုဏ်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထိုသတင်းကို ကြေညာခဲ့သည်။

ထိုသတင်းက တစ်ခဏအတွင်းမှာပင် ဟွာရှို့နိုင်ငံရှိ အလင်းအင်အားစုများကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

ယခုမှ စတင်တည်ထောင်မည့် ဂိုဏ်းတစ်ဂိုဏ်းသည် ဤမျှကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို အမှန်တကယ် ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။

၎င်းက ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု သမိုင်းတွင် စံချိန်တင်သွားပြီ ဖြစ်သည်။

ယခင်က အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုမှာ ၈ဘီလီယံရှီသော်လည်း ၎င်းမှာHNYငွေကြေးသာ ဖြစ်သည်။

ထိုပမာဏက အင်မော်တယ်ရွှေ သန်း၄၀၀ကို ယှဉ်နိုင်မည်မဟုတ်ပေ။

အင်မော်တယ်ရွှေသန်း ၁၀၀ သည် HNYဘီလီယံ ၄၀နှင့်ညီမျှသည်။

၎င်းပမာဏသည် ယခင်က အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏထက်ပင် အဆမတန်ပိုများသည်။

ဤသည်မှာ မည်သို့သော ခွန်အားမျိုးနည်း။

အလင်းအင်အားစု ဂိုဏ်းများကို အဆင့်၅ဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားသည်။

၎င်းတို့မှာ ကောင်းကင်၊ မြေကြီး၊ အနက်ရောင်၊ အဝါရောင်၊ ဖုန်မှုန့်တို့ဖြစ်ကြသည်။

ဂိုဏ်းတစ်ခုကို စတင်တည်ထောင်သည်နှင့် ထိုအကဲဖြတ်မှုကို လုပ်ကြရသည်။

အကဲဖြတ်မှုသည် အမာခံဂိုဏ်းဝင်များ၏ အဆင့်အတန်း၊ တိုက်ပွဲဝင်အင်အား၊ ကျင့်ကြံမှု အသိုင်းအဝိုင်းရှိ ဂိုဏ်းခေါင်းဆောင်၏ အင်အားနှင့် ဩဇာလွှမ်းမိုးမှု၊ ဂိုဏ်း၏တိုးတက်မှုနှင့် စီးပွားရေးအင်အားအပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။

ဂိုဏ်းတည်ထောင်ပြီးသည်နှင့် ဟွာရှို့မဟာမိတ်အဖွဲ့အစည်းသည် ဂိုဏ်းတည်ထောင်သည့်နေ့ကို ကနဦး စာရင်းသွင်းမည်ဖြစ်သည်။

ထို့နောက်တွင် ဂိုဏ်း၏ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုများကိုလိုက်၍ အကဲဖြတ်မှုကို နှစ်တစ်နှစ်၏ နောက်ဆုံးရက်တွင် သတ်မှတ်ပေးမည် ဖြစ်သည်။

ထိုနေ့တွင် ဟွာရှို့မဟာမိတ်အဖွဲ့က ဂိုဏ်းအဆင့် သတ်မှတ်ချက်ကို အဆင့်မြှင့်တင်ခြင်း သို့မဟုတ် လျှော့ချခြင်းများ ပြုလုပ်မည် ဖြစ်သည်။

ထိုနေ့ ညနေပိုင်းတွင် ဟွာရှို့မဟာမိတ် အဖွဲ့အစည်းသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးအတွက် အကြို အကဲဖြတ်ချက်ကို ကြေညာခဲ့သည်။

“ကောင်းကင်အဆင့် တတိယတန်းစားဂိုဏ်း”

ဂိုဏ်းစတင်တည်ထောင်သည်နှင့် ကောင်းကင်အဆင့် တတိယတန်းစားဂိုဏ်း အဖြစ် စတင် သတ်မှတ်ခံရသောကြောင့် အလင်းအင်အားစု အသိုင်းအဝိုင်းရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ဤအကဲဖြတ်ခြင်း၏ အဓိပ္ပါယ်သည် နားမလည်သူများအတွက် မည်သည့်အယူအဆမှ မရှိနိုင်သော်လည်း ကိန်းဂဏန်းများကို နှိုင်းယှဉ်ကြည့်လိုက်လျှင် စိတ်လှုပ်ရှားလာမည်မှာ သေချာသည်။

ဆိုရလျှင် ဟွာရှို့နိုင်ငံ၌ တရားဝင် အလင်းအင်အားစုပေါင်း သုံးသိန်းနှစ်သောင်း ရှိပြီး ၉၅%မှာ အနက်ရောင်၊ အဝါရောင်နှင့် ဖုန်မှုန့်အဆင့် ဂိုဏ်းများ ဖြစ်ကြသည်။

မြေကြီးအဆင့် ဂိုဏ်းများမှာ ၃%သာ ရှိပြီး ကောင်းကင်အဆင့်ဂိုဏ်းများက ၂%သာ ရှိသည်။

၂%ကို အခြေခံပြီး ရေတွက်ရလျှင် ကောင်းကင်အဆင့်ဂိုဏ်းပေါင်း ခြောက်ထောင်ကျော် ရှိသည်။

ကောင်းကင်အဆင့် ဂိုဏ်းပေါင်း ခြောက်ထောင်တွင် ကောင်းကင်အဆင့် ပဉ္စမတန်းစားအထက်ရှိ ဂိုဏ်းများမှာ နှစ်ဆယ်အောက်သာ ရှိသည်။

အများစုမှာ ကောင်းကင်အဆင့် သတ္တမတန်းစားနှင့် ကောင်းကင်အဆင့် နဝမတန်းစားကြားတွင် ရှိကြသည်။

ကောင်းကင်အဆင့် နဝမတန်းစား ဂိုဏ်းများထဲတွင် ပြိုင်ဆိုင်မှုမှာ ပြင်းထန်မှုအရှိဆုံးနှင့် အခါးသီးဆုံး ဖြစ်သည်။

အကြောင်းရင်းမှာ အနည်းငယ်မျှ သတိမထားမိသည်နှင့် နောက်နှစ်အစတွင် မြေကြီးအဆင့် အဖြစ် အဆင့်ကျသွားနိုင်သောကြောင့်ဖြစ်သည်။

ယခုတော့ ကောင်းကင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ပဉ္စမအဆင့် ကောင်းကင်အဆင့် ထိပ်တန်းဂိုဏ်းနှစ်ဆယ်ရှိပြီး ၎င်းတို့၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ရာမှ တစ်ထောင်အထိ ရှိနေပြီ ဖြစ်၏။

သို့ရာတွင် ယခုမှ စတင်တည်ထောင်သည့် ဗုံးပစ်စီနီယာအင်မော်တယ်၏ ဂိုဏ်းသည် ကောင်းကင်အဆင့် တတိယတန်းစား ဂိုဏ်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ကျင့်ကြံခြင်း အသိုင်းအဝိုင်းထဲမှ ပုဂ္ဂိုလ်ကြီးများသည် ထိုဂိုဏ်းသစ်၏ နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများကို စတင် စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။

သို့ရာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဂိုဏ်း၌ ပူးတွဲရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများစွာကို တွေ့ခဲ့ရသည်။

ထို့ပြင် ထိုကုမ္ပဏီများသည် မတူညီသော စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပြီး အလွန်ကျယ်ပြန့်သော ကွန်ယက်များလည်း ရှိကြသည်။

၎င်းတို့အားလုံးကို စေ့စေ့စပ်စပ် စုံစမ်းရန်မှာ ခက်ခဲပြီး အချို့သော လုပ်ငန်းများဆိုလျှင် အဆင့်နိမ့် လုပ်ငန်းများပင် ဖြစ်ကြသည်။

ဤကဲ့သို့ လုပ်ငန်းများသည် ပုံမှန်အားဖြင့် သတင်းထုတ်ပြန်မှုမရှိ၍ ၎င်းတို့နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ မရှိခဲ့ပေ။

ဆိုရလျှင် အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး တိတ်တဆိတ် ချမ်းသာနေကြသူများ ဖြစ်သည်။

အရာရှိကြီးများပင်လျှင် စုံစမ်းစစ်ဆေး၍ မရခဲ့ပေ။

စင်စစ် ဤအရာအားလုံးမှာ အားမိုင်၏ လုပ်ဆောင်ချက်များ ဖြစ်သည်။

“ကောင်းကင်အဆင့် တတိယတန်းစားဂိုဏ်းလား.. စီနီယာအင်မော်တယ်ရဲ့ အရှိန်အဝါက တကယ်ကို ကြောက်စရာကောင်းတာပဲ.. ဒီလောက်ထိ ကြီးကျယ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သူဘယ်လို ဆွဲဆောင်ခဲ့တာလဲ”

ထိုသတင်းကိုမြင်လျှင် ဓမ္မရာဂျာက ချက်ဂရုထဲ၌ အလွန်မိုက်သော စတစ်ကာများကို ပေးပို့ခဲ့သည်။

ချိုက်လျန် “စီနီယာအင်မော်တယ်က အရမ်းမိုက်တာပဲ”

ကျိုးရီ “စီနီယာအင်မော်တယ်.. မင်းကအရမ်းမိုက်တယ်”

ဖန်းကွမ်း “စီနီယာအင်မော်တယ်က အရမ်းမိုက်တယ်”

ထွင်ထျန်းဟာ “စီနီယာအင်မော်တယ် အရမ်းမိုက်တာပဲ”

အင်မော်တယ်ထုန်ရာ “စီနီယာအင်မော်တယ်က အရမ်းမိုက်တယ်”

ငွေရောင်လေး “ညီနောင်ဗုံးပစ် အရမ်းမိုက်တယ်”

ဝေ့ကျစ် “ဂုဏ်ယူပါတယ် စီနီယာအင်မော်တယ်”

ဖန့်ရှင်း “ဒါကစီနီယာအင်မော်တယ်ရဲ့ ကြိုးစားမှုရလဒ်ပါပဲ”

ဝမ်လင်း “……….”

“ငါ့ကြောင့်ချည်းပဲ မဟုတ်ပါဘူး.. အဓိကကတော့ ညီနောင်လင်းရဲ့ နာမည်ကောင်းကြောင့် ဒီရင်းနှီးမြှုပ်နှံမှုက အဆင်ပြေသွားခဲ့တာပါ”

ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်ပင် နှိမ့်ချခဲ့သည်။

ရိုးသားစွာဝန်ခံရလျှင် သူကိုယ်တိုင်ပင် မထင်မှတ်လောက်အောင် ဂိုဏ်းတည်ထောင်ခြင်း လုပ်ငန်းစဉ်များသည် ချောမွေ့စွာ ဖြစ်လာခဲ့သည်။

သူ၏ နှစ်ပေါင်းများစွာ အစီအစဉ်ကြီး အထမြောက်သွားပြီးနောက်တွင် သူကျေးဇူးတင်ရမည့် ပုဂ္ဂိုလ်မှာ ဝမ်လင်းဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငတုံးမဟုတ်ပေ။

ဤအရာအားလုံး မည်သို့မည်ပုံ ဖြစ်လာသည်ကို သူကောင်းစွာ သိသည်။

သူ့တွင် ကျယ်ပြန့်သော အဆက်အသွယ်များ ရှိသော်လည်း ညီနောင်လင်းနှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

ဖန်းကွမ်းက သူ့ကိုယ်စား ရင်းနှီးမြှုပ်နှံသူ တစ်ဦးကို ခေါ်ယူပေးခဲ့သည်။

အကြောင်းအရင်းမှာ ဝမ်လင်းက ဖန်းကွမ်းကို တောင်းဆိုခဲ့သောကြောင့် ဖြစ်သည်။

“စီနီယာအင်မော်တယ်အနေနဲ့ လာမယ့် ဂိုဏ်းဖွင့်ပွဲအခမ်းအနားမှာ ကြိုတင်ကာကွယ်မှုတွေတော့ ပြုလုပ်ထားသင့်တယ်.. အစိမ်းရောင်ဂိုဏ်း စီမံကိန်း ရင်းနှီးမြှုပ်နှံမှုကော်မတီနဲ့ ဟွာရှို့မဟာမိတ် အဖွဲ့အစည်းတို့ရဲ့ ယနေ့ည ထုတ်ပြန်ချက်တွေက အလင်းအင်အားစု အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့တယ်.. စီနီယာအင်မော်တယ်ကို စိတ်ရင်းမှန်နဲ့ ချီးကျူးပေးတဲ့သူတွေ ရှိနေနိုင်သလို မနာလိုဖြစ်နေတဲ့ လူတွေလည်း ရှိကောင်းရှိနေနိုင်တယ်.. အခုချိန်လောက်ဆို စီနီယာအင်မော်တယ်ရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စုံစမ်းနေတဲ့သူတွေ အများကြီး ရှိနေလောက်ပြီ”

“ရပါတယ်.. သူတို့ စိတ်ကြိုက်စုံစမ်းပါစေလေ”

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မောလိုက်သည်။

သူ၏နောက်ကွယ်တွင် ရှိနေသော အဖွဲ့အစည်းမှာ ဟွာရှို့မဟာမိတ် အဖွဲ့အစည်း ဖြစ်၍ စုံစမ်းစစ်ဆေးရန် လွယ်ကူမည်မဟုတ်ပေ။

သူ့အနေဖြင့် ဤကိစ္စနှင့် ပတ်သက်၍ ဘာတစ်ခွန်းမှ ပြောစရာမလိုပေ။

ဂိုဏ်းတည်ထောင်သည့်နေ့တွင် ဗိုလ်ချုပ်၁၀ဦး ပေါ်ထွက်လာသည်နှင့် အလင်းအင်အားစု ဂိုဏ်းများအားလုံး နားလည်သွားလိမ့်မည်ဟု သူတွေးနေသည်။

သို့သော် ချက်ဂရုထဲတွင် ဝမ်လင်းနှင့် ဖန်းကွမ်းသာလျှင် နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသော အဖွဲ့အစည်းမှာ ဟွာရှို့မဟာမိတ် အဖွဲ့အစည်း ဖြစ်ကြောင်း သိရှိထားသည်။

ထိုအချက်ကို လျှို့ဝှက်ထားရန် လိုအပ်သောကြောင့် အမာခံဂိုဏ်းဝင်များပင် အသိမပေးခဲ့ချေ။

ထို့ကြောင့် အခြေအနေကို နားမလည်ထားသော ချက်ဂရုထဲမှလူများသည် စိတ်ပူပန်နေကြသည်။

“စီနီယာအင်မော်တယ်.. လုံးဝ သတိမပေါ့စေနဲ့”

“စိတ်မပူပါနဲ့.. ငါအကုန်လုံး ပြင်ဆင်ထားပြီးသားပါ.. ဩဂုတ်လ ၈ရက် အင်္ဂါနေ့မှာ ကျင်းပမယ့် ငါတို့မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ဖွင့်ပွဲအခမ်းအနားမှာ အစွမ်းကုန်ကြိုးစားပြီး အဆင်သင့် လုပ်ထားဖို့ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က လက်သီးဆုပ်၍ အလေးပြုသည့် အီမိုဂျီများနှင့် ကံကောင်းခြင်း အီမိုဂျီများကို ပေးပို့ခဲ့သည်။

ထို့နောက်တွင် သူယခုထိ မပြောပြရသေးသည့် အရာတစ်ခု ရှိသေး​ကြောင်း ရုတ်တရက် သတိရလိုက်သည်။

“အိုး.. ဒါနဲ့ ငါမင်းတို့ကို တစ်ခုပြောစရာ ရှိသေးတယ်.. ညီနောင်လင်းနဲ့ ဆွေးနွေးပြီးနောက်မှာ သူက ငါတို့ဂိုဏ်းရဲ့ ဧည့်အကြီးအကဲနဲ့ အပန်းဖြေခန်းမ ခေါင်းဆောင်အဖြစ် လက်ခံခဲ့တယ်.. ဂိုဏ်းထဲမှာ အသုံးပြုဖို့အတွက် သီးသန့် တာအိုနာမည်ကိုလည်း ပြောင်းလဲတော့မှာ ဖြစ်တယ်”

“???”

“လင်းကျန်းရန်ရဲ့ တာအိုနာမည်အသစ်က ဘာများလဲ”

“လင်းကျန်းယန်က ဘယ်လိုပေးထားလဲ”

အားလုံးက မေးခွန်းများ စိတ်ဝင်တစား မေးလိုက်ကြသည်။

ဗုံးပစ်စီနီယာအင်မော်တယ် “ခေါက်ဆွဲခြောက်တာအိုဧကရာဇ်.. အဲဒါက ညီနောင်လင်းရဲ့တာအို နာမည်အသစ်ပဲ.. မင်းတို့ရဲ့မှတ်စုကို ထုတ်ပြီး သေချာလေး ချရေးထားကြ”

လူတိုင်း “……….”

အပိုင်း(၈၀၁) ပြီး၏

All Chapters