← Chapters

ဝမ်ကျန်း၏ထပ်တလဲလဲစိတ်ဒဏ်ရာ

Vol. 54 Ch. 804

ဝမ်ကျန်း၏ထပ်တလဲလဲစိတ်ဒဏ်ရာ

Vol. 54 Ch. 804

ဝမ်ကျန်းက သူ့မိဘအရင်းဖြစ်သည့် ဤစုံတွဲ၏ ပေါင်းစပ်ရိုက်နှက်မှုအောက်တွင် အိမ်မက်ဆိုးတစ်ခုမှ ထိတ်လန့် တုန်လှုပ်စွာနိုးထလာသည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်က ၅နှစ်သားခန္ဓာကိုယ် ဖြစ်နေခြင်းပင်။

သူက အိပ်ခန်းထဲတွင် တစ်ကိုယ်လုံး ဆေးရည်များ ပေကျံနေပြီး တစ်လက်မပင် မလှုပ်နိုင်ခဲ့ပေ။

ဝမ်ကျန်းက သူသတိမေ့မျောနေစဉ် အတွင်း ကလေးဘဝအိပ်မက်ထဲသို့ ဝင်ရောက်လာဖွယ် ရှိသည်ဟု မှန်းဆမိသည်။

နိုးထလာပြီးနောက် ဝမ်ကျန်းသည် အနည်းငယ်လွမ်းဆွတ်သလိုလို ကြောက်ရွံ့သလိုလို ခံစားနေရသည်။

ထိုအချိန်တွင် ဝမ်ကျန်း ကြောက်လန့်သော ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျန်းကျန်းက ငါတို့တွေ လေ့ကျင့်ပေးနေရင်း မူးမေ့လဲသွားခဲ့တယ်.. အခုထိမနိုးသေးဘူး.. ငါတို့ ဘာလုပ်သင့်လဲ”

“ကူချန်းက ကောင်းကင်တာအို ၅၀၀ ကျွမ်းကျင်နေပြီလို့ ငါကြားတယ်.. သူ့အမေက မနေ့ကပဲ ငါ့ကို လာကြွားသေးတယ်.. ဒါက ငါ့ကိုဒေါသထွက်စေတယ်”

ထိုအချိန်တွင် ဝမ်ကျန်း နိုးလာသည်ကိုမြင်လျှင် သူ့အမေက သူ့ကို ပွေ့ဖက်လိုက်သည်။

အမျိုးသမီး၏ သန်မာသောလက်များက သူ့လည်ပင်းတဝိုက်တွင် ဆုပ်ကိုင်ထားသောကြောင့် လည်ပင်းကို ညှစ်သတ်လုနီးပါး ဖြစ်နေခဲ့သည်။

“ကျန်းကျန်း နိုးနေပြီလား”

သူ၏ဖခင်ဖြစ်သူက သူ့နဖူးကို စမ်းပြီးနောက် သက်ပြင်းချလိုက်သည်။

“အဖျားတော့ ရှိမနေဘူး.. ဒါပေမဲ့ သူ့မျက်နှာကို ကြည့်ရတာ သိပ်နေကောင်းပုံမရဘူး.. ကျန်းကျန်းက ငါတို့ တိုက်ကျွေးထားတဲ့ဆေးနဲ့ ဓာတ်မတည့်တဲ့ အတွက် လောလောဆယ် မလှုပ်ရှားနိုင်တာဖြစ်ရမယ်.. ကျန်းကျန်း ငါ့ကိုပြောစမ်း.. မင်းနာကျင်တယ်လို့ ခံစားရလား.. ဒါမှမဟုတ် ယားယံတယ်လို့ခံစားရလား.. ခံစားရတယ်ဆိုရင် ငါ့ကို မျက်တောင်ခတ်ပြီး အချက်ပြ”

ထိုစကားကိုကြားလျှင် ဝမ်ကျန်းက ရုတ်တရက် မျက်လုံးများပြူးကျယ်သွားပြီး မျက်တောင် မခတ်ရဲတော့ပေ။

ထိုအချိန်တွင် ဝမ်ကျန်းသည် ထိုအမျိုးသား လက်သီးဆုပ်ထားသည်ကို တွေ့လိုက်ရသည်။

“ကျန်းကျန်း.. သဲအိတ်လောက်ရှိတဲ့ ငါ့ရဲ့လက်သီးတွေကို မင်းမြင်တယ် မဟုတ်လား”

ဝမ်ကျန်း “……….”

သူ့အဖေက သူ့ကို ပြုံးပြလိုက်သည်။

“ငါလက်သီးနဲ့ စထိုးပြီ”

စကားဆုံးသည်နှင့် လက်သီးကြားမှ စူးရှသော အလင်းရောင်ထွက်ပေါ်လာ၍ ဝမ်ကျန်းက မျက်လုံးကို ကပျာကယာ မှိတ်လိုက်သည်။

သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သည်နှင့် လက်သီးမှ အလင်းတန်းများက မှိန်ဖျော့သွားပြီး သူ့အဖေက သူ့အား လေးနက်သောအမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“အချစ်ရေ ကြည့်စမ်းပါဦး.. ကျန်းကျန်း မျက်တောင်ခတ်သွားပြီ”

“……….”

ဝမ်ကျန်း၏ တစ်ကိုယ်လုံးမှ အမွှေးများက ထောင်ထသွားခဲ့သည်။

သူ့အဖေက တကယ်ပဲ မျက်တောင်ခတ်ဖို့ လုပ်ခဲ့တာလား။

သူ့အမေက သူ့ကို နာကျင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ယောက်ျား.. ဒါဆိုငါတို့ ဘာဆက်လုပ်ရမလဲ”

“ငါထင်တာ မှန်ကန်တဲ့ပုံပဲ.. ကျန်းကျန်းက သူ့ရဲ့ ဓာတ်မတည့်မှုကနေ အမြန်ပြန်ကောင်းဖို့ လိုအပ်တယ်.. အစောပိုင်းကယားယံရင် မျက်တောင်ခတ်လို့ ပြောလိုက်တာ သူကမျက်တောင်ခတ်လိုက်တယ်လေ”

ထိုစကားကြောင့် သူ့အမေက ထိတ်လန့်သွားသည်။

“ဒါဆို ကျန်းကျန်းက ဆေး ဓာတ်မတည့်မှုကြောင့် ယားယံနေတယ်လို့ ဆိုလိုက်တာလား”

ဝမ်ကျန်း “……….”

သူ့အဖေက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်.. ကျန်းကျန်းက မျက်တောင်ခတ်ပြီး အချက်ပြခဲ့တယ်”

ဝမ်ကျန်း “……….”

သူ့အဖေ “ဒါပေမဲ့ ရှင်မ ဘာမှစိတ်မပူပါနဲ့.. ရေနှစ်လိုက်ရင် သူအဆင်ပြေသွားမှာပါ”

ထိုအခါမှပင် သူ့အမေကလည်း ရုတ်တရက် ဉာဏ်အလင်းရသလို သဘောပေါက်သွားခဲ့သည်။

“အဲဒီလိုလား”

သူ့အဖေ “ငါ့စကားကို နားထောင်ပါရှင်မ.. ဘယ်လက်ညောင်းရင် ညာလက်နဲ့ရိုက်.. ငါတို့တွေ အလှည့်ကျ ရိုက်ကြမယ်”

သူ့အမေ၏ မျက်နှာတွင် နာကျင်သောအမူအရာများ ရှိနေပြီး မျက်ရည်များ ကျနေခဲ့သည်။

“ကောင်းပါပြီ ယောက်ျား”

“မငိုပါနဲ့ ရှင်မ.. ဒါက ကျန်းကျန်းအတွက် ကောင်းဖို့ပဲ”

သူ့အဖေက ခေါင်းငြိမ့်၍ ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို အညီအမျှ ရိုက်နှက်ဖို့လည်း မမေ့သင့်ဘူး.. ငါက သူ့ခန္ဓာကိုယ်ကို စကင်ဖတ်လို့ရတယ်.. အရေပြားအရောင်တွေမညီရင် ငါသူ့ကိုထပ်ရိုက်မယ်”

ဝမ်ကျန်း “ရိုက်ပါ.. ရိုက်လိုက်ကြပါ”

ဆယ်မိနစ်အကြာ…

သူ့မိဘများ၏ ရိုက်နှက်မှုအောက်မှာပင် ဝမ်ကျန်းက သူ၏ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပြီး ဒဏ်ရာ အနာတရများကလည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

သူ့အမေ “ယောက်ျား.. တကယ် အလုပ်ဖြစ်တာပဲ.. ကျန်းကျန်းအခု သူ့ခန္ဓာကိုယ်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီ”

သူ့အဖေ “လာမယ့်နှစ်တွေ အတွင်းမှာ ငါတို့ ကျန်းကျန်းက အထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်မှာ သေချာတယ်.. ဒီလောက် အရိုက်ခံရတာတောင် သူက လှုပ်ရှားနိုင်သေးတယ်.. နောက်တစ်ကြိမ်ရိုက်ရင် အင်အားပိုသုံးသင့်တယ်လို့ ငါထင်တယ်”

“မဟုတ်ဘူး”

လင်မယားနှစ်ယောက်၏ စကားအဆုံးတွင် ဝမ်ကျန်းက တဖန်နိုးထလာပြန်သည်။

သူ၏ အိပ်မက်က မပြီးသေးပေ။

သူက ဤအခန်းထဲတွင်ရှိနေဆဲ ဖြစ်သော်လည်း ယခင်ကနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် ရွေ့လျားနိုင်နေပြီဖြစ်သည်။

သူက အိပ်ခန်းထဲရှိ မှန်ဆီသို့သွားပြီး သူ့ကိုယ်သူ ကြည့်လိုက်သည်။

ဤသည်က ဆယ်နှစ်သား အရွယ်အတိုင်းပင်ဖြစ်သည်။

ထိုအချိန်မှပင် ဝမ်ကျန်းက သဘောပေါက်သွားခဲ့သည်။

သူကြီးပြင်းလာပြီးနောက်တွင် သူ့ငယ်ဘဝ၏ ခါးသီးသောမှတ်ဉာဏ်များကို ပျောက်ကွယ်သွားစေရန် မှော်အတတ်ကို အသုံးပြုခဲ့ကြောင်း သတိရမိသည်။

ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

“ဝင်လာခဲ့”

ဝမ်ကျန်းက သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်လုပ်၍ ပြောလိုက်သည်။

အဘွားအိုတစ်ယောက်က တံခါးကို တွန်းဖွင့်၍ဝင်လာပြီး အနီရောင်အဝတ်ဖြင့်အုပ်ထားသည့် ဗန်းတစ်ဗန်းကို ယူလာခဲ့သည်။

ထိုအဘွားအိုက ဝမ်မိသားစု၏ အစေခံတစ်ဦး ဖြစ်ပြီး သူ့ကိုကြီးပြင်းလာသည်အထိ ပြုစုခဲ့သည့် သူနာပြုဆရာမလည်းဖြစ်သည်။

အဘွားအိုက လင်ဗန်းကို စားပွဲပေါ်တွင် တင်လိုက်သည်။

“သခင်လေး.. ဆရာနဲ့ ဆရာကတော် ဒီနေ့အပြင်ကို ထွက်သွားပြီ”

ထိုစကားကိုကြားလျှင် ဝမ်ကျန်းက ဝမ်းသာပီတိ ဖြစ်သွားသည်။

ဤမိစ္ဆာလင်မယားနှစ်ယောက်က ယနေ့တွင် သူ့ကို နှိပ်စက်ခွင့်ရတော့မည်မဟုတ်ချေ။

သို့သော် သူ၏ပျော်ရွှင်မှုကို အဘွားအိုက အဆုံးသတ်ပေးလိုက်သည်။

“ဒီနေ့အတွက် ရိုက်နှက်မှုကို ထိန်းကျောင်းဖို့ ကိုယ်ပွားတစ်ဦးကို ခေါ်လိုက်ပါသခင်လေး”

ဝမ်ကျန်း “ဘာလို့လဲ”

အဘွားအို “ခါတိုင်းလိုပဲသခင်လေးကိုယ်သခင်လေး ရိုက်နှက်ရမယ်.. သခင်လေးရဲ့ ခွန်အားကို သေချာထိန်းသိမ်းရမယ်.. သခင်လေးရဲ့ အသားအရောင်ကလည်း အညီအမျှဖြစ်ရမယ်.. ဆရာက လုပ်ငန်းစဉ် တစ်ခုလုံးကို ဓာတ်ပုံရိုက်ထားဖို့ ဒီအစေခံကို မှာထားတယ်.. ကောင်းကောင်းမလုပ်ရင်ပြန်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရိုက်ရမလဲဆိုတာ သင်ပေးမယ်လို့ ဆရာကပြောတယ်”

ဝမ်ကျန်း “……….”

ထို့နောက်တွင် အဘွားအိုက ဗန်းပေါ်မှ အနီရောင်အဝတ်စကို ဖယ်လိုက်သည်။

အနီရောင်အဝတ်စ၏ အောက်တွင် ရွှေတင်းပုတ်၊ ကိုလာပုလင်းကြီးကဲ့သို့ ထူထဲသောကြာပွတ်နှင့် ဖီးနစ်အမွှေးများဖြင့် ပြုလုပ်ထားသည့် ဖုန်ခါတံများ ရှိနေသည်။

အဘွားအို “ဒါက ဒီနေ့အတွက် ရွေးချယ်စရာပဲ.. ကျေးဇူးပြုပြီး ရွေးချယ်ပါ သခင်လေး”

ဝမ်ကျန်း “……….”

အပိုင်း(၈၀၄) ပြီး၏

All Chapters