← Chapters

ပုရွက်ဆိတ်လေးရဲ့ တန်ပြန်တုံ့ပြန်မှု

Vol. 54 Ch. 806

ပုရွက်ဆိတ်လေးရဲ့ တန်ပြန်တုံ့ပြန်မှု

Vol. 54 Ch. 806

ဝမ်ကျန်းက လျူမိသားစု၏ သမီးပျို လျူချင်းရီကို ကုတင်ပေါ်၌ တွေ့လိုက်ရသော အချိန်တွင် သိသိသာသာပင် အမူအရာ ပျက်နေခဲ့သည်။

သူ၏မျက်လုံးနှင့် နှုတ်ခမ်းများက တုန်ခါနေသည့်အပြင် လက်များကလည်း မည်သည့်နေရာတွင် ထားရမည်ကို မသိသကဲ့သို့ သဘာဝမကျစွာ တုန်ခါနေသည်။

ဤအမူအရာကို ကြည့်ရုံဖြင့် သူတို့ကြားတွင် သေချာပေါက်တစ်စုံတစ်ခု ရှိနေမည်မှာ ထင်ရှားနေသည်။

“ဒီမိန်းကလေးကို စီနီယာက သိနေပုံပဲ”

အင်မော်တယ်ထုန်ရာက မေးလိုက်သည်။

“မဟုတ်ဘူး.. ငါသူမကို လုံးဝမသိဘူး.. သူမရဲ့ မျိုးရိုးနာမည်က လျူမှန်းတောင် ငါမသိဘူး”

ဝမ်ကျန်းက အလျင်အမြန် ငြင်းဆိုလိုက်သည်။

ဝမ်ကျန်း၏ IQက ဤအချိန်တွင် အော့ဖ်လိုင်း ဖြစ်သွားသည်မှာ ထင်ရှားသည်။

“စီနီယာကြီး.. ရိုးသားတာက ပိုကောင်းမယ်လို့ ထင်တယ်”

အင်မော်တယ်ထုန်ရာက သက်ပြင်းချ၍ ပြောလိုက်သည်။

“ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က စီနီယာကို တမင်တကာအခွင့်အရေး ပေးနေတာနော်.. ယူမယူ ဆိုတာကတော့ စီနီယာရဲ့ စိတ်ရင်းပေါ်မှာပဲ မူတည်တယ်.. အခုချိန်မှာ စီနီယာက ကောင်းကင်တာအို စည်းတံဆိပ် အများအပြားနဲ့ ချုပ်နှောင်ခံထားရလို့ သာမန်လူနဲ့တောင် မတူဘူး.. ဒီလိုပုံစံနဲ့ အောက်ကမ္ဘာမှာ သေသွားမယ်ဆိုရင် စီနီယာအနေနဲ့ အသေဖြောင့်မယ်လို့ ကျွန်တော်မထင်ဘူး”

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”

ဝမ်ကျန်းက အံကြိတ်၍ ပြောလိုက်သည်။

ကိုးဆကြယ်ရှိ ဝမ်မိသားစု၏ သခင်လေးက ဤအဆင့်အထိ နိမ့်ကျသွားလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သူခိုးကိုလိုက်ရှာရန် အချိန်များစွာ ရင်းနှီးလိုက်ရသော်လည်း သူခိုးကို ရှာမတွေ့သည့်အပြင် သူ၏ အစွမ်းအစ အားလုံးကိုပါ ဆုံးရှုံးလိုက်ရသည်။

ဤသည်က အဆိုးဆုံး မဟုတ်သေးပေ။

သူက လက်မထပ်ချင်၍ အောက်ကမ္ဘာသို့ ဆင်းလာခဲ့သော်လည်း သူနှင့် စေ့စပ်ထားသူထံ ဆိုက်ဆိုက်မြိုက်မြိုက် ပြေးလာခဲ့မိသည်။

ဤသည်က မည်ကဲ့သို့ ကံကြမ္မာမှန်း သူ အမှန်တကယ် မသိတော့ပေ။

သူက မွေးစကနေ ကြီးပြင်းလာသည့် တစ်လျှောက်လုံး အရိုက်ခံခဲ့ရသည်။

ယခုအချိန်ထိ ကံဆိုးမိုးမှောင်ကျသည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်သေးဟု ဘယ်သောအခါမှ မတွေးမိခဲ့ပေ။

ယင်းမှာ မီလီယံနာ တစ်ယောက်က မီလီယံပေါင်း များစွာကို တစ်ခဏအတွင်း ဆုံးရှုံးလိုက်ရပြီးနောက် သူ၏ ရည်းစားဟောင်းက ဘီလီယံနာ တစ်ယောက်နှင့် အဆင်ပြေနေပြီး မွဲတေသွားသည့် သူ့ကို ချေချနေသလိုပင်။

ဤကမ္ဘာပေါ်တွင် ယခုထက် ပို၍ စိတ်ညစ်စရာကောင်းသော အခြေအနေ ရှိသေးပါသလော။

ဝမ်ကျန်း ငိုချင်သလို ခံစားခဲ့ရသည်။

"စီနီယာက ကျနော်တို့ အောက်ကမ္ဘာက လူတွေကို အထင်သေးနေတာ သိပါတယ်.. ဒါပေမဲ့ ကျနော်တို့မှာ ရှိနေတဲ့ အချက်အလက်တွေအရ စီနီယာတို့ရဲ့ နတ်ဘုရားကမ္ဘာကို ဖန်တီးခဲ့တာက အောက်ကမ္ဘာက လူတစ်ယောက်ပဲ.. ကျနော်တို့က စီနီယာလောက် မသန်မာဘူးဆိုတော့ ကျနော်တို့ကို အထင်သေးနေပုံပဲ"

အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။

သားရဲဘုရင်၏ သင်္ချိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့်သာ မဟုတ်လျှင် အင်မော်တယ်အရှင်မြတ်၏ အထက်၌ ပိုမို ကြောက်စရာကောင်းသည့် ကျင့်ကြံခြင်းနယ်ပယ် အဆင့်များ ရှိနေသေးသည်ကို သိဖို့နေနေသာသာ ကိုးဆကြယ်လို နတ်ဘုရားနယ်မြေ ရှိမှန်းပင် မည်သူမှ သိနိုင်မည်မဟုတ်ပေ။

နတ်ဘုရားနယ်မြေ၏ တည်ရှိမှုသည် လူများစွာအတွက် အစစ်အမှန် မဟုတ်ပေ။

လူသားများ အသိအမှတ်ပြုထားသည့် အင်မော်တယ် ကျန်းရွမ်အတွက်ပင် အတော် အလှမ်းဝေးလွန်းသည့် အဆင့်တစ်ခု ဖြစ်သည်။

သို့သော် ယခုအခါတွင် ဝမ်ကျန်းက ဤနေရာတွင် ရှိနေပြီဖြစ်သည်။

ယင်းမှာ အဓိက အခွင့်အရေးတစ်ခု ဖြစ်သည်။

ဝမ်ကျန်းက အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေမိသည်။

သူက လျူချင်းရီကို ခဏမျှ ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

“မင်းသိချင်တာတွေကို ငါပြောပြနိုင်ပေမဲ့ အဲဒီမတိုင်ခင်မှာ အခြေအနေ အနည်းငယ်တော့ ရှိတယ်”

“ပြောပါ စီနီယာကြီး”

“ငါဒီကနေ ထွက်သွားမှရမယ်.. ဒီလျူမိန်းကလေးရဲ့ ဘေးမှာ မရှိသရွေ့ ဘယ်နေရာမဆို အဆင်ပြေတယ်.. ငါသူနဲ့ မတွေ့ချင်ဘူး.. နောက်တစ်ချက်က မင်းငါနဲ့တွေ့ခဲ့တဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမယ်လို့ ငါမျှော်လင့်တယ်.. နောက်ဆုံးအနေနဲ့ ငါသိတာတွေကို ပြောပြရင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ရဲ့စည်းတံဆိပ်တွေကို ငါ့ပေါ်ကနေ ပယ်ဖျက်ပေးရမယ်”

“စီနီယာ တောင်းဆိုတဲ့အရာတွေက အကျိုးအကြောင်းဆီလျော်ပါတယ်”

အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ တစ်ခုလောက်မေးပါရစေ.. စီနီယာက ဘာလို့ ဒီမိန်းကလေးကို ကပ်ဆိုးတစ်ခု​လို ရှောင်နေရတာလဲ”

ထိုစကားကြောင့် ဝမ်ကျန်း၏မျက်နှာက မည်းမှောင်သွားခဲ့သည်။

“သူမက ငါနဲ့စေ့စပ်ထားတဲ့ မိန်းကလေးပါ”

“စီနီယာနဲ့ စေ့စပ်ထားတာလား”

ထိုအဖြေကြောင့် အင်မော်တယ်ထုန်ရာ အံ့ဩသွားခဲ့သည်။

“ဒါဆို ဒီမိန်းကလေးက ဘာလို့ ခွန်ရဲ့ဝမ်းဗိုက်ထဲမှာ ရှိနေရတာလဲ”

ဝမ်ကျန်း “……….”

အစောပိုင်းတွင် ဝမ်ကျန်းသည် လျူချင်းရီ၏ အောက်ကမ္ဘာဆီသို့ ဆင်းသက်လာပုံကို အံ့ဩနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အောက်ကမ္ဘာသို့ ဆင်းလာရန်မှာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရန် အတွက် စစ်ဆေးမှုများ ပြုလုပ်ရသောကြောင့် ဖြစ်သည်။

အင်မော်တယ်ထုန်ရာ၏ စကားကိုကြားပြီးနောက်တွင် ဝမ်ကျန်းက နားလည်သွားခဲ့သည်။

“ဒီကောင်မလေးက လျူဗိုက်ထဲမှာ အမှန်တကယ် ပုန်းနေတာပဲ”

လျူမိန်းကလေး ဆင်းသက်လာပုံကို အမှန်တကယ်သဘောပေါက်သွားသောအခါ ဝမ်ကျန်းက ကောင်းကင်ကိုမော့ကြည့်ကာ ညီးညူလိုက်သည်။

“သူက ငါ့နောက်ကို လိုက်လာတာများလား”

.....................

အခြားတစ်ဖက်တွင်လည်း ဥက္ကဌပိုင်သည် စည်းပြင်ပတာအို၏ စွမ်းအားများကို စုဆောင်းနေခဲ့သည်။

စည်းပြင်ပတာအို စွမ်းအင် ၆ပါးကို ကိုယ်စားပြုသည့် မဟာစည်းပြင်ပတာအို ၆ခုရှိသည်။

ကြယ်၇ပွင့်မိစ္ဆာလွတ်မြောက်ခြင်း (ရုပ်ပိုင်းဆိုင်ရာခုခံစွမ်းအား)

ယင်ယန်လွတ်မြောက်ခြင်းနည်းစနစ် (မှော်အပူခံစွမ်းအား)

သန့်စင်ခြင်းနှလုံးသားမှော်စည်း (အန္တိမကိုယ်ခံစွမ်းအား)

ဒြပ်၅ပါးတစ္ဆေကျင့်စဉ် (ဒြပ်စင်များကို ချယ်လှယ်နိုင်သောစွမ်းအား)

ဒေါသကောင်းကင် (စည်းပြင်ပတာအိုပြစ်ဒဏ်ပေးခြင်း)

နောက်ထပ်တစ်ခုမှာ ဥက္ကဌပိုင် ရရှိပြီးသော ပြောင်းပြန်ဝင်ရိုးစွန်း ဖြစ်သည်။

၎င်းက ကောင်းကင်ကိုအံတုပြီး ကံကြမ္မာကို ပြောင်းလဲနိုင်သော စွမ်းအားကို ကိုယ်စားပြုသည်။

ဤအချိန်တွင် ဥက္ကဌပိုင်သည် တိမ်များနှင့်မြူခိုးများ ဝိုင်းရံနေသည့် ချောက်ကမ်းပါးတစ်ခု၏ အစွန်းသို့ ရောက်ရှိနေခဲ့သည်။

ဤနေရာက မီရှို့နိုင်ငံ၏ နယ်နိမိတ်အတွင်းတွင် ရှိသည့် သေမင်းချိုင့်ဝှမ်းဟု ခေါ်တွင်သော နေရာတွင် ရှိသည်။

တစ်ချိန်က အခုန်သမားများအတွက် အလွန် ရေပန်းစားသောနေရာ ဖြစ်သည်။

ချိုင့်ဝှမ်း၏အောက်ခြေတွင် မရေမတွက်နိုင်သော အရိုးများစုပုံနေသဖြင့် ကြောက်မက်ဖွယ် အော်ရာများကို ဖန်တီးနေသလို ဖြစ်နေသည်။

ဤသည်က ယခုခေတ်တွင် ခရီးသွားများကို ဆွဲဆောင်မှုတစ်ခု ဖြစ်လာ၏။

ကျင့်ကြံသူများသည် သေခြင်းတရားကို မကြောက်ရွံ့ဘဲ အုပ်စုလိုက် ခရီးထွက်လေ့ ရှိကြသည်။

ထိုနေရာသို့ သွားရောက်လည်ပတ်ရန် အထူးမှော်ရတနာများကိုပင် စီးသွားကြသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ကစ၍ သေမင်းချိုင့်ဝှမ်း၌ ဖြစ်ပေါ်ခဲ့သော မကြာခဏ လူပျောက်မှုများကြောင့် လာရောက်လည်ပတ်သူ အရေအတွက် လျော့နည်းသွားခဲ့သည်။

ချိုင့်ဝှမ်းကို ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်များပင် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။

“ဒြပ်၅ပါးတစ္ဆေကျင့်စဉ်က ဒီနေရာမှာပဲ”

လေထဲတွင်ရှိနေသော ဥက္ကဌပိုင်၏ လေသံက တုန်ယင်နေသည်။

ယနေ့ခေတ်တွင် လူသားများသည် ဤနေရာသို့ မချဉ်းကပ်ရဲတော့ပေ။

ညသရဲဝိညာဉ်အင်ပါယာ၏ ပကတိအင်မော်တယ်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင်လည်း ဥက္ကဌပိုင်သည် အနည်းငယ် ကြောက်လန့်နေမည်မှာ သေချာသည်။

စိတ်ဝိညာဉ်၏ စံနည်းစနစ်မှ တစ်ဆင့် လုံမင် ထိန်းချုပ်ထားသော ကင်းခြေမျှားကြီးများသည် ဥက္ကဌပိုင်၏ ပုခုံးပေါ် တက်လာခဲ့သည်။

လုံမင်က ကင်းခြေများမှ တစ်ဆင့် စကားပြောလိုက်သည်။

“အရှင့်ရဲ့ အမိန့်အတိုင်း ချိုင့်ဝှမ်းအောက်ခြေကို စစ်ဆေးပြီးပါပြီ.. မျှော်လင့်ထားသလိုပဲ ထူးထူးခြားခြား တစ်ခုခုတော့ ရှိနေခဲ့တယ်”

ချိုင့်ဝှမ်းတွင် အဆိပ်ပြင်းသော အင်းဆက်ပိုးကောင် အများအပြား ရှိသောကြောင့် လုံမင်၏ အင်းဆက်ထိန်းချုပ်ခြင်းနည်းစနစ်က အလွန်ပင် အသုံးဝင်ခဲ့သည်။

ချိုင့်ဝှမ်းကြမ်းပြင်တွင် မည်မျှပင် အန္တရာယ်များနေပါစေ.. အင်းဆက်ပိုးကောင်များ ရှိနေသရွေ့ သူတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်မည် ဖြစ်၏။

ဤပိုးကောင်များ မတော်တဆ သေဆုံးသွာလျှင်ပင် ကိစ္စမရှိပေ။

လုံမျိုးနွယ်စု၏ အင်းဆက်ထိန်းချုပ်ခြင်း နည်းစနစ်သည် ပိုင်မျိုးနွယ်စု၏ ဖန်တီးခြင်း နည်းစနစ် ကဲ့သို့ ကျော်ကြားသည့် လျှို့ဝှက်နည်းစနစ် ဖြစ်သည်။

ညသရဲဝိညာဉ်အင်ပါယာသည် ညဦးစီးမှူးအဖွဲ့ကို တည်ထောင်ရာတွင် နေရာတိုင်းမှ လူများကို စည်းရုံးခဲ့ပြီး လုံမင်ကိုလည်းသူ့လက်အောက်တွင် အမှုထမ်းရန် ကြိုးပမ်းခဲ့သည်။

“ဒီနှစ်တွေ တစ်လျှောက်လုံး သေမင်းချိုင့်ဝှမ်းက ဘယ်တော့မှမငြိမ်းချမ်းခဲ့ဘူး.. ဒါကြောင့်ပဲ စည်းပြင်ပတာအိုရဲ့ စွမ်းအားတစ်ခုခု ရှိနေနိုင်တယ်လို့ ငါထင်ခဲ့တယ်.. ကံဆိုးစွာနဲ့ အရင်တုန်းက လာရောက် စုံစမ်းဖို့ အရေးမသာခဲ့ဘူး.. လက်ရှိအခြေအနေအရတော့ ငါ့ရဲ့အထင်က ဖြစ်နိုင်ချေရှိနေတဲ့ပုံပဲ”

“အရှင်.. စည်းပြင်ပတာအိုက ဘယ်လိုမျိုးလဲ”

လုံမင်က မေးလိုက်သည်။

“ဒါက ပြိုင်ဘက်ကင်း စွမ်းအားမျိုးပဲ.. စည်းပြင်ပတာအိုကိုကျွမ်းကျင်သူက ဒြပ်၅ပါးကို အသုံးပြုပြီး အခြေခံနာမ်ဝိညာဉ်ကို ဖန်တီးနိုင်တယ်.. အဲဒါရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ရဲ့ တိုက်ပွဲဝင်အင်အားက တိုးတက်လာမှာ အသေအချာပဲ”

ချောက်ကမ်းပါးစွန်းကနေ ငေးကြည့်ရင်း ဥက္ကဌပိုင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ရှိနေသည်။

“စိတ်လှုပ်ရှားလည်း မတတ်နိုင်တော့ဘူး”

ထို့နောက် သူက ချောက်ကမ်းပါးကနေ တိုက်ရိုက် ခုန်ချလိုက်သည်။

အပိုင်း(၈၀၆) ပြီး၏

All Chapters