← Chapters

ဆရာကြီးများဖြင့် ပြည့်နှက်နေသောဗဟာဗျူဟာရုံး

Vol. 54 Ch. 808

ဆရာကြီးများဖြင့် ပြည့်နှက်နေသောဗဟာဗျူဟာရုံး

Vol. 54 Ch. 808

လုံမျိုးနွယ်စုမှ ဆင်းသက်လာသူဟု သံသယရှိသူထံမှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်သည် အရဲစွန့်ရခြင်းမျိုး မရှိပေ။

သူတို့က တစ်ဆင့်ပို့ ခရစ်စတယ်များကို နေရာချပေးရန်သာ လိုအပ်၏။

ယင်းမှာ ကောင်းကင်အဆင့်ဂိုဏ်းများ၏ ခေါင်းဆောင်များ အတွက် ကိတ်မုန့်လှီးသလို လွယ်ကူသော အလုပ်ဖြစ်သည်။

အရေးအကြီးဆုံးမှာ ဤစစ်ဆင်ရေးတွင် သူတို့လက်ကို ညစ်ပေစရာ မလိုတော့ဘဲ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့် တိုက်ရိုက်ပဋိပက္ခကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

လုယိုမင်က အမြဲတမ်း ရှေးရိုးဆန်သူဖြစ်၏။

ယင်းက အစပိုင်းတွင် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ကိုထူထောင်ရန် တွန်းအားပေးခဲ့သည့် အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။

အဖွဲ့များ ဖွဲ့ခြင်းသည် ဝေဖန်မှုများကို ဆွဲဆောင်နိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အနည်းဆုံးတော့ လုယိုမင်၏ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့တွင် ပါဝင်သော ဂိုဏ်းများသည် တညီတညွတ်တည်း လက်တွဲလုပ်ဆောင်ကြ၏။

၎င်းတို့က အနာဂတ်တွင် ၎င်းတို့၏ တိုးတက်မှုအတွက် အတားအဆီးများစွာ ကြုံတွေ့ရနိုင်သော်လည်း ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ တည်ရှိနေသ၍ မဟာမိတ်အဖွဲ့တွင် ပါဝင်သော ဂိုဏ်းများ၏ အဆင့်မှာ ကျဆင်းသွားမည် မဟုတ်ပေ။

ကောင်းကင်အလင်းမဟာမိတ်အဖွဲ့ကို ကောင်းကင်အဆင့် ဂိုဏ်း ၁၇ ဂိုဏ်း ပူးပေါင်းထားသည့် သံတံတိုင်းတစ်ခု အဖြစ် တင်စားနိုင်သည်။

မဟာမိတ်အဖွဲ့ရှိ ဂိုဏ်းအများစုမှာ ပဉ္စမတန်းစားအဆင့်တွင် ရှိပြီး လက်တစ်ဆုပ်စာမှာ စတုတ္ထတန်းစားအဆင့်တွင် ရှိသည်။

သို့သော်လည်း ၎င်းတို့သည် အလုံးစုံခွန်အား၏ မျှတမှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

သူတို့က မဟာမိတ်အဖွဲ့တွင် ပါဝင်နေသရွေ့ ပဉ္စမတန်းစားအဆင့်မှ အလွယ်တကူ ထွက်သွားနိုင်မည်မဟုတ်ပေ။

ဂိုဏ်းတစ်ခုသည် မိမိဂိုဏ်း၏ အဆင့်ကို ထိန်းသိမ်းထားလိုလျှင် မဟာမိတ်အဖွဲ့သို့ ဝင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

လုယိုမင်က အရာအားလုံးကို ထောင့်စေအောင် စီစဉ်ထားသော်လည်း ဤမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ချက်ချင်းဆိုသလို ပေါ်ထွက်လာမည်ကို သူဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

ဂိုဏ်းခေါင်းဆောင်စွန်းက သူ့ထင်မြင်ချက်ကို တင်ပြပြီးနောက်တွင် လုယိုမင်သည် အချိန်အတော်ကြာ စဉ်းစားခန်းဝင်ခဲ့သည်။

ခဏအကြာတွင် လုယိုမင်က ခေါင်းညိတ်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင်စွန်း.. ငါတို့ မဟာမိတ်အဖွဲ့က အထက်တန်းကျောင်းကို ဖိအားပေးမယ်လို့ပဲ အာမခံနိုင်မယ်.. ကလေးတွေ ထိခိုက်စေမဲ့ ဘယ်လိုအရာကိုမှ လုပ်ဆောင်မှာ မဟုတ်ကြောင်းကိုတော့ ကျေးဇူးပြုပြီး အကြောင်းပြန်ပေးပါ"

"အဆုံးသတ်ပြောရရင် ဒီအထက်တန်းကျောင်းက ငါတို့နဲ့ ဘာအာဃာတမှ မရှိဘူးလေ.. အရမ်းကာရော ဆောင်ရွက်လိုက်ရင် ပြဿနာတက်လာနိုင်တယ်.. ငါ့တောင်းဆိုချက်ကို အဆင်​​ပြေတယ်ဆိုရင် သူတို့တောင်းဆိုတာကို ငါသ​ဘောတူတယ်​"

စွန်းဟန်ကျိမ် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

လုယိုမင်၏ ဆုံးဖြတ်ချက်သည် မည်သူ တစ်ဦးတစ်ယောက်အတွက်မှ အံ့သြစရာမဟုတ်ပေ။

သူတို့၏ ဥက္ကဌက ရှေးရိုးဆန်ပြီး ကိစ္စများကို အလွန်အကျူးလုပ်ရန် ဘယ်တော့မှ ခွင့်မပြုခဲ့ချေ။

လုယိုမင် အလွန်သတိထားရခြင်း၏ နောက်ထပ် အဓိကအကြောင်းရင်းမှာ လုံမျိုးနွယ်စုမှ ဆင်းသက်လာသည်ဟု သံသယရှိသော ဤစီနီယာနှင့် ပတ်သက်၍ သူဘာမှ မသိရှိခြင်းကြောင့် ဖြစ်သည်။

တစ်ဖက်ကလည်း စွန်းဟန်ကျိမ်သည် သူ့အတွက် သတင်းစကား ပေးပို့ရန် အမှန်တကယ် တတ်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူသည် လုံမျိုးနွယ်စုမှ သူ နှင့် ပတ်သက်၍ လေ့လာမှုကို ပြုလုပ်ရဦးမည် ဖြစ်သည်။

သို့သော်လည်း မဟာမိတ်အဖွဲ့တွင် စုစုပေါင်း ကောင်းကင်အဆင့် ဂိုဏ်း ၁၇ ဂိုဏ်း ရှိသည်။

ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ ရင်ဆိုင်နေရသည့် လက်ရှိ အခက်အခဲကို အဖြေရှာဖို့ နှင့် ပဋိပက္ခကို အသုံးချနိုင်သည်ကို ထောက်လျှင် တစ်ဖက်လူက ရိုးရှင်းသည့် လူတစ်ယောက်မဟုတ်မှန်း ထင်ရှားနေသည်။

သူ့အတွေ့အကြုံအရ လုံမျိုးနွယ်စုမှ ဆင်းသက်လာသော စီနီယာသည် အဓိကကျသော ပုဂ္ဂိုလ်မဟုတ်ပေ၊

နောက်ကွယ်မှာ ပိုအားကောင်းသည့် တစ်စုံတစ်ယောက်အလုပ်လုပ်နေတာလည်း ဖြစ်နိုင်သည်။

….....................

စာသင်နှစ်၏ ၁၆ ပတ်မြောက် အင်္ဂါနေ့သည် သြဂုတ် ၈ ရက်ဖြစ်သည်။

ကောင်းကင်တာအို ဇာတာခွင်တွင် ရေးထားသည်မှာ

လုပ်ရမည့်အရာ- လုပ်ငန်းတစ်ခုစတင်ပါ၊ ဂိုဏ်းတစ်ခုတည်ထောင်ပါ၊ လက်ထပ်ပါ၊ ခရီးသွားပါ၊ ရောဂါဆန်းစစ်ပါ၊ အလုပ်ရှာပါ၊ သင့်အချစ်ကို ဝန်ခံပါ၊ အခန်းအပ်ဒိတ်များ နှောင့်နှေးသည်၊ လစဉ်မဲပေးခြင်း၊ ထောက်ခံချက်မဲပေးခြင်း...

မလုပ်ရမည့်အရာ- မရှိ

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤနေ့အတွက် အစောကြီးကတည်းက စီစဉ်ခဲ့သည်။

ဤသည်မှာ ယခုနှစ်အတွက် ရှားပါးသော နေ့ထူးနေ့မြတ်ဖြစ်သည်။

လွတ်သွားခဲ့လျှင် နောက်ထပ် ခြောက်နှစ်လောက် စောင့်ရပေဦးမည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို စိတ်ကူးပုံဖော်ရာတွင် ကျင့်ကြံခြင်း ဖိုရမ်ကို စတင်သည့်နေ့မှစ၍ အစီအစဥ်အမျိုးမျိုးကို အဆက်မပြတ် ပြုလုပ်နေခဲ့သည်။

ယခုအခါ အမှန်တကယ်ဖြစ်လာမည့်နေ့ကို ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေသည်။

အရှေ့ဟွမ်လမ်းရှိ ဝမ်မိသားစု အိမ်ငယ်လေးနှင့် သိပ်မဝေးသောနေရာ၌ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို နောက်ဆုံးတွင် တည်ထောင်မည် ဖြစ်သည်။

ဤသည်မှာ တောင်တန်းများပေါ်တွင် တည်ရှိသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ဘက်ပေါင်းစုံမှ ဝိုင်းရံထားသော မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးသည် တောင်တန်းများတွင် တောက်ပနေသော ရတနာတစ်ခုကဲ့သို့ပင်။

တည်ထောင်ခြင်း အခမ်းအနား ချောချောမွေ့မွေ့ ဖြစ်စေရန် ဗုံးပစ်စီနီယာ အင်မော်တယ်က ဂိုဏ်းလမ်းညွှန် အများအပြားကို အထူး ငှားရမ်းခဲ့သည်။

ဤဂိုဏ်းလမ်းညွှန်များသည် ၎င်းတို့၏ လေ့ကျင့်မှုအားလုံးကို တစ်ရက်တည်းဖြင့် ပြီးမြောက်ခဲ့သည်။

သူတို့အားလုံးသည် နာမည်ကြီး တက္ကသိုလ်များမှ ဘွဲ့ရများဖြစ်ကြပြီး ၎င်းတို့ အသီးသီးသည် ထူးချွန်သူများ ဖြစ်ကြသည်။

ဖိတ်စာဖြင့် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာသော ဂိုဏ်းချုပ် အများအပြားသည် သူတို့ကို လာရောက်ဧည့်ကြိုသည့် အလွန်ငယ်ရွယ်ပြီး ချောမောသော ကျင့်ကြံသူကို မြင်လျှင် အံ့သြသွားကြသည်။

ဤလူငယ်က ပိုင်ယန်မြို့ရှိ ကျင့်ကြံခြင်း တက္ကသိုလ်မှ အသက်အငယ်ဆုံး ပါမောက္ခ ယန်ပမ်းချွမ်း ဖြစ်သည်။

ပါမောက္ခယန်သည် ယမန်နှစ်က နိုင်ငံတကာ ကျင့်ကြံခြင်း ဥယျာဉ်မှူးဆုကိုပင် ရရှိခဲ့သည်။

လူတော်တော်များများက သူ့ကို ကောင်းကောင်းမှတ်မိကြ၏။

ဟင်းလင်းပြင် မွမ်းမံခြင်းအဆင့် နာမည်ကျော် ပါမောက္ခတစ်ယောက်က ဧည့်လမ်းညွှန် တစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ ဒီမှာ ရှိနေခဲ့တယ်လား။

ပါမောက္ခယန်က ခြေသလုံးအိမ်တိုင် အင်မော်တယ် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သိထားရပေမည်။

"မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ တည်ထောင်ခြင်းအခမ်းအနားကို တက်ရောက်လာတဲ့ ဂိုဏ်း ကိုယ်စားလှယ်တွေ အားလုံးကို ကြိုဆိုပါတယ်"

ပါမောက္ခယန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ငါက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ လှည့်ကင်းနဲ့ လမ်းညွှန်အဖွဲ့ခေါင်းဆောင် ယန်ပမ်းချွမ်းပါ.. တော်တော်များများက ငါ့ကို မှတ်မိကြတယ်မလား”

"ပါမောက္ခယန်က ဘာလို့ ဒီကိုရောက်နေတာလဲ"

ယန်ပမ်းချွမ်း၏ အသွင်အပြင်က လုယိုမင်ကို တုန်လှုပ်သွားစေသည်။

“ဗုံးပစ်စီနီယာ အင်မော်တယ်က ငါ့ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ.. သူ့ရဲ့ ဂိုဏ်းအသစ်မှာ ငါ့ကို ပါဝင်ဖို့ ထက်ထက်သန်သန် ဖိတ်ခေါ်ပြီး ငြင်းဆန်လို့မဖြစ်နိုင်တဲ့ လစာအများကြီးပေးခဲ့တယ်.. ငါ ဒီအခွင့်အရေးကို မငြင်းပယ်နိုင်ခဲ့ဘူး"

"ဒါ့အပြင် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါ့လက်အောက်မှာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လက်အောက်ငယ်သားတွေကိုလည်း အများကြီး ခန့်ထားပေးခဲ့တယ်.. ပိုင်ယန်မြို့က စုန့်ဟိုင်မြို့နဲ့ အနည်းငယ်ဝေးပေမဲ့ ငါ့ရဲ့ သင်ကြားမှုကိုတော့ အနှောင့်အယှက် ဖြစ်စေမှာမဟုတ်ဘူးလေ "

"အဲဒီလိုလား"

လုယိုမင် နှင့် အခြားဂိုဏ်းခေါင်းဆောင် အားလုံးက ခေါင်းညိတ်လိုက်သည်။

ဒါတောင်မှ တော်တော်လေး လွန်နေပြီ ဖြစ်၏။

ယခင်က သူတို့ရရှိခဲ့သည့် နာမည်စာရင်းတွင် ပါမောက္ခယန် ပါဝင်နေမှန်း မသိခဲ့ကြပေ။

ယင်းက ယနေ့ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားတွင် အခြားသော ပုဂ္ဂိုလ်ကြီးများကို မြင်တွေ့နိုင်သည်ဟု ဆိုလိုပါသလော။

ပါမောက္ခယန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။

“မင်းတို့အားလုံးက ဂိုဏ်းကြီးတွေရဲ့ ခေါင်းဆောင်တွေဆိုတော့ ဂိုဏ်းချုပ်က မင်းတို့ကို အထူးတလည် နှုတ်ဆက်ဖို့ တောင်းဆိုခဲ့တယ်.. ကျေးဇူးပြုပြီး ငါ့နောက်က လိုက်ခဲ့ပါ.. အခု ငါတို့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ သီးသန့် လည်ပတ်စရာ ဘတ်စ်ကားကို စီးပြီးသွားကြမယ်”

“အလည်အပတ် ဘတ်စ်ကားလား.. ငါတို့ ဂိုဏ်းဝင်ပေါက်ကို ရောက်နေတာ မဟုတ်ဘူးလား"

“ဒါက ဂိုဏ်းရဲ့ အကြိုထောက်စခန်း တစ်ခုပါပဲ.. မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက အလွန်ကြီးမားတဲ့ ဧရိယာပေါ်မှာ တည်ဆောက်ထားတာပါ.. မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှာ ဧည့်သည်တွေကို လက်ခံဖို့ အကြိုထောက် စခန်းပေါင်း ၁၆၀၀ ရှိတယ်”

ကင်းလှည့်နှင့် လမ်းညွှန်အဖွဲ့ခေါင်းဆောင် ပါမောက္ခယန်က ပြောသည်။

“လေးစားစွာဖြင့် မေးပါရစေ… မဟာဗျူဟာလှည့်ဖြားမှု.အထွေထွေရုံးက ဘယ်လောက်ကျယ်ဝန်းပါသလဲ"

လုယိုမင် မေးလိုက်သည်။

"စတုရန်းကီလိုမီတာ ငါးထောင်"

သူတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သော်လည်း၊ ပါမောက္ခယန်၏ စကားကို ကြားလျှင် မေးရိုးများ ပြုတ်ထွက်မတတ် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

စတုရန်းကီလိုမီတာ ငါးထောင်..

ယင်းက ဟွာရှို့နိုင်ငံ၏ ဒုတိယတန်းစားမြို့ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သည်။

မဟာဗျူဟာ လှည့်ဖြားမှုအထွေထွေရုံး အခြေစိုက်ထားသည့် ဧရိယာမှာ လက်တွေ့ မကြုံစဖူးပင်။

တကယ်တမ်းတွင် ဂိုဏ်းသည် ကနဦးအစီအစဉ်အရ စတုရန်းကီလိုမီတာတစ်ရာသာ ကျယ်ဝန်းသည်။

သို့သော် ဟွာရှို့မဟာမိတ်၏ ဝင်ရောက်စွက်ဖက်မှု အပြီးတွင် ၎င်းတို့၏ ခွင့်ပြုချက်နဲ့ အတူ ဂိုဏ်း၏ မြေနေရာ အကျယ်အဝန်းသည် ဤအတိုင်းအတာအထိ တိုက်ရိုက်တိုးမြင့်လာခဲ့သညိ။

[ဘရိုကိုလီခြံပေါင်းများစွာကို စိုက်ပျိုးနိုင်တော့မှာလား]

ယင်းမှာ ဂိုဏ်း၏ ခွင့်ပြုချက်စာတမ်းကို မြင်သောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်၏ အတွေးတစ်ခု ဖြစ်သည်။

သို့သော် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကို ယခုမှ စတင် ဖွဲ့စည်းထားသောကြောင့် မြေနေရာများစွာ အသုံးမပြုနိုင်သေးပေ။

လက်ရှိတွင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးသည် စတုရန်းကီလိုမီတာ နှစ်ဆယ်ခန့်ရှိသော တောင်များပတ်လည်ရှိ အဓိကဧရိယာ တစ်ခုကိုသာ သိမ်းပိုက်ထားသည်။

သို့တိုင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ကနဦးအရှိန်အဟုန်သည် ကောင်းကင်အဆင့်ဂိုဏ်း၏ ပုဂ္ဂိုလ်ကြီးများကို ထိတ်လန့်စေခဲ့သည်။

လုယိုမင်သည် လုံမျိုးနွယ်စုမှ ဆင်းသက်လာသော စီနီယာ သူ့အား အပ်နှင်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရန် ရှိမရှိ တွေးတောနေပြီ ဖြစ်သည်။

သူတို့ ကောင်းကင်အဆင့်ဂိုဏ်းကြီး ၁၇ ဂိုဏ်း၏ အခြေခံအုတ်မြစ် အကုန် ကုန်သွားလျှင်ပင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ နောက်ကွယ်မှာ ရပ်နေသောသူကို မယှဥ်နိုင်မှန်း ခံစားမိခဲ့သည်။

အပိုင်း(၈၀၈) ပြီး၏

All Chapters