← Chapters

အင်မော်တယ်အမှန်တရားခေါင်းလောင်းကို မေးမယ့်အစား ဧကရာဇ်ဓားကို မေးတာ ပိုကောင်းတယ်(က)

Vol. 78 Ch. 1200

အင်မော်တယ်အမှန်တရားခေါင်းလောင်းကို မေးမယ့်အစား ဧကရာဇ်ဓားကို မေးတာ ပိုကောင်းတယ်(က)

Vol. 78 Ch. 1200

“ ကောင်းကင်နဲ့ မြေပြင်မှာ စိတ်ဝိညာဉ်ရှိတယ်… အရာဝတ္ထုအားလုံးက နတ်ဘုရားအစွမ်းကို ပိုင်ဆိုင်ထားကြတယ်… နတ်ဘုရားတွေ ဆင်းသက်လာခဲ့တဲ့ အချက်ကို ငြင်းပယ်လို့ မရဘူး… နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် နတ်ဘုရားတွေက ဝမ်ကူးကုန်းမြေနဲ့ ပေါင်းစပ်သွားပြီး စွမ်းအင်ဖွဲ့စည်းမှုတွေထဲက တစ်ခုဖြစ်လာတယ်… ကျုပ်တို့က အဲ့ဒီအခွင့်အရေးကို အမိအရယူရမယ်… နတ်ဘုရားတွေရဲ့ ကျူးကျော်ဝင်ရောက်ခံခဲ့ရတဲ့ အရာဝတ္ထုတွေကို နတ်ဘုရားပစ္စည်းတွေလို့ သဘောထားရမယ် ”

“ ဆေးပညာနဲ့အတူ အဲ့ဒီနတ်ဘုရားပစ္စည်းတွေကို ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲ ပေါင်းစပ်မယ် ကျုပ်တို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အစားထိုးမယ်ဆိုရင် နတ်ဘုရားခန္ဓာကိုယ်ကို ကျုပ်တို့ ပိုင်ဆိုင်နိုင်လာလိမ့်မယ်… အဲ့ဒီခန္ဓာကိုယ်က လက်ရှိအချိန်ကာလနဲ့ရော ပတ်ဝန်းကျင်နဲ့ရော သဟဇာတဖြစ်တယ်… ဒါကြောင့် ဒြပ်နှောတွေက ကျုပ်တို့အတွက် သေစေနိုင်တဲ့ အဆိပ်မဟုတ်တော့ဘဲ ကျင့်ကြံခြင်းအတွက် အာဟာရဓာတ်တွေ ဖြစ်လာလိမ့်မယ်… အဲ့ဒါက ဝိညာဉ်စွမ်းအားလိုမျိုး ဖြစ်လာမယ်… ကျုပ်တို့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က အဲ့ဒါကို နတ်ဘုရားအစွမ်းလို့ ခေါ်တယ် ”

“ ဒီနည်းအတိုင်း ကျင့်ကြံမယ်ဆိုရင် ကျုပ်တို့ လူသားမျိုးနွယ်က အရမ်းသန်မာလာလိမ့်မယ်… အင်မော်တယ်လမ်းစဉ်က ဖြတ်တောက်ခံထားရတယ်… ဒါဆိုရင် ဘာဖြစ်လို့ ကျုပ်တို့က ရှေ့ဆက်သွားနိုင်ဖို့ အားသုံးနေမှာလဲ… ကျုပ်တို့မှာ ကိုယ်ပိုင်မဟာတာအိုရှိပြီးသား မဟုတ်ဘူးလား… ဒါကြောင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ ရည်မှန်းချက်က လူသားတိုင်း နတ်ဘုရားဖြစ်ဖို့ အခွင့်အရေးရရှိနိုင်အောင်ပဲ ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အသံသည် မကျယ်လောင်သလို ဆွဲဆောင်မှုမရှိပေ။ သို့သော်လည်း သူ့စကား၏ အဓိပ္ပာယ်သည် အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများ၏ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု ထွက်ပေါ်လာစေသည်။

အထူးသဖြင့် နောက်ဆုံးစကားပင်။ ‘ လူသားတိုင်း နတ်ဘုရားဖြစ်ဖို့ အခွင့်အရေးရရှိနိုင်တယ် ’ဟူသော စကားသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းတော်သားများကို လှုံ့ဆော်လိုက်သည်။ သူတို့သည် စိတ်လှုပ်ရှားလာကြပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်အပေါ် ပိုပြီးယုံကြည်လာကြသည်။

ဤသည်မှာ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော် နာမည်ကျော်ကြားနေရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။

ယခု နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက ထိုအကြောင်းကို လူအများရှေ့မှာ ထုတ်ဖော်ပြောကြားလိုက်သည့်အခါ သူတို့၏ မူဝါဒကို အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများက ပိုပြီးလက်ခံယုံကြည်လာကြသည်။

“ သောက်ရူးအတွေးတွေ ”

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

“ ရှေးခေတ်ကာလကနေ ယခုအချိန်အထိ ကျုပ်တို့လူသားမျိုးနွယ်က ဂုဏ်သတင်းကြီးမားတဲ့ အချိန်ကို တွေ့ကြုံခဲ့ရသလို ဂုဏ်သတင်းကျဆင်းသွားတဲ့ အချိန်ကိုလည်း တွေ့ကြုံခဲ့ရတယ်… မျိုးနွယ်စုက ဝမ်ကူးကုန်းမြေရဲ့ အထွတ်အထိပ်အချိန်ကို ရောက်ခဲ့ဖူးသလို ကပ်ဘေးတွေနဲ့လည်း တွေ့ကြုံခဲ့ဖူးတယ်… ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျုပ်တို့က တောင့်ခံခဲ့တယ်… ကျုပ်တို့က လူသားမျိုးနွယ် ဖြစ်နေတုန်းပဲ… ကျုပ်တို့ရဲ့ သွေးက အနီရောင်ဖြစ်နေတုန်းပဲ ”

“ မင်းက လူသားမျိုးနွယ်ရဲ့ အကျိုးအတွက်လို့ ပြောတယ်… ဒါဆိုရင် ဘာဖြစ်လို့ လူသားခန္ဓာကိုယ်ကို စွန့်ပစ်ခိုင်းတာလဲ… ဘာဖြစ်လို့ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ခိုင်းတာလဲ… အဆုံးမှာ မင်းက ပုံဆိုးပန်းဆိုး သားရိုင်းတစ်ကောင်ပဲ ဖြစ်လာလိမ့်မယ်… လူတိုင်း နတ်ဘုရားဖြစ်လာနိုင်တယ်လို့ ပြောမယ့်အစား နတ်ဘုရားတွေရဲ့ အခိုင်းအစေဖြစ်လာလိမ့်မယ်လို့ ပြောတာမှ ပိုပြီးတော့ မှန်လိမ့်မယ် ”

“ မင်းရဲ့ နည်းလမ်းက မျိုးတုန်းသတ်ဖြတ်ခြင်းပဲ… လူတိုင်းက နတ်ဘုရားဖြစ်လာနိုင်တယ်… ဒါပေမဲ့ ဘယ်သူမှ လူသားဟုတ်တော့မှာ မဟုတ်ဘူး ”

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် တည်ကြည်လေးနက်စွာ ပြောသည်။ ဤသည်မှာ သူ၏ ယုံကြည်ချက်ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ စကားသည် တာအိုဆွေးနွေးမှုကို မြင့်မားသော အမြင့်သစ်တစ်ခုထိ ရောက်ရှိသွားစေသည်။ အင်ပါယာအကယ်ဒမီထဲမှ ကြားနေကျောင်းသားများသည်ပင် သူ့စကားကြောင့် စိတ်ယိမ်းယိုင်သွားကြသည်။

ရွှီချင်းသည်ပင် ကျောင်းအုပ်ကြီးကို အကြိမ်ရေအနည်းငယ် ပိုကြည့်လိုက်သည်။ တစ်ဖက်လူ၏ စကားက ထိုမျှထက်ရှလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားတချို့ပင် နှုတ်ဆိတ်သွားကြပြီး သူတို့၏ ကျောင်းအုပ်ကြီးကို ကြည့်လိုက်ကြသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မည်သည့်စကားမှ မပြောပေ။ သူက ဘေးမှ သတ္တမမင်းသားကို ကြည့်လိုက်သည်။

သတ္တမမင်းသားသည် မျက်ခုံးပင့်တင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းရဲ့ မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ နည်းလမ်းက ရှေးရိုးဆန်ပြီး ခေါင်းမာတယ်… မင်းက အတိတ်က ဂုဏ်သတင်းကို အခုထိ တွယ်ကပ်နေသေးပြီး လက်လွှတ်ဖို့ ငြင်းဆန်တယ်… ဒါကြောင့် မင်းက အသစ်ထွက်ပေါ်လာတဲ့ အတွေးအမြင်တွေအပေါ် မကောင်းမြင်နေတယ်… အထူးသဖြင့် ငါ့နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကိုပဲ… ဒါပေမဲ့ အမှန်တရားကတော့ အင်ပါယာအကယ်ဒမီထဲက ကျောင်းတော်သားတွေရဲ့ စိတ်က ရှင်းလင်းပြီးသား… သူတို့မှာ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ”

“ ဒီအကြောင်းအရင်းကြောင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ငါရွေးချယ်ခဲ့တာဖြစ်ပြီး ကျောင်းတော်သားအများစုက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ် ”

သတ္တမမင်းသား၏ စကားသံ ထွက်ပေါ်လာသည့်အခါ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းတော်သားများသည် သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် မျိုးဆက်သစ်များ ဖြစ်ကြသည်။ သူတို့က ရှေးဟောင်းဓလေ့ထုံးတမ်းကို ရိုသေလေးစားသော်လည်း အပြောင်းအလဲလုပ်သင့်ကြောင်း သဘောတူကြသည်။

သတ္တမမင်းသား၏ သရုပ်အဆင့်အတန်းကြောင့် သူ၏ စကားတွင် ကြီးမားသော သက်ရောက်မှု ပါရှိသည်။ ထို့ကြောင့် ကြားနေကျောင်းတော်သားတချို့သည် စိတ်ယိမ်းယိုင်လာကြသည်။ ချက်ချင်းဆိုသလို နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ တာအိုစင်မြင့်မှ သက်တံ့အလင်းတန်းသည် ထပ်မံ လင်းထိန်သွားသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းမြင်လား… ဒါက မင်းရဲ့ မူကွဲအင်မော်တယ်ကျောင်းတော် နိမ့်ကျသွားရတဲ့ အကြောင်းအရင်းပဲ… ခေတ်က ပြောင်းလဲသွားပြီ ”

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး နှုတ်ဆိတ်သွားသည်။

မုသားစစ်ဆေးခြင်း၏ ပထမခေါင်းစဉ်တွင် မူကွဲအင်မော်တယ်ကျောင်းတော်သည် အရေးမသာခဲ့ပေ။

တစ်ခဏကြာပြီးနောက် ကျောင်းအုပ်ကြီးက ဒုတိယခေါင်းစဉ်ကို ပြောသည်။

“ မျိုးနွယ်ရဲ့ တာအိုဆိုတာ ဘာလဲ ”

ဤတစ်ကြိမ်တွင် ပထမဆုံး ပြောသူသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော် ဖြစ်သည်။ စကားပြောသူသည် တပည့်ခေါင်းဆောင်ဖြစ်သည်။

“ ဝမ်ကူးကုန်းမြေထဲမှာ မျိုးနွယ်စုတွေ မရေမတွက်နိုင်အောင် တည်ရှိကြတယ်… သက်ရှိအရေအတွက်က ထရီလီယံထက် ကျော်လွန်တယ်… ငါတို့ရဲ့ အမြင်ကို ဝမ်ကူးကုန်းမြေတစ်ခုလုံး ဖြန့်ကြက်နိုင်အောင် ကြိုးစားရမယ်… အသင်္ချေမျိုးနွယ်စုတွေရဲ့ တာအိုကို လူသားမျိုးနွယ်ရဲ့ တာအိုနဲ့ ပေါင်းစပ်သင့်တယ်… ငါတို့ရဲ့ အားသာချက်တွေကို ဆွဲထုတ်ပြီး ငါတို့ကိုယ်ငါတို့ သန့်စင်မယ်… အားနည်းချက်တွေကို ဖြည့်စွက်ပြီး တစ်ခါမှ မရှိဖူးသေးတဲ့ အောင်မြင်မှုတွေကို ရယူမယ် ”

“ ခေတ်က ပြောင်းလဲသွားပြီ… ငါတို့တွေ အတိတ်ထဲမှာပဲ မနစ်မြုပ်နေသင့်ဘူး… တကယ်လို့ ငါတို့က ပြောင်းလဲချင်တယ်ဆိုရင် အရာအားလုံးကို ပြောင်းလဲပစ်ရမယ်… ဒါမှပဲ ငါတို့က လမ်းကြောင်းအသစ်ကို ဖော်ထုတ်ရင်း အတိတ်က အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်မယ် ”

“ ပြီးတော့ လူတိုင်း နတ်ဘုရားဖြစ်လာတာက မှားယွင်းတဲ့ အရာလား… ငါတို့က ဝမ်ကူးကုန်းမြေရဲ့ ရှေးအကျဆုံး မျိုးနွယ်စုဖြစ်တယ်… ငါတို့က ဘယ်အရာနဲ့မဆို ပေါင်းစပ်နိုင်တယ်… အဲ့ဒီအချိန်ကျရင် ငါတို့က နတ်ဘုရားမျိုးနွယ်လို့ အခေါ်ခံရလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ဘူး… ပြီးတော့ ကောင်းကင်ပေါ်က နတ်ဘုရားမျက်နှာပျက်ကြီးက ငါတို့အတွက် ကပ်ဘေးမဟုတ်တော့ဘူး… အဲ့ဒါက ငါတို့ဆီကို ကောင်းချီးတွေ ဆောင်ကျဉ်းပေးလိမ့်မယ် ”

“ နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ ရောက်ရှိလာမှုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တယ်… ဒါပေမဲ့ ဘာဖြစ်လို့ ဝမ်ကူးကုန်းမြေမှာ သက်ရှိတွေ ရှိနေသေးတာလဲလို့ မင်းတို့စဉ်းစားကြည့်ဖူးလား… အဲ့ဒါက အခွင့်အရေးတစ်ခု မဖြစ်နိုင်ဘူးလား… ဒီအခွင့်အရေးကို ငါတို့အသုံးချနိုင်မယ်ဆိုရင် နတ်ဘုရားမျက်နှာပျက်ကြီးက ငါတို့ရဲ့ လက်နက် ဖြစ်လာလိမ့်မယ် ”

ထိုစကားများသည် မိုးခြိမ်းသံများအလား လောကကြီးထဲသို့ ပဲ့တင်ထပ်သွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကျောင်းတော်သားအားလုံးကို ထိတ်လန့်သွားစေသည်။

ယင်းက လူသားမျိုးနွယ်၏ ရှေးရိုးအစဉ်အလာနှင့် ဆန့်ကျင်နေသော်လည်း ပြောင်းလဲရသည့် အကြောင်းအရင်းသည် အကျိုးအကြောင်းသင့်သည်။ ချက်ချင်းဆိုသလို လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

အင်အားစုအသီးသီးတွင် တချို့သည် အထင်သေးရှုံ့ချပြီး တချို့သည် လေးနက်စွာ တွေးတောလိုက်ကြသည်။

လူသားဧကရာဇ်သည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ထံသို့ လေးနက်စွာ စိုက်ကြည့်လိုက်သည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် ခေါင်းမော့လိုက်ပြီး လူသားဧကရာဇ်၏ အကြည့်နှင့် တွေ့ဆုံလိုက်သည်။ ဤသည်မှာ အစောနက တပည့်ခေါင်းဆောင် ပြောသွားခဲ့သော စကားများက ကျောင်းတော်သားများနှင့် မူကွဲအင်မော်တယ်ကျောင်းတော်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ လူသားဧကရာဇ်ကို ရည်ရွယ်နေသည့်အလားပင်။

ဤသည်ကို ရွှီချင်းမြင်သောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည်တော့ ဒေါသထွက်စွာ ရယ်လိုက်သည်။

“ သောက်ကောင်လေး… မျိုးနွယ်စုရဲ့ တာအိုကို အတွေးအမြင်တစ်ခုတည်းလို့ မင်းထင်နေတာလား ”

“ မဟုတ်ဘူးကွ ”

“ မျိုးနွယ်စုရဲ့ တာအိုဆိုတာ မျိုးနွယ်ရဲ့ ဝိညာဉ်၊ မျိုးနွယ်ရဲ့ အမွေအနှစ်၊ မျိုးနွယ်ရဲ့ အတွေးအမြင်၊ မျိုးနွယ်ရဲ့ လူ့အဖွဲ့အစည်း ပြီးတော့ မျိုးနွယ်ရဲ့ စိတ်ဆန္ဒ အဲ့ဒါတွေအားလုံး စုပေါင်းထားတဲ့အရာကို ဆိုလိုတာပဲ ”

All Chapters