← Chapters

ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို

Vol. 78 Ch. 1212

ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို

Vol. 78 Ch. 1212

ညသည် မင်ရည်ကဲ့သို့ မည်းမှောင်နေပြီး ကြယ်ကလေးများသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ တောက်ပသော ဖိုးလမင်းသည် ညကောင်းကင်၏ အမြင့်တစ်နေရာမှာ ချိတ်ဆွဲခံထားရသည်။ ၎င်း၏ သန့်စင်သော အဖြူရောင်အလင်းသည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသည်။ သို့သော်လည်း ထိုအလင်းရောင်က လမ်းရှည်ပေါ်သို့ ကျရောက်သွားသည့်အခါ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ပါးလွှာသော ခရမ်းရောင်ပိတ်ကျဲစတစ်ခုက ဤဧရိယာတစ်ဝိုက်ကို လွှမ်းခြုံသွားသည့်အလားပင်။

ခရမ်းရောင်ပိတ်ကျဲစ၏ အပြင်ဘက်တွင် အေးစက်စက်လေက ဖြတ်သန်းတိုက်ခတ်နေလေရာ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များသည် တရှဲရှဲမြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ အဝေးမှ သစ်ပင်အရိပ်များသည်လည်း လှုပ်ယမ်းသွားကြသည်။ ဤသည်မှာ ၎င်းတို့က ယနေ့ည၏ လျှို့ဝှက်ချက်များကို တီးတိုးပြောနေသယောင်ယောင် ထင်မှတ်ရသည်။

ခရမ်းရောင်ပိတ်ကျဲစ၏ အတွင်းဘက်တွင် အေးစက်စက်လေသည် အော်ညည်းသံနှင့်အတူ တိုက်ခတ်နေပြီး အနောက်ဆုတ်သွားနေသော ပုံရိပ်တစ်ခုနောက်သို့ လိုက်ဖမ်းနေသည်။ အသာစီးရရှိနေသူဘက်မှ အရှိန်အဟုန်သည် အေးစက်စက်လေနှင့် ပေါင်းစပ်သွားပြီး အမှောင်ထုကို စိန်ခေါ်နေသည်။

အနောက်ဆုတ်သွားနေသော ပုံရိပ်က မြေပြင်ပေါ်သို့ ဆင်းသက်သွားသည့်အခါ လမ်းပေါ်မှ မြေပြင်‌ပေါ်တွင် အက်ကွဲရာများ ထွက်ပေါ်လာသည်။ ပုံရိပ်သည် အနောက်သို့ ဆက်တိုက် ဆုတ်သွားလေရာ သူ၏ လက်တစ်ဖက်ကို မြေပြင်ပေါ်သို့ ဖိချလိုက်သည့်အခါမှ အရှိန်သတ်နိုင်သွားသည်။

ခရမ်းရောင်လရောင်ခြည်အောက်တွင် ထိုပုံရိပ်သည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ ယခုအချိန်မှာ သူသည် ယခင်ကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။ အက်ကွဲရာများသည် သူ၏ မျက်နှာဖုံးပေါ်မှာ ထွက်ပေါ်လာသည်။ သူက သူ့ဆီသို့ လျှောက်လှမ်းလာနေသော ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“ ကောလဟာလအရ နင်က နီလာနတ်သမီးရဲ့ နတ်ဘုရားအရင်းအမြစ်ကို ခိုးယူခဲ့တယ်လို့ ပြောကြတယ်… စောစောက အင်ပါယာအကယ်ဒမီထဲမှာ နင်က ဘာလှုပ်ရှားမှုမှ မပြုလုပ်ခဲ့တာကြောင့် အဲ့ဒါကို ငါအာရုံမခံနိုင်ခဲ့ဘူး… အခု လရောင်ခြည်က နင့်ကြောင့် ပြောင်းလဲသွားတယ်ဆိုတော့ ကောလဟာလက တကယ် အမှန်ဖြစ်တဲ့ပုံပဲ ”

ရွှီချင်း၏ အမူအရာသည် ပုံမှန်အတိုင်း ရှိနေဆဲပင်။ လရောင်အောက်မှာ သူက သူ့တိုင်းပြည်ထဲမှာ လမ်းလျှောက်နေရသည့်အလားပင်။ သူက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဆီသို့ လျှောက်သွားသည်။ သူ၏ ဘေးပတ်ပတ်လည်မှ ခရမ်းရောင်အလင်းသည် ပိုပြီးသိပ်သည်းလာသည်။ ယင်းက ဤလောကကို ခရမ်းရောင်အဖြစ် စွန်းထင်သွားစေပြီး ဘေးပတ်ဝန်းကျင်ကို ကျူးကျော်ဝင်ရောက်သွားသည်။ ထို့ပြင် ယင်းက အရာအားလုံးကို ဝါးမျိုနိုင်သော ကြောက်မက်ဖွယ်ရာ နတ်ဘုရားပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။

“ ဒါပေမဲ့ အဲ့ဒါက ငါ့စိတ်ဝင်စားမှုကို မြင့်တတ်စေရုံလောက်ပါပဲ ”

“ အရင်တစ်ခေါက်က ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းထဲမှာ ငါ့ရဲ့ သရုပ်ကို မထုတ်ဖော်ချင်လို့ လျှို့ဝှက်အတတ်ကို အသုံးမပြုခဲ့ဘူး… ဒီတစ်ကြိမ်မှာတော့… ”

အမျိုးသမီး၏ မျက်လုံးထဲတွင် ထူးဆန်းသော ပုံရိပ်များ ထွက်ပေါ်လာကြသည်။ သူ၏ ဘယ်ဘက်မျက်လုံးတွင် မွေးကင်းစကလေးငယ်တစ်ယောက်၏ ပုံရိပ်ရှိပြီး သူ၏ ညာဘက်မျက်လုံးတွင် ခါးကုန်းနေသော အဖွားအိုတစ်ယောက်၏ ပုံရိပ်ရှိသည်။ ထိုပုံရိပ်နှစ်ခုသည် ကိုယ်ပိုင်အရှိန်အဝါကို ထုတ်လွှတ်နေကြပြီး ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်မျိုးသို့ ပေါင်းစပ်သွားသည်။ ထိုစွမ်းအင်က သူ့ခန္ဓာကိုယ်၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်သွားစဉ် သေခြင်းရှင်ခြင်းအနှစ်သာရကို ထုတ်လွှတ်လိုက်သည်။

သူ့အနောက်တွင် အဖြူအနက်ပုံရိပ်များ ဖြစ်ပေါ်လာကြသည်။ ပုံရိပ်တစ်ခုစီသည် ယပ်တောင်သဖွယ် ဘယ်ညာသို့ ဖြန့်ကားသွားသည်။ ၎င်းတို့က အချင်းချင်း လှည့်ပတ်လိုက်ကြပြီး ကောင်းကင်နှင့်မြေပြင်ကို လွှမ်းမိုးခြယ်လှယ်လိုက်ကာ ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ လောကကြီး၏ နိယာမများကို တုန်လှုပ်သွားစေသည်။

ဤတိုက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ရွှီချင်း၏ မျက်လုံးထဲမှာ လှိုင်းအတတ်အကျများ ထွက်ပေါ်လာသည်။

အတိတ်တွင် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲ၏ အပြင်ဘက်မှာ တစ်ဖက်လူက လျှို့ဝှက်ဆန်းကြယ်ကြောင်း သူခံစားမိခဲ့သည်။ သူက နတ်ဘုရားနှင့်ဆင်တူသော်လည်း နတ်ဘုရားမဟုတ်သလို ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူသော်လည်း ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ ယင်းက အတိတ်မှာကတည်းက သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့သည်။ ယခု သူတို့နှစ်ယောက်က နောက်တစ်ကြိမ် တိုက်ခိုက်ကြလေရာ ထိုခံစားမှုက ပိုပြီးသိသာလာသည်။

“ မင်းက ပေါက်ကရတွေ အရမ်းပြောတာပဲ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ ခရမ်းရောင်လရောင်ခြည်သည် ပိုပြီးလင်းထိန်လာသည်။ လရောင်ခြည်သည် လှံရှည်များနှင့် အလားသဏ္ဍာန်တူသော ရောင်ခြည်တန်းများအသွင်သို့ ဖွဲ့စည်းသွားကြပြီး လျှပ်တစ်ပြက်အတွင်း လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဆီသို့ ပျံသန်းသွားကြသည်။

အဝေးမှကြည့်လျှင် လရောင်ခြည်တန်းရာထောင်ချီသည် အရပ်မျက်နှာအဘက်ဘက်မှ ချဉ်းကပ်လာကြပြီး လျှပ်စီးပမာ အမြန်နှုန်းဖြင့် ဦးတည်ရာအားလုံးကို လွှမ်းခြုံသွားသည်။ ယင်းတို့က လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို မည်သည့်လွတ်လမ်းမှ မပေးပေ။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ သူငယ်အိမ်သည် ကျုံ့သွားသည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်ပြီး အရှေ့ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့အနောက်မှ အနက်ရောင်နှင့် အဖြူရောင်ယပ်တောင်ပုံရိပ်များသည် အတောင်ပံသဖွယ် ထွက်ပေါ်လာကြပြီး သူ့ကို လွှမ်းခြုံသွားကြသည်။

လရောင်ခြည်တန်းများက သိမ်မွေ့ညင်သာဟန် ထင်ရသော်လည်း ယင်းတို့၏ အဖျက်စွမ်းအားသည် အလွန်ကြီးမားသည်။ ယင်းတို့က အဖြူအနက်အတောင်ပံပေါ်သို့ ကျဆင်းသွားသည့်အခါ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

အဖြူအနက်အတောင်ပံသည် တုန်ယင်သွားသည်။ ၎င်းတို့က အရာအားလုံးကို တားဆီးနိုင်ခဲ့သော်လည်း လရောင်ခြည်တန်းများ၏ အရှိန်အဟုန်က အထဲမှ အမျိုးသမီးကို သွေးအန်သွားစေသည်။ သို့သော်လည်း သူက ရွှီချင်း၏ တိုက်ခိုက်မှုကို အပြည့်အဝ ဟန့်တားနိုင်ခဲ့သည်။

ထက်ရှသော အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ပြေးသွားသည့်အခါ တတိယနတ်ဘုရားအသွင်သဏ္ဍာန်သည် သူ့အနောက်မှာ ချက်ချင်း ဖွဲ့စည်းသွားသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်မှာ ရပ်နေလျက် ရွှီချင်းနောက်သို့ လိုက်ပါသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဆီသို့ ချဉ်းကပ်သွားသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ...

“ သွေးမျိုးဆက်တစ်ခုက ဝိညာဉ်သုံးခုအဖြစ် ပြောင်းလဲသွားတယ်… ဝိညာဉ်သုံးခုက နတ်ဘုရားအစွမ်းကိုးမျိုးအဖြစ် ပုံသွင်းခံရတယ်… နတ်ဘုရားအစွမ်းကိုးမျိုးက ငါ့ရဲ့ ကိုယ်ပိုင်အစစ်အမှန်ကို သန့်စင်ပေးတယ်… အဲ့ဒါက… ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို ”

အမျိုးသမီး၏ ရေရွတ်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ခပ်အုပ်အုပ် မိုးခြိမ်းသံသည် သူ၏ အထက်ရှိ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်ယောင်တောင်သုံးလုံးသည် လေထဲမှာ ထွက်ပေါ်လာကြသည်။

တောင်သုံးလုံးသည် ပြောင်းပြန်ဖြစ်ပြီး တောင်ထိပ်များက မြေကြီးဆီသို့ မျက်နှာမူထားကြသည်။

တောင်သုံးလုံးအနက် တစ်လုံးသည် ရေခဲတောင်ဖြစ်ပြီး ရေခဲများနှင့် နှင်းဖြင့် ပြည့်နှက်နေသည်။ ၎င်းက အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။

ဒုတိယတောင်သည် သွေးနီရောင်ပမာ ရဲရဲတောက်နေသည်။ ဤသည်မှာ ၎င်းက အလောင်းများဖြင့် စုပုံနေသော တောင်ဖြစ်ဟန် ရ၏။

တတိယတောင်သည် ချော်ရည်ဖြင့် ပြည့်နှက်နေသော တောင်ဖြစ်သည်။ ၎င်းက အထွတ်အမြတ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

တောင်သုံးလုံးထွက်ပေါ်လာသည့်အခိုက် ၎င်းတို့သည် ရှေးဟောင်းအရှိန်အဝါနှင့်အတူ ရွှီချင်းဆီသို့ ပျံသန်းသွားကြသည်။

“ ဒါဘယ်လို နတ်ဘုရားစွမ်းရည်လဲ… ရှေးဟောင်းအရှိန်အဝါနဲ့ ပြည့်နှက်နေပါလား… ”

ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားသည်။ အတွေးတစ်ချက်နှင့်အတူ ပိုမိုများပြားသော ဝိညာဉ်ချည်မျှင်များက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြသည်။ ယင်းတို့က တတိယနတ်ဘုရားအသွင်သဏ္ဍာန်၏ ဘေးတွင် ပထမနတ်ဘုရားအသွင်သဏ္ဍာန်နှင့် ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို မြန်ဆန်စွာ ရက်လုပ်လိုက်ကြသည်။

အဝေးမှကြည့်လျှင် ခရမ်းရောင်လရောင်အောက်မှာ ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုစလုံးသည် တစ်ခါမှမဖြစ်စဖူး တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။

ပိုင်ရှောင်ကျိုး၏ အချိန်ဝိညာဉ်ကို သူမဝါးမျိုခဲ့စဉ်ကဆိုလျှင် ရွှီချင်းသည် ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်ချည်မျှင်အရေအတွက်က မလုံလောက်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ချည်မျှင်နှစ်သန်းကို ရောက်ရှိသွားမှသာလျှင် နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုစလုံးကို တစ်ပြိုင်နက် သူအသုံးပြုနိုင်လာသည်။

၎င်းတို့ထွက်ပေါ်လာသည့်အခိုက် ၎င်းတို့သည် နတ်ဘုရားသုံးပါးသဖွယ် တြိဂံပုံသဏ္ဍာန်ကို ဖွဲ့စည်းလိုက်ပြီး ရွှီချင်းကို အလယ်မှာ ထားလိုက်ကြသည်။ ၎င်းတို့တစ်ယောက်စီသည် ရွှီချင်း၏ ညွှန်ကြားမှုနှင့်အတူ တောင်သုံးလုံးဆီသို့ ဦးတည်သွားကြသည်။

ချက်ချင်းဆိုသလို ဒြပ်နှောများသည် မြန်ဆန်စွာ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာသည်။ ခရမ်းရောင်လရောင်ခြည်သည် ပိုပြီးသိပ်သည်းလာသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သည် ရေခဲတောင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ရေခဲတောင်က တုန်ယင်သွားစဉ် ဒုတိယနတ်ဘုရားအသွင်သည် ဒုတိယတောင်ဆီသို့ ချဉ်းကပ်သွားသည်။ အနက်ရောင်အဆိပ်မြူခိုးသည် ပျံ့လွင့်ထွက်လာပြီး ဧရာမမိစ္ဆာတစ်ကောင်သို့ ပြောင်းလဲသွားကာ တောင်ကို အကြမ်းပတမ်း ဝါးမျိုလိုက်သည်။

ထို့နောက် တတိယနတ်ဘုရားအသွင်သည် လေထဲမှ ခရမ်းလကို မြှောက်တင်လိုက်ပြီး ချော်ရည်တောင်ဆီသို့ ပစ်ပေါက်လိုက်သည်။

ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေသည် တဟူးဟူး တိုက်ခတ်လာသည်။ လေထဲမှ တောင်သုံးလုံးသည် အပြင်းအထန် တုန်ယင်သွားကြပြီး ၎င်းတို့ပေါ်မှာ အက်ကွဲကြောင်းများက ထွက်ပေါ်လာကြသည်။ နောက်ဆုံးမှာတော့ အက်ကွဲကြောင်းများက ပိုမိုများပြားလာသည့်အခါ တောင်သုံးလုံးသည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။

၎င်းတို့သည် အစကတည်းက ပုံရိပ်ယောင်ဖြစ်ကြသည်။ သို့ဖြစ်၍ ၎င်းတို့က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည့်အခါ မည်သည့်သဲလွန်စမှ မကျန်ဘဲ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် ၎င်းတို့ပျောက်ကွယ်သွားစဉ် အပျက်အစီးအားလုံးပေါ်မှာ သက်တံ့အလင်းတန်းတစ်ခု ထွက်ပေါ်လာကြောင်း သတိထားမိလိမ့်မည်။

နတ်ဘုရားစွမ်းရည်ဖျက်ဆီးခံရမှုမှ တန်ပြန်သက်ရောက်မှုကြောင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သွေးအန်လိုက်ရပြန်သည်။ သူ၏ အရှိန်အဝါသည် အားနည်းလာပြီး သူ၏ ခန္ဓာကိုယ်သည် အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။

“ ဒီလောက်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲဖြစ်မှုကို ဘယ်သူမှ သတိမထားမိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… နန်းမြို့တော်ထဲက စည်းချအစီအရင်ပဲဖြစ်ဖြစ် တခြားအင်အားစုတွေပဲဖြစ်ဖြစ် သူတို့က အာရုံမခံမိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

အေးစက်စက် အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ အခုချိန်ထိတောင် ဒီနေရာက တိတ်ဆိတ်နေတုန်းပဲ… အရင်တစ်ခေါက်က ငါတွေ့ကြုံခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုလို မဟုတ်ဘူးဆိုရင် တခြားဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ် ”

“ ဒီအမျိုးသမီးရဲ့ သရုပ်က… အရမ်းထူးခြားရမယ် ”

ထိုသို့တွေးမိသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် ရွေ့လျားသွားသည်။ လေထဲမှ သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုစလုံးသည် နတ်ဘုရားအစွမ်းကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က ရွှီချင်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ပါးစပ်ထောင့်မှာ သွေးစီးကြောင်းတစ်ခု စီးကျနေသော်လည်း သူက တည်ငြိမ်နေဆဲပင်။ သူက ရန်လိုသော အကြည့်ဖြင့် ရွှီချင်းကို စူးစိုက်ကြည့်နေသည်။ သူ၏ ညာဘက်မျက်လုံးသည် ရုတ်တရက် မှိတ်သွားပြီး သူ၏ ဘယ်ဘက်မျက်လုံးသာ ပွင့်လျက် ကျန်ရှိနေသည်။

သူ၏ ဘယ်ဘက်မျက်လုံးထဲမှ မွေးကင်းစကလေးငယ်သည် အနည်းငယ် လှုပ်ရှားလာသည်။

ထိုလှုပ်ရှားမှုနှင့်အတူ သူ့အနောက်မှ အဖြူရောင်ယပ်တောင်သည် မြန်ဆန်စွာ ကျယ်ပြန့်သွားပြီး ကောင်းကင်ဆီသို့ ဆန့်တန်းသွားသည်။ ထို့နောက် ပန်းချီကားတစ်ချပ်သည် အဖြူရောင်ယပ်တောင်ထဲမှ ထွက်ပေါ်လာသည်။

ပန်းချီကားသည် အတော်လေး ရိုးရှင်းသည်။ ယင်းက စိမ့်တောမြေကို ပုံဖော်ထားခြင်းသာ ဖြစ်သည်။

ပန်းချီကားထွက်ပေါ်လာစဉ် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ စိမ့်တောတိုင်းပြည် ”

ထိုစကားသံ ထွက်ပေါ်လာသည့်အခါ လောကကြီးသည် ကပြောင်းကပြန်ဖြစ်သွားသည်။ နန်းမြို့တော်သည် ရွှီချင်းရှိနေသော လမ်းရှည်နှင့်အတူ ပျောက်ကွယ်သွားဟန် ရ၏။ ဤနေရာမှာ အဆုံးမဲ့သော စိမ့်တောမြေက အစားထိုး ထွက်ပေါ်လာသည်။

အန္တရာယ်သတိပေးမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ဧရာမသတ္တဝါတစ်ကောင်၏ ဟိန်းသံသည် စိမ့်တောမြေ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာပြီး ရေမျက်နှာပြင်ကို လှုပ်ခါသွားစေသည်။

ထို့နောက် ဧရာမဦးချိုတစ်ချောင်းသည် တောင်ထွတ်တစ်ခုပမာ ကောင်းကင်ပေါ်သို့ ထိုးတတ်သွားသည်။ မကြာမီ ဦးချိုတစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာကြပြီး ရွှီချင်းဆီသို့ တိမ်းစောင်းသွားကြကာ တိုက်ခိုက်လိုက်ကြသည်။

ဦးချိုများနှင့် ရေလှိုင်းလုံးများ၏ လှုပ်ရှားမှုကြောင့် ရေပေါ်ပန်းများသည် တအိအိလှုပ်ခတ်သွားကြသည်။ ဤသည်မှာ မြင်းတစ်ထောင်က ရေပေါ်မှာ ဒုန်းစိုင်းပြေးလွှားနေသည့်အလားပင် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းသည် လုံးဝ တုံ့ဆိုင်းမနေတော့ပေ။ သူက မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လေထဲသို့ မြှောက်လိုက်သည်။ ထို့နောက် သူက ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်ပြီး လက်ဖဝါးနှစ်ခုကို အတူတကွ ပူးကပ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ဘေးပတ်ပတ်လည်မှ နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုစလုံးသည် ရွှီချင်းဆီသို့ ရွေ့လျားသွားကြပြီး သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရားအသွင်သဏ္ဍာန်သုံးခုစလုံး၏ ထပ်ဆင့်လွှမ်းခြုံခံထားရသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

ထိုပုံရိပ်တွင် ခရမ်းရောင်သလင်းကျောက်ပမာ အရိုးများ၊ ဝိညာဉ်ချည်မျှင်များဖြင့် ဖွဲ့စည်းထားသော အသွေးအသားများ ရှိသည်။ အဆိပ်မြူခိုးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ စစ်ချပ်ဝတ်တစ်ခုအသွင် ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံတာအို၏ အမှတ်သင်္ကေတများကို တံဆိပ်ရိုက်နှိပ်ထားရုံသာမက ဆေးမီးဖိုသုံးလုံးသည်လည်း ၎င်း၏ နှလုံးနေရာမှာ အကြမ်းပတမ်း လောင်ကျွမ်းနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ခရမ်းလသည် ၎င်း၏ အနောက်မှ မြှောက်တတ်လာသည်။ ခရမ်းလ၏ အနောက်တွင် ပိုပြီးကြီးမားသော နေနာရီပုံရိပ်တစ်ခုလည်း ရှိသည်။

ဤအခိုက်အတန့်မှာ အရိပ်လေးသည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကြက်သွားပြီး တားမြစ်ဇုန်၏ စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ တားမြစ်ဇုန်၏ အနက်ပိုင်းထဲမှ ခေါင်းတလားသည် အကြမ်းပတမ်း လှုပ်ယမ်းလာသည်။ ထို့နောက် တီးတိုးရေရွတ်သံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

ဤသည်မှာ ရွှီချင်း၏ လက်ရှိ အသန်မာဆုံးပုံစံ ဖြစ်သည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး စိမ်းတောမြေပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် နတ်ဘုရားအသံသည် သူ၏ ပါးစပ်မှ ပဲ့တင်ထပ်လာသည်။

“ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို ”

ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သက်တံ့အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ယင်းက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည့်အခါ ဟင်းလင်းပြင်သည် တုန်ယင်သွားသည်။ ထို့နောက် ဇောက်ထိုးတောင်သုံးလုံးသည် လေထဲမှာ အမှန်တကယ် ထွက်ပေါ်လာကြသည်။

ထိုမြင်ကွင်းသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ မျက်နှာကို ပျက်ယွင်းသွားစေသည်။ သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုက ထွက်ပေါ်လာသည်။

“ နင်… ”

သူက စကားဆုံးအောင် မပြောနိုင်ခင်မှာ ရွှီချင်း၏ မျက်လုံးထဲမှ သက်တံ့အလင်းသည် တလက်လက်တောက်ပသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ပထမရေခဲတောင်သည် ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ သူ့ဆီသို့ ဦးတည်လာနေသော ဦးချိုပေါ်သို့ ကျဆင်းသွားသည်။

ကျယ်လောင်သော မြည်ဟိန်းသံများကြားမှာ စိမ့်တောမြေသည် တုန်ယင်သွားသည်။ ထို့နောက် ဒုတိယတောင်နှင့် တတိယတောင်က အသီးသီး ဆင်းသက်လာကြသည်။ တောင်သုံးလုံး၏ ဖိနှိပ်ခံလိုက်ရသောအခါ စိမ့်တောမြေသည် အပြင်းအထန် လှုပ်ယမ်းသွားပြီး ဤနေရာမှ လေဟာနယ်သည် မတည်မငြိမ် ဖြစ်လာသည်။

နောက်ဆုံးထိုးချက်သည် ရွှီချင်း၏ မူလခန္ဓာကိုယ်ထံမှ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ကြယ်ပျံတစ်ခုပမာ စိမ့်တောမြေပေါ်သို့ ဆင်းသက်သွားသည်။

ဆန္ဒမရှိသော ဟိန်းသံသည် စိမ့်တောမြေ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။ ဤသည်မှာ စိမ့်တောမြေထဲမှာ ပုန်းအောင်းနေသော ဧရာမသတ္တဝါတစ်ကောင်က အပြင်သို့ ထွက်လာချင်သော်လည်း အကြောင်းအရင်းတချို့ကြောင့် အချိန်တိုအတွင်းမှာ မထွက်လာနိုင်ဟန် ရ၏။

ထို့ကြောင့် ဤလေဟာနယ်သည် ဦးစွာပြိုကွဲသွားပြီး လောကကြီးသည် ပုံမှန်ပြန်ဖြစ်သွားသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အနောက်မှ အဖြူရောင်ယပ်တောင်ပန်းချီကားသည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားပြီး အဝေးတွင် နတ်မိစ္ဆာတစ်ကောင်ပမာ မတ်တတ်ရပ်နေသော ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သူက ညာဘက်မျက်လုံးမှ လျှို့ဝှက်အတတ်ပညာကို အသက်သွင်းရန် ကြိုးစားလိုက်သည်။

“ ကံကြမ္မာထိန်းချုပ်ခြင်း… ”

သို့သော်လည်း တန်ပြန်ဆိုးကျိုးများကို ဆက်တိုက် ခံစားထားရသောကြောင့် သူ၏ ညာဘက်မျက်လုံးထဲမှ ခါးကုန်းအဖွားအိုက လှုပ်ရှားသွားခဲ့သော်လည်း သူ့အနောက်မှ အနက်ရောင်ယပ်တောင်သည် သူ့ဘာသာ ပျက်စီးသွားသည်။

အမျိုးသမီးသည် သွေးတစ်ပွက်အန်လိုက်ရသည်။ သေခြင်းရှင်ခြင်းကပ်ဘေးသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက စကားပြောရန် ပါးစပ်ဟလိုက်သည်။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်း၏ ပုံရိပ်သည် သူ၏ မြင်ကွင်းထဲမှာ ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ ကြီးမားသော အင်အားတစ်ခုက သူ့ဆီသို့ ဦးတည်လာနေကြောင်း သူခံစားမိသွားသည်။ သူက အားကုန်သုံးလိုက်သော်လည်း သေစေနိုင်သော တိုက်ခိုက်မှုကိုသာ ရှောင်တိမ်းနိုင်ခဲ့သည်။ လက်သီးမှ လက်ဝါးအဖြစ်သို့ ပြောင်းလဲသွားသော ရွှီချင်း၏ နောက်ဆက်တွဲတိုက်ခိုက်မှုကိုတော့ သူက မရှောင်တိမ်းနိုင်ခဲ့ပေ။

ပြင်းထန်သော ရိုက်ချက်က သူ၏ မျက်နှာပေါ်သို့ ကျဆင်းသွားသည်။

သူ၏ မျက်နှာဖုံးသည် ပျက်စီးသွားပြီး ချစ်စဖွယ်ကောင်းသော မျက်နှာက ထွက်ပေါ်လာသည်။ သို့သော်လည်း စီးကျနေသော သွေးနှင့် ဖူးရောင်နေသော သူ၏ မျက်နှာတစ်ခြမ်းက သူ့အလှကို ဖျက်ဆီးပစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း အနောက်သို့ လွင့်စင်သွားသည်။

သူက ပြန်မထနိုင်ခင်မှာ ရွှီချင်း၏ ပုံရိပ်က သူ့ကို လိုက်မီသွားပြီး သူ့အနောက်မှာ ပြန်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ ဓားမြှောင်တစ်လက် ထွက်ပေါ်လာသည်။ သူက ဓားမြှောင်ဖြင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အဖြူရောင်လည်တိုင်ကို အကြင်နာမဲ့စွာ လှီးဖြတ်လိုက်သည်။

တစ်ဖက်လူက မည်သူဖြစ်ပါစေ သူ့ဆီသို့ ချဉ်းကပ်လာပြီး ဦးစွာတိုက်ခိုက်လာမှတော့ ထိုသို့သော လူများကို ရွှီချင်းက သနားညှာတာလိမ့်မည်မဟုတ်ပေ။

ဦးခေါင်းပြတ်သည် လေထဲသို့ မြှောက်တတ်သွားပြီး သွေးသည် ဒလဟော ပန်းထွက်လာသည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များက ပျံသန်းထွက်လာကြပြီး ထိုအမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းကို အလျှင်အမြန် ဝါးမျိုလိုက်ကြသည်။

အမျိုးသမီး၏ ခန္ဓာကိုယ်သည် ပြာဖြစ်သွားသည်။

သို့သော်လည်း ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ချည်မျှင်များက မည်သည့်ဝိညာဉ်ကိုမှ မဝါးမျိုခဲ့သောကြောင့် ဖြစ်သည်။ ဤခန္ဓာကိုယ်တွင် ဝိညာဉ်မရှိပေ။

နောက်အခိုက်အတန့်မှာ ရွှီချင်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး အမျိုးသမီးက ပြာဖြစ်သွားသော နေရာကို ကြည့်လိုက်သည်။ ပြာသည် ထိုနေရာမှာ ပြန်စုဝေးသွားပြီး တောက်ပသော လိပ်ပြာတစ်ကောင်သို့ ဖွဲ့စည်းသွားသည်။

ထိုလိပ်ပြာသည် ပုံရိပ်ယောင်ဖြစ်ပြီး အရောင်စုံလင်သည်။ ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်လေရာ မရေမတွက်နိုင်သော ကြယ်အလင်းရောင်များက ၎င်း၏ ဘေးပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။ ထို့နောက် တည်ငြိမ်သော အသံက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ နင်… ”

မျက်စိတစ်မှိတ်အတွင်းမှာ ဝိညာဉ်ချည်မျှင်များက ပျံသန်းထွက်လာကြပြီး လိပ်ပြာက ပျက်စီးသွားသည်။

သို့သော်လည်း ၎င်းက နောက်တစ်ဖန် ပြန်ဖွဲ့စည်းသွားသည်။

ရွှီချင်း၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။

အမျိုးသမီး၏ အသံသည် ဆက်လက် ပဲ့တင်ထပ်လာသည်။

“ နင်ငါ့ကို စောစောက တစ်ခါသတ်ပြီးပြီ… အခု နင့်ဒေါသက ပြေသင့်လောက်ပြီမဟုတ်ဘူးလား ”

ဗုန်းဟူသော မြည်သံနှင့်အတူ ဝိညာဉ်ချည်မျှင်တစ်သန်းက ထွက်ပေါ်လာကြပြီး လိပ်ပြာကို နောက်တစ်ကြိမ် သတ်လိုက်သည်။ သို့သော်လည်း မျှော်လင့်ထားသကဲ့သို့ ၎င်းက ပြန်လည်ဖွဲ့စည်းသွားသည်။

“ လုံလောက်ပြီ ”

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် အဝေးသို့ လျှောက်သွားသည်။ လိပ်ပြာသည် သူ့အနောက်မှ ပျံသန်းလိုက်ပါလာပြီး အသံပို့လွှတ်လိုက်သည်။

“ နင်က အရမ်းသဘောထားသေးသိမ်တာပဲ… နင်အခုထိ ဒေါသမပြေသေးဘူးလား… စောစောက ငါနင့်ကို စနေတာပါ… တကယ်လို့ နင်က တိုက်ခိုက်ချင်သေးတယ်ဆိုရင် ငါ့ကို နောက်ထပ် အကြိမ်တစ်ရာလောက် ဖျက်ဆီးပစ်နိုင်ပါတယ် ”

“ အာရား… စိတ်မဆိုးပါနဲ့တော့… ငါ့အတတ်ပညာကို နင်စိတ်ဝင်စားနေတာ ငါသိပါတယ်… ငါ့နောက်ခံကိုလည်း နင်သိချင်နေတယ်မဟုတ်လား ”

“ ငါက နွေဦးအင်မော်တယ်နန်းတော်ကပါ ”

“ ငါက နန်းတော်သခင်ရဲ့ အမိန့်အရ နင့်ကို နွေဦးအင်မော်တယ်နန်းတော်ဆီ လာဖိတ်ခေါ်တာပါ ”

ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။

All Chapters