ဉာဏ်အလင်းပွင့်ခြင်း
Vol. 91 Ch. 1357
“ပေမင်ရွှယ်လား”
“အဲ့ဒီအမျိုးသမီးရဲ့ရွှေအမြုတေက ဖျက်ဆီးခံထားရတယ်ဆို... သူကသေချင်နေတာလား”
“ပေမင်ရှေးတော်ဝင်မိသားစုက လူတိုင်းက တကယ့်အရူးတွေပဲ”
“ဒေါင်ဖန်ရွှမ်ရဲ့ ရွှေအမြုတေနယ်မြေနဲ့ရင်ဆိုင်ရမယ်ဆို အသွေးအသားခန္ဓာကိုယ်တစ်ခုကိုမပြောနဲ့ အဆင့်နိမ့်စိတ်ဝိညာဥ်လက်နက်တစ်ခုတောင်မှ ကြေမွသွားရလိမ့်မယ်”
များစွာသော ကျင့်ကြံသူများက ထိုသည်ကိုမြင်သောအခါ လှောင်ပြောင်ရယ်မောလိုက်ကြ၏။
တကယ်တော့ အဲ့ဒီမှာမရီနိုင်သည့်လူတချို့ ရှိနေဆဲပင်။
ဆူဇီမိုသည် အရာရာတိုင်းကိုတိတ်တဆိတ်စောင့်ကြည့်ရင်း ထူးမခြားနားအမူအရာတစ်ခုရှိနေ၏။
ပွဲကြည့်ဧရိယာတွင် နန်းကုန်လင်း ၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့ကလည်း မရယ်နိုင်ကြပေ။
အကြောင်းမှာ ပေမင်ရွှယ်သည် ဆရာဘိုးလေးအထီးကျန်သိုင်းသခင်၏ တပည့်ဖြစ်သည်ကို သူတို့က သိထားသောကြောင့်ပင်။
အကြီးဆုံးတပည့်...
သူတို့၏ နားလည်သဘောပေါက်မှုအရ ဆရာဘိုးလေးအထီးကျန်သိုင်းသခင်သည် အရမ်းကိုကာကွယ်ပေးတတ်သော လူတစ်ယောက်ဖြစ်၏။
သူမသည် သူ၏အကြီးဆုံးတပည့်ဆိုမှတော့ ဆရာဘိုးလေးသည် သူမကို သေချာပေါက် ပို၍ပင်တန်ဖိုးထားပြီး ချစ်မြတ်နိုးပေလိမ့်မည်။
ကျင့်ကြံရေးလောကတွင် ရှည်လျားသော ဘဝသက်တမ်းတစ်ခုရှိကြပြီး သူတို့ကျင့်ကြံမှုများ၏ အဆုံးသတ်၌ သူတို့၏အနားတွင် မည်သည့်ဆွေမျိုးမှ မကျန်ခဲ့ကြတော့ပေ။
အဲ့ဒါကြောင့် အချိန်အများစုမှာ ဆရာတပည့်ကြား ပတ်သက်ဆက်နွယ်မှုသည် ဆွေမျိုးများထက်ပင် ပို၍အရေးပါလေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရရှိထားတာတောင် ဆရာဘိုးလေးသည် ပေမင်ရွှယ်ကိုကာကွယ်ဖို့အတွက် ရှေးတော်ဝင်မိသားစုပြိုင်ပွဲသို့ရောက်ရှိလာခဲ့၏။ သူက သူ၏အကြီးဆုံးတပည့်ကို ဘယ်လောက်တောင် တန်ဖိုးထားသလဲ သိသာလေသည်။
အထီးကျန်သိုင်းသခင်က ဘယ်သူပါလဲ...။
သူက သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားဖြစ်လေသည်။
သူ၏အကြီးဆုံးတပည့်က သာမန်ဖြစ်နေစရာအကြောင်းမရှိပေ။
ပေမင်ရွှယ်သည် အနည်းငယ်နုနယ်သည့်ပုံပေါ်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်စိတ်ဝိညာဥ်စွမ်းအင်အတက်အကျမှ မရှိပေ။ သိပ်သည်းပြင်းထန်သောအော်ရာနှင့် ကြမ်းကြုတ်ခက်ထန်သော စိတ်ဝိညာဥ်စွမ်းအင်ရှိသည့် ဒေါင်ဖန်ရွှမ်နှင့် ရင်ဆိုင်ရချိန်တွင် သူမက ရထားလုံးကိုတားဆီးဖို့ကြိုးစားသော နှံကောင်တစ်ကောင်နှင့် တူနေ၏။
ပေမင်ရွှယ်၏ လက်သီးက ဒေါင်ဖန်ရွှမ်၏ ခရမ်းရောင်ချီနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဘုန်း...
ကြမ်းကြုတ်ခက်ထန်သော ခရမ်းရောင်ချီက ချက်ချင်းပင်ပျက်ပြယ်သွား၏။ ဒေါင်ဖန်ရွှမ်သည် ကြောင်အ,မှင်တက်သွားပြီး မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ခါသွား၏။ သူက ပို၍ပင်မြန်ဆန်သောအရှိန်အဟုန်ဖြင့် နောက်သို့လွင့်စင်သွားပြီး ကျောက်သားစင်မြင့်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားလေသည်။
ဖွီး...
ဒေါင်ဖန်ရွှမ်သည် ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ သွေးများကိုထွေးထုတ်လိုက်ရ၏။ သူ၏အရွတ်များနှင့် အရိုးများက ကွဲထွက်ကုန်ပြီဟု ခံစားရပြီး မြေပြင်ပေါ်တွင်လူးလိမ့်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခြမ်းက ပျက်စီးထိခိုက်သွားပြီး သူက တိုက်ခိုက်ဖို့နေနေသာ မတ်တတ်ပင် မရပ်နိုင်တော့ပေ။
သေးငယ်သည်ဟုထင်ရသော နှံကောင်က စစ်ရထားကိုတကယ်ပင် ချေမွဖျက်ဆီးလိုက်လေသည်။
အဲ့ဒါက ထိုးချက်တစ်ချက်မျှသာဖြစ်၏။
ပွဲကြည့်ဧရိယာမှရယ်သံများကပင် မရပ်တန့်သေးပေ။ သို့သော်လည်း တိုက်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။
ကျင့်ကြံသူများ၏ အမူအရာများက တဖြည်းဖြည်းအေးစက်တောင့်တင်းသွားပြီး သူတို့၏ပါးစပ်များကို ဖွင့်ဟကာ သူတို့၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာကြ၏။
ဒေါင်ဖန်ရွှမ် ရှုံးနိမ့်သွားတာလား...
ဒါ့အပြင် သူက ဒုက္ခိတဖြစ်သော ပေမင်ရွှယ်၏ ထိုးချက်တစ်ချက်ဖြင့် ရှုံးနိမ့်သွားရတာလား။ ဒေါင်ဖန်ရွှမ်၏ ရွှေအမြုတေနယ်မြေကပင်လျှင် ပေမင်ရွှယ်၏ကိုယ်ကာယဖြင့် ချေမွဖျက်ဆီးခြင်းခံလိုက်ရ၏။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။
ရှေးတော်ဝင်မိသားစု ၃စုမှ ကျင့်ကြံသူများကိုမပြောနှင့် ပေမင်ကလန်သားများပင်လျှင် ကြောင်အ,မှင်တက်နေကြ၏။
ဆူဇီမိုကတော့ အံ့အားသင့်သွားခြင်းမရှိပေ။ ဒါ့အပြင် ပေမင်ရွှယ်က ခွန်အားကုန်ထုတ်မသုံးခဲ့သည်ကို သူကပြောနိုင်၏။
သူမက ခွန်အားကုန်ကို ထုတ်သုံးမည်ဆိုလျှင် ဒေါင်ဖန်ရွှမ်သည် ထိုထိုးချက်မှာ စုတ်ပြတ်သတ်ပြီး နေရာမှာပင် သေဆုံးသွားရမည်ဖြစ်၏။
ဘန်း...
ဒေါင်ဖန်ကျစ်သည် စားပွဲခုံကိုလက်ဖြင့်ရိုက်ပြီး မတ်တတ်ထရပ်လိုက်၏။ သူမကအေးစက်စက်အမူအရာနှင့်အတူ အော်ငေါက်လိုက်လေသည်။
“ခွေးမ”
“သိုင်းတာအိုလား”
ရှီမန်ကျီ၏အကြည့်က ပေမင်ရွှယ်ပေါ်သို့ကျရောက်သွားပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။
ကျင့်ကြံသူများသည် စိတ်ဝိညာဥ်စွမ်းအင်အတက်အကျကို ပိုင်ဆိုင်မထားဘူးဆိုလျှင် သူတို့က သိုင်းတာအိုကို ကျင့်ကြံထားသောကြောင့်ဖြစ်ရပေမည်။
သို့သော်လည်း သိုင်းတာအိုရဲ့စွမ်းအားက အဲ့လောက်တောင်သန်မာနိုင်တာလား။
“အစ်မ... နင်....”
ပေမင်အောင်ကလည်း တုန်လှုပ်သွား၏။
သူသည် ပေမင်ရွှယ်၏နောက်မှာရှိနေခဲ့ပြီး စောစောက ထိတွေ့ရိုက်ခတ်မှုကို ကောင်းကောင်းနားလည်သဘောပေါက်ခဲ့လေသည်။ ပေမင်ရွှယ်၏ခန္ဓာကိုယ်ထဲမှ ဒေါသူပုန်ထနေသော ပေမင်သမုဒ္ဒရာ၏ အော်ရာကိုပင် သူက ခံစားမိလိုက်သည်ဟုထင်ရ၏။
ခန္ဓာကိုယ်ပျက်စီးထိခိုက်ထားသော သူ၏အစ်မသည် နှစ်အနည်းငယ်ကြာပြီးနောက် ဤကဲ့သို့ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်ဖော်လာနိုင်လိမ့်မည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။
အဲ့ဒါက သိုင်းတာအိုရဲ့စွမ်းအားများလား...။
ရုတ်တရက်ပေမင်အောင်သည် သူ့အစ်မကို ဆက်လက်မခန့်မှန်းနိုင်တော့ကြောင်း နားလည်လိုက်၏။
ဒေါင်ဖန်ကျစ်က အေးစက်စွာပြောလိုက်၏။
“နင်တို့တွေက... မျက်စိကန်းနေကြတာလား အဲ့ဒီခွေးမက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တိုက်ခိုက်မှတော့ ပြိုင်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းကို ချိုးဖျက်လိုက်ပြီပေါ့... သူ့ကို ဖိနှိမ်ပြီးတော့ အားလုံးရဲ့ရှေ့မှာ သတ်ပစ်လိုက်”
နန်းကုန်လင်းက သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။
နန်းကုန်ရှီက နားလည်သဘောပေါက်သွားပြီး ဟက်ခနဲရယ်မောကာ မတ်တတ်ထရပ်လိုက်၏။
“ဒီကိစ္စအတွက် ပေမင်ရွှယ်ကို အပြစ်တင်သင့်တယ်လို့ ငါတော့မထင်ဘူး... ပြိုင်ပွဲရဲ့စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့တဲ့သူက ပေမင်ရွှယ်မဟုတ်ဘူး... အဲ့ဒါက နင့်ရဲ့မောင် ဒေါင်ဖန်ရွှမ်ပဲ”
“အရင်ဆုံး... ဒေါင်ဖန်ရွှမ်က ပေမင်အောင်အရှုံးကို ဝန်ခံပြီးတာတောင် ရပ်တန့်မသွားခဲ့ဘူး”
“ဒုတိယတစ်ချက် ပေမင်အောင်က ကျောက်သားစင်မြင့်ထက်ကနေ လွင့်ကျလာခဲ့ပြီးတာတောင် ဒေါင်ဖန်ရွှမ်က သတ်မှတ်ဧရိယာကိုကျော်လွန်ပြီး သူ့နောက်ကို ဆက်လိုက်ခဲ့တယ်”
“ဘယ်သူမဆို ကျောက်သားစင်မြင့်ရဲ့ ဧရိယာအတွင်းမှာပဲ တိုက်ခိုက်နိုင်တယ်... ရှင်းရှင်းပြောရရင်တော့ ဒေါင်ဖန်ရွှမ်ကိုဖိနှိမ်ဖို့ စောစောကတိုက်ခိုက်လိုက်တဲ့သူက ငါသာဆိုရင် အဲ့ဒါက စည်းမျဥ်းစည်းကမ်းကိုဖောက်ဖျက်တယ်လို့ အပြောမခံနိုင်ဘူး”
“နန်းကုန်ရှီ.... နင်...”
ဒေါင်ဖန်ကျစ်က အေးစက်ခက်ထန်သောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ထိုသူနှစ်ယောက်သည် ရှေးတော်ဝင်မိသားစုများကြားမှာ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
ရှီမန်ကျင့်လွေ အပါအဝင် သူတို့သုံးယောက်သည် ဤရွှေအမြုတေပြိုင်ပွဲ၏ ထိပ်ဆုံးသုံးယောက်ဟု သတ်မှတ်နိုင်လေသည်။
ရှေးတော်ဝင်မိသားစုများသည် အမြဲတမ်းဆက်ဆံရေးကောင်းရှိခဲ့ကြ၏။ ဒေါင်ဖန်ကျစ်သည် ရှီမန်ကျင့်လွေနှင့်လက်ထပ်ဖို့ပင် စေ့စပ်ခံထားရ၏။ ပေမင်ရွှယ်ကြောင့် နန်းကုန်ရှီနှင့်ဒေါင်ဖန်ကျစ်သည် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
“နန်းကုန်ရှီက ဒေါင်ဖန်ကျစ်ကို ကြိတ်ခိုက်နေတာများလား... သူမက ရှီမန်ကျင့်လွေနဲ့ စေ့စပ်သွားလို့ သူကမနာလိုဖြစ်နေတာနေမယ်”
“မဖြစ်နိုင်ဘူး... နန်းကုန်ရှီက ပေမင်ရွှယ်နဲ့ပတ်သက်နေတာလို့ ငါထင်တယ်”
“ပေမင်ရွှယ်က အဆင့်အတန်း နိမ့်ကျပေမယ့် သူမကအရမ်းကိုလှပတာပဲ... သူတို့နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲတစ်တွဲလိုပဲ”
သူတို့သည် ကျင့်ကြံသူများဆိုလျှင်တောင် အတင်းအဖျင်းပြောတတ်ကြလေသည်။
ရှီမန်ကျီနှင့် ဒေါင်ဖန်ရီသည် မလှမ်းမကမ်းရှိ နန်းကုန်လင်းကိုကြည့်လိုက်ကြ၏။
နန်းကုန်လင်း၏အမူအရာကပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ခေါင်းကိုမော့ထား၏။ သူတို့နှစ်ယောက်က စိတ်ထဲကနေလှောင်ရယ်လိုက်ကြ၏။
အဖွဲ့ခေါင်းဆောင်သုံးယောက်သည် ဤကဲ့သို့သော သေးငယ်သည့်ကိစ္စတစ်ခုအတွက် ရှေ့သို့ထွက်လာကြလိမ့်မည်မဟုတ်ပေ။
“နန်းကုန်ရှီ... မင်းဘာဖြစ်ချင်နေတာလဲ”
ရှီမန်ကျင့်လွေသည် မနေနိုင်တော့ဘဲ ပျက်ယွင်းနေသောအမူအရာနှင့်အတူ ရှေ့သို့ထွက်လာ၏။
“ဘယ်ရယ်မဟုတ်ပါဘူး... ငါက အချက်အလက်တချို့ကို ထောက်ပြရုံပါ”
နန်းကုန်ရှီက ရိုးသားအပြစ်ကင်းစင်ဟန်ဖြင့် သူ၏လက်နှစ်ဖက်ကိုဖြန့်ပြလိုက်၏။
“ငါ... ဒီကိစ္စကိုအရင်ဆုံးမှတ်ထားလိုက်မယ်”
ဒေါင်ဖန်ကျစ်သည် ခေါင်းညိတ်၍ နန်းကုန်ရှီကို အလေးအနက်တစ်ချက်စိုက်ကြည့်ပြီးနောက် ပေမင်ရွယ်ဘက်သို့ ပြန်လှည့်သွား၏။ ဖျတ်ခနဲဆို သူမက ကျောက်သားစင်မြင့်ထက်သို့ ရောက်ရှိသွားလေသည်။
သူမသည် သူမ၏ရင်ထဲရှိသတ်ဖြတ်လိုစိတ်ကိုဖုံးကွယ်မထားဘဲ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ခွေးမ... လွန်ခဲ့တဲ့လေးနှစ်က နင့်ရဲ့ရွှေအမြုတေကိုငါဖျက်ဆီးခဲ့တယ်... အခု နင့်ကိုငါ အခွင့်အရေးတစ်ခုထပ်ပေးလိုက်မယ် ဒီရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာ ငါက နင့်ကိုငါနဲ့ မျှမျှတတ တိုက်ခိုက်ခွင့်ပေးလိုက်မယ်”
ပေမင်ရွှယ်သည် အေးစက်စက်အမူအရာနှင့်အတူ အကြောက်အလန့်ကင်းမဲ့စွာဖြင့် ဒေါင်ဖန်ကျစ်ကို စိုက်ကြည့်လိုက်၏။
သူမသည် ဤနေ့ကိုစောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ သူမက ဆူဇီမိုကိုလှည့်ကြည့်လိုက်၏။
ဆူဇီမိုက ပြုံးပြလိုက်လေသည်။
“ဆက်လုပ်... သိုင်းတာအိုက လူတစ်ယောက်ကို အတိအကျလက်စားချေခွင့်ပေးပြီးတော့ ကျေးဇူးတရားကို သူတို့အလိုရှိတဲ့အတိုင်း ပြန်ပေးဆပ်စေနိုင်တယ်... မင်းက ဒီနေ့ကောင်းကင်ဘုံကိုထိုးဖောက်ရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး”
ပေမင်ရွှယ်သည် မာန်မာနဖြင့်ပြည့်နှက်လာပြီး ဆက်လက်၍ ငဲ့ကွက်ထိန်ချန်ခြင်း မရှိတော့ပေ။
အခြားတစ်စုံတစ်ယောက်က သူမကိုဤကဲ့သို့ ကတိတစ်ခုပေးမည်ဆိုလျှင် သူမက သံသယဝင်မိပေလိမ့်မည်။
သို့သော်လည်း သူမ၏ဆရာက ဤကဲ့သို့သော တစ်စုံတစ်ရာကိုပြောလိုက်မှတော့ ကောင်းကင်ပြိုကျလာလျှင်တောင် သူက သူမကိုခုခံပေးမည်ဟု ယုံကြည်လေသည်။
သူမ၏ဆရာက အထီးကျန်သိုင်းသခင်ဖြစ်နေသောကြောင့်ပင်။
သူသည် လောကတစ်ဝန်းကျော်ကြားခဲ့ပြီး အများပြည်သူလူထုအတွက် သိုင်းတာအိုကိုတည်ထောင်ခဲ့သော တာအိုအရှင် အထီးကျန်သိုင်းသခင်ဖြစ်လေသည်။
ချက်ချင်းပင် ပေမင်ရွှယ်က ဉာဏ်အလင်းပွင့်လာခဲ့၏။
တကယ်ဆို သူမ၏ကျင့်ကြံမှုအဆင့်သည် သိုင်းတာအို၏ အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းမှာ တစ်ဆို့နေခဲ့လေသည်။ ထိုအခိုက်အတန့်၌ သူမသည် နဂါးဆင်ခွန်အား၏ အော်ရာကို အာရုံခံမိလာ၏။
ပေမင်ရွှယ်သည် တစ်ဘက်သို့လှည့်ပြီး တောက်လောင်နေသောအကြည့်နှင့်အတူ ကျောက်သားစင်မြင့်ထက်သို့ လျှောက်လှမ်းသွား၏။ သူမ၏ခြေလှမ်းများက ခိုင်မာနေပြီး ထိုအခိုက်အတန့်တွင် သူမ၏ သိုင်းတာအိုက ၎င်း၏အထွတ်အထိပ်သို့ရောက်ရှိလာပြီး ကိုင်လှုပ်၍မရနိုင်တော့ပေ။
ထိုစိတ်စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် ဒေါင်ဖန်ကျစ်က ရုတ်တရက် ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
ကျောက်သားစင်မြင့်ထက်တွင်...
ပေမင်ရွှယ်သည် ဒေါင်ဖန်ကျစ်ထံသို့ တစ်လှမ်းခြင်းလျှောက်လှမ်းသွား၏။
သူမ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း သူမ၏အော်ရာက တစ်စတစ်စတိုးလာခဲ့၏။
တစ်ချိန်တည်းမှာပင် ဒေါင်ဖန်ကျစ်အပေါ် ဖိအားကလည်း တစ်စတစ်စတိုးလာခဲ့လေသည်။