← Chapters

သူမနဲ့ သွားမရှုပ်မိစေနဲ့

Vol. 91 Ch. 1359

သူမနဲ့ သွားမရှုပ်မိစေနဲ့

Vol. 91 Ch. 1359

နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ကျင့်ကြံထားသောလူတိုင်းသည် အနှိုင်းမဲ့ပြိုင်စံရှားများဖြစ်ကြ၏။ ဒီဘက်မျိုးဆက်တွင် နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ကျင့်ကြံထားနိုင်သောသူက လက်တစ်ဆုပ်စာထက် ပိုမရှိပေ။

နှစ်ထပ်ကွမ်းအမြုတေနယ်မြေဖြင့် အကျော်ကြားဆုံး ဖြစ်ခဲ့သူမှာ ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ပြန်ဝင်စားမွန်းစတား သီယင်းဖြစ်၏။

သူသည် လူသားဧကရာဇ်၏ အမွေအနှစ်အမြုတေနယ်မြေ ကစဉ့်ကလျားသမုဒ္ဒရာကို ကျင့်ကြံထားခဲ့၏။ အဲ့ဒီနောက်သူသည် ဗုဒ္ဓကျောင်းတော်များ၏ ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းနှင့် ပေါင်းစည်းပြီး လူသားဧကရာဇ်ကိုကျော်လွန်ကာ အံ့မခန်း ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း အမြုတေနယ်မြေကို စုဖွဲ့နိုင်ခဲ့၏။

သို့သော်လည်း သီယင်း၏ထွန်းတောက်မှုသည် ယခင်အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွင်း အခြားတစ်စုံတစ်ယောက်၏ စီးပိုးခြယ်လှယ်ခြင်းကို လုံးဝခံခဲ့ရ၏။ ဒဏ္ဍာရီလာ တာအိုအရှင်အထီးကျန်သိုင်းသခင်သည် အံ့မခန်း ရွှေအမြုတေနယ်မြေသုံးခုကို ကျင့်ကြံထားခဲ့ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ စီးပိုးစွာ လွှမ်းမိုးခြယ်လှယ်ခဲ့၏။

သူသည် အရာရာတိုင်းအပေါ် စီးပိုးခြယ်လှယ်ပြီး ကမ္ဘာဦးမျိုးနွယ်နှစ်စုကိုဖိနှိမ်ကာ လောကကို တုန်လှုပ်စေခဲ့၏။

ထိုတိုက်ပွဲက အထီးကျန်သိုင်းသခင်ကို နာမည်ကြီးကျော်ကြားစေခဲ့လေသည်။

ဒေါင်ဖန်ကျစ်က နှစ်ထပ်ကွမ်းအမြုတေနယ်မြေကျင့်ကြံထားသည်ကို တွေ့မြင်သောအခါ ရှေးတော်ဝင်မိသားစု ၃စု မှ ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။

ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများသည် ပို၍ပင် စိတ်အားမာန်တက်ကြွလာကြ၏။

သူတို့၏မိသားစုကလန်သည် သီယင်းနှင့် အထီးကျန်သိုင်းသခင်တို့နှင့်ယှဥ်နိုင်သော ပြိုင်စံရှားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဟု သူတို့က တွေးလိုက်ကြ၏။

သို့သော်လည်း နောက်ပိုင်းဖြစ်ပျက်လာသည့်အရာများကို တွေ့မြင်သောအခါ သူတို့၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများသည် တမုဟုတ်ချင်း တုန်လှုပ်မှုအဖြစ်သို့ပြောင်းလဲသွားကြ၏။

ရွှေအမြုတေနယ်မြေနှစ်ခုသည် ပေမင်ရွှယ်၏ ဓားချက်တစ်ချက် လက်သီးချက်တစ်ချက်ဖြင့် ကြေမွသွားခဲ့၏။ အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

သိုင်းတာအိုကို ကျင့်ကြံပြီးတဲ့နောက် လူတစ်ယောက်က အဲ့လောက်ထိ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်တာလား။

ရှေးတော်ဝင်မိသားစု ၃စု မှအဖွဲ့ခေါင်းဆောင်များဖြစ်သော ရှီမန်ကျီ ၊ ဒေါင်ဖန်ရီနှင့် နန်းကုန်လင်းတို့ပင်လျှင် တုန်လှုပ်သွားကြ၏။

ရွှေအမြုတေများနှင့် နိုးထဝိညာဥ်များဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

ပေမင်ရွှယ်သည် ဆူဇီမို၏ အကြီးဆုံးတပည့်ဖြစ်ပြီး ကောင်းကောင်းပြင်ဆင်ပေးထားသည်ကို နန်းကုန်လင်း ၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့က သိထားလေသည်။ ထိုသို့ဆိုလျှင်တောင် သူတို့သုံးယောက်သည် တွေ့မြင်ရသောမြင်ကွင်းမှာ ပင့်သက်ကိုရှိုက်လိုက်ကြ၏။

ပေမင်အောင်သည် လူအုပ်ကြီးထဲမှ မတ်တတ်ရပ်ပြီး လုံးဝ ကြောင်အ,မှင်တက်နေ၏။

သည့်မတိုင်ခင်က သူသည် သိုင်းတာအိုကို အထင်သေးခဲ့ပြီး ရွှေအမြုတေနယ်မြေများကို မကျင့်ကြံနိုင်သည့်အတွက် သူ၏အစ်မကိုပင် လှောင်ပြောင်သရော်ခဲ့၏။

သို့သော်ယခုအခါ ပေမင်ရွှယ်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးမှ ထွက်ပေါ်လာသောစွမ်းအားသည် ရွှေအမြုတေနယ်မြေတစ်ခု ခုခံရင်ဆိုင်နိုင်သောတစ်စုံတစ်ရာ မဟုတ်ပေ။

ရွှေအမြုတေနယ်​မြေနှစ်ခုပင်လျှင် သူမထံမှ ထိုးချက်တစ်ချက်ဖြင့် ခြေမွဖျက်ဆီးခံလိုက်ရ၏။

ပြီးခဲ့သည့် သုံးနှစ်အတွင်း ပေမင်အောင်သည် ပေမင်ကလန်၏ ပင်မခန်းမထဲမှ လုံးဝခိုကပ်ခြင်းမရှိဘဲ ဒုက္ခသုက္ခခံ၍ ကျင့်ကြံနေခဲ့၏။

သို့သော်လည်း သုံးနှစ်အတွင်း သူသည် ပေမင်ရွှယ်၏နောက်မှာ အပြတ်အသတ်ကျန်ရစ်ခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့ကြားမှာ ကွာဟချက်က ပို၍ကြီးမားလာခဲ့၏။

“အဲ့ဒါက သိုင်းတာအိုရဲ့စွမ်းအားလား”

“ပေမင်ရွှယ်က အသွင်ပြောင်းလဲခြင်းဘယ်လောက်များများကို ကျင့်ကြံထားပြီးပြီလဲ... အရင်တုန်းက သွေးချီရွှေအမြုတေကို ကျင့်ကြံထားနိုင်တဲ့သူတွေရှိခဲ့တာပဲ... ဒါပေမဲ့ သူတို့ရဲ့ခွန်အားက အဲ့လောက်ထိသေချာပေါက် ကြောက်စရာကောင်းမနေခဲ့ဘူး”

“ပေမင်ရွယ်က သိုင်းတာအိုရဲ့ သတ္တမမြောက်အသွင်ပြောင်းလဲခြင်း ကြယ်တာရာဖြည့်သွင်းခြင်းကို ကျင့်ကြံထားနိုင်ခဲ့ပြီလို့ ငါထင်တယ်”

“အမှန်ပဲ... စောစောက သူမတိုက်ခိုက်လိုက်တုန်းက သူမရဲ့လက်သီးနဲ့ ဓားကို တစ်မူထူးခြားတဲ့စွမ်းအားတစ်ခုက လွှမ်းခြုံနေခဲ့တယ်... အဲ့ဒါက ကြယ်တာရာချီပဲဖြစ်ရမယ်”

ချက်ချင်းပင် လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာ၏။

ဆူဇီမိုက အံ့အားသင့်နေခြင်း မရှိပေ။

သူ၏အမြုတေစိတ်ဝိညာဥ်က ထိခိုက်ခံထားရပြီး သူ့ပုံစံက အားအင်ချိနဲ့သည့်ပုံပေါ်နေ၏။ သို့သော်လည်း သိုင်းသုတ္တန်က ဘယ်လောက်ကြောက်စရာကောင်းသလဲ သူ့ထပ်ပို၍ တခြားဘယ်သူမှ မသိနိုင်ပေ။

သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်းကိုးရပ်တွင် နောက်ပိုင်းအသွင်ပြောင်းလဲခြင်း သုံးခုမှာ အဆင့်တစ်ခုစီတိုင်း အရည်အသွေးက တဟုန်ထိုး ခုန်တက်လာမည်ဖြစ်၏။

အဲ့ဒါက ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကို ဆောင်ကြဥ်းပေးလာပေလိမ့်မည်။

အခုချိန်တွင် ပေမင်ရွှယ်က သိုင်းတာအို၏ အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်း.. မဖျက်ဆီးနိုင်သောစိန်ကို ရောက်ရှိနေခဲ့ပြီဖြစ်၏။ သီယင်းက ရွေအမြုတေအဆင့်ဖြင့် ပြန်လည်မွေးဖွားလာမည်ဆိုလျှင်ပင် သူက သူမကို ရင်ဆိုင်တိုက်ခိုက်နိုင်ချင်မှ တိုက်ခိုက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဒေါင်ဖန်ကျစ်က ထိုအဆင့်ကိုရောက်ရှိဖို့ ဝေးကွာလွန်းသေးလေသည်။

ချက်ချင်းပင် တိုက်ပွဲနယ်မြေမှာ အခြေအနေများက ပြောင်းလဲကုန်၏။

ဒေါင်ဖန်ကျစ်သည် ရွှေအမြုတေနယ်မြေနှစ်ခုကို စုဖွဲ့ခါစမှာပင် ပေမင်ရွှယ်၏ ဖျက်ဆီးခြင်းကိုခံလိုက်ရ၏။ သူမသည် တဆတ်ဆတ်တုန်ယင်နေပြီး သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာ၏။ သူမ၏ကိုယ်တွင်းအင်္ဂါများကပင်လျှင် ပြင်းထန်စွာလှုပ်ခါသွား၏။ သူမ၏ မျက်လုံးများက ကြောက်ရွံမှုနှင့် တုန်လှုပ်မှုကို ထင်ဟပ်ပြသလာ၏။

ထိုထိုးချက်နှင့် ဓားချက်သည် သူမ၏ရွှေအမြုတေနယ်မြေနှစ်ခုကို ဖျက်ဆီးခဲ့ရုံသာမကဘဲ သူမ၏ ယုံကြည်မှု ၊ မာန်မာနနှင့် အတိတ်ကာလက ဂုဏ်ကျက်သရေတို့ကိုပါ ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်လေသည်။

“ဒေါင်ဖန်ကျစ်... နင်ရှုံးသွားပြီ”

ပေမင်ရွှယ်က အေးစက်စက်အမူအရာနှင့်အတူ ရှေ့သို့တက်လှမ်းပြီး ဒေါင်ဖန်ကျစ်၏ဦးခေါင်းကိုခုတ်ပိုင်းချလိုက်၏။

“သွား...”

ထိုစဥ်မှာပင် သွေးချီနှင့် ပြည့်လျှမ်းနေသော ကြေးမုံတစ်ချပ်သည် ပျံသန်းလာ၏။ ၎င်းက စိတ်ဝိညာဥ်အင်းကွက် ၆ခုဖြင့် တောက်ပနေပြီး ပေမင်ရွှယ်ထံသို့ ဆင်းသက်လာလေသည်။

“ဟမ်...”

ပေမင်ရွှယ်က ​ပွဲကြည့်ဧရိယာဘက်သို့ လှည့်ကြည့်လိုက်၏။

အပြင်လူများက ဝင်ရောက်နှောက်ယှက်နေလေပြီ။

ပွဲကြည့်ဧရိယာတွင် ရှီမန်ကျင့်လွေသည် စိမ်းသက်သော အမူအရာဖြင့် ကျောက်သားစင်မြင့်ထက်မှ ပေမင်ရွှယ်ကို စိုက်ကြည့်နေ၏။ နောက်ပစ်ထားသော သူ၏လက်ချောင်းများက လက်ဟန်ချိပ်စည်းများကို လှုပ်ရှားနေပြီး လေထဲရှိသွေးရောင်ကြေးမိုကို ထိန်းချုပ်နေ၏။

“အဲ့ဒါက ပကတိစိတ်ဝိညာဥ်လက်နက် သွေးအလင်းကြေးမုံပဲ”

“အဲ့ဒါက ရှီမန်ကျင့်လွေရဲ့လက်နက်နဲ့တူတယ်... ဘာလို့တိုက်ပွဲနယ်မြေကို ရောက်လာတာလဲ”

များစွာသောပေမင်ကလန်သားများက ကြောင်အ,မှင်တက်သွား၏။

တကယ်တော့ ရှေးတော်ဝင်မိသားစု ၃စုမှ ကျင့်ကြံသူများသည်လည်း ရှီမန်ကျင့်လွေ၏လက်နက်ကို မှတ်မိကြလေသည်။ သို့သော်လည်း ရှေးတော်ဝင်မိသားစု ၃စု မှ​ကျင့်ကြံသူများသည် အဲ့ဒါကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။

“မင်းတို့တွေက ဘာလုပ်နေကြတာလဲ... ရှေးတော်ဝင်မိသားစုပြိုင်ပွဲက တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ရတာ... မင်းတို့တွေက အရေအတွက်နဲ့ အနိုင်ကျင့်ချင်တာလား”

ပေမင်အောင်က အလွန်တရာပါးနပ်ပြီး ဖြစ်ပျက်နေသည့်အရာများကို တွေ့မြင်သောအခါ အော်ဟစ်ပြောဆိုလိုက်၏။

ကျင့်ကြံသူများက အေးစက်စွာလှောင်ရယ်၍ သူ့ကိုလျစ်လျူရှုလိုက်ကြ၏။

ပွဲကြည့်ဧရိယာတွင်...

နန်းကုန်လင်းက ရှီမန်ကျီနှင့် ဒေါင်ဖန်ရီကို လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

“ဘာလဲ... မင်းတို့က အရှုံးမခံနိုင်ဘူးလား... ရှေးတော်ဝင်မိသားစုပြိုင်ပွဲကို အမြဲတမ်းမျှမျှတတပဲ ကျင်းပပေးခဲ့ကြတာ ဒါက ဘာသဘောလဲ”

ဒေါင်ဖန်ရီ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

“အဲ့ဒါက ရှေးတော်ဝင်မိသားစု ပြိုင်ပွဲမဟုတ်တော့ဘူး... အဲ့ဒါက ဒေါင်ဖန်ကျစ်နဲ့ပေမင်ရွှယ်ကြားက ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စပဲ”

ရှီမန်ကျီက ခေါင်းညိတ်၍ပြောလိုက်၏။

“အဲ့ဒါအမှန်ပဲ... ကျင့်လွေက ကျစ်အာနဲ့ စေ့စပ်ထားပြီးပြီဆိုတော့ သူတို့က တစ်ယောက်အနိုင်ကျင့်ခံရတာကို တစ်ယောက်ကြည့်နေနိုင်မှာ မဟုတ်ဘူး... သူက တိုက်ခိုက်ခွင့်ရှိတယ်”

“နင်တို့တွေက... အရေအတွက်နဲ့လည်း အနိုင်ကျင့်သေးတယ် မှန်ကန်သယောင်ယောင်တောင် ပြောနေလိုက်သေးတယ်... တော်တော်အရှက်မဲ့နိုင်တာပဲ”

ရူရွှမ်က လှောင်ပြောင်ထေ့ငေါ့လိုက်၏။

နန်းကုန်လင်းက မှင်သေသေဖြင့် ပြောလိုက်လေသည်။

“မင်းတို့တွေကို ငါတစ်ခုအကြံပေးလိုက်မယ်... ပေမင်ရွှယ်နဲ့သွားပြီးတော့ မရှုပ်မိစေနဲ့... မဟုတ်ရင်တော့ နောက်ဆွဲတွဲအကျိုးဆက်ကို မင်းတို့တွေ ခံစားနိုင်မှာ မဟုတ်ဘူး”

“ဟားဟားဟားဟား “

ရှီမန်ကျီက အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“ပေမင်ကလန်ရဲ့ အဲ့ဒီခွေးမက ငါတို့ရှီမန်မိသားစုရဲ့ ပိုင်နက်ထဲမှာ ဘယ်လိုနောက်ဆက်တွဲအကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်မလဲ ငါတကယ်ပဲ ကြည့်ချင်သေးတယ်”

နန်းကုန်လင်းက သူ၏အကြည့်ကိုပြန်ရုပ်သိမ်းပြီး ဆက်လက်၍ ဖျောင်းဖျတော့ပေ။

သူကလည်းပဲ တိုက်ခိုက်ဖို့စိ​တ်ကူးမရှိပေ။

သူ၏အကဲဖြတ်မှုအရ ရှီမန်ကျင့်လွေက ဝင်ရောက်တိုက်ခိုက်လာလျှင်ပင် သူက ပေမင်ရွှယ်၏ ပြိုင်ဘက်မဟုတ်နိုင်ကြောင်း သိထားလေသည်။

သွေးအလင်းကြေးမုံကို ရှေးဦးဆက်နွယ်တောကောင်တစ်ရာကျော်၏ အရိုးများကနေ ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီး သားရဲသွေးများထဲမှာ တစ်နှစ်ပတ်လုံး စိမ်ထားခဲ့၏။ ၎င်းက အလွန်တရာဆိုးယုတ်သောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဆင်းသက်လာသော သွေးအလင်းရောင်သည် ကျင့်ကြံသူများစွာကို အလွန်တရာ ပျက်စီးထိခိုက်စေနိုင်၏။

တကယ်ဆို... ရွှေအမြုတေနယ်မြေအချို့ကပင်လျှင် ထိုသွေးအလင်းရောင်၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သို့သော်လည်း ပေမင်ရွှယ်သည် သူမပေါ်သို့ သွေးအလင်းရောင်လွှမ်းခြုံလာသည်ကို တွေ့မြင်သောအခါ မျက်မှောင်အနည်းငယ်သာကြုတ်လိုက်၏။

သူမ၏သွေးချီက သန်မာပြီး ဆူနာမီတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်နေ၏။ ရှေးဦးဆက်နွယ်တောကောင်များ၏ သွေးများကိုမပြောနှင့် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များ၏သွေးပင်လျှင် သူမကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သွေးအလင်းရောင်၏ စွန်းထင်းခြင်းခံရသောအခါ သူမ၏လက်ထဲရှိဓားက ချက်ချင်းပင် အရောင်မှိန်ကျသွားပြီး ၎င်း၏ အနားစောင်းက ပျောက်ဆုံးသွား၏။

ကံကောင်းထောက်မစွာဖြင့် ထိုဓားသည် ပကတိအဆင့်စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်နေ၏။

အဲ့ဒါက ထိပ်တန်းအဆင့်သာ ဖြစ်မယ်ဆိုရင် အသက်ရှုချိန်အနည်းငယ်တွင် ဖျက်ဆီးခြင်းခံလိုက်ရပေလိမ့်မည်။

ထိုသည်ကိုမြင်သောအခါ ဒေါင်ဖန်ကျစ်က စိတ်အားမာန်တက်ကြွလာပြီး သူမ၏မျက်လုံးများက မျှော်လင့်ချက်ရောင်ခြည်ပြန်သန်းလာ၏။ သူမက ခပ်အုပ်အုပ်အော်ဟစ်ပြီး ကောင်းကင်ဘုံအမြုတေလှံကို ထိန်းချုပ်ကာ ပေမင်ရွှယ်ထံသို့ ပစ်ထိုးလိုက်၏။

တစ်ချိန်တည်းမှာပင် သူမသည် သိုလှောင်အိတ်ထဲကနေ မဟူရာသံပေတံတစ်ချောင်းကို ထုတ်ယူပြီး စိတ်ဝိညာဥ်စွမ်းအင်များကို ထိုးသွင်းလိုက်၏။

သံပေတံကနေ စိတ်ဝိညာဥ်အလင်းရောင်ခြောက်ခုက ရုန်းကန်ထွက်ပေါ်လာ၏။

နောက်ထပ် မူလစိတ်ဝိညာဥ်လက်နက်တစ်ခု...

“လိုဏ်ခေါင်းပေတံ”

ပေမင်ကလန်သားများသည် ထိုပေတံကို ချက်ချင်းပင်မှတ်မိသွားကြ၏။

အကြောင်းမှာ ဤစိတ်ဝိညာဥ်လက်နက်သည် အရင်တုန်းက ပေမင်ကလန်၏ ရတနာတစ်ခုဖြစ်ခဲ့သောကြောင့်ပင်။

ပေမင်ရွှယ်၏မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်က ဖျတ်ခနဲလက်သွား၏။ အရင်တုန်းက ဒေါင်ဖန်ကျစ်သည် သူမ၏ရွှေအမြုတေကိုဖျက်ဆီးဖို့အတွက် ဤလိုဏ်ခေါင်းပေတံကို အသုံးပြုခဲ့လေသည်။ ထိုမြင်ကွင်းက သူမ၏မှတ်ဉာဏ်များထဲမှာ စွဲထင်နေခဲ့၏။

ယနေ့အရာရာတိုင်းကို အဆုံးသတ်ပေးရပေတော့မည်။

All Chapters