← Chapters

ရှက်ရမ်းရမ်းခြင်း

Vol. 91 Ch. 1360

ရှက်ရမ်းရမ်းခြင်း

Vol. 91 Ch. 1360

သူမ လက်ထဲရှိ ဓားသည် သွေးအလင်းရောင်ဖြင့် စွန်းထင်းသွားခဲ့ပြီဖြစ်၏။ ပေမင်ရွှယ်သည် အဲဒါကို လွှတ်ချပြီး ဝင်ရောက်လာသော ကောင်းကင်ဘုံအမြုတေလှံတံကို ကြိုဆိုလိုက်၏။ သူမက ရှေ့သို့ တက်လှမ်းပြီး သူမ၏ လက်ကို ဆန့်ထုတ်လိုက်လေသည်။

မူလအမြုတေလက်နက်တစ်ခုအနေဖြင့် ကောင်းကင်ဘုံအမြုတေလှံ၏ အမြန်နှုန်းက ကြောက်စရာကောင်းလေသည်။

အဲဒါက ငွေရောင်အလင်းတစ်ချက် ဖျတ်ခနဲသာ လက်သွားပြီး ချက်ချင်းပင် ရောက်ရှိလာ၏။

သို့သော်လည်း ပေမင်ရွှယ်၏ လက်ဖဝါးက ငွေရောင်အလင်းကို ဖမ်းဆုပ်မိသွားလေပြီ။

ငွေရောင်အလင်းက ပျက်ပြယ်သွားပြီး ကောင်းကင်ဘုံအမြုတေလှံသည် ပေမင်ရွှယ်၏ လက်ဖဝါးထဲသို့ သက်ဆင်းသွား၏။ ၎င်းက ၎င်း၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလာပြီး အဆက်မပြတ် တုန်ခါကာ ရုန်းထွက်ချင်နေ၏။

ပေမင်ရွှယ်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီး သူမ၏ သွေးချီကို လှည့်ပတ်ကာ သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။

လှံပေါ်ရှိ စိတ်ဝိညာဉ်အလင်းသည် ပေမင်ရွှယ်၏ သွေးချီကြားမှာ ချက်ချင်းပင် နစ်မြုပ်သွားပြီး အရောင်မှိန်ကျသွား၏။

ဒေါင်ဖန်ကျစ်သည် ကောင်းကင်ဘုံအမြုတေလှံကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။

ရွှစ်…

ကောင်းကင်ဘုံအမြုတေလှံက ရောက်ရှိလာသည့် ခဏမှာပင် အနက်ရောင်အရိပ်တစ်ခုကလည်း လေဟာနယ်ကို နှစ်ခြမ်းလှီးဖြတ်ချင်သည့်အလား ဆင်းသက်လာခဲ့၏။

မူလစိတ်ဝိညာဉ်လက်နက်၊ လိုဏ်ခေါင်းပေတံ..

ပေမင်ရွှယ်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူမ၏ ညာဘက်လက်ကို မြှောက်ကာ သူမ၏ လက်ချောင်းများကို ဖြန့်၍ ကျဆင်းလာသော လိုဏ်ခေါင်းပေတံကို ဖမ်းဆွဲလိုက်၏။

ကျင့်ကြံသူများ၏ အမူအရာများက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

ဝင်ရောက်လာသော ကောင်းကင်ဘုံအမြုတေလှံကို လက်ဗလာဖြင့် ဖမ်းဆုပ်ခြင်းနှင့် လိုဏ်ခေါင်းပေတံကို ထိုကဲ့သို့ပင် ပြုမူခြင်းက လုံးဝ မတူညီသော အခြေအနေနှစ်ရပ်ဖြစ်၏။

ကောင်းကင်ဘုံအမြုတေလှံ၏ ထိပ်ဖျားကို ရှောင်လွှဲနိုင်သည်နှင့်အမျှ အဲဒါက ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း လိုဏ်ခေါင်းပေတံ၏ စွမ်းအားက အရမ်းကို ကြောက်စရာကောင်း၏။ ခန္ဓာမီးဆေးခြင်းတွင် အထူးပြုသော ရှီမန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများပင်လျှင် ထိုသို့ပြုလုပ်ပါက သူတို့၏ အရိုးများနှင့် အရွတ်များက ကျိုးပဲ့ကုန်ပေလိမ့်မည်။

ဖောက်…

လိုဏ်ခေါင်းပေတံသည် ပေမင်ရွှယ်၏ လက်ဖဝါးထဲသို့ ဆင်းသက်သွားပြီဖြစ်၏။

ပေမင်ရွှယ်က လုံးဝ မလှုပ်ရှားပေ။

တကယ်ဆို သူမ၏ မျက်လုံးထဲတွင် မည်သည့် စိတ်ခံစားချက်မှ ရှိမနေပေ။

တစ်စုံတစ်ယောက်သည် မူလစိတ်ဝိညာဉ်လက်နက် လိုဏ်ခေါင်းပေတံကို လက်ဗလာဖြင့် ခံယူနိုင်ခဲ့လေသည်။

ကျင့်ကြံသူများသည် သွားများကို ကြိတ်ပြီး သူတို့၏ မျက်နှာများက ရှုံ့တွသွားကြ၏။

အဲဒါက ဘယ်လို အသွေးအသား ခန္ဓာကိုယ်မျိုးပါလိမ့်။

ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများက ပြည့်နှက်လာကြ၏။

ဒေါင်ဖန်ကျစ်က နောက်ဆုံးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့လေပြီ။

သူမ၏ မူလစိတ်ဝိညာဉ်လက်နက်နှစ်ခုသည် ပေမင်ရွှယ်၏ လက်ဗလာဖြင့် လုယူခြင်းခံလိုက်ရ၏။ သူမက အခြားသော ဝှက်ဖဲများကို အသုံးပြုမည်ဆိုလျှင်တောင် ပင်မင်ရွှယ်ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

သူမသည် နောက်သို့ ဆုတ်ခွာချင်လေသည်။

ကံဆိုးစွာနှင့်ပင် ပေမင်ရွှယ်က သူမထက်ပို၍ မြန်ဆန်နေ၏။

ပေမင်ရွှယ်သည် မူလစိတ်ဝိညာဉ်လက်နက်နှစ်ခုကို ရယူပြီးနောက် ရပ်တန့်သွားခြင်း မရှိပေ။

ဖျတ်ခနဲဆို သူမက ဒေါင်ဖန်ကျစ် ရှေ့သို့ ရောက်ရှိလာခဲ့၏။

ဝှစ်…

ပေမင်ရွှယ်သည် သူမလက်ထဲရှိ ကောင်းကင်ဘုံအမြုတေလှံဖြင့် ဒေါင်ဖန်ကျစ်ဆီသို့ ထိုးသွင်းလိုက်၏။

“နင် ဘယ်လိုတောင် လုပ်ရဲတာလဲ”

ဒေါင်ဖန်ကျစ်က စူးစူးဝါးဝါး အော်ဟစ်ပြီး သူမ လက်ဖဝါးထဲရှိ ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးချေလိုက်၏။

ကျောက်စိမ်းရောင်အလင်းက ဖြန့်ကြက်သွားပြီး သူမကို လွှမ်းခြုံသွား၏။

ဖောက်…

ကောင်းကင်ဘုံအမြုတေလှံသည် အစိမ်းရောင် အကာအရံအလွှာပေါ်သို့ ထိခတ်လိုက်သောအခါ အဲဒါသည် လေအိတ်တစ်ခုကို ထိုးဖောက်လိုက်သည့်အလား အကာအရံအလွှာက ချက်ချင်းပင် ပျက်ပြယ်သွား၏။

ဒေါင်ဖန်ကျစ်၏ သူငယ်အိမ်က တင်းကျပ်သွားပြီး သူမ၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွား၏။

သူမ၏ ကာကွယ်ရေးအဆောင်သည် နိုးထဝိညာဉ်တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံပေးနိုင်​လေသည်။

ထိုအဆောင်သည် ပေမင်ရွှယ်၏ ဖျက်ဆီးခြင်းကို ချက်ချင်းပင် ခံလိုက်ရလိမ့်မည်ဟု သူမက ထင်မှတ်ထားခဲ့ပေ။

သူမ ဆက်လက်၍ မစဉ်းစားနိုင်ခင်မှာပင်.. သူမ၏ ဝမ်းဗိုက်အောက်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုက သူမ၏ ရွှေအမြုတေကို ရိုက်ခတ်လာခဲ့လေပြီ။

ဖြောက်.. ဖြောက်.. ဖြောက်…

ဒေါင်ဖန်ကျစ်၏ မျက်လုံးက ပြူးကျယ်သွား၏။

သူမ၏ ရွှေအမြုတေပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ချက်ချင်းပင် လျင်မြန်စွာ ပျံ့နှံ့သွားသည်ကို သူမက ရှင်းလင်းစွာ ခံစားလိုက်ရ၏။

ကြေမွသွားလေပြီ..။

ပေမင်ရွှယ်သည် လိုဏ်ခေါင်းပေတံကို ဝှေ့ယမ်းပြီး ရိုက်ချက်တစ်ချက်တည်းဖြင့် သူမ၏ ရွှေအမြုတေကို ချေမွဖျက်ဆီးခဲ့လေပြီ။

ဒုတ်.. ဒုတ်.. ဒုတ်..

ဒေါင်ဖန်ကျစ်သည် အဆက်မပြတ် နောက်သို့ဆုတ်ပြီး သူမ၏ ခန္ဓာကိုယ်က ယိမ်းထိုးနေ၏။ သူမ၏ ခြေနှစ်ဖက်က ပျော့ခွေသွားပြီး ဆက်လက်၍ မရပ်တည်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။

သူမ၏ ရွှေအမြုတေ ကြေမွသွားခြင်းသည် သူမ၏ နှစ်ငါးဆယ်ကြာ ကျင့်ကြံမှုက ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရပြီဟု ဆိုလိုလေသည်။

အစကတော့ ဘဝသက်တမ်း နှစ်ငါးရာရှိသော ရွှေအမြုတေတစ်ယောက်အနေဖြင့် အသက်ငါးဆယ်ကျော်ဆိုသည်မှာ အရွယ်ကောင်းမှာသာ ရှိနေသေးလေသည်။

သို့သော် ယခုအခါ သူမ၏ ရွှေအမြုတေက ချေမွဖျက်ဆီးခံလိုက်ရပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များက ပျက်ပြယ်သွားလေသည်။ သူမ၏ ဘဝသက်တမ်းသည် မော်တယ်များ၏ နှစ်တစ်ရာ ဘဝသက်တမ်းအဖြစ်သို့ ချက်ချင်းပင် လျှောကျသွား၏။

သူမ၏ အသက်ငါးဆယ်ကျော်တွင် သူမ ဘဝသက်တမ်း၏ တစ်ဝက်ကျော်ကို ကုန်ဆုံးစေခဲ့ပြီဟု အဓိပ္ပာယ်ရလေသည်။

အသက်ရှူချိန် အနည်းငယ်တွင် သူမ၏ အနက်ရောင်ဆံပင်များက ချက်ချင်းပင် ဖြူဖွေးသွားပြီး သူမ၏ မျက်နှာပေါ်တွင် အရေးကြောင်းများက ပေါ်ထွက်လာကာ သူမ၏ မျက်နှာက အိုစာလာခဲ့၏။

ပွဲကြည့်ဧရိယာတွင်…

ဒေါင်ဖန်ရီသည် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ခွမ်းခနဲမြည်အောင် ခြေမွှဖျက်ဆီးလိုက်၏။

“ခွေးမ.. နင် ဘယ်လိုတောင် လုပ်ရဲတာလဲ”

သူ၏ အမူအရာက သုန်မှုန်သွား၏။ ပေမင်ကလန်မှ ပုရွက်ဆိတ်လို လူများသည် ရှေးတော်ဝင်မိသားစု ပြိုင်ပွဲအတွင်း သူတို့ ရှေးတော်ဝင်မိသားစုမှ ပြိုင်စံရှားများကို ဤမျှအထိ ရက်ရက်စက်စက် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဒေါင်ဖန်ရီ၏ မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာ၏။

ယနေ့ ပေမင်ရွှယ်သာလျှင် သေရမည် မဟုတ်ဘဲ ပေမင်ကလန်သားများ အားလုံး သူမနှင့်အတူ သေရပေလိမ့်မည်။

သူသည် အန္တရာယ်ကို အာရုံခံမိသွားသည့်အလား ပေမင်ကလန်ခေါင်းဆောင်က ပျက်ယွင်းသော အမူအရာနှင့်အတူ မအီမသာ ခံစားလာရ၏။

အခြားသော ကလန်သားများသည်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်လာကြ၏။ ပေမင်ရွှယ်က အနိုင်ရခဲ့သော်လည်း သူတို့၏ မိဘများကို ဆုံးရှုံးသွားသည့်အလား မည်သူကမှ စိတ်လှုပ်ရှား တက်ကြွမလာခဲ့ပေ။

လူအုပ်ထဲတွင် ဆူဇီမို တစ်ယောက်တည်းကသာလျှင် တည်ငြိမ်နေ၏။

ကျောက်သားစင်မြင့်ထက်တွင် ဒေါင်ဖန်ကျစ်က ရှုံးနိမ့်သွားပြီး သူမ၏ ရွှေအမြုတေက ဖျက်ဆီးခြင်းခံလိုက်ရ၏။

ထို့နောက် ချက်ချင်းပင်… နောက်ထပ် ပုံရိပ်တစ်ခုက ရှေ့သို့ ဝင်ရောက်လာ၏။

“ခွေးမ.. ကျစ်အာကို နင် ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ.. နင်ကတော့ သေချင်နေပြီပဲ”

ရှီမန်ကျင့်လွေသည် ရှေ့သို့ ပြေးဝင်လာပြီး ကျိန်ဆဲလိုက်၏။ သူ၏လက်ကို ဝှေ့ယမ်းပြီး လေထဲရှိ သွေးအလင်းကြေးမုံက တဇီဇီအော်မြည်ကာ ပေမင်ရွှယ်ထံသို့ လှည့်ပတ်၍ ဝင်ရောက်လာ၏။

ပေမင်ရွှယ်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူမက လိုဏ်ခေါင်းပေတံကို ပင့်မြှောက်ပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ချွမ်း..

မူလစိတ်ဝိညာဉ်လက်နက်နှစ်ခု ထိတွေ့ရိုက်ခတ်သောအခါ သတ္တုချင်း ထိခတ်သံက စူးစူးရှရှ ထွက်ပေါ်လာ၏။

သွေးအလင်းကြေးမုံက လွင့်စင်ထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင်.. ရှီမန်ကျင့်လွေသည် ပေမင်ရွှယ်၏ ရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး လက်သီးဖြင့် ပစ်ထိုးချလိုက်၏။

ချက်ချင်းပင် အလွန်တရာ အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက ထိုထိုးချက်ကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

ရှီမန်ရှေးတော်ဝင်မိသားစုသည် သတ္တုဓာတ် စိတ်ဝိညာဉ်အတတ်များနှင့် သတ်ဖြတ်ခြင်း နည်းစနစ်များမှာ အထူးပြုကြလေသည်။

ပေမင်ရွှယ်သည် လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခု ရှိနေပြီး လိုဏ်ခေါင်းပေတံကို ပစ်ချကာ ရှီမန်ကျင့်လွေ၏ လက်သီးဆီသို့ တန်ပြန်ပစ်ထိုးလိုက်၏။

ဘန်း..

လက်သီးနှစ်လုံး ထိတွေ့ရိုက်ခတ်သောအခါ ခပ်ထိုင်းထိုင်း အသံတစ်သံက ထွက်ပေါ်လာ၏။

ပေမင်ရွှယ်က မလှုပ်မယှက် ရှိနေပြီး သူမ၏ အမူအရာက ထူးမခြားနားပုံစံဖြင့်ပင် ရှိနေ၏။

သို့သော်လည်း ရှီမန်ကျင့်လွေ၏ အမူအရာက အဆက်မပြတ် ပြောင်းလဲသွား၏။

ထို့နောက် ချက်ချင်းပင် သူ၏လက်က အလွန်တရာ ကြောက်စရာကောင်းသော ပုံစံဖြင့် ကြေမွသွား၏။

သူ၏ လက်တစ်ဖက်လုံးက ပေမင်ရွှယ်၏ ထိုးချက်ဖြင့် ထိခိုက်ပျက်စီးသွားလေပြီ။

ရှီမန်ကျင့်လွေသည် ပြတ်သားသော လူတစ်ယောက်ဖြစ်၏။ သူက အံကိုကြိတ်ပြီး ဆက်လက်၍ ကြန့်ကြာမနေရဲတော့ဘဲ ကျောက်သားစင်မြင့်ထက်ကနေ ချက်ချင်းပင် ခုန်ထွက်လိုက်၏။

“ကျင့်လွေ.. ငါ့ကိုပါ ခေါ်သွားလေ”

ဒေါင်ဖန်ကျစ်က အော်ပြောလိုက်၏။

သူမ၏ ရွှေအမြုတေက ဖျက်ဆီးခံထားရပြီး သူမသည် ကျောက်သားစင်မြင့်ထက်ကနေ ခုန်ချဖို့ပင် စွမ်းရည်မကျန်ရှိတော့ပေ။

ရှီမန်ကျင့်လွေသည် ဒေါင်ဖန်ကျစ်၏ အော်သံကို ကြားသောအခါ အလိုလိုလှမ်းကြည့်လိုက်ပြီး တုန်လှုပ်သွားရ၏။

ယခုအချိန်တွင် ဒေါင်ဖန်ကျစ်က အိုမင်းရင့်ရော်နေပြီး သူမ၏ အရင်လှပတင့်တယ်မှုက ဆက်လက်၍ မရှိတော့ပေ။

ရှီမန်ကျင့်လွေ၏ မျက်လုံးအနက်ပိုင်းထဲတွင် မသတီသည့် ပုံရိပ်က ထင်ဟပ်လာပြီး သူက လှည့်ထွက်ပြေးသွား၏။

“နင်.. နင်…”

ဒေါင်ဖန်ကျစ်သည် ဒေါသထွက်လွန်းသောကြောင့် သူမ၏ အသံက တုန်ယင်နေ၏။

အသက်ထက်ဆုံးတိုင်ဆိုသော သစ္စာစကားများသည် အလိမ်အညာတစ်ခုသာ ဖြစ်နေ၏။

“မင်းတို့က ဘာကိုစောင့်နေကြတာလဲ.. အဲဒီခွေးမကို ဖိနှိမ်ကြလေ”

ရှီမန်ကျီက သုန်မှုန်ခက်ထန်သော အမူအရာဖြင့် မတ်တတ်ထရပ်ပြီး အော်ပြောလိုက်၏။

ရွှစ်.. ရွှစ်.. ရွှစ်…

ရှီမန်ကျီ၏ အောက်ဘက်မှ ပုံရိပ်ငါးခုက ရှေ့သို့ ထွက်လာပြီး စွမ်းအားကြီးမားသော အင်အားတစ်ခုကို ထုတ်ဖော်လိုက်ကြ၏။ သူတို့ကို ဓမ္မစွမ်းအားများက လွှမ်းခြုံနေပြီး ပေမင်ရွှယ်ရှိရာသို့ သတ်လိုဖြတ်လိုသော အော်ရာများနှင့်အတူ ပြေးဝင်သွားကြ၏။

နိုးထဝိညာဉ်များ..

ပေမင်ရွှယ်သည် ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုမှ အထူးချွန်ဆုံး ရွှေအမြုတေကျင့်ကြံသူများကို ဖိနှိမ်ခဲ့ပြီဖြစ်ပြီး ရှီမန်ကျီနှင့် ဒေါင်ဖန်ရီက လုံးဝ ဒေါသူပုန်ထလာခဲ့လေပြီ။

“မင်းတို့တွေ အဲဒီ ပေမင်ကလန်သားတွေကို ဖမ်းလိုက်ကြ.. သူတို့ရဲ့ ကျင့်ကြံမှုတွေကို တစ်ယောက်ပြီးတစ်ယောက် ဖျက်ဆီးပြီး ဖြည်းဖြည်းချင်း ညှင်းပန်းနှိပ်စက်ရမယ်”

ဒေါင်ဖန်ရီက သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

သိပ်မကြာခင်.. ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဉ်များသည် ရှေ့သို့ ထွက်လာကြပြီး ပေမင်ကလန်ရှိရာဘက်သို့ ပြေးဝင်သွားကြ၏။

ပေမင်ရွှယ်၏ လွှမ်းမိုးခြယ်လှယ်စွာ ပေါ်ထွက်လာမှုကြောင့် ဤရှေးတော်ဝင်မိသားစု ပြိုင်ပွဲသည် ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်လာခဲ့လေပြီ။

All Chapters