← Chapters

အမြုတေစိတ်ဝိညာဥ်ကို တိုက်ခိုက်ခြင်း

Vol. 92 Ch. 1368

အမြုတေစိတ်ဝိညာဥ်ကို တိုက်ခိုက်ခြင်း

Vol. 92 Ch. 1368

ဘုန်း...

ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် အနည်းငယ်အာရုံပျက်ယွင်းသွားစဥ် ဆူဇီမိုက ရှေ့သို့ရောက်ရှိလာပြီး သူ၏ဦးခေါင်းကို ပစ်ထိုးချလိုက်၏။

ထိုဓမ္မဝိသေသတာအိုအရှင်သည် နေရာမှာပင် သေဆုံးသွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက မသန်မာသော်လည်း ၎င်း၏ခန္ဓာကိုယ်သည် မူလတာအိုအရှင် ဓမ္မလက်နက်များနှင့် ယှဥ်နိုင်ပြီး ဖျက်ဆီး၍ မရနိုင်ပေ။

ဓမ္မဝိသေသတာအိုအရှင်၏ ခန္ဓာကိုယ်သည် ထိုထိုးချက်ကို လုံးဝခံနိုင်ရည်မရှိပေ။

ရွှစ်..

ဖျတ်ခနဲဆို ဆူဇီမိုက နောက်ထပ်ဓမ္မဝိသေသတာအိုအရှင်၏ ရှေ့သို့ရောက်ရှိသွားပြိး ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ ချောက်ချားစရာကောင်းသော နတ်ဆိုးချီတစ်ခုကို ထုတ်ဖော်လိုက်၏။

ဓမ္မဝိသေသတာအိုအရှင်သည် ဆူဇီမို၏အ​ကြည့်နှင့်တွေ့ဆုံသောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွား၏။

ဆူဇီမိုက ဘယ်သူပါလဲ... ။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာ သူ၏လက်ထဲ၌ သေဆုံးခဲ့ရသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ကမ္ဘာဦးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဘယ်လောက်တောင်များပြားခဲ့သလဲ။ ဓမ္မဝိသေသတာအိုအရှင်များကိုဆိုလျှင် ထည့်ပြောနေစရာပင် မလိုပေ။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် ပျက်စီးထိခိုက်ထားသော်လည်း သူ၏အော်ရာက လုံးဝပျောက်ကွယ်သွားခြင်း မရှိပေ။

ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် ဆူဇီမို၏ အော်ရာမှာ ကြောင်အ,မှင်တက်သွားပြီး တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွား၏။

သူ၏ဦးခေါင်းသည် ဆူဇီမို၏ ပစ်ရိုက်ခြင်းကိုခံရပြီး နေရာမှာပင်သေဆုံးသွား၏။

တစ်ခဏအတွင်းမှာပင် ဓမ္မဝိသေသတာအိုအရှင်နှစ်ယောက်က ဆက်တိုက်သေဆုံးသွားခဲ့လေပြီ။

ရှီမန်ကျီနှင့် ဒေါင်ဖန်ရီ၏ သေဆုံးမှုများသည် လက်ရှိကျင့်ကြံသူများကြားမှာ ကောင်းကင်ကြီးပြိုကျလာသည့်အလား အလွန်ကြီးမားသည့် ဂယက်တစ်ခုဖြစ်နေခဲ့လေပြီ။ သို့သော် ယခုအခါ ဓမ္မဝိသေသတာအိုအရှင်နှစ်​ယောက် သေဆုံးသွားခြင်းနှင့်အတူ ကျင့်ကြံသူများအားလုံးသည် လုံးဝကြောင်အ,မှင်တက်သွားကြ၏။

ဒဏ္ဍာရီထဲမှာသာတည်ရှိပြီး သူတို့လက်လှမ်းမမီနိုင်သည့် ထိုပညာရှင်များသည် သူတို့၏မျက်စိရှေ့မှောက်မှာပင် လေထဲကနေပြုတ်ကျလာပြီး သူတို့၏ အသက်များက ဖျက်ဆီးခြင်းခံလိုက်ရ၏။

ချိနဲ့နေသည်ဟုထင်ရသော ကျင့်ကြံသူသည် တွေဝေတုံ့ဆိုင်းခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းအလျှင်းမရှိဘဲ ဓမ္မဝိသေသတာအိုအရှင်များကို သတ်ဖြတ်နေ၏။

ဤဓမ္မဝိသေသတာအိုအရှင်များသည် သူ၏မျက်လုံးထဲမှာ ပုရွက်ဆိတ်များနှင့် မခြားနားသည့်အလားပင်။

“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”

တာအိုအရှင် ခရမ်းတောင်ထွတ်က ဒေါသတကြီးအမူအရာတစ်ခုရှိလာပြီး အေးစက်စွာဖြင့်ပြောလိုက်၏။

“မင်းက ရှီမန်အိမ်တော်မှာ ဘယ်လိုတောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ရဲတာလဲ... ငါက မင်းကို အရေခွံစုတ်ပြီး မင်းရဲ့အရိုးတွေကို ပြာချပစ်မယ်”

ဘုန်း...

သူက ရုတ်တရက်တိုက်ခိုက်လိုက်ပြီး သူ၏နှာရောင်ကနေ ခရမ်းရောင်တောင်ထွတ်တစ်ခုက ပျံသန်းထွက်ပေါ်လာ၏။ ၎င်းက လေကိုဆန်၍ ​ပြန့်ကားသွားပြီး ချက်ချင်းပင် ခရမ်းရောင်တောင်တစ်လုံးအဖြစ် အသွင်ပြောင်းလဲသွား၏။

အဲ့ဒါက မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခုဖြစ်၏။

ထိုခရမ်းရောင်တောင်သည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ သူရှာတွေ့လာခဲ့သော တစ်စုံတစ်ရာဖြစ်ပြီး သူနှင့်အတူ နှစ်ပေါင်းများစွာရှိနေခဲ့၏။ ထိုပစ္စည်းကြောင့်ပင် သူ၏တာအိုဘွဲ့ကို ရရှိလာခဲ့ခြင်းလည်းဖြစ်၏။

“သွား...”

တာအိုအရှင် ခရမ်းတောင်ထွတ်က ရှေ့သို့ စေညွှန်လိုက်၏။

ခရမ်းရောင်တောင်သည် ကျယ်လောင်သောမြည်သံနှင့်အတူ ဆင်းသက်လာပြီး ရှီမန်အိမ်တော်တစ်ခုလုံးကို ကြီးမားသောအရိပ်တစ်ခုကလွှမ်းခြုံကာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုဖြာထွက်လာစေ၏။ ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

များစွာသော ကျင့်ကြံသူများသည် ဖိအားဒဏ်ကိုခံနိုင်ရည်မရှိတော့ဘဲ လွတ်ရာသို့ ပြေးထွက်လိုက်ကြ၏။

ခရမ်းရောင်တောင်သည် အိမ်တော်ရှိ သက်ရှိများအားလုံးကို ပြေးစရာနေရာမရှိဘဲ အသားပြားများဖြစ်သည်အထိ ကြိတ်ချေချင်နေပုံရ၏။

ဘုန်း...

ရုတ်တရက် ခရမ်းရောင်တောင်က ရပ်တန့်သွား၏။

အားလုံး၏ရှေ့မှောက်မှာပင် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုသည် ခရမ်းရောင်တောင်အောက်မှာ မတ်တတ်ရပ်နေ၏။ သူက ကြီးမားသည့် တောင်ထွတ်ကို လက်တစ်ဖက်တည်းဖြင့် မလှုပ်မယှက် မထား၏။

ခရမ်းရောင်တောင်နှင့် နှိုင်းယှဥ်လျှင် ဆူဇီမို၏ပုံရိပ်က အစက်အပြောက်တစ်ခုကဲ့သို့ သေးငယ်နေ၏။ သို့သော်လည်း တာအိုအရှင်ခရမ်းတောင်ထွတ်က သူ၏ဓမ္မစွမ်းအားများကို မည်သို့ပင် လှည့်ပတ်သည်ဖြစ်ပါစေ သူက ဆူဇီမိုကိုဖိနှိမ်နိုင်ခြင်း မရှိပေ။

“ဟွန့်...”

ဆူဇီမိုကလှောင်ရယ်၍ မြေပြင်ကိုခြေတစ်ချက်ဆောင့်လိုက်၏။ ဘုန်းခနဲမမြည်သံနှင့်အတူ သူက ခရမ်းရောင်တောင်ကိုလက်တစ်ဖက်ဖြင့် မ,ယူလိုက်၏။

ရွှစ်...

ဆူဇီမိုသည် ခရမ်းတောင်ကို သယ်ဆောင်သွားပြီး မလှမ်းမကမ်းရှိ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ဆီသို့ ပြေးဝင်သွား၏။

ဓမ္မဝိသေသတာအိုအရှင်၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲကနေ ပုံရိပ်ယောင်တစ်ခုက ထွက်ပေါ်လာ၏။ အဲ့ဒါက လျင်မြန်စွာမြင့်တက်သွားပြီး ပေ၆၀ထိ မြင့်မားလာကာ စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ပေးလာ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ...

ဓမ္မဝိသေသတာအိုအရှင်များ၏ အသန်မာဆုံးနည်းလမ်း...

ဘုန်း...

ကောင်းကင်းနှင့်မြေကြီး ဓမ္မဝိသေသ ထွက်ပေါ်လာသည့်ခဏမှာပင် ခရမ်းရောင်တောင်က ၎င်းနှင့် ပြင်းထန်စွာထိတွေ့ရိုက်ခတ်သွား၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ချက်ချင်းပင်ပျက်ပြယ်သွား၏။

ထိုဓမ္မဝိသေသတာအိုအရှင်၏ ခန္ဓာကိုယ်သည်လည်း ခရမ်းရောင်တောင်၏ ဖိချေခြင်းကိုခံလိုက်ရပြီး နေရာမှာပင်သေဆုံးကာ သူ၏အမြုတေစိတ်ဝိညာဥ်ပါ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ဓမ္မဝိသေသတာအိုအရှင် သုံးယောက်က သေဆုံးသွားခဲ့လေပြီ။

ဘန်း...ဘန်း...

ကျန်ရှိနေသော ဓမ္မဝိသေသတာအိုအရှင်များသည် ဖိအားဒဏ်ကိုခံစားလာရပြီး သူ၏တို့အမြုတေစိတ်ဝိညာဥ်များကို အလောတကြီးလှည့်ပတ်ကာ သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို ဆင့်ခေါ်လိုက်ကြ၏

တာအိုအရှင် ခရမ်းတောင်ထွတ်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ၈၆ပေမြင့်မားပြီး တစ်ကိုယ်လုံးခရမ်းရောင်ဖြစ်လေသည်။ ၎င်းကကြီးမားသော မိစ္တာနတ်ဆိုးတစ်ကောင်နှင့်ဆင်တူနေပြီး အားလုံးထဲမှာ ထင်ရှားပေါ်လွင်မှုအရှိဆုံးဖြစ်နေ၏။

တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများစွာက တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် တိုက်ခိုက်လိုက်ကြ၏။

ဘန်း... ဘန်း... ဘန်း...

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ၏ ဧရာမလက်သီးများနှင့် လက်နက်များသည် ဆူဇီမို၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး ကျယ်လောင်သောမြည်သံများကို ထွက်ပေါ်လာစေ၏။ သို့သော်လည်း သူက လုံးဝထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ် စွမ်းအားကြီးမားနေရသည့် အကြောင်းရင်းများထဲမှ တစ်ခုက ထွက်ပေါ်လာခဲ့၏။

အဲ့ဒါသည် တာအိုအရှင်အမုန်းနှင့် ကိုယ်တော်တာမင်းကဲ့သို့ ဓမ္မဝိသေသအဆင့်၏ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတစ်ယောက်မဟုတ်သရွေ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေဖို့ မဖြစ်နိုင်ပေ။

များစွာသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ၏ ဝန်းရံပိတ်ဆို့မှုအောက်တွင် ဆူဇီမိုက သူ၏အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်အတူ ရှေ့သို့တိုးဝင်ပြီး အဆက်မပြတ် တိုက်ခိုက်လိုက်၏။

နောက်ထပ်ဓမ္မဝိသေသတာအိုအရှင်သုံးယောက်က သေဆုံးသွား၏။

“အားလုံးပဲ... ခင်ဗျားတို့ရဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တွေကို ထုတ်ဖော်လိုက်ကြ”

တာအိုအရှင်ခရမ်းတောင်ထွတ်က ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ အော်ဟစ်ပြောဆိုလိုက်၏။

အဲ့ဒါက သူ၏နောက်ဆုံးကြိုးပမ်းမှုဖြစ်၏။

တိုက်ပွဲတစ်ခုတွင် ကျင့်ကြံသူများသည် လုံးလုံးမလိုအပ်သရွေ့ သူတို့၏အမြုတေစိတ်ဝိညာဥ်များကို အသုံးပြုကြလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် လက်နက်များ ၊ ရေနှင့်မီးတို့ကို လုံးဝမမှုပေ။ သူတို့မှာ ခုခံတိုက်ခိုက်ဖို့ တခြားနည်းလမ်းမရှိတော့ဘဲ ကူကယ်ရာမဲ့စွာ ခံစားလာရ၏။

ဓမ္မပညာရပ်များဖြစ်စေ ဓမ္မလက်နက်များဖြစ်စေ မည်သည့်တစ်ခုကမှ ထိုပုဂ္ဂိုလ်၏ခံစစ်ကို မထိုးဖောက်နိုင်ပေ။

အမြုတေစိတ်ဝိညာဥ်အတတ်များကသာလျှင် သူ၏ခန္ဓာကိုယ်ကို လျစ်လျူရှုနိုင်ပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို တိုက်ရိုက်သတ်ဖြတ်နိုင်ပေလိမ့်မည်။

ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်အတက်အကျများက လေထဲမှာထွက်ပေါ်လာ၏။

သူတို့က တိတ်ဆိတ်နေသော်လည်း သေစေနိုင်သော သတ်ဖြတ်လိုစိတ်ဆန္ဒဖြင့်ပြည့်နှက်နေ၏။

“မကောင်းတော့ဘူး”

ပေမင်ရွှယ်က ရင်တစ်ချက်ထိတ်သွား၏။

သူမ၏လက်ကောက်ဝတ်ပေါ်ရှိ ဗုဒ္ဓပုတီးစေ့များသည် သူမဆရာ၏ အမြုတေစိတ်ဝိညာဥ်ဓမ္မလက်နက်ဖြစ်သည်မှာ သိသာလေသည်။ ယခု သူမဆရာ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရရှိထားပြီး သူနှင့်အတူ အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်ကလည်း ရှိမနေတော့ပေ။

သူက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။

သူမသည် ရှေ့သို့ပြေးတက်ပြီး ဆူဇီမိုကို မင်းဝမ်ဆုတောင်းပုတီး ဖြုတ်ပေးချင်လေသည်။ သို့သော် ယခုတိုက်ခိုက်နေသောသူများက ဓမ္မဝိသေသတာအိုအရှင်များဖြစ်နေ၏။

သူမလို ရွှေအမြုတေတစ်ယောက်ကိုမပြောနှင့် နိုးထဝိညာဥ်များနှင့် မူလနတ္ထိများပင်လျှင် ဤအဆင့်တိုက်ပွဲနယ်မြေသို့ ချည်းကပ်နိုင်ဖို့ ခက်ခဲလေသည်။ သူမသည် တိုက်ပွဲနယ်မြေ၏ဖိအားအောက်မှာ လုံးဝလှုပ်ရှားနိုင်ခြင်း မရှိပေ။

ပေမင်ရွှယ်သည် ကူကယ်ရာမဲ့စွာသာ ငေးကြည့်နေရ၏။

“ဆရာ...”

သူမကအော်ခေါ်ချင်၏။

သို့သော်လည်း သူမစကားပြောလိုက်သည့်ခဏမှာပင် သူမ၏အသံသည် သူမ၏ဘေးပတ်လည်ရှိ စိတ်ဝိညာဥ်အသိစိတ် အတက်အကျကြောင့် ဘာမှမကျန်အောင် ကြေပျက်သွားသည်ကို နားလည်လိုက်၏။

ဆူဇီမိုသည် ဝင်ရောက်လာသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို အာရုံခံမိသောအခါ သူ၏အမူအရာက မထီတရီဖြစ်လာ၏။ သူက ရှောင်တိမ်ခြင်း ၊ ခုခံခြင်း သို့မဟုတ် ပြန်လည်တိုက်ခိုက်ခြင်းမရှိပေ။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များသည် သူ၏အသိစိတ်ထဲသို့ တစ်ခုပြီးတစ်ခု တလိပ်လိပ်တိုးဝင်လာပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို ရိုက်ခတ်လိုက်ကြ၏။

ရုတ်တရက်ဆိုသလို...

သူ၏အမြုတေစိတ်ဝိညာဥ်မှ စိမ်းဖန့်ဖန့်မြူခိုးများက ဖြာထွက်လာပြီး ထူးဆန်းသောစွမ်းအားတစ်ခုကို ထုတ်ဖော်ကာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များအားလုံးကို ဝါးမျိုလိုက်၏။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များသည် ဆူဇီမို၏အသိစိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာနိုင်သော်လည်း သူတို့သည် အသက်ဖြတ်ကျိန်စာ၏ ဝါးမျိုခြင်းကိုခံရကာ မည်သည့်ဝဲဂယက်မှ ထွက်မလာနိုင်ခဲ့ပေ။

အသက်ဖြတ်ကျိန်စာဆိုသည်မှာ စုန်းမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သူ၏အမြုတေစိတ်ဝိညာဥ်ကို စွန့်လွှတ်စတေးပြီးမှသာလျှင် ထုတ်ဖော်နိုင်သော စွမ်းအားတစ်ခုဖြစ်၏။

အစိမ်းရောင်ကြာပန်းဓားကြောင့် ၎င်း၏စွမ်းအားထက်ဝက်ကျော်က ​ပျက်ပြယ်သွားလျှင်တောင် ကျန်ရှိနေသော စွမ်းအားသည် ဓမ္မဝိသေသတာအိုအရှင်များ၏ အမြုတေစိတ်ဝိညာဥ်များယှဥ်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

ဆူဇီမိုသည် အသက်ဖြတ်ကျိန်စာ၏ စွန်းထင်းခြင်းကိုခံထားရ၏။

ကျိန်စာ၏စွမ်းအားသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံထားပြီး သူနှင့် ကောင်းကင်နှင့်မြေကြီး၏ ဆက်သွယ်မှုကိုဖြတ်တောက်နိုင်ရန် ကျိန်စာအကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်နေစေ၏။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များ၏ စွမ်းအားကိုဝါးမျိုပြီးနောက် ကျိန်စာအကာအရံအလွာက သိသိသာသာ ပိုမိုသန်မာလာ၏။

ဆူဇီမိုသည် သူ၏မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးလိုက်၏။

သည့်ယခင်က သူသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားကို ငှားရမ်းအသုံးပြုကာ အသက်ဖြတ်ကျိန်စာ၏ စွမ်းအားကိုခြေဖျက်နိုင်မလားဟု ရဲတင်းသော အတွေးတစ်ခုရှိခဲ့ဖူး၏။

ကြည့်ရသည်မှာ ထိုအတွေးက လုံးဝမဖြစ်နိုင်လောက်ပေ။

အသက်ဖြတ်ကျိန်စာသည် အခြားသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ဝါးမျိုပြီးနောက် ပိုမိုသန်မာလာမည်ဖြစ်ပြီး သူ၏အခြေအနေက ပို၍ပင်ဆိုးလာနိုင်လေသည်။

All Chapters