← Chapters

ဂမ္ဘီရစိမ့်စမ်း

Vol. 92 Ch. 1372

ဂမ္ဘီရစိမ့်စမ်း

Vol. 92 Ch. 1372

သိပ်မကြာခင် အလင်းရောင်များက တဖြည်းဖြည်း မှိန်ဖျော့သွား၏။

ပေမင်မြို့၏ ပုံပန်းသဏ္ဌာန်ကလည်း သိသိသာသာပြောင်းလဲသွား၏။

ကြီးမားသောမြို့က ပျောက်ကွယ်သွားသည်ဟုထင်ရပြီး မြေပြင်ပေါ်မှာ ဧရာမတွင်းပေါက်တစ်ခုက ဖြစ်ပေါ်လာ၏။ အဲ့ဒါက မှောင်မည်း၍ နက်ရှိုင်းနေပြီး ဘယ်ဆီဘယ်ဝယ်မသိရသော နေရာတစ်ခုဆီသို့ ဦးတည်နေ၏။

ဆူဇီမိုက ပြောလိုက်၏။

“တစ်ချက်လောက်သွားကြည့်ရအောင်... ပေမင်ရှေးတော်ဝင်မိသားစု စောင့်ထိန်းလာခဲ့တဲ့ လျှို့ဝှက်ချက်က ဒီအောက်မှာရှိမယ်ထင်တယ်”

“ဟုတ်ကဲ့”

ပေမင်ရွယ်က ခေါင်းညိတ်ပြလိုက်၏။

အန္တရာယ်တစ်ခုခုကျရောက်လာမှာကိုစိုးရိမ်ပူပန်သည့်အတွက် ဆူဇီမိုသည် ပေမင်ရွှယ်ကိုနောက်မှာထားပြီး သူက ရှေ့ကနေလျှောက်လှမ်းသွား၏။

ပေမင်ကလန်သားအချို့သည် ထိတ်ထိတ်ပျာပျာဖြစ်နေပြီး တွင်းပေါက်နားမှာ ရစ်ဝဲကာ နောက်ကနေလိုက်သွားရဲခြင်း မရှိပေ။

နာရီဝက်ခန့်ကြာပြီးနောက် ဆူဇီမိုနှင့်ပေမင်ရွှယ်သည် တွင်း၏အောက်ခြေသို့ ရောက်ရှိလာ၏။

တစ်စုံတစ်ယောက်သည် ဤနေရာကို ဒုက္ခသုက္ခခံ၍ တည်ဆောက်ခဲ့သည်မှာ သိသာလေသည်။

သူတို့၏ခြေထောက်အောက်တွင် လမ်းဖောက်ထားသော ကျောက်လှေခါးထစ်များရှိပြီး ဘေးပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များစွာက အလွန်တရာရှေးကျသော အော်ရာတစ်ခုကို ထုတ်ပေးနေ၏။

အောက်ခြေမှာ ရှည်လျားသော ဥမင်တစ်ခုရှိနေ၏။

သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အမှီပြု၍ ဆူဇီမိုက ပေမင်ရွှယ်ကို ရှေ့သို့ခေါ်ဆောင်သွား၏။

သူတို့ ရှေ့သို့လျှောက်ရင်းလျှောက်ရင်း ရှေ့တွင်ရှိသော လေထုက ပို၍စိုစွတ်လာ၏။

ဒါ့အပြင် သူတို့ရှေ့ရှိလေထုသည် သိပ်သည်းပြင်းထန်သောအသက်ဓာတ်နှင့် ကြွယ်ဝသော စိတ်ဝိညာဥ်ချီတို့ဖြင့် ပြည့်နှက်လာနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာခံစားမိလိုက်၏။ သိပ်မကြာခင် သူ၏နားက လှုပ်ခတ်သွားပြီး ရေစီးသံတချို့ကို ဝိုးတဝါးကြားလိုက်ရ၏။

“ဒီဲမြေအောက်မှာ မြေအောက်မြစ်စီးကြောင်းတစ်ခု ကွယ်လျှိုးနေတာများလား”

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏ခေါင်းကိုခါလိုက်၏။

ရေစီးသံသည် ကျယ်လောင်မှုမရှိဘဲ မြေအောက်မြစ်တချို့နှင့် မတူပေ။

သူသည် ပေမင်ရွယ်ကို ရှေ့သို့ဆက်လက်ခေါ်ဆောင်သွား၏။ အတန်ကြာပြီးနောက် သူတို့၏မြင်ကွင်းက ရှင်းလင်းသွားပြီး သူတို့နှစ်ယောက်သည် အလွန်တရာကျယ်ဝန်းသော ခန်းမတစ်ခုထဲသို့ရောက်ရှိလာ၏။

သူတို့နှစ်ယောက်စလုံးက လှည့်ပတ်ကြည့်ရှုလိုက်၏။

ခန်းမ၏ တစ်ဘက်တစ်ချက်စီတွင် ပေ၃၀မြင့်မားသော ကျောက်သားရုပ်ထု ၉ရုပ်စီက အတန်းလိုက် မတ်တတ်ရပ်နေကြ၏။ ကျောက်သားရုပ်ထုတစ်ရုပ်ချင်းစီသည် သူတို့၏လက်ထဲမှာ မတူညီသောလက်နက်များကို ကိုင်ဆွဲထားပြီး သူတို့၏မျက်လုံးများကိုမှိတ်၍ တည်တံ့သောအမူအရာများရှိကာ ဖုန်းများအလိမ်းလိမ်းတက်နေ၏။

ကျောက်သားရုပ်ထုတန်းနှစ်တန်း၏ အဆုံး၌ ကျောက်စိမ်းရုပ်ထုများဖြင့်ဝန်းရံထားသော ဧရာမရေကန်တစ်ကန်ရှိနေ၏။ အထဲမှာ ရွှေရောင်ဝဲဂယက်များက တလိပ်လိပ်တက်နေပြီး အလွန်တရာကြွယ်ဝသော အသက်ဓာတ်အော်ရာက ဖြာထွက်နေ၏။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

“ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းပဲ”

“အာ...”

ပေမင်ရွယ်ကလည်း အံ့အားသင့်သွား၏။

သူမသည် ဆူဇီမိုထံမှ ထိုစကားကို အရင်ကကြားဖူးခဲ့လေသည်။ သို့သော်လည်း ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုသည် ပေမင်မြို့အော​က်မှာ မြှုပ်နှံထားလိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။

ဆူဇီမိုကလည်း တုန်လှုပ်သွား၏။

ဤကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းသည် ဂူဂိုဏ်း၏အောက်ခြေမှာရှိသောတစ်ခုနှင့် သိသိသာသာကွဲပြားခြားနားလေသည်။

ဂူဂိုဏ်း၏အောက်ခြေတွင် သယံဇာတအရင်းအမြစ်မရှိသောကြောင့် စိမ့်စမ်းရေက ရေသေဖြစ်နေခဲ့၏။

ဤရေကန်၏အလယ်မှာ ရွှေရောင်ပူပေါင်းစီးကြောင်းများက အဆက်မပြတ် လှည့်ပတ်နေ၏။ ရေကန်၏အောက်ခြေတွင် အရင်းအမြစ်တစ်ခုရှိပြီး ဂမ္ဘီရစိမ့်စမ်းရေများက အဆက်မပြတ်တိုးထွက်နေသည်မှာ သိသာလေသည်။

အဲ့ဒါသည် နဂါးအရိုးတောင်ကြားတွင်ရှိသော ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းနှင့် ယှဥ်နိုင်သောအရာဖြစ်လေသည်။

ယခင်က ဆူဇီမိုသည်လည်း ပေမင်ရှေးတော်ဝင်မိသားစုစောင့်ထိန်းလာခဲ့သော လျှို့ဝှက်ချက်နှင့်ပတ်သက်၍ သိချင်ခဲ့၏။

သို့သော်လည်း ထိုလျှို့ဝှက်ချက်ထွက်ပေါ်လာသောအခါ ၎င်းသည် ဤမျှထိ တုန်လှုပ်စရာကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုက ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ လောဘရမ္မက်ကို ဆွဲဆောင်နိုင်ဖို့ လုံလောက်လေသည်။

ဤကမ္ဘာဂမ္ဘီရစိမ့်စမ်းနှင့်ဆိုပါက ပေမင်ရှေးတော်ဝင်မိသားစုသည် မရေမတွက်နိုင်သော ပညာရှင်များကို ဆွဲဆောင်နိုင်ပြီး ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကို ပြုစုပျိုးထောင်ကာ ရှေးဟောင်းခေတ်က သူတို့၏ ဂုဏ်ကျက်သရေကို ပြန်လည်ထိန်းသိမ်းရယူနိုင်ဖို့ပင် အခွင့်အရေးတစ်ခုရှိလေသည်။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုက အရမ်းကိုအဖိုးတန်၏။

ယနေ့အချိန်ထိကို ဆူဇီမိုသိထားသည့် တစ်ခုတည်းသောနေရာမှာ နဂါးအရိုးတောင်ကြားဖြစ်၏။

ဇီ...

ဆူဇီမိုက စဥ်းစားတွေးတေနေစဥ်မှာပင် ခန်းမထဲမှ အလင်းရောင်များက ဆက်တိုက်ထွက်ပေါ်လာ၏။

ကျောက်ရုပ်ထု ၁၈ခုသည် သူတို့၏ မျက်လုံးများကို ဖွင့်ပြီး သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို လှုပ်ခါချလိုက်၏။ ရုတ်တရက် သူတို့သည် အသက်ဝင်လာပြီး သူတို့၏မျက်လုံးများက အေးစက်နေသော သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာကြ၏။

“ပေမင်မိသားစုရဲ့ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်သူမဆို အညှာအတာမရှိ သတ်ဖြတ်ခံရမယ်”

ကျောက်သားရုပ်ထု ၁၈ခုက တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြ၏။

ရွှစ်...

ရှေ့မှာရှိသော ကျောက်သားရုပ်ထုသည် သူ့လက်ထဲရှိ ဧရာမဓားတစ်လက်ကိုကိုင်မြှောက်ပြီး ဆူဇီမိုကို ခုတ်ပိုင်းချလိုက်၏။

ဆူဇီမိုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ရုတ်တရက်တွေ့မြင်လိုက်ရသည့်အတွက် ယာယီအားဖြင့် ကြောင်အ,မှင်တက်နေ၏။ သူက မသိလိုက်ခင်မှာပင် ဧရာမဓားတစ်လက်က ကျဆင်းလာခဲ့လေပြီ။

သူသည် ရှောင်တိမ်းဖို့အချိန်မရဘဲ သူ၏လက်ဖဝါးကို ဆန့်ထုတ်ကာ ဧရာမဓားကို ဖမ်းဆွဲလိုက်ရ၏။

ဘုန်း...

ဧရာမဓားက ဆူဇီမို၏လက်ဖဝါးနှင့် ကျယ်လောင်စွာထိတွေ့ရိုက်ခတ်သွား၏။

ဆူဇီမို၏ ခန္ဓာကိုယ်သည် မိုးကြိုး ပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ခါသွား၏။

သူသည် ဧရာမဓားချက်ကြောင့် လွင့်စင်ထွက်သွားပြီး ပေပေါင်းရာချီအဝေးသို့ လိမ့်ဆင်းသွားကာ သူ၏လက်ဖဝါးပေါ်တွင် သွေးသံရဲရဲဒဏ်ရာတစ်ခုဖြစ်ပေါ်လာ၏။

“အို...”

ဆူဇီမိုက ပင့်သက်ကို ရှိုက်လိုက်၏။

ကျောက်သားရုပ်ထု၏ စွမ်းအားက အရမ်းကိုသန်မာလေသည်။ အဲ့ဒါက သေချာပေါက် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိလေသည်။

ကျောက်သားရုပ်ထု၏လက်ထဲရှိ ဧရာမဓားသည် ဓမ္မလက်နက်တစ်ခုနှင့် မတူပေ။ သို့သော်လည်း ၎င်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုပင် ထိခိုက်စေနိုင်သည်ဆိုပါက ၎င်း၏ စွမ်းအားကို လျှော့တွက်လို့ မရပေ။

“ရှေးဟောင်းခေတ်က ဒီပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တွေက ဒီဘက်ခေတ်ထိ ရှင်သန်နိုင်နေသေးတာလား”

ဆူဇီမိုက တုန်လှုပ်သွား၏။

သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်ပြီးနောက် သူ၏ခေါင်းကိုခါလိုက်၏။

“မဟုတ်သေးဘူး... မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တွေတောင် ဘဝသက်တမ်း နှစ်တစ်သိန်းပဲရှိတယ်... ဒီကျောက်သားရုပ်ထုတွေက လူသားမဖြစ်နိုင်ဘူး”

“ရုပ်သေးရုပ်တွေ”

ဆူဇီမို၏စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာပြီး နားလည်သဘောပေါက်သွား၏။

“သူတို့က ရုပ်သေးရုပ်တွေပဲ ဖြစ်ရမယ်”

ကျောက်သားရုပ်သေးရုပ်များသာလျှင် အချိန်ကာလ၏ တိုက်စားမှုကို လျစ်လျူရှုနိုင်ပြီး ရှေးဟောင်းခေတ်ကနေ ယနေ့အထိ ရှင်သန်နိုင်ပေလိမ့်မည်။

ရွှစ်...

နောက်ထပ်ကျောက်သားရုပ်ထုသည် ခြေလှမ်းကျဲကြီးဖြင့် ဆူဇီမို၏ရှေ့သို့ တစ်ခဏချင်းရောက်ရှိလာ၏။ သူ၏လက်ကို လွှဲယမ်းပြီး သူ့လက်ထဲရှိဆေဘာကိုမြှောက်ကာ ခုတ်ပိုင်းချလိုက်၍ ဆူဇီမိုက သူ၏လက်ကိုသာပင့်မြှောက်ပြီး ခုခံလိုက်ရ၏။

ဘုန်း...

သူ၏လက်က ဆေဘာနှင့် ထိတွေ့သွားပြီးနောက် သူ့လက်တစ်ဖက်လုံးသည် ထုံကျင်သွားကာ မည်သည့်ခံစားမှုကိုမှ မရရှိတော့ပေ။

ဆူဇီမိုသည် တစ်ဖန်လွင့်စင်သွားပြီး ကျောက်သားနံရံနှင့် ပြင်းထန်စွာပစ်တိုက်ကာ အောက်သို့လျှောကျလာ၏။

“ဒီကျောက်သားရုပ်ထုတွေက တော်တော်ရက်စက်ကြမ်းတမ်းတာပဲ”

ဆူဇီမိုက တိတ်တဆိတ်ပြောစရာစကားမဲ့သွားရ၏။

ဤကျောက်သားရုပ်ထုများသည် အသက်မရှိသော်လည်း သူတို့ထုတ်ဖော်လိုက်သောစွမ်းအားသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ယှဥ်နိုင်လေသည်။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ကျန်းမာနေပြီး သူ၏ဓမ္မစွမ်းအားများကို အသုံးပြုနိုင်မည်ဆိုလျှင် သူက ဤကျောက်သားရုပ်သေးရုပ်များကို အပိုင်းပိုင်းချေမွဖျက်ဆီးဖို့ နည်းလမ်းများစွာ သူ့မှာရှိလေသည်။

သို့သော် ယခုအခါ သူ၏အမြုတေစိတ်ဝိညာဥ်က ထိခိုက်ထားပြီး သူ၏တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျနေ၏။

သူသည် ကျောက်သားရုပ်သေးရုပ်များနှင့် ရင်ဆိုင်ရာမှာ ကူကယ်ရာမဲ့နေ၏။

ပေမင်ရှေးတော်ဝင်မိသားစုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို စောင့်ရှောက်ဖို့နှင့် အပြင်လူများ ဝင်ရောက်ကျူးကျော်လာခြင်းကိုတားဆီးရန် စွမ်းအားကြီးမားသော ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်ကို စီစဥ်ထားခဲ့သည်မှာ အမြော်အမြင်ကြီးမားလေသည်။

သို့သော်လည်း ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်ရ၏။

ကျောက်သားရုပ်သေးရုပ်နှစ်ရုပ်ကတောင် သူ့ကိုထုရိုက်ဖို့ လုံလောက်နေပြီဆိုလျှင် သူသည် ကျောက်သားရုပ်ထု ၁၈ရုပ်၏ တစ်ပြိုင်နက်တည်း ဝန်းရံတိုက်ခိုက်ခြင်းခံရပါက ဘယ်လိုလုပ်ရှင်သန်နိုင်ပါတော့မလဲ။

သူသည် လောကတစ်ခွင် လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကို သတ်ဖြတ်ခဲ့ဖူးလေသည်။ သူသည် အဆင့်တူများကြားမှာ ရှုံးနိမ့်မှုကို တစ်ခါမှမတွေ့ကြုံခဲ့ဖူးပဲ ကမ္ဘာဦးမျိုးနွယ် ၉စုကိုပင် သူကမကြောက်ရွံ့ပေ။

သူက ဤနေရာမှာ အသက်မဲ့ကျောက်သားရုပ်ထုများ၏ သတ်ဖြတ်ခြင်းကို ခံရတော့မှာပါလား။ ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူက ကျင့်ကြံရေးလောကမှာ ဟာသတစ်ခုဖြစ်လာပေလိမ့်မည်။

ခံ့ညားထည်ဝါသော တာအိုအရှင် အထီးကျန်သိုင်းသခင် ၊ သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားသည် ရှေးဟောင်းခေတ်မှဆင်းသက်လာသော ကျောက်သားရုပ်ထုများ၏ ရိုက်သတ်ခြင်းကို ခံလိုက်ရသည်ဆိုပါက...။

“ဆရာ... သတိထား”

ပေမင်ရွှယ်သည် ထိတ်လန့်တကြား အော်ဟစ်၍ ဆူဇီမိုကို သူမ၏အစွမ်းကုန်ရှိသမျှနှင့်ကာကွယ်ပေးရန် ရှေ့သို့ပြေးဝင်လိုက်၏။

“မလာနဲ့”

ဆူဇီမိုက အလောတကြီး လှမ်းပြောလိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ဤအခြေအနေထိ ရောက်ရှိနေသည်ဆိုပါက ပေမင်ရွှယ်သည် ကျောက်သားရုပ်သေးရုပ်တစ်ရုပ်၏ တိက်ခိုက်ခြင်းခံရပါက သူမမှာ အသက်ဆယ်သက်ရှိလျှင်တောင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ပေမင်ရွှယ်သည် သူမ၏မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူမ၏လက်နှစ်ဖက်ကို ဖြန့်ကာ ဆူဇီမို၏ရှေ့ကနေ ကာပေးလိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဧရာမပုဆိန်တစ်လက်က ခုတ်ပိုင်းကျဆင်းလာ၏။ ၎င်းက ပေမင်ရွှယ်၏ဦးခေါင်းပေါ်သို့ ကျဆင်းတော့မည့်ဆဲဆဲမှာပင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး သူမ၏ခန္ဓာကိုယ်ကိုရှောင်ကွင်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွား၏။

အခြားသော ကျောက်သားရုပ်သေးရုပ်များသည့ ပေမင်ရွယ်ကို ကွေ့ရှောင်ကာ ဆူဇီမိုထံသို့ တစ်ဖန်ပြေးဝင်လာကြ၏။

“ဒီကျောက်သားရုပ်သေးရုပ်တွေက ပေမင်ကလန်ကလူတွေကို ရန်မရှာဘူးပဲ”

သူတို့သည် အဲ့ဒါကိုတွေ့မြင်သောအခါ ဆူဇီမိုနှင့်ပေမင်ရွှယ်သည် ဖြစ်နိုင်ချေတစ်ခုကို ချက်ချင်းတွေးမိလိုက်ကြ၏။

ပေမင်ရွှယ်သည် ဆူဇီမိုကိုကာပေးပြီး အဆက်မပြတ်နောက်ဆုတ်လိုက်၏။ သို့သော်လည်း သူမတစ်ယောက်တည်းက ဆူဇီမိုကိုအပြည့်အဝ ဘယ်လိုလုပ်ကာကွယ်ပေးနိုင်ပါ့မလဲ။

ကြံရာမရသောအခြေအနေတွင် သူမက အော်ဟစ်လိုက်လေသည်။

“အဲ့ဒီနေရာမှာ ရပ်နေကြစမ်း”

အံ့အားသင့်ဖို့ကောင်းစွာပင် ကျောက်သားရုပ်ထုများသည် ထိုအသံကို ကြားသောအခါ နေရာမှာပင် ရပ်တန့်သွားပြီး ဆက်လက်၍တိုက်ခိုက်မလာကြတော့ပေ။

All Chapters