ဆုံးဖြတ်ချက်
Vol. 92 Ch. 1374
ဘာပဲပြောပြော အကြီးအကဲချိုးသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်းသောင်းကျော်ကြာအောင် ရှင်သန်နေထိုင်လာခဲ့၏။ ယခု သူ၏စိတ်က တည်ငြိမ်လာသောအခါ သူသည် အဖြစ်အပျက်များကို ရှင်းလင်းစွာ တဖြည်းဖြည်း ပြန်လည်မြင်ယောင်လာ၏။
အကြီးအကဲ ကျင့်ယွဲ့က ပြောလေသည်။
“ငါထင်တာတော့ အထီးကျန်သိုင်းသခင်ရဲ့ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာ ရရှိထားပြီးတော့ သူက ကောင်းကင်နဲ့မြေကြီးကို မချိတ်ဆက်နိုင်တော့ဘူး.. အဲဒါကြောင့် သူက အခြေခံအကျဆုံး ဓမ္မပညာရပ်တွေကိုတောင်မှ ထုတ်ဖော်နိုင်မှာ မဟုတ်တော့ဘူး”
“အဲ့လောက်တောင်ပဲလား”
“အထီးကျန်သိုင်းသခင်က သူ့ရဲ့ ပညာတွေကို လျှိုထားတာများလား”
အခြားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း ဆွေးနွေးလိုက်ကြ၏။
အကြီးအကဲချိုးက ပျက်ယွင်းနေသော အမူအရာဖြင့် တိတ်ဆိတ်ငြိမ်သက်နေ၏။
တကယ်ဆို အကြီးအကဲ ကျင့်ယွဲ့၏ ခန့်မှန်းချက်သည် အမှန်တရားနှင့် အရမ်းကို နီးစပ်မှုရှိကြောင်း သူ သိလိုက်လေပြီ။
ဆိုလိုသည်မှာ.. သူသည် အထီးကျန်သိုင်းသခင်ကို အကြောက်လွန်သွားခဲ့ခြင်း ဖြစ်၏။
အဲဒါကို ပြန်တွေးကြည့်ရင်း.. သူသည် စိတ်ထဲမှာ မကျေမနပ်ဖြစ်လာပြီး မုန်းတီးသော အမူအရာတစ်ခု ထွက်ပေါ်လာ၏။
ရှီမန်မိသားစုသခင်သည် တစ်ချိန်လုံး မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့ပေ။ ယခုအခါမှသာ သူသည် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“အကြီးအကဲ ကျင့်ယွဲ့ရဲ့ ထင်မြင်ယူဆချက်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိလောက်ဘူး”
“ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက စုန်းမျိုးနွယ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို သူကိုယ်တိုင် ဖောက်ခွဲဖျက်ဆီးပြီး ဆူဇီမိုအပေါ် အသက်ဖြတ်ကျိန်စာ ထုတ်ဖော်ခဲ့တယ်”
“သူက လုံးလုံးမအောင်မြင်ခဲ့ပေမဲ့.. ဆူဇီမိုရဲ့ ကျင့်ကြံမှုအဆင့်အရဆို သူက အသက်ဖြတ်ကျိန်စာရဲ့ စွမ်းအားကနေ မထိမခိုက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်”
ထိုနေရာအရောက်တွင် လက်ရှိလူတိုင်းက ဆက်လက်၍ သံသယမရှိကြတော့ပေ။
သတင်းအချက်အလက်များနှင့် များစွာသော အရိပ်လက္ခဏာများကို ပေါင်းစပ်ပြီးနောက်.. တာအိုအရှင် အထီးကျန်သိုင်းသခင်၏ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာ ရရှိထားသည်မှာ သေချာသလောက်နီးပါး ဖြစ်လာခဲ့၏။
ဒါ့အပြင်.. ထိုဒဏ်ရာများက ပေါ့ပေါ့လျော့လျော့ မဟုတ်ပေ။
“ညီအစ်ကို ရှီမန်.. ခင်ဗျားက ဉာဏ်ကောင်းတာပဲ”
ထိုစဉ်မှာပင် အပြင်ဘက်ကနေ ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။
ကျင့်ကြံသူတစ်ယောက်သည် ဝတ်ရုံစ တဖျပ်ဖျပ်လှုပ်ခါ၍ လျှောက်လှမ်းဝင်ရောက်လာ၏။ ယခင်က သူ တည်ရှိခဲ့သည်ကို လက်ရှိ မည်သူကမှ သတိမထားမိခဲ့ကြပေ။
“ဒေါင်ဖန်မိသားစုသခင်ကို နှုတ်ဆက်ပါတယ်”
ခန်းမထဲရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး ဝင်ရောက်လာသူကို ဦးညွှတ်လိုက်ကြ၏။
ထိုကျင့်ကြံသူသည် ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ မိသားစုသခင် ဖြစ်လေသည်။
“ညီအစ်ကိုဒေါင်ဖန်.. ခင်ဗျားလည်း ရောက်လာတာကိုး”
ရှီမန်မိသားစုသခင်က မတ်တတ်ထရပ်ပြီး အပြုံးနှင့် ခေါင်းညိတ်ပြကာ ဖိတ်ခေါ်လိုက်၏။
“ကျေးဇူးပြုပြီး ထိုင်ပါဦး”
ဒေါင်ဖန်မိသားစုသခင်သည် ရှီမန်မိသားစုသခင်၏ ဘေးမှာထိုင်ပြီး လိုရင်းကို တန်းပြောလိုက်၏။
“ကျုပ်က အပိုတွေ လျှောက်ပြောမနေတော့ဘူး.. ကျုပ် ဒီကိုရောက်လာတာ အထီးကျန်သိုင်းသခင်ကြောင့်ပဲ”
“ညီအစ်ကိုဒေါင်ဖန်.. ခင်ဗျား ဘယ်လိုစဉ်းစားထားလဲ”
ရှီမန်မိသားစုသခင်က မေးလိုက်၏။
ဒေါင်ဖန်မိသားစုသခင်က အေးစက်စွာ သရော်ပြုံး၍ စကားတစ်ခွန်းတည်းသာ ပြောလိုက်၏။
“သတ်ရမှာပေါ့”
ထိုစကားကို သူပြောလိုက်သည့် အချိန်မှာပင် ခန်းမထဲရှိ အပူချိန်က သိသိသာသာ ကျဆင်းသွားပြီး သတ်လိုဖြတ်လိုသော အော်ရာက အေးစက်ခက်ထန်သော စိတ်ဆန္ဒနှင့်အတူ ဖြန့်ကြက်သွား၏။
ရှီမန်မိသားစုသခင်က ပြုံးလိုက်လေသည်။
“အထီးကျန်သိုင်းသခင်က နာမည်ကြီးကျော်ကြားလာတာ ကြာခဲ့ပြီဆိုတော့ ကိုင်တွယ်ရ ခက်ခဲမှာပဲ.. ဒီကိစ္စက…”
“ညီအစ်ကိုရှီမန်.. “
ဒေါင်ဖန်မိသားစုသခင်က ဟန့်တားပြောဆိုလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ထားတယ်ဆိုမှတော့.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကြီးကြီးမားမား လျော့ကျနေမယ်ဆိုတာ ခင်ဗျားလည်း ကောက်ချက်ချနိုင်မှာပဲ.. ဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုပဲ.. ဘယ်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်မဆို သူ့ကို ဖိနှိမ်နိုင်တယ်”
“ခင်ဗျားက မတော်တဆ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတယ်ဆိုရင်.. ဒီခန်းမထဲမှာ ရှိတဲ့ ပညာရှင်တွေ အကုန်လုံးကို ကျုပ်တို့က ခေါ်သွားကြတာပေါ့.. ကျုပ်တို့ ဒေါင်ဖန်မိသားစုကလည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀ယောက်ကျော်နဲ့အတူ အပြင်ဘက်မှာ စောင့်ဆိုင်းနေကြတယ်”
ရှီမန်မိသားစုသခင်က သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။
“ဒီတာအိုအရှင် အထီးကျန်သိုင်းသခင်က သူ့ရဲ့ အမြုတေစိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာရရှိထားမှတော့ ကိုင်တွယ်ရ လွယ်ကူတာပေါ့… ကျုပ် စိုးရိမ်နေတာက တခြား အထီးကျန်သိုင်းသခင်ကိုပဲ”
“ဘယ်တစ်ယောက်လဲ”
ဒေါင်ဖန်မိသားစုသခင်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ရှီမန်မိသားစုသခင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်သွားစေခဲ့တယ်.. အထီးကျန်သိုင်းသခင်မှာ အစစ်အမှန်ခန္ဓာနှစ်ခု ရှိနေလို့ပဲ.. အခုလက်ရှိ တောင်ပိုင်းဒေသမှာ ရောက်နေတာက သူတို့ထဲက တစ်ယောက်ပဲ.. ဒါပေမဲ့ သူ့မှာ နောက်ထပ် အစစ်အမှန် နဂါးခန္ဓာတစ်ခု ရှိသေးတာကို မမေ့လိုက်နဲ့”
အစစ်အမှန် နဂါးခန္ဓာအကြောင်း ပြောဆိုချိန်တွင် ခန်းမထဲရှိ ပေါင်းစည်းခန္ဓာများ၏ မျက်လုံးထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များက ပေါ်ထွက်လာကြ၏။
ရှေးတော်ဝင်မိသားစုသုံးစုမှ ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးတောင်ကြားသို့ မသွားရောက်ခဲ့ကြသော်လည်း တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို ပြန်လည်ကြားသိရသောအခါ လူတိုင်းသည် အလွန်တရာ တုန်လှုပ်သွားရဆဲဖြစ်၏။
ဒဏ္ဍာရီအရဆို.. အထီးကျန်သိုင်းသခင်၏ နဂါးကိုယ်ပွားက ပို၍ပင် ကြောက်စရာကောင်းလေသည်။
ကမ္ဘာဦးမျိုးနွယ်များကြားမှာတောင် အစစ်အမှန် နဂါးခန္ဓာကြောင့် အသတ်ခံခဲ့ရသော ပေါင်းစည်းခန္ဓာ ပညာရှင်များစွာ ရှိခဲ့လေသည်။
ဒေါင်ဖန်မိသားစုသခင်က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီ အစစ်အမှန် နဂါးခန္ဓာက လေဟာနယ်စီးကြောင်းထဲကို တွန်းပို့ခံလိုက်ရပြီလေ… သူဟာ ဘယ်လိုလုပ် ရှင်သန်နိုင်ပါဦးမလဲ”
“အဲဒါ ပြောဖို့ခက်တယ်”
ရှီမန်မိသားစုသခင်က ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ ဒီ အစစ်အမှန်ခန္ဓာကတောင် ရှင်သန်နိုင်ခဲ့တယ်ဆိုမှတော့… သူ့ရဲ့ အစစ်အမှန် နဂါးခန္ဓာကလည်း ရှင်သန်နေမှာ မဟုတ်ဘူးလို့ အာမ,မခံနိုင်ဘူး.. ကျုပ်တိုက အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုလုံးကို မသတ်ဖြတ်နိုင်ခဲ့ဘူးဆိုရင် အဲဒါက ကျုပ်တို့ မိသားစုကလန်တွေအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်လာနိုင်တယ်”
အဲဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတစ်ခုတည်းသာဆိုလျှင် ရှီမန်မိသားစုသခင်သည် သေချာပေါက် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။ သူက သတ်ရမည်ဆိုလျှင် သတ်လိုက်မည်သာ ဖြစ်၏။ သို့သော်လည်း တကယ်တမ်း သူ စိုးရိမ်ပူပန်နေသည်မှာ အထီးကျန်သိုင်းသခင်၏ အစစ်အမှန် နဂါးခန္ဓာ ဖြစ်၏။
“ဒါဆို ခင်ဗျားက တိုက်ခိုက်ဖို့ စိတ်ကူးမရှိတော့ဘူးလို့ ပြောချင်တာလား ညီအစ်ကိုရှီမန်”
ဒေါင်ဖန်မိသားစုသခင်က မေးလိုက်၏။
ရှီမန်မိသားစုသခင်က ခေါင်းခါပြလိုက်၏။
“ကျုပ်တို့က ဒီကိစ္စရဲ့ အတိုင်းအရှည်ကို သေချာပြန်စဉ်းစားပြီး အရင်ဆုံး စောင့်ကြည့်ရမယ်”
တကယ်တော့ ရှီမန်မိသားစုသခင်မှာ အခြားသော အစီအစဉ်များ ရှိနေ၏။
သူ၏ ထင်မြင်ချက်အရ အထီးကျန်သိုင်းသခင်သည် ဂိုဏ်းနှင့် အဖွဲ့အစည်းများစွာကို ဆန့်ကျင်ခဲ့၏။ အထီးကျန်သိုင်းသခင်၏ တည်နေရာ ပေါက်ကြားသွားသည်နှင့်အမျှ ထိပ်သီးဂိုဏ်းကြီးများမှ ပညာရှင်များက သူ့ကို သေချာပေါက် အမဲလိုက်လာပေလိမ့်မည်။
တကယ်ဆို ကမ္ဘာဦးမျိုးနွယ်များပင်လျှင် ပေါ်ထွက်လာနိုင်၏။
သူတို့သည် အခြားသူများ၏ လက်ကို ငှားရမ်း၍ သူ့ကို သတ်ဖြတ်နိုင်လေသည်။
ရှီမန်မိသားစုသည် အထီးကျန်သိုင်းသခင်ကဲ့သို့ ကြီးမားသည့် ပြဿနာအိုးကို ရန်စလိုခြင်း မရှိပေ။
ထိုစဉ်မှာပင်.. အပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။
ကျင့်ကြံသူအချို့သည် ဝတ်ရုံစ တဖျပ်ဖျပ်ဖြင့် ပြေးလွှားလာပြီး အရမ်းကို သုတ်တီးသုတ်ပျာနိုင်နေကြ၏။
“အစီရင်ခံပါတယ်…”
ကျင့်ကြံသူတစ်ယောက်သည် ရောက်မလာနိုင်ခင်မှာပင် အဝေးကနေ လှမ်းအော်ပြောလိုက်၏။
သိပ်မကြာခင် ထိုကျင့်ကြံသူက ခန်းမထဲသို့ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ရောက်ရှိလာပြီး အော်ပြောလိုက်၏။
“မိသားစုသခင်.. ပေမင်မြို့ကနေ သတင်းရောက်လာပါတယ်”
“ပေမင်မြို့မှာ ဖုံးကွယ်ထားတဲ့ ရှေးဟောင်းချိပ်စည်းတစ်ခုကို ပေမင်ရွှယ်က အသက်သွင်းလိုက်တယ်.. အခု ပေမင်မြို့မှာ မြေအောက်ကို ဆက်သွယ်ထားတဲ့ စင်္ကြန်လမ်းတစ်ခု ပေါ်ထွက်လာခဲ့တယ်… အဲဒီထဲမှာ ရှိနေတာက ဟိုဟာ.. ဖြစ်ဖို့များတယ်”
ထိုနေရာအရောက်တွင် ကျင့်ကြံသူက အဲဒါကို မယုံကြည်နိုင်သည့်အလား ရုတ်တရက် ရပ်တန့်သွား၏။
“အဲဒါ ဘာလဲ”
ရှီမန်နှင့် ဒေါင်ဖန်မိသားစုသခင်နှစ်ယောက်က တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိနေကြပြီဖြစ်၏။ ပေမင်ရှေးတော်ဝင်မိသားစု စောင့်ထိန်းလာသော လျှို့ဝှက်ချက်က ထွက်ပေါ်လာခဲ့ပြီများလား။
“အဲဒါက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း ဖြစ်ဖို့များတယ်”
ကျင့်ကြံသူက ပြောလိုက်၏။
“အို..”
ခန်းမထဲမှာ ပင့်သက်ရှိုက်သံများက ထွက်ပေါ်လာ၏။
ရှီမန်နှင့် ဒေါင်ဖန်မိသားစုသခင်နှစ်ယောက်သည် တုန်လှုပ်သွားသော အမူအရာများနှင့်အတူ မတ်တတ်ထရပ်လိုက်ကြ၏။
ရှီမန်မိသားစုသခင်က အလောတကြီး ပြောလိုက်၏။
“အဲဒါ အမှန်ပဲလား”
ထိုကျင့်ကြံသူက ပြန်ဖြေလေသည်။
“ပေမင်ကလန်သား အချို့က အရဲစွန့်ပြီး အထဲကို ဝင်ရောက်ကြည့်ရှုခဲ့ကြတယ်… အဲဒီမှာ ရွှေရောင်ရေကန်တစ်ကန် ရှိနေတယ်လို့ ပြောကြတယ်”
“တကယ်ပဲကိုး”
မိသားစုသခင်နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် စိတ်လှုပ်ရှားမှုနှင့် လောဘရမ္မက်ကို တွေ့မြင်လိုက်ကြ၏။
“ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ”
ရှီမန်မိသားစုသခင်က သက်ပြင်းချလိုက်၏။
“ဒဏ္ဍာရီအရဆို… ပေမင်ရှေးတော်ဝင်မိသားစုက ရှေးဟောင်းခေတ်က ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို အမြဲတမ်း စောင့်ထိန်းလာခဲ့တာပဲ.. အဲဒါက အခုလို ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းတစ်ခု ဖြစ်နေမယ်ဆိုတော့…”
“ဒီဘက်မျိုးဆက်မှာ အဲဒီ ဂမ္ဘီရစိမ့်စမ်းက ပေါ်ထွက်လာခဲ့ပြီ… ကံဆိုးစွာနဲ့ပဲ ပေမင်ကလန်ကတော့ ကျဆင်းနေခဲ့ပြီ”
ဒေါင်ဖန်မိသားစုသခင်က အေးစက်စက်အမူအရာနှင့်အတူ လှောင်ရယ်လိုက်၏။
ရှီမန်မိသားစုသခင်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။
“ခန်းမထဲကလူ အားလုံးပဲ ကျုပ်နဲ့အတူ ပေမင်မြို့ကို လိုက်ခဲ့ကြ.. အဲဒီ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို သွားပြီး သိမ်းပိုက်ရမယ်… ကျုပ်တို့လမ်းမှာ ဟန့်တားနှောင့်ယှက်လာတဲ့ ဘယ်သူမဆို သနားညှာတာမှု မရှိ သတ်ဖြတ်ခံရမယ်”
အစကတော့ သူသည် အထီးကျန်သိုင်းသခင်၏ အစစ်အမှန် နဂါးခန္ဓာကို စိုးရိမ်နေခဲ့၏။
သို့သော် သူသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ သတင်းကို ကြားသိရသောအခါ အစစ်အမှန် နဂါးခန္ဓာက အသက်ရှင်နေသေးသည်ဟု သူသိထားလျှင်တောင် သူက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို လုယူရပေမည်။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းသည် ရှီမန်ရှေးတော်ဝင်မိသားစုအတွက် စွန့်စားဖို့အတွက် ထိုက်တန်လေသည်။
ဒါ့အပြင်.. အထီးကျန်သိုင်းသခင်၏ အစစ်အမှန် နဂါးခန္ဓာက သေဆုံးသွားဖို့ ဖြစ်နိုင်ချေများလေသည်။
တစ်ချိန်တည်းမှာပင်.. ရှီမန်မိသားစုသခင်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ထံသို့ သူ၏ အသိစိတ်နှင့်အတူ အသံတစ်ခု ပို့လွှတ်ကာ တစ်စုံတစ်ရာကို တိတ်တဆိတ်ညွှန်ကြားလိုက်၏။
ထိုပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က တိတ်တဆိတ်ပင် နောက်သို့ ဆုတ်ခွာသွား၏။
“ညီအစ်ကိုရှီမန်… ခင်ဗျားရဲ့ ရှီမန်မိသားစုက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို တစ်ယောက်တည်း မထိန်းသိမ်းနိုင်မှာ ကျုပ်စိုးရိမ်မိတယ်”
ဒေါင်ဖန်မိသားစုသခင်က ညင်သာစွာ ပြုံးလိုက်၏။
“ဒါပေါ့.. အဲဒီအချိန်ကျရင် ကျုပ်တို့ ရှေးတော်ဝင်မိသားစုနှစ်စုက အဲဒါကို ဘယ်လိုခွဲဝေယူကြမလဲ ဆွေးနွေးကြတာပေါ့.. နန်းကုန်မိသားစုကတော့…”
ရှီမန်မိသားစုသခင်က ခဏမျှ ရပ်တန့်လိုက်၏။
“အဲဒါကတော့ နန်းကုန်မိသားစုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်လိမ့်မယ်.. သူက ကျုပ်တို့ဘက်မှာ ရပ်တည်မယ်ဆိုရင် သူတို့အတွက် ဝေစုတစ်ခု ရချင်ရလိမ့်မယ်… မဟုတ်ရင်တော့… “
ဒေါင်ဖန်မိသားစုသခင်သည် ဆက်လက်၍ မပြောဆိုသော်လည်း သူ၏ အဓိပ္ပာယ်က ရှင်းလင်းလေသည်။