အကြီးအကဲ လန်ထျန်
Vol. 92 Ch. 1375
နန်းကုန်ရှေးတော်ဝင်မိသားစုတွင်…
အစည်းအဝေးခန်းမထဲမှာ နန်းကုန်မိသားစုသခင်သည် အလယ်မှာ ထိုင်နေ၏။ များစွာသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအပြင် အဲဒီမှာ မူလနတ္ထိတစ်ယောက်လည်း ရှိနေပြီး သူက နန်းကုန်လင်း ဖြစ်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် နန်းကုန်လင်းသည် သူ၏ ကျင့်ကြံမှုအဆင့်အရ ဤကဲ့သို့သော အစည်းအဝေးတစ်ခုမှာ ပါဝင်တက်ရောက်ဖို့ အဆင့်မမီပေ။
သို့သော်လည်း ဤအခိုက်အတန့်တွင် ဆွေးနွေးပြောဆိုနေသော အကြောင်းအရာက တစ်မူထူးခြားပြီး တာအိုအရှင် အထီးကျန်သိုင်းသခင်နှင့် ပတ်သက်နေ၏။
နန်းကုန်ရှေးတော်ဝင်မိသားစုတစ်ခုလုံးတွင် နန်းကုန်လင်းတစ်ယောက်သာလျှင် တာအိုအရှင် အထီးကျန်သိုင်းသခင်နှင့် ကောင်းကောင်းသိကျွမ်းလေသည်။
“အားလုံးပဲ.. ကျေးဇူးပြုပြီး ပြောကြပါဦး”
နန်းကုန်မိသားစုသခင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အထီးကျန်သိုင်းသခင် မသေသေးဘဲ.. နောက်ပြီး သူက လင်းအာရဲ့ ဆရာဘိုးလေးလည်း ဖြစ်နေတော့ နန်းကုန်မိသားစုက ဒီကိစ္စမှာ ဘယ်ဘက်ကနေ ရပ်တည်သင့်လဲ”
“ဒါပေမဲ့.. ပေမင်မြို့မှာ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အခုလေးတင် ကျုပ်တို့ သတင်းရထားတယ်.. ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုက အဲဒီကို သွားနေကြလောက်ပြီ.. ဒီကိစ္စကို ဆွေးနွေးသင့်တယ်လို့ ထင်တယ်”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားတစ်ယောက်က တင်းမာသော အမူအရာနှင့်အတူ မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
“မိသားစုသခင်.. ခင်ဗျားက ဘာကိုစောင့်နေတာလဲ.. ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းအတွက် ကျုပ်တို့က သေချာပေါက် တိုက်ခိုက်ရမယ်”
“အဲဒါ အမှန်ပဲ”
နောက်ထပ် လူတစ်ယောက်က ပြောလိုက်၏။
“ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက အရမ်းကို အဖိုးတန်တယ်.. အဲဒါက ရှားပါးရတနာပဲ.. ကျုပ်တို့ မိသားစုက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းရဲ့ အကူအညီကို ရရှိမယ်ဆိုရင် ကျုပ်တို့ရဲ့ ပျှမ်းမျှခွန်အားက အနည်းဆုံး နှစ်ဆတက်သွားလိမ့်မယ်”
“ဒါပေမဲ့လို့.. ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက ပေမင်ရှေးတော်ဝင်မိသားစုက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရတနာတစ်ခုပဲ.. ကျုပ်တို့က သူတို့ဆီကနေ လုယူမယ်ဆိုရင်…”
နောက်ထပ်လူတစ်ယောက်က တွေဝေတုံ့ဆိုင်းစွာ ပြောလိုက်၏။
“မင်းက ဘာကို စိုးရိမ်နေတာလဲ”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက အရင်ဆုံးစ၍ ခွန်းတုံ့ပြန်လိုက်၏။
“ပေမင်ကလန်က ကျဆင်းသွားတာ ကြာခဲ့ပြီ… ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက ပိုင်ရှင်မရှိတော့ဘူး ပြောရင် ပိုမှန်လိမ့်မယ်”
“အထီးကျန်သိုင်းသခင် ရှိနေသေးတာကို မမေ့လိုက်နဲ့”
ထိုလူက သတိပေး ပြောဆိုလိုက်၏။
“သူက ပေမင်ရွှယ်ရဲ့ ဆရာပဲ.. ကျုပ်တို့က ဂမ္ဘီရစိမ့်စမ်းအတွက် တိုက်ခိုက်ချင်တယ်ဆိုရင် အထီးကျန်သိုင်းသခင်နဲ့ သေချာပေါက် အတိုက်အခံဖြစ်ရလိမ့်မယ်”
“သူက တာအိုအရှင် အထီးကျန်သိုင်းသခင် ဆိုတော့ရော ဘာဖြစ်လဲ.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ပျက်စီးထိခိုက်ထားပြီး သူက ဒဏ်ရာရရှိနေပြီပဲ… သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကြီးကြီးမားမား လျော့ကျနေပြီ… ဘာများ ကြောက်နေရဦးမှာလဲ”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက လှောင်ရယ်လိုက်၏။
“ဒါပေမဲ့လို့.. တာအိုအရှင် အထီးကျန်သိုင်းသခင်မှာ နောက်ထပ် ပျောက်ဆုံးနေတဲ့ အစစ်အမှန် နဂါးခန္ဓာတစ်ခု ရှိသေးတယ်.. သူ့ရဲ့ အစစ်အမှန် နဂါးခန္ဓာက တိုက်ခိုက်ရည်ခွန်အားမှာ ပိုပြီးသန်မာတယ်လို့ ပြောကြတယ်… ကျုပ်တို့က ဒီကိစ္စကြောင့် သူ့ကို ဆန့်ကျင်မိပြီး အစစ်အမှန် နဂါးခန္ဓာရဲ့ အမျက်ဒေါသကို ဆွမိသွားမယ်ဆိုရင် ကျုပ်တို့ရမယ့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားနိုင်တယ်”
“ဒီလောက်နှစ်တွေ ကြာပြီးတာတောင် အစစ်အမှန် နဂါးခန္ဓာရဲ့ ဘာသတင်းမှ ထွက်မလာခဲ့ဘူး… သူက လေဟာနယ်စီးကြောင်းထဲမှာ လွင့်မျောပြီးတော့ ဘာမှမကျန်အောင် တိုက်စားခံလိုက်ရလောက်ပြီ”
“အစစ်အမှန် နဂါးခန္ဓာက အသက်ရှင်နေသေးတယ်ဆိုရင်တောင်.. ကျုပ်တို့ရှေ့မှာ သူ့ကို ရန်ရှာမယ့် ထိပ်သီးဂိုဏ်းကြီးတွေနဲ့ ကမ္ဘာဦးမျိုးနွယ်တွေ ရှိနေသေးတယ်.. သူက ကျုပ်တို့ဘက်ကိုတောင် လှည့်အားမှာ မဟုတ်ဘူး”
ခန်းမထဲတွင် လူတိုင်းက အသည်းအသန် ဆွေးနွေးငြင်းခုံလိုက်ကြ၏။
အတန်ကြာပြီးနောက်.. နန်းကုန်မိသားစုသခင်သည် သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်ပြီး တိတ်တိတ်နေဖို့ အချက်ပြလိုက်၏။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။
“နန်းကုန်လင်း.. မင်းရော ဘယ်လိုထင်လဲ”
နန်းကုန်မိသားစုသခင်က မေးလိုက်၏။
နန်းကုန်လင်းသည် ခန်းမ၏အစပ်မှာ မတ်တတ်ရပ်နေပြီး တစ်ချိန်လုံး စကားမပြောဆိုနိုင်ခဲ့ပေ။ ဘာပဲပြောပြော.. ခန်းမထဲရှိ ပညာရှင်များသည် သူ၏ စီနီယာများနှင့် သူ၏ ဘိုးဘေးများပင်လျှင် ပါဝင်လေသည်။
မိသားစုသခင်၏ မေးမြန်းမှုမရှိဘဲ သူ့အနေဖြင့် အရင်စပြီး ကြားဖြတ်ဝင်ရောက်ပြောဆိုဖို့က မသင့်လျော်ပေ။
ထိုအခါမှသာလျှင် နန်းကုန်လင်းသည် မတ်တတ်ထရပ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မိသားစုသခင်… ကျုပ်ကတော့ တာအိုအရှင် အထီးကျန်သိုင်းသခင်နဲ့ ရန်ဘက်ဖြစ်လာဖို့ မထောက်ခံဘူး”
“ဘာလို့လဲ.. ငါတို့ ရှေးတော်ဝင်မိသားစုသုံးစု ပူးပေါင်းလိုက်မယ်ဆိုရင်တောင် ငါတို့က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို ကြောက်နေရဦးမှာလား”
သတ်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက လှောင်ရယ်လိုက်၏။
“နန်းကုန်လင်း.. သူက မင်းရဲ့ ဆရာဘိုးလေး ဆိုတာနဲ့ပဲ သူ့ဘက်ကနေ ရပ်တည်ဖို့ မစဉ်းစားနဲ့.. မင်းရဲ့ မျိုးရိုးနာမည်နဲ့ မျိုးဆက်သွေးက ဘာလဲဆိုတာလည်း မမေ့လိုက်နဲ့”
နန်းကုန်လင်းက သတ်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသား၏ အပြစ်တင်ပြောဆိုမှုတွင် စိတ်ညစ်ညူးမသွားဘဲ သူ၏ခေါင်းကို ခါပြလိုက်၏။
“တာအိုအရှင် အထီးကျန်သိုင်းသခင်က အခြား ဓမ္မဝိသေသ တာအိုအရှင်တွေနဲ့ မတူဘူး”
“ဘာမတူတာ ရှိရဦးမှာလဲ.. သူက အန္တိမ ဓမ္မဝိသေသ သုံးခုကို ပိုင်ဆိုင်ထားရုံပဲမလား”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက တစ်နည်းတစ်ဖုံ အထင်အမြင်သေးနေဆဲ ဖြစ်၏။
“နောက်ပြီး သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ပျက်စီးထိခိုက်ထားတယ်… သူက သူ့ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတွေကို မပြောနဲ့… အခြေခံအကျဆုံး ဓမ္မပညာရပ်တွေကိုတောင် မထုတ်ဖော်နိုင်တော့ဘူး”
“အဲဒါကို ကိုယ်တိုင်မတွေ့မြင်ဖူးထားရင်.. တာအိုအရှင် အထီးကျန်သိုင်းသခင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ စဉ်းစားကြည့်ဖို့ မဖြစ်နိုင်ဘူး”
နန်းကုန်လင်းက ပြောလိုက်၏။
“ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲက ဘယ်လောက်တောင် ကြောက်စရာကောင်းခဲ့သလဲ.. အဲဒီ သင်ခန်းစာက မလုံလောက်သေးဘူးလား”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ဆက်ပြောလိုက်၏။
“နောက်ပြီး အကြီးအကဲတို့ကို ကျုပ်သတိပေးချင်တယ်… အဲဒီမှာ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း ပေါ်ထွက်လာတယ်ဆိုရင် တာအိုအရှင် အထီးကျန်သိုင်းသခင်ရဲ့ ဒဏ်ရာတွေက အပြည့်အဝ ပြန်ကောင်းသွားဖို့တောင် အခွင့်များတယ်”
“အဲဒီအချိန်ကျရင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် သူ့ကို ဖိနှိမ်နိုင်မှာ မဟုတ်တော့ဘူး”
ရုတ်တရက်.. ခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် စိုးရိမ်ပူပန်သော အမူအရာများကို ထုတ်ဖော်ပြသလာကြ၏။
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက သူ၏ လက်သီးကိုဆုပ်ပြီး အေးစက်စွာ ပြောလိုက်၏။
“ခင်ဗျားတို့က ဘာကို စိုးရိမ်နေကြတာလဲ.. အလွန်ဆုံး ကျုပ်တို့မိသားစုကလန်က တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကို အကူအညီတောင်းလိုက်ရုံပေါ့… အထီးကျန်သိုင်းသခင်ရဲ့ ဒဏ်ရာတွေက သက်သာပျောက်ကင်းနေမယ်ဆိုရင်တောင် ကျုပ်တို့က သူ့ကို သတ်ဖြတ်နိုင်တာပဲ”
“တာအိုအရှင် အထီးကျန်သိုင်းသခင်က ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားမယ်ဆိုရင်ရော.. ဘာတွေဖြစ်လာမလဲ”
နန်းကုန်လင်းက တစ်ဖန်ထပ်၍ မေးလိုက်၏။
“အဲဒါက မဖြစ်နိုင်ဘူး”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက သူ၏လက်ကို ခါပြလိုက်၏။
“အဲဒီ အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသ အဆင့်ကို ဝင်ရောက်လာတာ ဘယ်လောက်တောင် ကြာသေးလို့လဲ.. အဲဒါက နှစ်တစ်ရာကျော်ပဲ ရှိသေးတယ်မလား… သူက အခုချိန်မှာ ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းဝင်ရောက်ချင်တယ်ဆိုရင် အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”
“နောက်ပြီး ပေါင်းစည်းခန္ဓာအဆင့်ဆိုတာ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတွေကို သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပေါင်းစည်းရတာပဲ.. အထီးကျန်သိုင်းသခင်က အန္တိမ ဓမ္မဝိသေသ သုံးခုကို ပိုင်ဆိုင်ထားတယ်… သူက မနှိုင်းယှဉ်သာအောင် သန်မာပြီးတော့ အဆင့်တူချင်းမှာ လူတိုင်းကို အပြတ်ရှင်းနိုင်တယ် ဆိုပေမဲ့ ဒီလောကမှာ အရာရာတိုင်းအတွက် အကောင်းနဲ့အဆိုး မျှချေတစ်ခုဆိုတာ ရှိတယ်”
“သူက အန္တိမ ဓမ္မဝိသေသ သုံးခုကို သူ့ရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေါင်းစည်းချင်တယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်က အဲဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. သူက ပေါက်ကွဲထွက်သွားလိမ့်မယ်”
ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းခြင်းသည် ကျင့်ကြံသူများအတွက် အမှန်တကယ်ပင် အန္တရာယ်ရှိလေသည်။
ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသများက ပိုမိုသန်မာလေလေ… ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းရခြင်း၏ အန္တရာယ်က ပိုမိုကြီးမားလေ ဖြစ်၏။
သို့သော်လည်း ဆူဇီမိုက အန္တိမ ဓမ္မဝိသေသ သုံးခု ရှိနေ၏။ အဲဒါက ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းဖို့အတွက် အရမ်းကို အန္တရာယ်ရှိသည်ဟု ဆိုလိုလေသည်။
တကယ်တော့ ခန်းမထဲရှိ ကျင့်ကြံသူများသည် ဒီဘက်မျိုးဆက်များအကြောင်း ကောင်းကောင်းမသိကြတော့ပေ။ အဲဒီမှာ အန္တိမ ဓမ္မဝိသေသ လေးခုကို သူ၏ခန္ဓာကိုယ်ထဲသို့ အောင်မြင်အောင် ထည့်သွင်းပေါင်းစည်းနိုင်ခဲ့သော လူတစ်ယောက် ထွက်ပေါ်နေခဲ့လေပြီ။
သို့သော်လည်း ထိုလူသည် အဝေးကနေ,နေပြီး တုန်လှုပ်စရာကောင်းသော စိတ်ဝိညာဉ်ဖြင့် အရာရာတိုင်းကို စီမံကာ အကွက်ချနေ၏။ သူသည် လောကရှိ ပညာရှင်များ အားလုံးကို သူ၏ အကြံအစည်ထဲမှာ ထည့်သွင်းခဲ့ပြီး ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာ အကြီးမားဆုံး အကျိုးအမြတ် ရရှိခဲ့သူ ဖြစ်ခဲ့၏။
နန်းကုန်မိသားစုသခင်ကလည်း ခေါင်းညိတ်လိုက်၏။
“ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းရဲ့ အကူအညီနဲ့ဆိုရင် အထီးကျန်သိုင်းသခင်ရဲ့ ဒဏ်ရာတွေက အပြည့်အဝ ပျောက်ကင်းသွားဖို့ ဖြစ်နိုင်ချေရှိတယ်.. ဒါပေမဲ့လို့ သူက ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းချင်တယ် ဆိုရင်တော့ သေချာပေါက် မဖြစ်နိုင်ဘူး”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက ပြောလိုက်၏။
“မိသားစုသခင်.. အမိန့်ပေးပါ.. ကျုပ်တို့က အခုနေ တိုက်ခိုက်ကြမယ်ဆိုရင် ကျုပ်တို့အတွက် ဝေစုတစ်ခု ရရှိနိုင်သေးတယ်.. ကျုပ်တို့က နောက်ကျသွားမယ်ဆိုရင်တော့… ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုတွေက ထိန်းချုပ်သွားလိမ့်မယ်.. အဲဒီအချိန်ကျရင် ကျုပ်တို့က တိုက်ခိုက်မယ်ဆိုရင်တောင် နောက်ကျသွားလိမ့်မယ်”
နန်းကုန်မိသားစုသခင်က မျက်မှောင်ကြုတ်၍ တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။
“ဒီမှာ လူစည်လှချေလား”
ထိုစဉ်မှာပင်.. အိုမင်းသော အသံတစ်သံက ခန်းမ၏ အနက်ပိုင်းထဲကနေ ထွက်ပေါ်လာ၏။
နဂါးခေါင်း လမ်းလျှောက်တောင်ဝှေးနှင့်အတူ အဘိုးအိုတစ်ယောက်သည် လေးလေးမှန်မှန် လျှောက်လှမ်းလာ၏။ သူက ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ထင်ရ၏။
“မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ်”
ခန်းမထဲရှိ လူတိုင်းက မတ်တတ်ထရပ်ပြီး တလေးတစား ဦးညွှတ်လိုက်ကြ၏။
နန်းကုန်မိသားစုသခင်ပင်လျှင် သူ၏ ပင်မထိုင်ခုံကနေ ဆင်းပေးပြီး တီးတိုးပြောဆိုလိုက်၏။
“အကြီးအကဲ လန်ထျန်.. ဒီဘက်ကို ကြွပါ”
ရှေးတော်ဝင်မိသားစုသုံးစုတွင် မဟာအကြီးအကဲဖြစ်လာသော မည်သူမဆို တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများ ဖြစ်ကြ၏။
အကြီးအကဲ လန်ထျန်သည် ယိုယွင်းပျက်စီးလာသော သွေးချီနှင့်အတူ သူ့ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တော့ သူသည် နှစ်ပေါင်း နှစ်သောင်းကြာအောင် ရှင်သန်နေထိုင်ခဲ့ပြီးလေပြီ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဘဝသက်တမ်း နှစ်နှစ်သောင်း ရှိသည်ကို လူတိုင်း သိထားကြ၏။
ကပ်သပ်၍ ပြောရမည်ဆိုလျှင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများပင်လျှင် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိနေဆဲဖြစ်ပြီး မဟာယာနအဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများသည် နှစ်နှစ်သောင်းလွန်အောင် ရှင်သန်နေထိုင်နိုင်ကြလေသည်။
“အကြီးအကဲ လန်ထျန် ရောက်လာပြီဆိုတော့ အထီးကျန်သိုင်းသခင်ရဲ့ ဒဏ်ရာတွေက သက်သာပျောက်ကင်းနေမယ် ဆိုရင်တောင် ကျုပ်တို့က ဘာများ ကြောက်ရဦးမှာလဲ”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက ကျေနပ်နှစ်ခြိုက်သွားသော အမူအရာဖြင့် အော်ပြောလိုက်၏။
“ဟဲဟဲ”
အကြီးအကဲ လန်ထျန်က သူ၏ လမ်းလျှောက်တောင်ဝှေးကို မှီပြီး ရယ်မောကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နန်းကုန်မိသားစုက အရင်ဆုံး အဲဒါကို စောင့်ကြည့်ရလိမ့်မယ်”
“မဟာအကြီးအကဲ…”
သက်လတ်ပိုင်းအရွယ် ဗလတောင့်တောင့် အမျိုးသားက မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။
“ဒေါင်ဖန်နဲ့ ရှီမန် ရှေးတော်ဝင်မိသားစုတွေက အဲဒါကို အရင်ရသွားမယ်ဆိုရင်.. ကျုပ်တို့ နန်းကုန်မိသားစုက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းတစ်ခုကို ပိုင်ဆိုင်မယ့် အခွင့်အရေး ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ဘူး”
“ဒီကိစ္စကို ထပ်ပြောစရာ မလိုတော့ဘူး.. ငါ ဆုံးဖြတ်ချက်ချပြီးသွားပြီ”
အကြီးအကဲ လန်ထျန်က မှင်သေသေဖြင့် ပြောလိုက်၏။
ခန်းမထဲမှာ မည်သည့် ကန့်ကွက်မှုမှ ရှိမလာတော့ပေ။
နန်းကုန်မိသားစုသခင်ပင်လျှင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ အမိန့်ကို နာခံရလေသည်။