← Chapters

ဧရာမကျောက်တုံး

Vol. 92 Ch. 1376

ဧရာမကျောက်တုံး

Vol. 92 Ch. 1376

ပေမင်မြို့တွင်...

ပေမင်ကလန်သားတချို့သည် သိချင်စိတ်ကိုမထိန်းနိုင်ဘဲ ကျောက်လှေခါးအတိုင်း လျှောက်လှမ်းလာကြ၏။

သို့သော်လည်း ခန်းမ၏ဝင်ပေါက်ဝသို့ ရောက်ရှိသောအခါ ပေမင်ရွယ်က သူတို့ကို ပိတ်ဆို့တားဆီးထား၏။

“နင်တို့တွေ လောလောဆယ်ဘယ်သူမှ ဝင်လို့မရဘူး... အားလုံးပဲ လူစုခွဲကြ”

ပေမင်ရွှယ်သည် ပေမင်ကလန်သားများကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့က ဘာလို့မဝင်နိုင်တာလဲ... ငါတို့လည်း ပေမင်ကလန်သားတွေပဲလေ”

“အဲ့ဒါအမှန်ပဲ.. ပေမင်ကလန်ရဲ့လျှို့ဝှက်ချက်က ဒီနေရာမှာသေချာပေါက်ရှိရမယ် ပေမင်ရွှယ်... အဲ့ဒါကိုနင်တစ်ယောက်တည်း ဘာလို့အပိုင်စီးမှာလဲ”

ပေမင်ကလန်သားအချို့သည် ဝင်ပေါက်ဝမှာမတ်တတ်ရပ်လာကြပြီး ခန်းမထဲသို့ ဝင်ရောက်ချင်သည့်အတွက် တတွတ်တွတ်ပြောဆိုနေကြ၏။

ပေမင်ရွှယ်၏အမူအရာက အေးစက်လာခဲ့၏။ ဖျတ်ခနဲဆိုသူမက ဝင်ပေါက်ဝရှေ့သို့ ရောက်ရှိလာပြီး ရှေ့မှာရှိသောကျင့်ကြံသူကို ပစ်ထိုးချလိုက်၏။

ထိုကျင့်ကြံသူသည် လွင့်စင်ထွက်သွားပြီး သူ့နောက်မှာရှိသော ကျင့်ကြံသူတစ်ယောက်နှင့်ပစ်တိုက်ကာ နာကျင်မှုဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရ၏။

“ထွက်သွားကြ”

သူမက အေးစက်စွာပြောလိုက်၏။

“ဒါ... ငါတို့က ကလန်တစ်ခုတည်းကမို့လို့ ထောက်ထားနေတာ... မဟုတ်ရင်တော့ စောစောကထိုးချက်နဲ့ နင့်ရဲ့အသက်ကို နှုတ်ယူလိုက်ပြီ”

ပေမင်ရွှယ်သည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမက သတ်ဖြတ်ရာမှာ ပြတ်သားလေသည်။

မဟုတ်ပါက ရှီမန်အိမ်တော်၌ ရှေးတော်ဝင်မိသားစုနှစ်စု၏ ပညာရှင်များရှေ့မှောက်မှာ ဒေါင်ဖန်ကျစ်၏ ရွှေအမြုတေကို ဖျက်ဆီးရဲလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှာ ပြန်လည်ကုသနေပြီး သူမက တခြားဘယ်သူ့ကိုမှ အဝင်မခံနိင်ပေ။

ဒါ့အပြင် ပေမင်မြို့ရှိကြီးမားသော ရုတ်ရုတ်သဲသဲ အခြေအနေသည် ရှေးတေည်ဝင်မိသားစု ၃စုထံသို့ ပျံနှံ့သွားလောက်လေပြီ။

သိပ်မကြာခင် မည်သည့်ပညာရှင်ကမှ ရောက်မလာနိုင်ဘူးဟု အာမမခံနိုင်ပေ။ ပေမင်ကလန်သားများ ဤနေရာမှာရှိနေမည်ဆိုလျှင် သူတို့က သေရနိင်လေသည်။

“အစ်မ...”

ပေမင်အောင်နှင့် အခြားသူများသည် ရှီမန်အိမ်တော်ကနေ ပြန်လည်ရောက်ရှိလာကြပြီဖြစ်၏။

“မောင်လေး... ကလန်သားတွေကိုခေါ်ပြီး ဒီနေရာကနေ အရင်ထွက်သွားနှင့်တော့”

ပေမင်ရွယ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဟုတ်ကဲ့”

ပေမင်အောင်က ခေါင်းညိတ်ပြလိုက်၏။

သူသည် သူ၏အစ်မကို လုံးဝယုံကြည်လေသည်။ ဒါ့အပြင် သူ့အစ်မကို နောက်ခံပေးထားသော ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ရှိနေ၏။

ထိုပုဂ္ဂိုလ်က အသက်ရှင်နေသည်နှင့်အမျှ သူ့အစ်မက အန္တရာယ်ကျရောက်လိမ့်မည် မဟုတ်ပေ။

သိပ်မကြာခင် ပေမင်အောင်သည် ပေမင်ကလန်သားများနှင့်အတူ ပေမင်မြို့ကနေ ထွက်ခွာသွား၏။

ပေမင်ရွှယ်က ခန်းမ၏ ဝင်ပေါက်ဝမှာစောင့်ကြပ်နေပြီး စိုးရိမ်ပူပန်သောအမူအရာနှင့်အတူ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရှိရာဘက်သို့ လှည့်ကြည့်နေ၏။

“ဒီလောက်အချိန်ကြာပြီးတာတောင် ဘာမှထူးခြားမလာသေးဘူး... ဆရာ့ရဲ့ အမြုတေစိတ်ဝိညာဥ်က ဘယ်လိုနေလဲ... အဲ့ဒါက သက်သာသွားပြီလား ငါသိချင်မိတယ်”

“အဲ့ဒါက အချိန်မလောက်မှာ ငါစိုးရိမ်မိတယ်”

ပေမင်ရွယ်က သူမဘာသာသူမ တွေးတောနေ၏။

ရေကန်ထဲတွင်...

ဆူဇီမိုသည် လှုပ်ရှားခြင်းမရှိသော်လည်း သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြီးမားသော ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံဖြတ်ကျော်နေရ၏။

ထိုအခိုက်အတန့်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အညစ်အကြေးများအားလုံးနီးပါးကို ဖယ်ထုတ်ပြီးသွားလေပြီ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အရိုးတစ်ချောင်းချင်းစီသည် ကျောက်စိမ်းကဲ့သို့ စိမ်းစို၍ ကြည်လင်လာ၏။ သူတို့သည် ပြိုးပြိုးပြက်ပြက် အရောင်အဝါများဖြင့် ပြည့်နှက်လာ၏။ သူ၏ ခြင်ဆီက တဝုန်းဝုန်းစီးဆင်းလာပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးကို ထုတ်ဖော်ကာ သူ၏အသွေးအသားနှင့် ကိုယ်တွင်းအင်္ဂါတို့ကို အသွင်ပြောင်းလဲလာစေ၏။

ထိပ်သီးဂိုဏ်းကြီးများမှ ရတနာများပင်လျှင် အညစ်အကြေးများအဖြစ်နှင့် ဖယ်ထုတ်ခံရသည်ဆိုပါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဘယ်လောက်တောင်သန်မာလာပြီလဲ။

သူ၏အသိစိတ်ထဲတွင် ပြိုးပြိုးပြက်ပြက် အလင်းရောင်များက ခံ့ညားထည်ဝါသောပုံစံဖြင့် တောက်ပနေပြီး အစိမ်းရောင်ကြာခုံသည် အသက်ဓာတ်နှင့် ကစဉ့်ကလျားချီများဖြင့် ပြည့်နှက်နေ၏။ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် ၎င်းပေါ်မှာထိုင်နေပြီး သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဖြတ်ကျိန်စာက လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။

ဆူဇီမို ထင်မှတ်ထားသည့်အတိုင်းပင် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အကူအညီနှင့်အတူ အသက်ဖြတ်ကျိန်စာ၏ အန္တရာယ်ကို ​ဖြေရှင်းနိုင်သွားခဲ့လေပြီ။

ဒါ့အပြင် သူက နောက်ထပ် အခွင့်အလမ်းတစ်ခုကို တွေ့ကြုံခံစားနေရ၏။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုကိုရရှိပြီးနောက် အစိမ်းရောင်ကြာခုံနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုကို ရရှိလာ၏။ အဲ့ဒါသည် ကြာအမြစ်များနှင့် သူ၏မျိုးဆက်သွေးက ပေါင်းစည်းသွားသကဲ့သို့ပင်။

ကြာခုံက သူ၏အသိစိတ်အတွင်းမှာရှိနေ၏။ ကြာရွက်များက အရေပြားဖြစ်၏။

ကြာရိုးများက အရိုးများဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်ဟု ခံစားရလေသည်။ အဲ့ဒါသည် သူက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲမှာ ယိမ်းနွဲ့နေ​သော အစိမ်းရောင်ကြာပန်း တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည့်အလားပင်။

ပေမင်ရွှယ် ယခုအချိန်မှာ လှည့်ကြည့်မည်ဆိုလျှင် သူမသည် တုန်လှုပ်ဖွယ်ရာ ရှာဖွေတွေ့ရှိရပေလိမ့်မည်။

ကြာရွက်များက ရွှေရောင်ရေကန်၏ မျက်နှာပြင်ပေါ်မှာ လွင့်မျောလာ၏။

ကြာရွက်များပေါ်တွင် ကြာပွင့်များရှိနေ၏။ သူတို့သည် ယခုချိန်ထိ ဖူးပွင့်မလာသေးဘဲ အဖူးများသာ ဖြစ်သော်လည်း ပန်းရောင်သန်း၍ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေ၏။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အာဖြည့်မှုအောက်တွင် ကြာဖူးများသည် ညင်သာစွာယိမ်းနွဲ့၍ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား ပမာဏတစ်ခုကို ထုတ်ပေးနေ၏။

သူ၏အမြုတေစိတ်ဝိညာဥ်က ပြန်လည်ကောင်းမွန်လာသော်လည်း ဆူဇီမိုက ထမလာခဲ့ပေ။

သူသည် ထိုအခွင့်အလမ်းကို ချိန်ဆပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖျက်တက်လှမ်းဖို့ ရည်ရွယ်ထား၏။

ပုံမှန်အခြေအနေမှာဆိုလျှင် လူတစ်ယောက်သည် အန္တိမဓမ္မဝိသေသ ၃ခု နှင့်ပေါင်းစည်းချင်ပါက အလွန်ကြီးမားသော အန္တရာယ်နှင့် သေချာပေါက် တွေ့ကြုံရပေလိမ့်မည်။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲ့ဒါကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း ရှိနေသည့်အတွက် သူ၏အောင်မြင်ဖို့ အခွင့်အလမ်းက များစွာမြင့်မားလာခဲ့လေသည်။

အဲ့ဒါသည် ဆူဇီမိုလက်လွတ်မခံနိုင်သည့် တကယ်ကို ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုလည်းဖြစ်၏။

ရွှစ်...

ပထမဆုံး အန္တိမဓမ္မဝိသေသက ထွက်ပေါ်လာ၏။

မိုးကြိုးဓမ္မခန္ဓာ...

မိုးကြိုးဓမ္မခန္ဓာသည် မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ လျှပ်စီးများဖြင့်တဖျတ်ဖျတ်လက်နေသည့် ကြာပွတ်တစ်ခုကိုကိုင်ဆွဲထား၏။ နက်မှောင်နေသော တိမ်စိုင်များက သူ၏ဦးခေါင်းထက်မှာ စုစည်းလာပြီး တင်းမာခက်ထန်သောအမူအရာနှင့်အတူ လျှပ်စီးပင်လယ်ထဲမှာ မတ်တတ်ရပ်ကာ သူ့ကို မည်သူကမှ လျစ်လျူမရှုနိုင်ပေ။

ဆူဇီမိုသည် သူ၏ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းလိုက်၏။

“အား...”

ဆူဇီမိုက နာကျင်သောအမူအရာဖြင့် ညည်းတွားလိုက်၏။

အန္တိမဓမ္မဝိသေသများက ဘယ်လောက်တောင်သန်မာနေပြီလဲ။

သူတို့သည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် သတ်ဖြတ်နိုင်လေသည်။

ထို့ကြောက်စရာကောင်းသော စွမ်းအားများကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းရခြင်းသည် သူ၏ အသွေးအသားများအတွက် အရမ်းကိုကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲ့ဒါကိုခံနိုင်ရည်မရှိပေ။

ဖောက်... ဖောက်... ​ဖောက်...

ချက်ချင်းပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အရေပြားများက ကွဲထွက်သွားပြီး ဆူဇီမိုသည် သွေးသံရဲရဲ ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွား၏။ များပြားလှစွာသော သွေးများက စီးကျလာပြီး ရေကန်ထဲသို့စိမ့်ဝင်သွားလေသည်။

သို့သော်လည်း ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမှ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား၏ အားဖြည့်မှုအောက်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်ရှိ ဒဏ်ရာများက လျင်မြန်စွာ သက်သာပျောက်ကင်းလာ၏။

သို့သော်လည်း အန္တိမဓမ္မဝိသေသ၏ စွမ်းအားက အရမ်းကိုသန်မာပြီး ယခုတင်သက်သာပျောက်ကင်းလာသော ဒဏ်ရာများက တစ်ဖန်ပြန်လည် စုတ်ပြဲသွား၏။

ရွှေရေကန်တစ်ခုလုံးက နီစွေးလာခဲ့လေပြီ။

ထိုစဥ်မှာပင် ရေကန်၏ အနက်ပိုင်းထဲမှ ဘဲဥပုံသဏ္ဌာန် ဧရာမကျောက်သားတစ်တုံးသည် ရုတ်တရက်လှုပ်ရှားလာ၏။ ၎င်းက ဆူဇီမို၏ ခန္ဓာကိုယ်ကို စိတ်လှုပ်ရှားစွာ အဆက်မပြတ်လှည့်ပတ်နေ၏။

အံ့ဩဖို့ကောင်းစွာပင် ဧရာမကျောက်တုံးသည် အကြိမ်ရေအနည်းငယ်လှည့်ပတ်ပြီးနောက် ဆူဇီမို၏ဘေးပတ်လည်ရှိ သွေးရောင်များက ပျောက်ကွယ်သွားပြီး ဂမ္ဘီရစိမ့်စမ်းက တစ်ဖန်ပြန်လည်ကာ ရွှေရောင်ဖြစ်လာ၏။

ရေကန်ထဲမှ မည်သည့်သွေးမှမကျန်ရှိတော့ဘဲ ဧရာမကျောက်တုံးသည် မကျေမနပ်ဖြစ်သွားသည့်ပုံစံဖြင့် အဆက်မပြတ်လှည့်ပတ်နေ၏။

၎င်းသည် မကြာမကြာဆိုသလို ဆူဇီမိုပင် တွန်းထိုးနေလေသည်။

သို့သော်လည်း ဆူဇီမိုက လက်ရှိအချိန်မှာ အလွန်တရာနာကျင်စွာ ခံစားနေရပြီး ရေကန်ထဲတွင် ဖြစ်ပျက်နေသည့်အရာများကို သတိမထားမိနိုင်ပေ။ မသိလိုက်မသိဘာသာ အချိန်ကာလတစ်ခုက ကုန်ဆုံးသွားခဲ့၏။

ဆူဇီမိုသည် နောက်ဆုံးမှာ ငေးငိုင်နေရာကနေ နိုးထလာပြီး သူ၏အသိစိတ်ကိုပြန်လည်ရရှ်ိလာ၏။

အဲ့ဒါက အရမ်းကြောက်ဖို့ကောင်းလေသည်။

အန္တိမဓမ္မဝိသေသတစ်ခုတည်းနှင့်ပင် အဲ့ဒါက အရမ်းကိုအန္တရာယ်များနေခဲ့လေပြီ။ ဒါ့အပြင် အဲ့ဒါသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုအောက်မှာဖြစ်၏။

ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းသာမရှိဘူးဆိုလျှင် ဆူဇီမိုသည် သူ၏အန္တိမဓမ္မဝိသေသ ၃ခုကို အတင်းအကျပ်ထည့်သွင်းပေါင်းစည်းဖို့ကြိုးစားပါက သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲ၍ သေဆုံးရပေလိမ့်မည်။

ထိုသို့တွေးမိချိန်တိုင်း ဆူဇီမို၏စိတ်ထဲသို့ လူတစ်ယောက်၏ပုံရိပ်က ထင်ဟပ်လာ၏။

အန္တိမဓမ္မဝိသေသ ၃ခုတောင် ဒီလောက်ထိအန္တရာယ်များနေပြီဆိုတော့ ၄ခုဆိုရင်ဘယ်လိုဖြစ်မလဲ။

ဆူဇီမိုသည် ဤအဆင့်ထိ ကျင့်ကြံခဲ့ပြီးတာတောင် သူ၏ရင်ထဲမှာ ထိုလူက ပို၍ပင်အံ့မခန်းဖြစ်လာခဲ့၏။

ထိုစဥ်မှာပင် ရေကန်ထဲကနေ တစ်စုံတစ်ရာက သူ့ကိုဝင်တိုက်လာလေသည်။ အဲ့ဒါက မပြင်းလွန်း မပေါ့လွန်းပေ။

ဆူဇီမိုသည် အဲ့ဒါကို အလိုလိုလက်ပြန်ရိုက်ချလိုက်၏။

၎င်း၏ထိတွေ့မှုက ကြမ်းတမ်းပြီး​ ကျောက်တုံးတစ်တုံးနှင့်တူလေသည်။ သို့သော်လည်း သူက အဲ့ဒါကို အရေးလုပ်မနေဘဲ ဂမ္ဘီရစိမ့်စမ်းရေ၏ လှုပ်ရှားမှုကြောင့် ထိုကျောက်တုံးက သူ့ကိုလာတိုက်သည်ဟုသာ တွေးထင်လိုက်၏။

ဆူဇီမိုသည် သူ့ကိုယ်သူတည်ငြိမ်စေပြီး ဒုတိယမြောက် အန္တိမဓမ္မဝိသေသကို ဆက်လက်စုပ်ယူလိုက်၏။

ရူလိုင်းဓမ္မခန္ဓာ...

ပေ ၉၀ မြင့်မားသော ရူလိုင်းဓမ္မခန္ဓာသည် ခံ့ညားထည်ဝါသော အမူအရာတစ်ခု ရှိနေ၏။ သူ၏ခေါင်းကိုငုံ့ထားပြီး သူ၏လက်ဖဝါးနှစ်ဖက်ကို အတူတကွယှက်ကာ ကြည်ညိုစရာကောင်းသော သက္ကတဘာသာစကားများကိုရွတ်ဆိုနေ၏။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းနေ၏။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပေါက်ကွဲထွက်တော့မည့်အလား ထင်မှတ်ရ၏။

ဖောက်...

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်ရှိအသားများက ကွဲထွက်သွားပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာ၏။

သူ၏ကိုယ်တွင်းအင်္ဂါများက ဖိအားဒဏ်ကိုခံနိုင်ရည်မရှိဘဲ အက်ကွဲကြောင်းများဖြစ်ပေါ်လာလေသည်။

ဆူဇီမိုသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး နာကျင်မှုဖြင့် အော်ဟစ်ချင်လေသည်။

သို့သော်လည်း စိမ့်စမ်းရေများက သူ၏ပါးစပ်ထဲသို့ တိုးဝင်လာပြီး ဗလုံးဗထွေးအသံများသာ ထွက်ပေါ်လာ၏။

ရေကန်၏အနက်ပိုင်းထဲတွင် ဧရာမကျောက်တုံးက တစ်ဖန်ပြန်လည် ချည်းကပ်လာခဲ့လေသည်။

(ပေ ၉၀ မြင့်မားသော ဓမ္မဝိသေသ ဆိုသည်မှာ အစစ်အမှန်ရုပ်ဒြပ် မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီး၏ ဓမ္မစွမ်းအားများသာ ဖြစ်၏။ ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းရာတွင် ဓမ္မဝိသေသများကို ထည့်သွင်းပေါင်းစည်းခြင်း ဆိုသည်မှာ သူတို့၏ သီးခြားစွမ်းအားကို ခန္ဓာကိုယ်က တိုက်ရိုက်စုပ်ယူပြီး ခန္ဓာကိုယ်၏ ကိုယ်ပိုင်ခွန်အား သို့မဟုတ် စွမ်းအားအဖြစ် ပေါင်းစည်းပြောင်းလဲခြင်းဖြစ်စဉ်တစ်ခု ဖြစ်၏။)

All Chapters