တာအိုအရှင် ခရမ်းတောင်ထွတ်
Vol. 92 Ch. 1367
ပေမင်အောင်သည် အစိမ်းရောင်ပုံရိပ်ကိုကြည့်ပြီး သူ၏စိတ်က ဗြောင်းဆန်နေ၏။ သူသည်လုံးဝ ကြောင်အ,မှင်တက်နေလေသည်။
နုနယ်၍ မမာမကျန်းပုံပေါက်နေသည့် လူကြီးမင်းဆူသည် လုံးဝပျောက်ကွယ်သွားပြီး သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။
အဲ့ဒါသည် ဆူဇိမိုက ကောင်းကင်ထက်ကနေ မည်သို့မည်ပုံဆင်းသက်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ မူလနတ္ထိနှစ်ယောက်ကိုသတ်ဖြတ်လိုက်ပုံဖြစ်၏။
ပေမင်အောင်သည် ဤကဲ့သို့သော စွမ်းအားမျိုးကိုအရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
သူသည် အရင်က ဤပုဂ္ဂိုလ်ကို လှောင်ပြောင်ထေ့ငေါ့မှုများ သရော်မှုများဖြင့် ထပ်တလဲလဲ ပြုမူဆက်ဆံခဲ့ပုံကို အမှတ်ရသွားသောအခါ ရင်ထဲမှာ တလှပ်လှပ်ခံစားလာရပြီး နောင်တရလာ၏။
လူကြီးမင်းဆူသည် သဘောထားကြီးလို့သာ သူက ကံကောင်းခဲ့လေသည်။ အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူ့မှာအသက်ဆယ်သက်ရှိလျှင်ပင် သူက ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
“အစ်မက လူကြီးမင်းဆူရဲ့ တပည့်ဖြစ်နေခဲ့တာလား”
ပေမင်အောင်သည် တဖြည်းဖြည်းနားလည်သဘောပေါက်သွား၏။
“ငါ့အစ်မက သုံးနှစ်တည်းနဲ့ ဒီလောက်ထိတိုးတက်ပြောင်းလဲပြီး နိုးထဝိညာဥ်တွေကိုတောင် ဖိနှိမ်လာနိုင်ခဲ့တာ မထူးဆန်းတော့ဘူး... လက်စသတ်တော့ အဲ့ဒါတွေအားလုံးက လူကြီးမင်းဆူကြောင့်ပဲ”
ပေမင်အောင်သည် ယခုအချိန်မှာ မနာလိုအားကျခြင်းမရှိဘူးဟုဆိုလျှင် လိမ်ရာကျနေပေလိမ့်မည်။ သို့သော်လည်း သူက ဆူဇီမိုကို ဆက်ဆံခဲ့ပုံကို ပြန်လည်စဥ်းစားမိသောအခါ သူက ထိုသူ၏တပည့်အဖြစ် ခံယူဖို့ မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်၏။
ပေမင်အောင်ကို မပြောနှင့် ပေမင်ရွှယ်ပင်လျှင် ကျောက်သားစင်မြင့်ထက်မှာ ငေးငိုင်စွာဖြင့် မတ်တတ်ရပ်နေ၏။ သူမသည် တုန်လှုပ်မှုကနေ ပြန်လည်ရုန်းထွက်မလာနိုင်သေးပေ။
သူမသည် ဆူဇီမို၏ တပည့်အဖြစ်ခံယူခဲ့လျှင်တောင် သူမက သူ၏တိုက်ခိုက်ပုံကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
အစကတော့ သူ၏အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိထားပြီး သူက မည်သည့်ဓမ္မပညာရပ်ကိုမှ မထုတ်ဖော်နိုင်သည့်အတွက် သူ၏တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျနေခဲ့သည်ဟု သူမကတွေးထင်ထား၏။ သို့သော်လည်း ဆူဇီမိုသည် သူ၏ကိုယ်ကာယခွန်အားသက်သက်ဖြင့် မူလနတ္ထိနှစ်ယောက်ကို နေရာမှာပင်သတ်ဖြတ်နိုင်လိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။
သူသည် သူ၏အမြုတေစိတ်ဝိညာဥ် သို့မဟုတ် ဓမ္မအတတ်များကို လုံးဝမလိုအပ်ခဲ့ပေ။
ပေမင်ရွှယ်သည် ပိန်ပိန်ပါးပါးနှင့် အင်အားကြီးမားလှသည့်ပုံရိပ်ကိုငေးကြည့်ရင်း ရုတ်တရက် သူမက အော်ငိုချင်လာ၏။
သူမသည် ဤနှစ်များအတွင်း နစ်နာမှုများကို ကြိမ်ဖန်များစွာ တွေ့ကြုံခံစားခဲ့ရ၏။ သို့သော်လည်း ဘယ်သူကမှ သူမဘက်ကနေ ရပ်တည်ပေးခြင်း သို့မဟုတ် ကူညီပေးခြင်းမရှိခဲ့ပေ။ ယခု ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် သူမ၏ရှေ့ကနေ ရပ်တည်လာပြီး သူမကို အန္တရာယ်များအားလုံးကနေ ခုခံပေးကာ ရှေးတော်ဝင်မိသားစုများနှင့်ပင်လျှင် ရင်ဆိုင်ပေးလာခဲ့၏။
“အထီးကျန်သိုင်းသခင်... “
“ငါ့ဆရာက တာအိုအရှင် အထီးကျန်သိုင်းသခင်ပဲ... သူက သမိုင်းတစ်လျှောက်မှာ တစ်ယောက်တည်းပဲရှိတဲ့ တာအိုအရှင်အထီးကျန်သိုင်းသခင်ပဲ”
ပေမင်ရွှယ်သည် စိတ်ခံစားချက်များ အလွန်တရာမြင့်တက်လာပြိး သူမ၏ မျက်လုံးများက နီရဲလာ၏။
တစ်ဘက်မှာတော့ နန်းကုန်လင်းသည် သူ၏ခေါင်းကို ညင်သာစွာခါယမ်းပြီး သက်ပြင်းချလိုက်၏။
“ဒီကိစ္စက ဖြစ်လာသေးတာပဲ”
သူက စိုးရိမ်ပူပန်နေခဲ့၏။ သည့်ယခင်က သူသည် ရှီမန်ကျီနှင့်ဒေါင်ဖန်ရီကို သူတို့၏လုပ်ရပ်များအား ရပ်တန့်ရန် ထပ်တလဲလဲ သတိပေးခဲ့၏။
သို့သော်လည်း သူတို့နှစ်ယောက်သည် သူ၏စကားကိုနားမယောင်ပဲ ဆက်လက်၍ ရန်စပြုမူနေခဲ့ကြလေသည်။
“သူတို့က တကယ်မိုက်မဲခဲ့တဲ့သူတွေပဲ”
ရူရွှမ်ကပြောလိုက်၏။
“ငါ့လိုအပြင်လူတစ်ယောက်တောင် ဒီကိစ္စကို လက်မခံနိုင်ဘူး... ဟမ့် မူလနတ္ထိတွေက ရွှေအမြုတေတစ်ယောက်ကို အနိုင်ကျင့်သတ်ဖြတ်ဖို့လုပ်နေတာ ဘယ်လိုလုပ်လက်ခံနိုင်ပါ့မလဲ”
လျှိုဟန်ယန်က နန်းကုန်လင်းကိုတစ်ချက်ကြည့်ပြီး ညင်သာစွာ ပြောလိုက်၏။
“စီနီယာအစ်ကို... ရှင်က နန်းကုန်မိသားစုရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာမလား”
“အင်း...”
နန်းကုန်လင်းက မည်သည့်စကားမှပြောဆိုခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
ဘန်း... ဘန်း... ဘန်း...
ထိုစဥ်မှာပင် အိမ်တော်၏နေရာတစ်ဝှမ်းမှ စွမ်းအားကြီးမားသောအော်ရာများက ပေါက်ကွဲထွက်ပေါ်လာပြီး လောကတစ်ခွင်တုန်ခါသွား၏။
“ဒီလူရမ်းကားက ဘယ်ကနေရောက်လာတာလဲ...မင်းက ငါတို့ရှီမန်အိမ်တော်မှာ ဘယ်လိုတောင်လာပြီး ထင်ရာစိုင်းနေတာလဲ”
“မင်းကတော့ သေချင်နေတာပဲဖြစ်ရမယ်”
အော်ဟစ်ကြိမ်းမောင်းသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
လက်ရှိကျင့်ကြံသူအများစုသည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ရွှေအမြုတေကျင့်ကြံသူများဖြစ်ကြ၏။ စိတ်ဝိညာဥ်အသိစိတ်များ၏ ကြီးမားသောဖိအားက ဆင်းသက်လာပြီး သူတို့အားလုံးကို တုန်လှုပ်ချောက်ချားသွားစေ၏။
ဓမ္မဝိသေသအဆင့်...
အဲ့ဒါသည် ဓမ္မဝိသေသ တာအိုအရှင်များ၏ စိတ်ဝိညာဥ်အသိစိတ်ကနေသာ ထုတ်ဖော်နိုင်သော ဖိအားတစ်ခုဖြစ်၏။
မူလနတ္ထိအဆင့်သည်ပင် ကျင့်ကြံသူအများစုမရောက်ရှိနိုင်သော အဆင့်တစ်ခုဖြစ်နေခဲ့၏။ ဓမ္မဝိသေသအဆင့် ကျင့်ကြံသူများက ပို၍ပင်ကြည်ညိုလေးစားခံကြရ၏။
လက်ရှိ ကျင့်ကြံသူအချို့သည် သူတို့၏ကျင့်ကြံမှုဤအဆင့်ထိ ဓမ္မဝိသေသတာအိုအရှင်များကို မတွေ့မြင်ဖူးခဲ့ကြပေ။ ယခုအခါမှာတော့ ဓမ္မဝိသေသတာအိုအရှင်ဆယ်ယောက်ကျော်က ပေါ်ထွက်လာခဲ့လေပြီ။
“တာအိုအရှင်ခရမ်းတောင်ထွတ်”
နန်းကုန်လင်းသည် သူတို့ကိုဦးဆောင်လာသည့် ဓမ္မဝိသေသတာအိုအရှင်ကို မှတ်မိသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
တာအိုအရှင်ခရမ်းတောင်ထွတ်သည် ရှေးတော်ဝင်မိသားစု ၃စုကြားတွင် အလွန်တရာကျော်ကြားသော ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ဖြစ်၏။
လွန်ခဲ့သည့်နှစ်နှစ်ထောင်က သူသည် အလယ်ပိုင်းတိုက်သို့ခရီးသွားခဲ့ပြီး ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်းမှ ဓမ္မဝိသေသတစ်ယောက်နှင့် ရန်သူဖြစ်လာခဲ့၏။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ဓမ္မဝိသေသတာအိုအရှင်သည် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွင် အဆင့် ၆၂ ဝင်ခဲ့ဖူးလေသည်။
သို့သော်လည်း တာအိုအရှင် ခရမ်းတောင်ထွတ်က ထိုတိုက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့၏။
အဲ့ဒါကြောင့်လည်းထိုတိုက်ပွဲက တာအိုအရှင်ခရမ်းတောင်ထွတ်ကို နာမည်ကြီးကျော်ကြားစေခဲ့၏။
ရှေးတော်ဝင်မိသားစု ၃စုအတွင်းမှာ တာအိုအရှင် ခရမ်းတောင်ထွတ်၏ တိုက်ခိုက်ရည်ခွန်အားသည် သူ့ကို ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ၃၀အတွင်း ဝင်နိုင်စေသည်ဟု ဆိုရပေမည်။
ဒါ့အပြင် အဲ့ဒါသည် လွန်ခဲ့သည့်နှစ်နှစ်ထောင်က ဖြစ်၏။
တာအိုအရှင် ခရမ်းတောင်ထွတ်သည် ရှီမန်အိမ်တော်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ ကျင့်ကြံနေခဲ့ပြီးနောက် ယခုဆို သူက ပို၍ပင်ကြောက်စရာကောင်းလာခဲ့ပြီဖြစ်၏။
“စီနီယာခရမ်းတောင်ထွတ်”
နန်းကုန်လင်းက အော်ခေါ်၍ ဦးညွှတ်လိုက်၏။
“ဒါက အရေးကြီးတဲ့ကိစ္စတစ်ရပ်ပါ... စီနီယာ.. ကျေးဇူးပြုပြီး တစ်ခုခု မဆုံးဖြတ်ခင်တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ပြန်စဥ်းစားသင့်ပါတယ်ဗျ”
နန်းကုန်လင်းက ဆူဇီမို၏ သရုပ်သကန်ကိုထုတ်ဖော်မပြောနိုင်ပေ။
သို့သော်လည်း သူ၏စကားလုံးများက တာအိုအရှင် ခရမ်းတောင်ထွတ်ကို အချိန်မီရပ်တန့်ပြီး မဆင်မခြင်မပြုမူဖို့ သတိပေးနေခြင်းဖြစ်၏။
“ဟမ့်...”
တာအိုအရှင်ခရမ်းတောင်ထွတ်က လှောင်ရယ်လိုက်၏။
“ဘယ်လိုဟာသလဲ... လူရမ်းကားတစ်ယောက်က ငါတို့ရှီမန်အိမ်တော်မှာ လူတွေကို ထင်တိုင်းကျဲသတ်ဖြတ်နေတယ်... ဒါပေမဲ့ ငါ့ရဲ့လုပ်ရပ်ကို ပြန်စဥ်းစားသင့်တယ်လို့ မင်းကငါ့ကိုပြောနေတာလား”
နန်းကုန်လင်းသည် တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောနေကြောင်း တာအိုအရှင်ခရမ်းတောင်ထွတ်က နားလည်သည်ဆိုလျှင်တောင် သူက အဲ့ဒါကို စိတ်ထဲမှာထည့်မှတ်ထားလိမ့်မည် မဟုတ်ပေ။
နန်းကုန်ရှေးတော်ဝင်မိသားစုမှ ဓမ္မဝိသေသတာအိုအရှင်များ ဒီနေရာမှာရှိနေမည်ဆိုလျှင်တောင် သူက အစိမ်းရောင်ဝတ်ကျင့်ကြံသူကို သေချာပေါက်သတ်ဖြတ်ရပေမည်။ နန်းကုန်လင်းလို ဂျူနီယာတစ်ယောက်ကို သူက မျက်လုံးထဲမှာပင် ထည့်မထားပေ။
တာအိုအရှင်ခရမ်းတောင်ထွတ်သည် အေးစက်နေသောအမူအရာနှင့်အတူ ဆူဇီမိုကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းရဲ့နောက်ခံက ဘာလဲ... မင်းဘယ်ဂိုဏ်းကလဲ ငါဂရုမစိုက်ဘူး... မင််းက ငါတို့ရှီမန်အိမ်တော်မှာသတ်ဖြတ်ရဲတယ်ဆိုမှတော့... မင်းက ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ တပည့်ဖြစ်နေမယ်ဆိုရင်တောင် မင်းအသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်”
နန်းကုန်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
တာအိုအရှင်ခရမ်းတောင်ထွတ်သည် သူဘယ်သူနှင့်ရင်ဆိုင်နေရလဲ လုံးဝနားမလည်သေးပေ။ ထိုပုဂ္ဂိုလ်၏လက်ထဲတွင်သေဆုံးခဲ့ရသော ထိပ်သီးဂိုဏ်းကြီးများမှ မည်ကာမတ္တတပည့်များနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်လောက်တောင်များနေပြီလဲ။
“မင်းကငါ့ကိုသတ်ချင်တာလား”
ဆူဇီမိုက သူ၏ခေါင်းကိုအနည်းငယ်မော့ပြီး လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် တာအိုအရှင်ခရမ်းတောင်ထွတ်ကို ကြည့်လိုက်၏။
“သူ့ကို သတ်”
တာအိုအရှင်ခရမ်းတောင်ထွတ်က ဆူဇီမိုနှင့် စကားမပြောလိုတော့ပဲ သူ၏လက်ကို ဝေ့ယမ်းကာ အမိန့်ပေးလိုက်၏။
ရွှစ်... ရွှစ်... ရွှစ်...
ဓမ္မလက်နက်များက လေထုကိုတစ်လက်ပြီးတစ်လက် ဆုတ်ဖြဲလာကြ၏။
တာအိုအရှင် ဓမ္မလက်နက်များ၏ ဘေးပတ်လည်တွင် ဓမ္မစွမ်းအားများက တလိပ်လိပ်တက်နေပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ ဆူဇီမို၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့လိုက်၏။
ဆူဇီမို၏အမူအရာက အေးစက်လာပြီး ဝင်ရောက်လာသော တာအိုအရှင်ဓမ္မလက်နက်များကို လျစ်လျူရှုကာ အပေါ်သို့ခုန်တက်လိုက်၏။
“မင်းက တာအိုအရှင် ဓမ္မလက်နက်တွေကိုဘယ်လိုတောင်လျစ်လျုရှုရဲတာလဲ... မင်းကတော့ တကယ့်ကိုသေချင်နေပြီပဲ”
ဓမ္မဝိသေသတာအိုအရှင်များ၏ အမူအရာများက အေးစက်လာကြ၏။
ဘန်း... ဘန်း....ဘန်း...
ဓမ္မလက်နက်များသည် ဆူဇီမိုကိုတစ်လက်ပြီးတစ်လက် ထိခတ်လာသော်လည်း အဲ့ဒါသည် ဓမ္မဝိသေသတာအိုအရှင်များ မျှော်လင့်ထားသကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် များစွာသော တာအိုအရှင်ဓမ္မလက်နက်များသည် ပြန်ကန်စင်ထွက်ကုန်ကြ၏။
အဲ့ဒါက ဓားပျံများဖြစ်စေ... လှံများ သို့မဟုတ် ကြေးမုံများဖြစ်စေ မည်သည့်အရာကမှ ဆူဇီမို၏အသားကိုမထိုးဖောက်နိုင်ပေ။
လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။
ထိုမြင်ကွင်းသည် လူတိုင်းတွေးထင်ထားသည်ထက် အပြတ်အသတ်ကျော်လွန်သွားခဲ့လေပြီ။
“ဟမ်...”
လက်ရှိအဆင့်နိမ့်ကျင့်ကြံသူများကိုမပြောနှင့် တာအိုအရှင်ခရမ်းတောင်ထွတ်နှင့် အခြားသော ဓမ္မဝိသေသတာအိုအရှင်များပင်လျှင် တုန်လှုပ်သွားရ၏။
စောစောက ထွက်ပေါ်လာသော တာအိုအရှင် ဓမ္မလက်နက်များကြားတွင် ပကတိအဆင့် တာအိုအရှင်ဓမ္မလက်နက်များလည်း ပါဝင်လေသည်။
သို့သော်လည်း ပကတိတာအိုအရှင်ဓမ္မလက်နက်တစ်လက်သည် ထိုသူကိုသတ်ဖြတ်ဖို့နေနေသာ အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အရေပြားကိုပင် မထိုးဖောက်နိင်ပေ။
ဒါ့အပြင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက မည်သည့်ဓမ္မပညာရပ် သို့မဟုတ် အဆောင်လက်ဖွဲ့များကိုမှ ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိပေ။ သူက အဲ့ဒါတွေကို သူ၏ကိုယ်ကာယသက်သက်ဖြင့်သာ ခုခံခဲ့၏။
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဒီလောက်အဆင့်ထိရောက်အောင် တကယ်ပဲကျင့်ကြံနိုင်တာလား။
တာအိုအရှင် ခရမ်းတောင်ထွတ်သည် နန်းကုန်လင်းစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ရုတ်တရက် နားလည်သဘောပေါက်လာ၏။
ကံဆိုးစွာနှင့်ပင် အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။