အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာ
Vol. 92 Ch. 1378
အစက သေဆုံး၍ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော အစိမ်းရောင်ကြာပန်း အလောင်းသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ ဆေးကြောမှုကိုခံယူပြီးနောက် အသက်ဓာတ်တစ်စွန်းတစ်စက ရုတ်တရက် ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ထိုအသက်ဓာတ်တစ်စွန်းတစ်စသည် ပို၍သန်မာအားကောင်းလာပြီး အစိမ်းရောင်ကြာပန်း အလောင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
အစက ကြေမွနေသော သူ၏အရိုးများသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာ၏။
ရောင်စုံအလင်းသည် သူ၏အစိမ်းရောင်အရိုးများကိုလွှမ်းခြုံသွားပြီး သူ၏ ခြင်ဆီများက တဖြည်းဖြည်းစီးဆင်းလာ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏အသက်ဓာတ်ကို အမှန်တကယ်ပင် ပြန်လည်ရရှိလာခဲ့လေပြီ။
ဆူဇီမိုသည် တစ်စုံတစ်ရာကိုခံစားမိသွားပြီး ဖန်တီးခြင်းကြာခုံက လှုပ်ရှားသွား၏။ ၎င်းသည် စိတ်ဝိညာဥ်စံအိမ်ကိုစောင့်ကြပ်ဖို့အတွက် သူ၏နှာရောင်ထဲသို့ ပြန်လည်ဝင်ရောက်သွား၏။
ချက်ချင်းပင် သူနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုဖြစ်ပေါ်လာ၏။
ခန်းမထဲတွင်...
ဂမ္ဘီရစိမ့်စမ်းအတွင်းတွင် တစ်စုံတစ်ရာ လှုပ်ရှားသွားသည်ဟု ထင်လိုက်ရ၏။
ပေမင်ရွယ်က ရုတ်တရက်လှည့်ကြည့်လိုက်လေသည်။ ရေကန်ထက်တွင် အစိမ်းရောင်ကြာပန်းတစ်ခုက ကြီးထွားလာ၏။ ကြာရိုး၏ထိပ်ဖျားတွင် ပန်းဖူးတစ်ခုသည် ကြာပန်းပွင့်ချပ်အလွှာများနှင့်အတူ တဖြည်းဖြည်းပွင့်ဟလာ၏။ အတွင်းဆုံးအလွှာက အသေးငယ်ဆုံးဖြစ်ပြီး အပြင်ဆုံးအလွှာက အကြီးဆုံးဖြစ်လေသည်။
ပွင့်ချပ်တစ်လွှာချင်းစီတွင် ကြာပန်းပွင့်ချပ်ကိုးခုစီပါရှိလေသည်။ အဲ့ဒီမှာစုစုပေါင်း အလွှာခုနှစ်လွှာရှိလေသည်။
ကြာပန်းပွင့်ချပ် ၆၃ ခုသည် ဂမ္ဘီရစိမ့်စမ်း၏ ရွှေရောင်နှင်းစက်များဖြင့် တောက်ပနေပြီး အသက်ဓာတ်ဖြင့်ပြည့်ဝနေ၏။
ကြာခုံသည် အစိမ်းရောင်ဖြစ်ပြီး ထွင်းဖောက်မတက် ကြည်လင်နေ၏။ အစိမ်းရောင်အလင်း ၆၃ခုသည် လေထဲသို့လျှံတက်၍ ကခုန်ပြီးနောက် ကြာခုံထံသို့ ပြန်လည်ဝင်ရောက်သွား၏။
“အရမ်းလှတာပဲ”
ပေမင်ရွှယ်က အံ့အားတသင့်ရေရွတ်လိုက်၏။
သူမသည် အဲ့ဒါကို မြင်နေရလျှင်တောင် ဘာတွေဖြစ်ပျက်နေလဲ သူမက မသိရှိနိုင်ပေ။ သူမ၏ အတွေ့အကြုံအရ အစိမ်းရောင်ကြာပန်းက ဘာလဲဆိုတာတောင် သူမက မသိရှိပေ။
သို့သော်လည်း ရှေးတော်ဝင်မိသားစု ၃စု မှစွမ်းအားကြီးပုဂ္ဂိုလ်များ အဲ့ဒါကိုတွေ့မြင်မည်ဆိုလျှင် သူတို့သည် သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။
အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်နေသောကြောင့်ပင်။ ဒါ့အပြင် အဲ့ဒါက အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် သီဖန်း၏လက်ချက်ဖြင့် ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း အဲ့ဒါက အခြားသောပုံစံတစ်မျိုးဖြင့် ပြန်လည်မွေးဖွားလာခဲ့လေပြီ။
ဆူဇီမို၏ အရိုးများသည် ကြာရိုးများဖြစ်ပြီး သူ၏အရေပြားက ကြာရွက်များဖြစ်၏။ သူတို့သည် သူ၏အသိစိတ်ထဲရှိ ဖန်တီးခြင်းကြာခုံနှင့် တစ်သားတည်းကျနေအောင် ချိတ်ဆက်သွားကြ၏။ အဲ့ဒါက လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုဖြစ်လာ၏။
ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုအောက်တွင် အစက အဆင့်-၆ မှာရှိသော ဖန်တီးခြင်းကြာပဒုမ္မာသည် အန္တိမဓမ္မဝိသေသ ၃ခု နှင့်ပေါင်းစည်းပြီး နောက်ဆုံးမှာ အဆင့်-၇သို့ တက်လှမ်းလာခဲ့လေသည်။
ထို့ကြောင့်ပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပြန်လည်ရှင်သန်လာပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ အောင်မြင်စွာဝင်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်လေသည်။
အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ ကျင့်ကြံရေးလောကတွင် သိသည့်သူ များများစားစား မရှိပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အားနည်းချက်က လုံးဝပျောက်ကွယ်သွားသည်ကို ဆူဇီမိုက သိရှိလိုက်ရ၏။
ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသော မျိုးဆက်သွေးသည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော မျိုးဆက်သွေးဖြစ်လေသည်။
ဂမ္ဘီရစိမ့်စမ်း၏အောက်ခြေမှာ ဆူဇီမိုက ငြိမ်သက်စွာလှဲလျောင်းနေ၏။ သူ၏ အစိမ်းရောင်အရိုးများပေါ်တွင် အသားများကကြီးထွားလာပြီး တဖြည်းဖြည်းပြည့်နှက်လာ၏။
သူ၏ကိုယ်တွင်းအင်္ဂါများကလည်း တဖြည်းဖြည်းဆင့်ကဲ ပြောင်းလဲလာခဲ့၏။
သူ၏ခန္ဓာကိုယ်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲလာနေလေသည်။
ရေကန်ထက်တွင် ပေမင်ရွှယ်၏ အကြည့်အောက်မှာ ကြီးမားသော အစိမ်းရောင်ကြာရွက်များသည် ရေပြင်ပေါ်မှာ ထွက်ပေါ်လာပြီး သူတို့က ရေမျက်နှာပြင်နှင့်ထိစပ်နေ၏။
ကြာရွက်များ၏ အလယ်ကနေ အစိမ်းရောင်ကြာပန်းတစ်ခုက ဖူးပွင့်လာခဲ့၏။
. . . . .
ပေမင်မြို့အပြင်ဘက်တွင်...
ပုံရိပ်များသည် တစ်ခုပြီးတစ်ခုဆင်းသက်လာပြီး လေထဲမှာရပ်တန့်သွားကြ၏။ ထိုပုံရိပ်တစ်ခုချင်းစီသည် လောကတစ်ခုလုံးနှင့် ပေါင်းစည်းနေသည်ဟု ထင်ရပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေကြ၏။
ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်က ရောက်ရှိလာခဲ့လေပြီ။
ရှေးတော်ဝင်မိသားစု ၃စုသည် တောင်ပိုင်းဒေသကို အုပ်စိုးခဲ့ပြီး ဤကဲ့သို့ ကြီးကြီးမားမားလှုပ်ရှားမှု ပြုလုပ်မလာခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ယခုအခါ ဤနေရာသို့ ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုသခင်များကပါ ရောက်ရှိလာကြ၏။
“နန်းကုန်မိသားစုက တကယ်ပဲ တစ်ယောက်မှရောက်မလာဘူးကိုး”
ဒေါင်ဖန်မိသားစုသခင်က လှောင်ရယ်လိုက်၏။
ရှီမန်မိသားစုသခင်ကလည်း တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်၏။
“သူတို့က ဒီကိုရောက်မလာဘူးဆိုမှတော့ ကျုပ်တို့က နန်းကုန်မိသားစုကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း ခွဲဝေပေးနေစရာမလိုတော့ဘူးပေါ့”
“ဒါပေါ့”
ဒေါင်ဖန်မိသားစုသခင်က ခေါင်းညိတ်ပြလိုက်၏။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် တိုက်ခိုက်ဖို့အလောတကြီးရှိမနေကြပေ။ ထိုအစား သူတို့သည် ပေမင်မြို့အောက်ရှိ ကြီးမားသော လိုဏ်ဂူကိုငုံကြည့်နေကြ၏။ ရှီမန်မိသားစုသခင်သည် ခဏကြာအောင် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး ရုတ်တရက်ပြန်ဖွင့်လိုက်၏။
“ငါက... အနက်ပိုင်းထဲကို မမြင်နိုင်ပေမဲ့ အဲ့ဒီထဲမှာ ကြွယ်ဝတဲ့ အသက်ဓာတ်အားတစ်ခု တကယ်ပဲ ရှိနေတယ်”
“မိသားစုသခင်... တိုက်ခိုက်ကြရအောင်”
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က စိတ်အားထက်သန်နေပြီး မနေနိုင်ဘဲပြောလိုက်၏။
“ကျုပ်က အထဲကိုဝင်ပြီး အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ချင်နေပြီ”
“ဘာများလောနေတာလဲ”
ရှီမန်မိသားစုသခင်က ညင်သာစွာ ပြောလိုက်၏။
“ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းနဲ့ တာအိုအရှင်အထီးကျန်သိုင်းသခင်က ပေမင်မြို့အောက်မှာရှိနေတယ်ဆိုမှတော့ သူတို့က ထွက်ပြေးနိုင်စရာအကြောင်းမရှိတော့ဘူး”
“တာအိုအရှင် အထီးကျန်သိုင်းသခင်က တည်နေရာရွှေ့ပြောင်းအဆောင်ကြီးကိုသုံးပြီး ထွက်ပြေးမသွားရအောင် ဒီနေရာက လောဟာနယ်ကို အရင်ဆုံးပူးပေါင်းပြီး ချိပ်ပိတ်လိုက်ကြရအောင်”
“အဲ့ဒါကတော့ဟုတ်တယ်... ကျုပ်တို့က ဒီနေ့တိုက်ခိုက်တော့မယ်ဆိုမှတော့ ပြဿနာကို အမြစ်ပါမကျန် တစ်ခါတည်းရှင်းထုတ်ပစ်ရမယ်”
ဒေါင်ဖန်ရှေးတော်ဝင်မိသားစုသခင်ကလည်း သတ်ဖြတ်လိုစိတ်ရှိနေ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ပေမင်မြို့ပတ်လည်မှာ လူစုခွဲ၍ နေရာယူလိုက်ကြ၏။ သူတို့သည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ဓမ္မစွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ကာ လေဟာနယ်ထဲသို့ဝင်ရောက်စေ၍ ကန့်သတ်ချုပ်နှောင်မှုအလွှာများကို ခင်းကျင်းလိုက်ကြ၏။
သိပ်မကြာခင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်က လေဟာနယ်ကို ချိပ်ပိတ်ပြီးသွားခဲ့လေပြီ။
“လာကြ... အောက်ကိုဆင်းရအောင်”
“ကျေးဇူးပြုပြီး ဒီဘက်ကို”
မိသားစုသခင်နှစ်ယောက်သည် အလွန်တရာယုံကြည်မှုရှိနေပြီး တစ်ယောက်ကိုတစ်ယောက်လမ်းပေးကာ ဘေးချင်းယှဥ်၍ ကျောက်သားလှေခါးထစ်များအတိုင်း ဆင်းသွားကြ၏။
ကျန်ရှိနေသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း ထပ်ကြပ်မကွာလိုက်ပါသွားကြ၏။
မြေအောက်စင်္ကြံလမ်းသည် ရှုပ်ထွေးမှုမရှိဘဲ သိပ်မကြာခင် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များသည် ခန်းမတစ်ခုကို ရှေ့တည့်တည့်မှာ တွေ့မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ခန်းမ၏ဝင်ပေါက်ဝကို စောင့်ကြပ်နေသော ပေမင်ရွယ်ကလည်း စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်ကို တွေ့မြင်သွား၏။
ပေမင်ရွှယ်သည် ရင်တစ်ချက်ထိတ်သွားလေသည်။ သူမသည် ရောက်ရှိလာသောလူများကို မသိရှိဘဲ အမြင်အာရုံဖြင့် ထိုသူများ၏ ကျင့်ကြံမှုအဆင့်ကို မပြောနိုင်သော်လည်း သူတို့ထံမှ သိပ်သည်းပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို သူမက ခံစားမိလေသည်။
သူမသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်သားရုပ်သေးရုပ်တစ်ရုပ်နောက်သို့ အလျင်အမြန်ခုတ်ဆုတ်ကာ ပုန်းရှောင်လိုက်၏။
တစ်ချိန်တည်းမှာပင် ရှီမန်မိသားစုသခင်က ပြုံး၍ မျက်တောင်တစ်ချက်ခတ်လိုက်၏။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခုက သူ၏မျက်လုံးကနေ ဖျတ်ခနဲလက်သွား၏။
ချွမ်းး...
ရွှေရောင်အလင်းသည် သူ၏မျက်လုံးကနေ ပစ်လွင့်ထွက်ပေါ်သွားပြီး ချက်ချင်းပင် ရောက်ရှိလာကာ ကျောက်သားရုပ်သေးရုပ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ချက်တစ်ခုကိုဖြစ်ပေါ်သွားစေ၏။
စက္ခုနည်းစနစ်...
ပေမင်ရွှယ်သည် အလျင်အမြန်တုံ့ပြန့်၍ ကြိုတင်မရှောင်တိမ်းခဲ့ဘူးဆိုလျှင် ထိုစက္ခုနည်းစနစ်သည် သူမကို သတ်ဖြတ်ပစ်ဖို့အတွက် လုံလောက်လေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ရွှေအမြုတေတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် သူ၏လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားစရာမလိုအပ်ပေ။
“ဟမ်... သူက မသေဘူးလား”
ရှီမန်မိသားစုသခင်က မျက်မှောင်အနည်းငယ်ကြုတ်၍ သူ၏အမူအရာက သုန်မှုန်သွား၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ရွှေအမြုတေတစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်လိုက်သော်လည်း မအောင်မြင်သည်မှာ တကယ်ပင်ရှက်စရာကောင်းလေသည်။
“မိန်းကလေး... မင်းက တော်တော်တုံ့ပြန်မှုကောင်းတာပဲ”
ရှီမန်မိသားစုသခင်သည် မကောင်းဆိုးဝါးဆန်ဆန်လေသံဖြင့် ပြောလိုက်၏။
အချိန်တိုအတွင်းမှာပင် သူတို့သည် ရပ်နားခြင်းမရှိဘဲ ခန်းမရှေ့သို့ရောက်ရှိလာပြီဖြစ်ပြီး ပေအနည်းငယ်သာကွာဝေးတော့လေသည်။
“နင်တို့တွေအားလုံးပဲ ဝင်ပေါက်ကိုစောင့်ကြပ်ပြီးတော့ ဘယ်သူကိုမှ ပေးမဝင်နဲ့... ငါ့အမိန့်မရဘဲ ခန်းမထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်သူမဆို ညှာတာမှုမရှိဘဲ သတ်ဖြတ်ရမယ်”
ပေမင်ရွှယ်သည် ကျောက်သားရုပ်သေးရုပ်များကို အလျင်အမြန်အမိန့်ပေးလိုက်၏။
ဝှစ်..ဝှစ်...ဝှစ်
အစက တိတ်ဆိတ်ငြိမ်သက်နေသော ကျောက်သားရုပ်သေးရုပ်များသည် သူတို့၏မျက်လုံးများကိုဖွင့်ပြီး အပြည့်အဝနိုးထလာကြ၏။
ဘန်း... ဘုန်း.. ဘုန်း...
ကျောက်သားရုပ်သေးရုပ်များသည် တစ်ပြိုင်နက်တည်းလှုပ်ရှားပြီး သူတို့၏ ဧရာမလက်နက်များကိုကိုင်ဆွဲကာ ခန်းမ၏ဝင်ပေါက်ဝမှာ မတ်တတ်ရပ်လိုက်ကြ၏။
“မိသားစုသခင်...ဟိုမှာကြည့်ဦး”
ထိုစဥ်မှာပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ခန်းမထဲသို့လက်ညိုးထိုးပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြောဆိုလိုက်၏။
ရှေးတော်ဝင်မိသားစု နှစ်စုမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် လှမ်းကြည့်လိုက်ကြပြီး သူတို့၏အကြည့်များက ကျောက်သားရုပ်သေးရုပ်များကို ဖြတ်ကျော်ကာ ခန်းမ၏အနက်ပိုင်းထဲသို့ ရောက်ရှိသွား၏။
ရေကန်တစ်ခု၏ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့်က ဖူးပွင့်နေပြီး ညင်သာစွာ ယိမ်းနွဲ့နေ၏။ ကြာရိုးက ကျောက်စိမ်းကဲ့သို့ ကြည်လင်ဝင်းလဲ့နေပြီး ဧရာမကြာရွက်များသည် ရွှေရောင်ရေမျက်နှာပြင်နှင့် ထိစပ်နေ၏။ သူတို့သည် လှိုင်းဂယက်များနှင့်အတူ တဖျတ်ဖျတ်လှုပ်ခါနေ၏။
“ဒါက...”
လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။
“ဖန်တီးခြင်းကြာပဒုမ္မာလား”
“ဘုရားရေ... အဲ့ဒါက လောကဆိုင်ရာ အဆုံးစွန်ရတနာပဲ”
“ရေကြည့်ရအောင်... အာ... အဲ့ဒါက အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာပဲ”
ပေါင်စည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အသံက တုန်ယင်နေ၏။
ပေမင်ကလန်က ဒီလောက်တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်လာတာဆိုတော့... သူတို့က တော်တော်လျှို့ဝှက်တာပဲ”
ကျင့်ကြံသူများ၏ မျက်လုံးများက လောကရမ္မက်များဖြင့် ပြည့်နှက်လာကြ၏။
ဤကဲ့သို့ လောကဆိုင်ရာ အဆုံးစွန်ရတနာနစ်ခုကိုတွေ့မြင်ရချိန်မှာ မည်သူက လောဘမတက်ဘဲ နေပါမည်နည်း။