← Chapters

ကြေမွပျက်စီးသွားခြင်း

Vol. 92 Ch. 1380

ကြေမွပျက်စီးသွားခြင်း

Vol. 92 Ch. 1380

ရွှစ်...

ရေသံက ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းထဲကနေ လျှောက်လှမ်းထွက်လာ၏။ ထိုပုံရိပ်က ညင်သာစွာ လှုပ်ခါလိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ ရေစက်ရေပေါက်များကို ပျောက်ကွယ်သွားစေ၏။

သူက အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့် ကြော့ရှင်းသော သွင်ပြင်များရှိလေသည်။ သူ၏ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်ပြီး အစိမ်းရောင်အလင်းဖြင့် တောက်ပနေ၏။ သူ၏အရေပြားက ဂမ္ဘီရကျောက်စိမ်းတစ်တုံးကို ထုဆစ်ထားသည့်အလား ကြည်လင်တောက်ပနေပြီး သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားများသည် သူ၏ခန္ဓာကိုယ်ကနေ လျှံထွက်လုနီးပါးဖြစ်နေ၏။

သူ၏ မျက်လုံးများက နတ်ဘုရားဆန်ဆန်အလင်းဖြင့် တောက်ပနေ၏။

သူသည် လူသားကျင့်ကြံသူတစ်ယောက်နှင့်လုံးဝမတူပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် လျစ်လျူမရှုနိုင်သော နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ဖြစ်၏။ ဤနေရာမှာ ရပ်နေရုံမျှနှင့် သူသည် ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး လူတိုင်းကို ရိုကျိုးခယသွားစေနိုင်၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင်လျှင် ထိုပုံရိပ်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားရ၏။

စွမ်းအားကြီးပုဂ္ဂိုလ်များစွာ၏ အကြည့်များသည် ထိုသူနှင့်တွေ့ဆုံသောအခါ သူတို့သည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူတို့၏အကြည့်ကို အလိုလိုလွှဲလိုက်ကြ၏။

သူတို့၏ အမူအရာများကလည်း အနည်းငယ်ပြောင်းလဲသွားကြ၏။

ရှီမန်မိသားစုသခင်က သူ၏မျက်လုံးကိုမှေးကျဥ်းပြီး သူ၏ သူငယ်အိမ်က ဆတ်ခနဲလှုပ်သွား၏။

“တာအိုအရှင် အထီးကျန်သိုင်းသခင်”

“ငါက အထီးကျန်သိုင်းသခင်ပဲ”

ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။ ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ရှေးတော်ဝင်မိသားစုနှစ်စုမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ရုတ်တရက်ဂနာမ​ငြိမ်ဖြစ်လာ၏။

ထိုစကားလုံးများသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် တုန်လှုပ်စေနိုင်သည့် လှိုင်းဂယက်များကို ဖြာထွက်သွားစေပုံရ၏။

“ခင်ဗျားရဲ့ ဒဏ်ရာတွေက ပျောက်သွားပြီလား”

ရှီမန်မိသားစုသခင်၏ အကြည့်က ဆူဇီမိုပေါ်သို့ ရောက်ရှိသွားပြီး တိတ်တဆိတ်တုန်လှုပ်သွားကာ အတည်ပြုမေးမြန်းလိုက်၏။

“လုံးဝပါပဲ”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“နောက်ပြီး ငါမင်းကို အမှန်ပြင်ပေးလိုက်မယ်... ငါက တာအိုအရှင်အထီးကျန်သိုင်းသခင် မဟုတ်တော့ဘူး... ငါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ”

မိသားစုသခင်နှစ်ယောက်စလုံးက တုန်လှုပ်ချောက်ချားသွားကြ၏။

သို့သော်လည်း သူတို့နှစ်ယောက်သည် မြင့်မားသောအဆင့်အတန်းနှင့် သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြ၏။

ပေါင်းစည်းခန္ဓာအဆင့်မှာပင်လျှင် သူတို့သည် ထိပ်တန်းအဆင့် ပညာရှင်များဖြစ်ပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ဝင်ရောက်လာခါစဖြစ်သော ဆူဇီမိုနှင့် ရင်ဆိုင်ရာမှာ ဣန္ဒြေရနေသေး၏။

ဆူဇီမိုက စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် မေးမြန်းလိုက်၏။

“စောစောက ငါ့ကိုသတ်ချင်နေတယ်ဆိုတာ မင်းတို့တွေလား”

“ကျုပ်က ရှီမန်ရှေးတော်ဝင်မိသားစုရဲ့ မိသားစုသခင် ရှီမန်ထောင်ပဲ”

ရှီမန်ထောင်က အထီးကျန်သိုင်းသခင်ကို ခေါင်းညိတ်ပြလိုက်၏။

ကျုပ်က ဒေါင်ဖန်ရှေးတော်ဝင်မိသားစုရဲ့ မိသားစုသခင် ဒေါင်ဖန်ရွှမ်ပဲ”

ဒေါင်ဖန်ရွှမ်ကလည်း ညင်သာစွာပြုံးပြလိုက်၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်က နောက်နေတာပဲ ဖြစ်ရမယ်... ကျုပ်တို့က ဒီနေရာကို ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းအတွက် ရောက်လာတာပဲ... ခင်ဗျားက အဲ့ဒါကို ထုတ်ပေးလိုက်တာနဲ့ ကျုပ်တို့ရှေးတော်ဝင်မိသားစုနှစ်စုက သေချာပေါက်ခင်ဗျားနဲ့ ရန်ဘက်အဖြစ်ခံမှာမဟုတ်ဘူး”

ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်သွားပြီးဆိုတာကိုသိရှိပြီးနောက် ဒေါင်ဖန်ရွှမ်သည် သူ၏မူလအစီအစဥ်ကို နောက်ဆုံးအချိန်မှာပြောင်းလဲပြီး ခြေတစ်လှမ်းဆုတ်ပေးလိုက်၏။

“အဲ့ဒါအမှန်ပဲ”

ရှီမန်ထောင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက သူ၏မျက်ခုံးကိုပင့်ပြီး မေးမြန်းလိုက်၏။

“ငါက ငြင်းမယ်ဆိုရင်ရော”

မိသားစုသခင်နှစ်ယောက်၏အမူအရာများက သုန်မှုန်သွား၏။

ခန်းမထဲရှိအပူချိန်က ချက်ချင်းပင် ကျဆင်းလာလေသည်။

အတန်ကြာပြီးနောက် ရှီမန်ထောင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... ခင်ဗျားက တစ်ယောက်တည်းပဲ.. ခင်ဗျားက ဒီကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို ယူသွားနိုင်မှာမဟုတ်ဘူး”

“ငါက... ဒီဂမ္ဘီရစိမ့်စမ်းကိုယူသွားဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

“ဒါပေမယ့်လို့... ဒီဂမ္ဘီရစိမ့်စမ်းရဲ့ပိုင်ရှင်က ပေမင်ကလန်ပဲ.. မင်းတို့တွေမဟုတ်ဘူး”

ဆူဇီမိုကပြောလိုက်လေသည်။

“ပေမင်ကလန်က ကျဆင်းသွားပြီလေ”

ဒေါင်ဖန်ရွှမ်က လှောင်ရယ်လိုက်၏။

“ပေမင်ကလန်မှာ တစ်ယောက်ယောက်ကျန်ရှိနေသေးသရွေ့ မင်းတို့တွေက ဒီဂမ္ဘီရစိမ့်စမ်းကို ထိလို့မရဘူး”

ဆူဇီမို၏လေသံက တည်ငြိမ်နေသော်လည်း အဲ့ဒီမှာပြန်လှန်မေးခွန်းမထုတ်ဝံ့သော စွမ်းအားတစ်ခုကိုသယ်ဆောင်ထား၏။

“အထီးကျန်သိုင်းသခင်... ခင်ဗျားက ကျုပ်တို့ရှေးတော်ဝင်မိသားစု နှစ်စုကို စစ်ကြေညာနေတာလား”

ရှီမန်ထောင်က နောက်ဆုံးမှာစိတ်မရှည်နိုင်တော့ဘဲ သတ်ဖြတ်လိုသောအမူအရာနဲ့အတူ အေးစက်စွာပြောလိုက်၏။

“မင်းတို့ရှေးတော်ဝင်မိသားစုရဲ့ စွမ်းအားကိုအသုံးချပြီး ငါ့ကိုဖိနှိမ်ဖို့ ကြိုးစားချင်နေတာလား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“ငါက... ပေါင်းစည်းခန္ဓာအဆင့်ကို အခုမှတက်လှမ်းလာတာဆိုတော့... ဘယ်သူ့ကိုမှမသတ်ချင်သေးဘူး... မင်းတို့တွေ အခုနေထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး... နောက်ပြီး နောက်နောင်လည်း ဒီဂမ္ဘီရစိမ့်စမ်းကို လာထိဖို့မစဥ်းစားနဲ့”

“ဟားဟားဟားဟား”

ဒေါင်ဖန်ရွှမ်က ဒေါသထွက်ရမည့်အစား ရယ်မောပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“အထီးကျန်သိုင်းသခင်... ခင်ဗျားက တော်တော်မောက်မာတာပဲ ကျုပ်တို့ရှေးတော်ဝင်မိသားစု နှစ်စုက အားနည်းတယ်လို့ ခင်ဗျားက တကယ်ပဲ ထင်နေတာလား”

“ခင်ဗျားက ပြိုင်ဘက်ကင်းနေပြီလို့ ကျုပ်ကြားထားတယ်... အထီးကျန်သိုင်းသခင် ကျုပ်တို့ဒီနေ့အခုလို တွေ့ဆုံရတာက ကြုံတောင့်ကြုံခဲဆိုမှတော့ အဲ့ဒီစကားက မှန်မမှန်စမ်းကြည့်ရတာပေါ့”

ရှီမန်ထောင်ကလည်း အေးစက်စွာဖြင့် ပြောဆိုလိုက်၏။

“မင်းတို့သဘောပဲလေ”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်၏။ သူသည် ရှေ့သို့တက်လှမ်းပြီး မြေပြင်ကိုဆောင့်နင်းကာ ခန်းမတစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါသွားစေ၏။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ဆူဇီမိုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော် ဝန်းရံခံထားရချိန်မှာ ဆိုင်းမဆင့်ဗုံမဆင့် တိုက်ခိုက်လာရဲလိမ့်မည်ဟု ရှီမန်ထောင်က ထင်မှတ်မထားပေ။

ဆူဇီမိုက သူ၏လက်ဖဝါးကိုဖြန့်ပြီး ရှီမန်ထောင်၏ခေါင်းကို ဖမ်းဆွဲလိုက်၏။

သူ၏လက်သည်းများက အေးစက်စက်အစိမ်းရောင်အလင်းဖြင့် တောက်ပနေပြီး မနှိုင်းယှဥ်သာအောင် ထက်ရှလေသည်။ သူ၏လက်ဝါးဆင်းသက်မလာခင်မှာပင် ရှီမန်ထောင်က သူ၏ဦးရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းနာကျင်မှုတစ်ခုကို ခံစားလာရ၏။

“မင်းကတော့ သေချင်နေပြီပဲ”

ရှီမန်ထောင်က ကျယ်လောင်စွာမာန်သွင်းဟိန်းဟောက်၍ သူ၏သွေးချီကို တလိပ်လိပ်တက်လာစေ၏။ သူ၏လက်အိတ်က တောက်ပလာပြီး သူ၏သွေးချီကိုလှည့်ပတ်ကာ ဆူဇီမို၏လက်ဖဝါးကို ပစ်ထိုးလိုက်၏။

ဆူဇီမိုက လုံးဝလှုပ်ရှားခြင်းမရှိဘဲ သူ၏လက်ဖဝါးကို လက်သီးတစ်လုံးအဖြစ်ပြောင်းလဲပြီး ရှီမန်ထောင်၏လက်သီးကို ပြင်းထန်စွာပစ်ထိုးလိုက်၏။

ဘန်း...

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွား၏။

ကျယ်လောင်သောမြည်သံနှင့်အတူ ရောင်စုံနတ်ဘုရားအလင်းတစ်ခုသည် ထိတွေ့ရိုက်ခတ်မှုကနေ ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ဖြန့်ကြက်သွား၏။

ရှီမန်ထောင်၏အမူအရာကလည်း ရုပ်ချည်းပြောင်းလဲသွား၏။ သူသည် သူ၏လက်ပေါ်မှာ မူလစွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်တစ်ခုကို တပ်ဆင်ထားလေသည်။

အစကတော့ သူသည် ထိုထိုးချက်ဖြင့် ဆူဇီမို၏လက်ကို ချေမွဖျက်ဆီးပစ်နိုင်မည်ဟု တွေးထင်ထား၏။ သို့သော်လည်း ဆူဇီမိုသည် သူ၏မူလဓမ္မလက်နက်ကို အသွေးအသားကိုယ်ကာယသက်သက်ဖြင့် ခုခံနိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ရှီမန်ထောင်သည် တုန်လှုပ်သွားပြီး သူ၏မျက်နှာက နီမြန်းသွား၏။ သူ၏သွေးချီနှင့် ဓမ္မစွမ်းအားများကို သူတို့၏အကန့်အသတ်ထိ တွန်းတင်ထားခဲ့လေပြီ။

“မင်းမှာရှိတာ ဒါအကုန်ပဲလား”

ဆူဇီမိုက တည်ငြိမ်၍ ဣန္ဒြေရနေပြီး မှင်သေသေဖြင့်မေးလိုက်၏။

ရုတ်တရက်ဆိုသလို...

သူ၏လက်သီးကိုရုပ်သိမ်းပြီး တစ်ဖန်ပြန်လည်တိုက်ခိုက်လိုက်၏။

သူက ထိုထိုးချက်ကို ထုတ်ဖော်လိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီက ကျယ်လောင်သောဆူနာမီအသံနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။

ဆူနာမီသွေး...

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အသွင်ပြောင်းလဲပြီးနောက် သူ၏မျိုးဆက်သွေးသည် ဆူနာမီသွေးအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

လက်သီးနှစ်လုံးက တစ်ဖန်ထိတွေ့ရိုက်ခတ်သွား၏။

ဖြောက်... ဖြောက်... ဖြောက်...

ရှီမန်ထောင်၏လက်ကနေ အရိုးများကျိုးပဲ့သံက ထွက်ပေါ်လာ၏။

ချက်ချင်းနီးပါးပင် သူ့လက်ပေါ်ရှိအရိုးများသည် လုံးဝကြေမွသွားပြီးနောက် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

ဆူဇီမို၏ထိုးချက်စွမ်းအားသည် အရမ်းကိုသန်မာလွန်းပြီး ရှီမန်ထောင်၏လက်တစ်ဖက်ကို ကြေမွပျက်စီးသွားစေ၏။

“အား...”

ရှီမန်ထောင်က ထိတ်လန့်တကြားအော်ဟစ်၍ နောက်သို့ လျင်မြန်စွာဆုတ်လိုက်၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအနေဖြင့် လက်တစ်ဖက် ပြတ်တောက်သွားခြင်းသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းဟု မဆိုနိုင်ပေ။ တစ်ခဏအတွင်းမှာပင် သူတို့သည် ဓမ္မစွမ်းအားများကို အသက်သွင်းပြီး အဲ့ဒါကို ပြန်လည်ပေါက်စေနိုင်၏။

သို့သော်လည်း နာကျင်မှုက အရိုးထိတိုင် ခိုက်လေသည်။

တစ်ချန်တည်းမှာပင် ကျန်ရှိနေသော စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ သည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

ဆူဇီမိုသည် ပေမင်ရွှယ်ကိုနောက်သို့ပို့ပြီး ဝင်ရောက်လာသော ဓမ္မအတတ်များနှင့် ဓမ္မလက်နက်များကို ဆန့်ကျင်၍ အကြောက်အလန့်ကင်းမဲ့စွာ တန်ပြန်ထိုးနှက်ချက်များကို တရစပ်ထုတ်ဖော်လိုက်၏။

ဘန်း... ဘန်း.... ဘန်း...

ဓမ္မပညာရပ်များဖြစ်စေ လက်နက်များဖြစ်စေ အရာရာတိုင်းသည် ဆူဇီမို၏လက်သီးနှစ်ဖက်ဖြင့် ပိတ်ဆို့တားဆီးခြင်းခံလိုက်ရ၏။

လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။

အဲ့ဒါက အသွေးအသားခန္ဓာတစ်ခုဖြစ်လေသည်။

အထီးကျန်သိုင်းသခင်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာပြီးနောက် သူ၏ခန္ဓာကိုယ်ကို ဤကဲ့သို့သော အဆင့်တစ်ခုထိရောက်အောင် အမှန်တကယ်ကျင့်ကြံနိုင်ခဲ့လေသည်။

တကယ်တော့ လက်ရှိဆူဇီမိုသည် လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုဖြစ်၏။ ဒါ့အပြင် အဲ့ဒါက အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်ပြီး မူလစွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်တစ်ခုနင့်ယှဥ်နိုင်လေသည်။

ဘယ်ဓမ္မလက်နက်ကများ သူ့ကို ထိခိုက်စေနိုင်ပါ့မလဲ။

ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အဆီအနှစ်က ရူးသွပ်စွာဖြင့် တရုန်းရုန်းထကြွလာသည်ဟု ခံစားရ၏။ သူ၏ ကိုယ်တွင်းအင်္ဂါများက နတ်ဘုရားဆန်ဆန်အလင်းဖြင့်တောက်ပလာပြီး သူ၏အသားများက သန့်စင်၍ ဟာကွက်မဲ့ကာ သူ၏အရိုးများက အစိမ်းရောင်အလင်းဖြင့် တောက်ပလာ၏။

သူပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီသည် အံ့မခန်းစွမ်းအားတစ်ခုကို ထုတ်ဖော်ပေးနိုင်၏။

အဲ့ဒီမှာ ပေါင်းစည်းခန္ဓာအဆင့်၏ ကောင်းကင်နှင့်မြေကြီး စွမ်းပကားသာမက အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကလည်း ပါဝင်လေသည်။

ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ၏အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အသွင်ပြောင်းလဲထား၏။ သူသည် ကျေနပ်နှစ်ခြိုက်နေပြီး မည်သည့်ဓမ္မပညာရပ် သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ ထုတ်ဖော်ခြင်းမရှိပေ။

သူ၏လက်သီးတစ်စုံမျှနှင့် သူသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ကျော်၏ တိုင်ခိုက်မှုများကို ကာကွယ်တားဆီးနိုင်လေသည်။

All Chapters