← Chapters

ကျိန်စာကို ချိုးဖျက်

Vol. 42 Ch. 590

ကျိန်စာကို ချိုးဖျက်

Vol. 42 Ch. 590

ဘာသာပြန်- The Fate

" ဘုန်း....! "

ကံတရားစိတ်ဝိညာဥ်၏ထွက်ပေါ်လာခြင်းနဲ့အတူ ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးသည် ရုတ်တရက် အရောင်အသွေးပြောင်းလဲသွားခဲ့ရသည်။ကမ္ဘာလောကကြီးတစ်ခုလုံးကလည်း မှိန်ဖျော့သွားလေသည်။အနက်ရောင်တိမ်စိုင်တိမ်တိုက်များအတွင်း၌ လျှပ်စီးရောင်များ ဖြတ်သန်းလျက်ရှိပြီး ကောင်းကင်နဲ့ကမ္ဘာမြေပြင်ကို ဖျက်စီးတော့မည့်အလား ဖြစ်နေခဲ့၏။ ၎င်းမှာ အင်မတန်မှ ထိတ်လန့်ဖို့ကောင်းလေသည်။

ဝမ်ဖုန်းပတ်ပတ်လည်ရှိ လေဟာပြင်ဟာလည်း အက်ကွဲကြောင်းများဖြစ်ပေါ်လာခဲ့ကာ ကံတရားဝိညာဥ်ကို ဆက်လက်မတောင့်ခံနိုင်ခဲ့သည့်အလား ထင်မှတ်ရလေသည်။

" ဝုန်း....! "

ဝမ်ဖုန်း၏ထိန်းချုပ်မှုအောက်တွင် ကံတရားဝိညာဥ်၏ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက်တုန်ခါသွားခဲ့ကာ လျို့ဝှက်ဆန်းကြယ်သောသင်္ကေတများကို အဆုံးအစမဲ့စွာ ထုတ်လွှတ်လိုက်လေသည်။အဆိုပါသင်္ကေတများ၏ ပျံ့လွင့်မှုနဲ့အတူ ကမ္ဘာလောကကြီးက ပိုမို၍တောင် အရောင်အသွေးဖျော့တော့လာခဲ့ရသည်။

ပိုင်ဟုန်နဲ့ကျန်ရစ်သူများဟာ သူတို့၏ဦးခေါင်းများကို ငုံ့ချလိုက်ရပြီး အဆက်မပြတ်တုန်ယင်နေခဲ့ရသည်။ သူတို့က ခေါင်းမော့ကြည့်ရန်တောင် မဝံ့ရဲတော့ပါချေ။အဆုံးအစမဲ့သော ခမ်းနားကြီးကျယ်သည့် အရှိန်အဝါများက သူတို့ကို ဖိအားပေးနေခဲ့ကာ ခန္ဓာကိုယ်ကို တောင့်တင်းကာ လှုပ်ရှားမရဖြစ်စေခဲ့သည်။

ဤသည်က ပိုင်ဟုန်နဲ့ရွှမ်းယွမ်တို့၏နှလုံးသားများကို ထိတ်လန့်သွားစေခဲ့သည်။

ဝမ်ဖုန်းရဲ့သရုပ်မှန်က ဘာများလဲ။သူက ဘာလို့ဒီလောက်ထိတ်လန့်ပြီး လျို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားကို ထုတ်ဖော်နိုင်ရတာလဲ။

သိထားတဲ့အတိုင်း သူတို့ဟာ အသန်မာဆုံးသော နိယာမဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်များ ဖြစ်ကြသည်။သူတို့၏ကျင့်ကြံမှုက ချိတ်ပိတ်ခံထားရရင်တောင်မှ၊ သူတို့၌ လက်ရှိတွင် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကျင့်ကြံမှုသာ ရှိရင်တောင်မှ သူတို့၏စိတ်ဝိညာဥ်ကတော့ နိယာမဧကရာဇ်တစ်ပါး၏ စိတ်ဝိညာဥ်ဖြစ်တည်မှု ဖြစ်သည်။

နိယာမဧကရာဇ်အဆင့်ထက်ကျော်လွန်သော တည်ရှိမှုကတောင် သူတို့၏စိတ်ဝိညာဥ်ကို ဤမျှအခြေအနေအထိ ကြောက်လန့်အောင် ပြုလုပ်နိုင်မှာ မဟုတ်ပါ။သို့ပါသော်လည်း ဝမ်ဖုန်း၏စိတ်ဝိညာဥ်စွမ်းအားထွက်ပေါ်လာသည့်အခါ သူတို့၏စိတ်ဝိညာဥ်များသည် ထိတ်လန့်ဖို့ကောင်းသည့် တည်ရှိမှုကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရသည့်အလား အနည်းငယ်သောလှုပ်ရှားမှုကိုတောင် မပြုလုပ်ရဲတော့ပါချေ။

ဤအချိန်၌ ပိုင်ဟုန်နဲ့ရွှမ်းယွမ်တို့သည် ဝမ်ဖုန်း၏ပေါင်လုံးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရန် တွေးတောမိလိုက်ကြသည်။အရူးတစ်ယောက်ကပဲ ဒီလောက်အစွမ်းထက်တဲ့ပုဂ္ဂိုလ်ကို အတိုက်အခံပြုဝံ့လိမ့်မယ် !

အထူးသဖြင့် ရွှမ်းယွမ် ဖြစ်သည်။သူဟာ ယခင်က ရှန်ရှန်ကျုံဂိုဏ်းကို များစွာအရေးမထားခဲ့ချေ။သို့သော်လည်း ယခုအချိန်၌တော့ သူဟာ ရှန်ရှန်ကျုံဂိုဏ်းတွင် ဘာပဲဖြစ်ဖြစ် ဆက်လက်နေထိုင်ရန် တွေးတောမိလိုက်သည်။ဤသည်မှာ လျို့ဝှက်ဆန်းကြယ်သော ဝမ်ဖုန်းကြောင့် ဖြစ်သည်။ဝမ်ဖုန်းဟာ သူ၏စိတ်ပါဝင်စားမှုနှင့် ထိုက်တန်လေ၏။

မူလက ရွှမ်းယွမ်သည် ဇာမဏီဌက်ဥ၏ ဖိအားပေးမှုကြောင့် ရှန်ရှန်ကျုံဂိုဏ်းအတွင်း ဝင်ရောက်ခဲ့ရသော်လည်း သူ၏နှလုံးသားအတွင်း၌တော့ ရှန်ရှန်ကျုံဂိုဏ်းကို မိမိကိုယ်ပိုင်ဂိုဏ်းတစ်ခုအဖြစ် မှတ်ယူထားခဲ့ခြင်း မရှိပါ။သူဟာ ရှန်ရှန်ကျုံဂိုဏ်းကို အလည်အပတ်နေရာတစ်ခုအဖြစ်သာ သတ်မှတ်ထားလေသည်။

သို့ပါသော်လည်း ဝမ်ဖုန်းက ကံတရားစိတ်ဝိညာဥ်၏စွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ ရွှမ်းယွမ်က ရှန်ရှန်ကျုံဂိုဏ်းအတွင်း၌ နေထိုင်လိုသည့်စိတ်ဆန္ဒများ ပေါက်ဖွားလာခဲ့ရသည်။ရှန်ရှန်ကျုံဂိုဏ်းကိုဝင်ရောက်ခြင်းက သူ့ဘဝ၏ ကြီးမားသောအခွင့်အလမ်းကြီးတစ်ခုဖြစ်လိမ့်မည်ဟု သူခပ်ရေးရေးမျှ ခံစားနေခဲ့ရသည်။

" ဘုန်း....! "

ရွှမ်းယွမ်နဲ့အခြားသူများ၏ ထိတ်လန့်မှုများက ကံတရားဝိညာဥ်၏စွမ်းအားဖော်ထုတ်မှုကို မသက်ရောက်စေခဲ့ပါ။မြင့်မားသောကံတရားဝိညာဥ်ကြီးသည် ဝမ်ဖုန်း၏နောက်ကျောဖက်၌ ကြီးမားသောဘီလူးကြီးတစ်ကောင်အလား ကြောက်လန့်ဖွယ်စွမ်းအားများကို ထုတ်ဖော်လျက် ရှိချေသည်။

အဆုံးအစမရှိသော လျို့ဝှက်ဆန်းကြယ်သည့်သင်္ကေတများက ကံတရားဝိညာဥ်အတွင်းသို့ များစွာသောစွမ်းအားများ ထပ်ပေါင်းထည့်ပေးလိုက်သည်။မြင့်မြတ်သောရောင်စဥ်လှိုင်းများသည် ကံတရားဝိညာဥ်၏နောက်ကျောဖက်၌ အလွှာလိုက်၊အလွှာလိုက် ထွက်ပေါ်လာခဲ့ကာ ၎င်းကို ကြီးမြတ်သောလမ်းစဥ်တစ်ခု၏ ရှေးဟောင်းဧကရာဇ်တစ်ပါးအလား ထင်မှတ်ရစေခဲ့သည်။

ဝမ်ဖုန်းအသိစိတ်၏ထိန်းချုပ်မှုအောက်တွင် မြင့်မားသောကံတရားဝိညာဥ်က ရုတ်တရက် လှုပ်ရှားလိုက်လေသည်။သူ၏အဆမတန်ကြီးမားသော လက်မောင်းကြီးနှစ်ဖက်မှာ ရုတ်တရက် ဝှေ့ယမ်းသွားခဲ့ကာ ပတ်ပတ်လည်ရှိ လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် ကံတရားဝိညာဥ်၏လှုပ်ရှားမှုနဲ့အတူ စတင်စီးမျောလာခဲ့သည်။

သင်္ကေတများ၏လှည့်ပတ်မှုနှင့်အတူ ကြီးမားသော ကံတရားစွမ်းအားများကလဲ ကောင်းကင်ယံထက်၌ ပြည့်နှက်လာခဲ့သည်။ကံတရား၏ထွက်ပေါ်လာခြင်းနဲ့အတူ ကမ္ဘာလောကကြီးတစ်ခုလုံးက ဖိအားပေးရပ်တန့်ခံလိုက်ရလေသည်။

ပိုင်ဟုန်နဲ့ကြွင်းကျန်ရစ်သူများသည် သူတို့၏အတွေးအာရုံများက ရုတ်တရက် ရပ်တန့်သွားကြောင်း ခံစားလိုက်ရသည်။သူတို့၏ခန္ဓာကိုယ်အတွင်းရှိ ကံကြမ္မာမှာ ပြင်းပြင်းထန်ထန်ရိုက်ခတ်ခံလိုက်ရသလို သူတို့က ထူးဆန်းသောခံစားချက်တစ်မျိုးကို ရရှိလိုက်ရလေသည်။

" ဘုန်း....! "

ကြီးမားသောပေါက်ကွဲသံကြီးနဲ့အတူ လေဟာပြင်အထက်၌မျောလွင့်နေသော ကြီးကျယ်သည့်ကံတရားသည် ရုတ်တရက် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ကာ လျို့ဝှက်ဆန်းကြယ်သည့် ကံတရားသင်္ကေတများကလည်း ရှေးဟောင်းတောအုပ်ကြီးအတွင်းသို့ ပြန့်ကျဲသွားခဲ့သည်။၎င်းကံတရား၏အစိတ်အပိုင်းများသည် ရေခဲရုပ်ထုအဖြစ်ပြောင်းလဲခံလိုက်ရသော ကောင်းကင်မျိုးနွယ်စုများ၏ကိုယ်ပေါ်သို့ သက်ဆင်းသွားခဲ့လေသည်။

နောက်တခဏအကြာ၌ ကံတရား၏သင်္ကေတများသည် ရေခဲရုပ်ထုများအထဲသို့ စိမ့်ဝင်သွားခဲ့ကာ ကောင်းကင်မျိုးနွယ်စုများမှ အသွင်ပြောင်းဖြစ်တည်လာသော ရေခဲရုပ်ထုကြီးများသည် အဆက်မပြတ်ခါယမ်းလာခဲ့သည်။

................

ပိုင်ချုံး၊ သူဟာ မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သည့်အပြင်ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်လည်းဖြစ်သည်။ သူသည် ခြေတစ်ချက်ဆောင့်ရုံမျှဖြင့် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိသူ ဖြစ်၏။သို့သော်လည်း ဤအခိုက်အတန့်၌တော့ သူဟာ မျှော်မှန်း၍မရနိုင်သော နှိပ်စက်မှုတစ်ခုကို တွေ့ကြုံခံစားနေခဲ့ရသည်။

အဆုံးအစမဲ့သော ရေခဲနှင့်ဆီးနှင်းတို့၏ ကမ္ဘာလောကအတွင်း၌ ပိုင်ချုံး၏စိတ်ဝိညာဥ်သည် လက်ဝါးကပ်တိုင်တစ်ခုအတွင်း၌ ချည်နှောင်ခံထားရကာ မရေမတွက်နိုင်သော ရေခဲသလင်းကျောက်များက ဓားများအသွင်ဖြင့် ပိုင်ချုံး၏စိတ်ဝိညာဥ်ကို အဆက်မပြတ်ထွင်းဖောက်နေခဲ့၏။

" အား.....! "

ပိုင်ချုံး၏နှုတ်ဖျားမှ ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံကြီးထွက်ပေါ်လာခြင်းနဲ့အတူ ရေခဲနှင့်ဆီးနှင်းတို့၏ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။သို့ပါသော်လည်း ဘယ်သူကမှ တုန့်ပြန်မလာခဲ့ပါ။

အဆိုပါရေခဲဓားသွားများက ပိုင်ချုံး၏စိတ်ဝိညာဥ်ကို အရိုးခိုက်လောက်သောနာကြင်မှုကို ယူဆောင်လာပေးရုံသာမက သူ၏စိတ်ဝိညာဥ်ကို အေးခဲလုမတတ်ဖြစ်စေသော အရှိန်အဝါတစ်ခုကိုလည်း သယ်ဆောင်လာခဲ့သည်။ဤနှိပ်စက်ညှင်းပန်းမှုနှစ်ခုက ပိုင်ချုံး၏စိတ်ဝိညာဥ်ကို ပိုမို၍အရောင်ဖျော့သွားစေခဲ့ကာ သူ၏စိတ်အသိက ဝေဝါးလာခဲ့သည်။

" မင်းက ဘယ်သူလဲ "

" ငါတို့ကောင်းကင်မျိုးနွယ်စုအပေါ်မှာ ဒီလိုပြင်းထန်တဲ့ကျိန်စာမျိုးကို မင်းဘာလို့ အသုံးပြုရတာလဲ။ "

ပိုင်ချုံးက နာကြင်နေသည့်ကြားမှ ဟိန်းဟောက်လိုက်လေသည်။သူ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ပေါ်တွင် အဆုံးအစမဲ့သောဒေါသတို့ ရစ်သိုင်းလျက်ရှိလေသည်။

ဤနှိပ်စက်ညှင်းပန်းမှုနဲ့အတူ သူ၏စိတ်ဝိညာဥ်အနက်ပိုင်း၌ အဓိပ္ပါယ်ဖော်မရသော အတွေးတစ်ရပ်ကို ထွက်ပေါ်လာစေခဲ့သည်။လူပုဂ္ဂိုလ်တစ်ယောက်ဟာ သူ၏စိတ်ဝိညာဥ်အနက်ပိုင်း၌ ထွက်ပေါ်လာခဲ့သည်။ သူဟာ ထိုလူပုဂ္ဂိုလ်ကို ဆရာသခင်အဖြစ် လေးစားဂုဏ်ပြုလိုသည့်အတွေးများ ပေါက်ဖွားလာခဲ့ရသည်။

ဤသည်က ပိုင်ချုံးကို အင်မတန်မှ ထိတ်လန့်သွားစေခဲ့သည်။ဤဖြစ်စဥ်တွင်ရှိနေသော နောက်ကွယ်ကလူများက ဤမျှလောက်အထိရက်စက်လိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးမထားခဲ့ပါ။ထိုလူများက သူတို့၏စိတ်ဝိညာဥ်ကို အဆက်မပြတ်ညှင်းပန်းနှိပ်စက်ပြီး အစေခံများအဖြစ် ပြောင်းလဲချင်နေကြ၏။

ထိုလူ၏ရည်ရွယ်ချက်သာ အောင်မြင်သွားပါက မွန်မြတ်ဘုံလောကတစ်ခုလုံး၏ ကောင်းကင်မျိုးနွယ်စုကြီးသည် ထိုလူပုဂ္ဂိုလ်၏သစ္စာရှိသော အစေအပါးများ ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း သူဘယ်လောက် ရုန်းကန်ပါစေ ဤလက်ဝါးကပ်တိုင်မှ မလွတ်မြောက်နိုင်ခဲ့ပါ။ဤသည်က ပိုင်ချုံးကို စိတ်ပျက်အားလျော့သွားစေခဲ့သည်။သူဟာ မိမိကိုယ်ကိုသတ်သေရန် အခွင့်အရေးတောင်မရှိခဲ့ပါချေ။

" ဝုန်း....! "

ပိုင်ချုံး၏နှလုံးသားက အရှက်ရနေသည့်အချိန်တွင် ဆီးနှင်းနှင့်ရေခဲ့တို့ရဲ့ကမ္ဘာကြီးက ရုတ်တရက်တုန်လှုပ်သွားခဲ့ကာ ကောင်းကင်အထက်၌ ကြီးမားသောအပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းအပေါက်ကြီးထံမှတစ်ဆင့် အလင်းတန်းတစ်ခုသည် သူ့အပေါ်သို့ ဖြာဆင်းလာခဲ့လေသည်။

ဤကဲ့သို့ ရုတ်တရက်အပြောင်းအလဲက ပိုင်ချုံး၏အမူအရာကို အေးခဲသွားစေခဲ့သည်။သူဟာ အလင်းတန်းကို စူးစိုက်ကြည့်နေခဲ့၏။သို့သော်လည်း အလင်းတန်းကို ဖောက်ထွင်း၍ သူဟာ မမြင်နိုင်ခဲ့ပါ။

" တစ်ယောက်ယောက်... လာရောက်ကယ်တင်တာများလား။ "

ပိုင်ချုံး၏နှလုံးသားအတွင်း၌ မျှော်လင့်ချက်တစ်စုံတစ်ရာ ပေါက်ဖွားလာခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

ပိုင်ချုံးနှင့်ဆယ်မီတာခန့်အကွာတွင် အလင်းတန်းက ရုတ်တရက်ရပ်တန့်သွားခဲ့ကာ လျို့ဝှက်ဆန်းကြယ်သောသင်္ကေတများက ပိုင်ချုံး၏မျက်ဝန်းသူငယ်အိမ်များအတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားခဲ့သည်။ပိုင်ချုံး၏ဦးခေါင်းမှာ အဆက်မပြတ်လှုပ်ရှားလာခဲ့သည်။အဆိုပါသင်္ကေတများ၏ရှေ့မှောက်တွင် သူ၏စိတ်ဝိညာဥ်ကိုယ်ထည်က တုန်ခါနေခြင်းကို မရပ်တန့်နိုင်တော့ပါ။၎င်းမှာ သေမျိုးတစ်ပါးက နတ်ဘုရားတစ်ပါးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရသည့်အလား ဖြစ်နေခဲ့သည်။

ယင်းနောက်တွင် တလက်လက်တောက်ပနေသော သင်္ကေတများက ရုတ်တရက်ဆိုသလို လျို့ဝှက်ဆန်းကြယ်သည့်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

" နိုးထလော့...နိုးထလော့ ! "

တိုးညှင်းသောရေရွက်သံနဲ့အတူ လျို့ဝှက်ဆန်းကြယ်သောဓားက လက်ဝါးကပ်တိုင်ကြီးကို ခုတ်ပိုင်းချလိုက်သည်။ပိုင်ချုံးမလွတ်မြောက်နိုင်ခဲ့သည့် လက်ဝါးကပ်တိုင်ကြီးမှာအဆိုပါဓား၏ လွယ်လင့်တကူဖျက်စီးခြင်းကို ခံလိုက်ရသည်။လျို့ဝှက်ဆန်းကြယ်သောဓားသည် ပိုင်ချုံး၏စိတ်ဝိညာဥ်ကို လွယ်ကူစွာ သယ်မလျက် ရေခဲနှင့်ဆီးနှင်းတို့၏ကမ္ဘာကြီးအတွင်းမှ ထွက်ခွာလာခဲ့သည်။

အပိုင်း ၅၉၀ဗျ။လီဒါမှားရေးမိတာ

Show quoted text

All Chapters