← Chapters

တစ်ယောက်ဖြင့် အများတိုက်ခိုက်ခြင်း။ 

Vol. 42 Ch. 578

တစ်ယောက်ဖြင့် အများတိုက်ခိုက်ခြင်း။ 

Vol. 42 Ch. 578

Translator - Hsue Htet 

“ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ?”

ရွှမ်းယွမ်၏စကား‌ကိုကြားသောအခါ မင်ကုန်း၊ ရွှမ်းယောင်နှင့်အခြားသူများသည် မျက်လုံးအိမ်မှေးကျုံ့သွားကြကာ မယုံကြည်နိုင်ဖြစ်သွားကြလေသည်။

ရှန်ရှန်ကျုံဂိုဏ်းရဲ့မျိုးဆက်သစ်တွေက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်နေကြပြီလား?

စန်းရိဧကရာဇ်နှင့် စန်းရိမင်းဆက်စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများပင်လျှင် အံ့အားသင့်ကုန်ကြသည်။ ရွှမ်းယွမ်သည် ဂိုဏ်းအကြီးအကဲတစ်ဦးဟု သူတို့ထင်ထားခဲ့သည်။ သို့သော် ရွှမ်းယွမ်သည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦး ဖြစ်နေခဲ့သည်။

“ပုရွက်ဆိတ်တစ်ကောင်ရဲ့အမြင်က နဂါးတစ်ကောင်ရဲ့အမြင်နဲ့ နှိုင်းယှဉ်မရနိုင်တာ သဘာဝပါပဲ”

“မင်းတို့ကရော ဘယ်လိုယှဉ်ပြိုင်ချင်လဲ? မင်းတို့အတူတက်လာခဲ့လိုက်လေ.. ငါကိုယ်တော်တစ်ယောက်တည်းနဲ့ မင်းတို့အားလုံးကို သတ်ပေးနိုင်ပါတယ်”

ရွှမ်းယွမ်မှ မောက်မာထောင်လွှားစွာဖြင့် ပြောသည်။

ရွှမ်းယွမ်၏စကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ လောကတစ်ခွင်၌ မြည်ဟီးသွား၏။ သူ၏မောက်မာထောင်လွှားသော အမူအရာသည် နေရာရှိမျိုးဆက်သစ်များကို ပို၍ဩဇာလွှမ်းမိုးသွားခဲ့သည်။

လက်ရှိခေတ်၏ ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၌ ရွှမ်းယွမ်ကဲ့သို့ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကို ပုရွက်ဆိတ်များကဲ့သို့ဆက်ဆံနိုင်သည့် မျိုးဆက်သစ်မျိုး ရှိနိုင်ပါ၏လော။

ထူးကဲပါပေတယ်!

လူသူအပေါင်း၏ အံ့အားသင့်နေသည့်အကြည့်တို့ကြောင့် ရွှမ်းယွမ် စိတ်ကျေနပ်သွား၏။ နောက်ဆုံးတွင်တော့ စစ်မှန်သည့် ကြောက်ရွံ့ရိုသေခြင်းကို ခံစားခဲ့ရလေပြီ။ 

အတိတ်ကာလများ၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင်လည်း လူများစွာတို့၏ ကြောက်ရွံ့ရိုသေစွာဆက်ဆံခြင်းကို သူခံယူခဲ့ရပါ၏။ သို့သော် ထိုလူများသည် သူ၏နောက်ခံကြောင့် ‌ကြောက်ရွံ့‌ရိုသေမှုဖြင့် ဆက်ဆံခြင်းသာဖြစ်ပြီး သူ၏ကိုယ်ပိုင်အင်အား‌ကြောင့် မဟုတ်ခဲ့ပေ။

ယခုတွင်တော့ မိမိ၏ကိုယ်ပိုင်အင်အားဖြင့် နေရာရှိလူများအားလုံးကို စိတ်နှလုံးတွင်းမှ နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့ရိုသေစေနိုင်ခဲ့သည်။ ဤခံစားချက်သည် သူမှတ်မိနိုင်သည့်အရွယ်မှစတင်၍ တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးသောခံစားချက်ဖြစ်၏။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ဒုတိယမျိုးဆက်၏ ဆင်းရဲဒုက္ခများကို မကြုံတွေ့ဖူးပါက နားလည်နိုင်လိမ့်မည်မဟုတ်ပေ။

မွေးဖွားချိန်မှစတင်၍ အရာအားလုံးပိုင်ဆိုင်ထားခြင်းနှင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများကို ‌ကစားစရာအရုပ်များကဲ့သို့ သုံးစွဲနိုင်ခြင်းသည် အင်မတန်ဆိုးရွားလွန်းလှသည်။

“အဟွတ်…!”

“ဒါ.. ဒါက ချန်းခွမ်းအထွတ်အမြတ်ဘုံရဲ့ပြိုင်ပွဲပါဗျာ”

တုန်ယင်စွာဖြင့် မင်ကုန်းသည် ချောင်းတစ်ချက်ဟန့်၍ အံကြိတ်ပြောဆိုလာသည်။ 

ရွှမ်းယွမ်၏အင်အားသည် မင်ဟွမ်းနှင့်အခြားမျိုးဆက်သစ်များအားလုံး စုပေါင်းတိုက်ခိုက်လျှင်သော်မှ သူ၏လက်တစ်ဖက်ကို ဖိနှိပ်ရန်ပင် မလုံလောက်နိုင်ချေ။ ရွှမ်းယွမ်ကို စိန်ခေါ်ယှဉ်ပြိုင်ခြင်းသည် သေဖို့တောင်းဆိုခြင်းနှင့် မခြားနားတော့။

ဘယ်လိုပဲဖြစ်ဖြစ် အရှက်မဲ့နေပြီးမှတော့ အဆုံးထိ အရှက်မဲ့လိုက်ရုံပဲပေါ့။

မင်ကုန်း၏စကားကြောင့် လူများစွာ၏ အထင်မြင်သေးဟန်သော မျက်နှာအမူအရာများမှာ ပိုမိုထင်ရှားလာခဲ့သည်။ ရွှမ်းယောင်နှင့်အခြားသူများ၏ မျက်နှာအမူအရာသည်ပင် ကသိကအောက်ဖြစ်လာတော့သည်။

ဤနေရာသို့ မထွက်ခွာမီက သူတို့အင်အားစုကြီးများသည် ဤသို့အရှက်ရဖွယ်အခြေအနေသို့ သက်ဆင်းသွားရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။

အရှက်ရရုံမျှမက အသက်ကိုပင် ဆုံးရှုံးလုနီးနီးဖြစ်နေရ၏။

‌ကနဦး၌ ဘေးတွင်ရပ်နေသော ဝမ်ဖုန်းသည် မင်ကုန်း၏စကားကြောင့် မျက်မှောင်ကြုတ်သွား၏။ ဝမ်ဖုန်း၏အမြင်တွင်တော့ မင်ကုန်းတို့အုပ်စုသည် သေလူများဖြစ်နှင့်ပြီးလေပြီ။

ဝမ်ဖုန်း စကားမဆိုပေ။ လက်ကိုသာ အသာဝှေ့ယမ်းလိုက်သည်။ နောက်ဘက်ရှိ ကုညီအစ်ကိုသည် ချက်ချင်းနားလည်လိုက်၏။ ကိုယ်ကိုလှုပ်ရှား၍ လေဟာပြင်ထက်သို့ ပျံတက်သွာကာ မင်ကုန်းတို့ကို အုပ်မိုးကြည့်နေကြသည်။

“ကျုပ်တို့ညီအစ်ကိုနှစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တွေပဲ! မင်းတို့ယှဉ်ပြိုင်ချင်ရင် အကုန်တက်လာခဲ့ကြ!”

ကုညီအစ်ကိုနှစ်ဦး၏ကျင့်ကြံဆင့်ကို စနစ်မှ ဖုံးကွယ်ပေးထားသောကြောင့် မင်ကုန်းတို့သည် ကုညီအစ်ကို၏အရှိန်အဝါကို မသိရှိနိုင်ကြပေ။ သို့သော် ထိူညီအစ်ကိုနှစ်ဦးသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ မရောက်ရှိသေးသည်ကိုတော့ ခန့်မှန်းသိနိုင်ခဲ့သည်။

ထို့ကြောင့် မင်ကုန်းနှင့်အခြားသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းရှူထုတ်လိုက်ကြပြီး မင်ဟွမ်းတို့ကို တိုက်ခိုက်ရန် အချက်ပြလိုက်သည်။

မင်ဟွမ်းတို့နိုင်သွားမယ်ဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းသားတွေ မျက်နှာရစရာမရှိလောက်တော့ဘူး မဟုတ်လား။

မိမိတို့၏အသက်ကယ်တင်နိုင်ရေးအတွက် မင်ကုန်းတို့သည် ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်ကြပြီး အရှင်သခင်ကန်း၏ အမိန့်ဆန္ဒကိုလည်း လက်လျှော့လိုက်ကြလေပြီ။ ဤအခိုက်အတန့်၌ သူတို့သည် ဤကြောက်မက်ဖွယ်တိုက်ပွဲနေရာမှ အဝေးသို့စွန့်ခွာသွားလိုသည့်ဆန္ဒသာ ရှိပေတော့သည်။

ဘုန်း!

မင်ကုန်း၏အချက်ပြမှုကြောင့် မင်ဟွမ်းတို့သည် တစ်ယောက်ပြီးတစ်ယောက် စွမ်းအင်ဖြာထွက်တိုက်ခိုက်ကြသည်။

“ညီလေး ဒီအခွင့်အရေးကို ညီလေးကိုပေးလိုက်ပြီ။ ကောင်းကောင်းလုပ်ဆောင်နော်။ ဂိုဏ်းချုပ်ကို စိတ်မပျက်စေနဲ့”

မင်ဟွမ်းတို့မှ စတင်တိုက်ခိုက်ချိန်တွင် ကုကန်းချိုးမှ ကုချိုးကို ပခုံးကိုအသာအယာပုတ်လျက် ခပ်ဖျော့ဖျော့ပြောခဲ့သည်။ 

“အစ်ကို စိတ်မပူနဲ့။ ဒီလူတွေက ကျွန်တော် လက်တစ်ဖက်တည်းနဲ့တောင် သတ်ပစ်လို့ရတယ်”

ကုချိုးမှ ခေါင်းညိတ်၍ ယုံကြည်ချက်ရှိစွာပြောလိုက်သည်။ ယခု၌ သူ၏ကျင့်ကြံဆင့်သည် ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချန်ခွမ်းသူတော်စင်အဆင့်သို့ တက်လှမ်းရန် ခြေလှမ်းဝက်မျှသာ လိုတော့သည် မဟုတ်ပါလော။ 

ရှပ်!

ကုချိုး၏ခန္ဓာကိုယ်တောက်ပသွားပြီး မင်ဟွမ်းတို့ကို တိုက်ခိုက်သည်။ မင်ဟွမ်းတို့၏ အထက်မှတိုက်ခိုက်မှုကြောင့် ကုချိုးသည် မြေပြင်ထက်တွင် လှည့်ပတ်၍ လက်ဖဝါးတိုက်ကွက်ဖြင့် အောင်မြင်စွာတိုက်ခိုက်ခဲ့သည်။ အလွန်တရာပေါ့ပါးသည့် လှုပ်ရှားမှုကြောင့် လူအပေါင်းမှာ အံ့အားသင့်သွားရသည်။

ဒီရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုမိစ္ဆာဂိုဏ်းမျိုးလဲ?

ဂိုဏ်းတပည့်တွေကတောင် အရမ်းအင်အားကြီးမားနေလိုက်တာ ကြည့်ရတာ စိတ်အားငယ်လာရပြီ။

ယခင်က လီချင်းနှင့်အခြားသူများသည် ရှုံးနိမ့်ခဲ့သည့်တိုင် လီချင်းတို့မှ ပြသခဲ့သည့် ပါရမီစွမ်းရည်နှင့် တိုက်ခိုက်ချေမှုန်းစွမ်းရည်များသည် မည်သည့်မျိုးဆက်သစ်ပင်ဖြစ်စေ အားငယ်ရှက်ရွံ့မှုကို ခံစားရစေနိုင်၏။

ကုညီအစ်ကို၏ တိုက်ပွဲမြင်ကွင်းကြောင့် မင်ကုန်းတို့သည်လည်း မျက်မှောင်ကြုတ်သွားကာ မျက်နှာအမူအရာများသည်လည်း ရုတ်ချည်းမှုန်မှိုင်းသွားတော့သည်။ သူတို့သည် အလွန်တရာ တုံးအ,နေလျှင်သော်မှ မိမိတို့တွင်းနက်ကြီးထဲ ကျသွားခဲ့ပြီကိုမူ ခွဲခြားသိနိုင်ပါသေးသည်။ ကုချိုး၏ကျင့်ကြံဆင့်သည် မင်ဟွမ်းတို့ထက် သေချာပေါက် ပိုမိုမြင့်မားပေသည်။

အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလိုအေးဆေးလွန်းတဲ့အမူအရာမျိုး ရှိနေပါ့မလဲ?

မင်ဟွမ်းတို့၏အထုံပါရမီသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကအတွက်မူ အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ရနိုင်၏။ ကုချိုး၏အထုံပါရမီသည် အားမကောင်းဘဲ ကျင့်ကြံဆင့်သည်လည်း မမြင့်မားနေလျှင် ဤသို့အေးဆေးလွန်းသည့်အမူအရာမျိုး ထိန်းသိမ်းနေနိုင်မည်မဟုတ်ပေ။

ဘုန်း!

မင်ကုန်းတို့ အမျက်ဒေါသဖြင့် စိတ်ရှုပ်ထွေးနေချိန်၌ လေဟာပြင်ထက်တွင်ရပ်နေသည့် ရွှမ်းယွမ်မှ လက်ကိုဝှေ့ယမ်းလိုက်သည်။ ထို့နောက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများသည် စူးရှတောက်ပစွာဖြင့် မင်ကုန်းတို့ရှိရာသို့ ပျံသန်းသွားပြီး ဖိနှိပ်လေသည်။

“မင်းဘာလုပ်တာလဲ?”

ပြင်းထန်အားကောင်းလွန်းသည့် ဖိနှိပ်စွမ်းအင်ကြောင့် မင်ကုန်းနှင့်အခြားသူများ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။

“သူတို့က သူတို့ဘာသာ တိုက်ခိုက်ကြလိမ့်မယ်။ ကျုပ်တို့လည်း ကျုပ်တို့ဘာသာ တိုက်ခိုက်ကြတာပေါ့”

“ရှန်ရှန့်ကျုံဂိုဏ်းသားကို အနိုင်ကျင့်ထားပြီးတော့ ခင်ဗျားတို့က လူတစ်ယောက်သေသွားရုံနဲ့ ပြန်ပေးဆပ်တာ လုံလောက်ပြီလို့ထင်နေတာလား?”

“အကြီးအကဲလီ ပြောတာမှန်တယ်။ ဒီနေ့ ခင်ဗျားတို့တစ်ယောက်မှ အသက်ရှင်လျက်ထွက်မသွားနိုင်ဘူး”

ရွှမ်းယွမ် လှောင်ရယ်လိုက်သည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်းများသည်တော့ မင်ကုန်းတို့ကို ဖိနှိပ်နေဆဲဖြစ်၏။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများသည်လည်း အခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်ပါချေ။ အားကောင်းသည့်တိုက်ခိုက်မှုစွမ်းအင်များကို တစ်‌ဦးပြီးတစ်ဦး ထုတ်လွှတ်တိုက်ခိုက်ကြသည်။

ကြောက်ခမန်းလိလိသော စွမ်းအင်လှိုင်းဂယက်များသည် လေဟာပြင်တစ်ခုလုံးကို ဆုတ်ဖြဲသွားသည်မှာ ကောင်းကင်ကြီး ပြိုကျပျက်စီးတော့မည့်အလားပင်။

“မဟုတ်ဘူး!”

ထိုအခိုက်အတန့်၌ မင်ကုန်းတို့သည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏ ဆိုးရွားသည့်သေဆုံးမှုကို ခံစားမိလိုက်လေသည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အကူပစ္စည်း၁၁ခုသည် တစ်ပြိုင်နက်တည်း ဖိနှိပ်နေ၏။ ထိုဖိနှိပ်စွမ်းအင်ကြီးကို သူတို့၏အင်အားအလုံးစုံဖြင့် ဆန့်ကျင်ခုခံခဲ့လျှင်သော်မှ အဝေးသို့လွင့်ထွက်သွားကြရုံသာ ရှိပေမည်။ လွတ်မြောက်နိုင်စွမ်းမရှိလေရာ မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများမှ တိုက်ခိုက်လာသည်ကိုလည်း ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ 

ဘာကို အရှင်သခင်ကန်းလဲ! ဘာကို အထူးအမိန့်ညွှန်ကြားချက်လဲ!

မင်ကုန်းတို့သည် တစ်ဦးပြီးတစ်‌ဦး ကျိန်ဆဲလိုက်ကြ၏။ သေခြင်းတရား၏ခြိမ်းခြောက်မှုကြောင့် အရာအားလုံးကိုမေ့လျော့သွားကာ စိတ်နှလုံးမှာ အလွန်မခံမရပ်နိုင် ခံစားနေကြရသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် ဤမျှထိ အင်အားကြီးမားသည်ကို သိရှိခဲ့လျှင် သူတို့သည် မောက်မာထောင်လွှား၍ ရှန်ရှန့်ကျုံဂိုဏ်း၏ရန်သူဖြစ်စေရန် ပြုမူခဲ့ကြမည်မဟုတ်ပါချေ။ 

All Chapters