သန်မာ၍ တည့်တိုးဆန်ခြင်း
Vol. 42 Ch. 584
ဘာသာပြန်- The Fate
စစ်ထူရှင်း၏နှလုံးအိမ်ဟာ တုန်ခါသွားခဲ့ပြီး သူ၏မျက်နှာဟာ မယုံနိုင်မှုများနဲ့ ပြည့်နှက်သွားခဲ့သည်။မတွေ့ရတာ အချိန်နည်းနည်းလေးပဲ ရှိသေးတယ်။အကြီးဆုံးမင်းသားက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ဖြတ်သန်းနိုင်ခဲ့ပြီလား။ ပြီးတော့ မွန်မြတ်ဘုံလောကအတွင်းမှာ ပြိုင်ဖက်ကင်းဖြစ်နေပြီ။ ဟုတ်စ ?
သူဘယ်လိုမျိုးအခွင့်အလမ်းကြီးကို တွေ့ကြုံခဲ့ရတာလဲ။
" ပထမမင်းသားက ဒီလိုယုံကြည်မှုမျိုးရှိနေမှတော့ ဒီလူအိုကြီးကလည်း ပထမမင်းသားနဲ့အတူ တိုက်ပွဲဝင်လိုပါတယ်။ "
တခဏကြာအောင် တုန့်ဆိုင်းနေလိုက်ပြီးနောက် စစ်ထူရှင်းက ချက်ချင်းပြောဆိုလိုက်သည်။
စစ်ထူရှင်းဟာလည်း ပထမမင်းသားလန်လဲ့ကို အရူးတစ်ယောက်လို မထင်ရဲပါချေ။ ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားကို တွေ့ရှိပြီးနောက် အလုံးစုံသေချာခြင်းမရှိပါက ပထမမင်းသားလန်လဲ့က ဤမျှလောက်အထိ အဘယ်မှာ ယုံကြည်မှုရှိနိုင်မည်နည်း !
ဒါ့အပြင် သူ၏စစ်ထူမိသားစုဟာလည်း အကြီးဆုံးမင်းသားနဲ့ ခိုင်မာစွာ ဆက်နွယ်ပြီးပြီဖြစ်၏။လန်လင်းသာ မြင့်မြတ်သောစန်းရိမင်းဆက်၏ ဧကရီတစ်ပါးဖြစ်လာပါက သူ၏စစ်ထူမိသားစုတွင် တောက်ပသောအနာဂတ် ဘယ်တော့မှ ရှိမှာမဟုတ်တော့ပါ။
" ကောင်းပြီ...ဒီမင်းသားရဲ့အချက်ပြမှုကို စောင့်ဆိုင်းနေပါ။ "
လန်လဲ့က အေးစက်စွာခေါင်းညိတ်လိုက်ပြီး စိတ်ကျေနပ်စွာ ပြုံးရယ်လိုက်သည်။ထို့နောက် သူ၏ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။သူဟာ ကြီးမားသောအပြောင်းအလဲကို မစတင်မှီတွင် ဆက်သွယ်စရာလူပုဂ္ဂိုလ်များ ကျန်ရစ်နေသေးသည်။
ရှန်ရှန်ကျုံဂိုဏ်း၏ ထိတ်လန့်ဖွယ်ကောင်းသောခွန်အားကို တွေ့မြင်လိုက်ရပြီးနောက် လူအများစုဟာ သေလုမတတ် ကြောက်လန့်နေခဲ့ကြသည်။ထို့အတွက်ကြောင့် သူဟာ ထိုပုဂ္ဂိုလ်တို့ကို လုံလောက်သောယုံကြည်မှုများ ပေးအပ်ရမည်။ထိုအခါမှသာ သူတို့ကို ဆက်လက်၍ အသုံးချနိုင်မှာဖြစ်၏။
အကြီးဆုံးမင်းသားပျောက်ကွယ်သွားပြီးနောက် စစ်ထူရှင်းတစ်ယောက်တည်းကသာ ခန်းမကြီးအထဲ၌ တိတ်ဆိတ်စွာထိုင်လျက် ကျန်ရစ်ခဲ့သည်။သူ၏မျက်နှာထက်တွင်တော့ ခိုင်မာ၍ရက်စက်သောအပြုံးတစ်ခု ရှိနေခဲ့လေသည်။
..............
နန်းတော်ကြီးအတွင်းရှိ စားသောက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ဝမ်ဖုန်းနဲ့အခြားသူများသည် ဖုန်းဟွာနန်းတော်ကြီးအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။
တော်ဝင်စားသောက်ပွဲအတွင်း၌ ဝမ်ဖုန်းဟာ ဧကရာဇ်စန်းရိနှင့်စကားကောင်းပြောဆိုခဲ့ကာ နှစ်ဖက်စလုံးက အပြန်အလှန်ကူညီကာကွယ်ကြရန် ကတိကဝတ်လည်း ပြုခဲ့ကြသည်။
ဤအချိန်၌ ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားက အင်မတန်သန်မာနေခဲ့သော်လည်း ရှန်ရှန်ကျုံဂိုဏ်းအတွက် မဟာမိတ်တစ်ယောက်ရရှိခြင်းက ဆုံးရှုံးစရာမဟုတ်ပါချေ။ဒါ့အပြင် ဧကရာဇ်စန်းရိကလည်း ရှန်ရှန်ကျုံဂိုဏ်းအနေနဲ့ မြင့်မြတ်တဲ့စန်းရိအင်ပါယာအတွင်း၌ လူသစ်စုဝေးပွဲပြုလုပ်မည့်အကြောင်းအရာကို သဘောတူခဲ့ပေသည်။
ဒါတင်မကသေးပဲ တော်ဝင်စားသောက်ပွဲ၏ တစ်ဝက်တစ်ပျက်အရောက်၌ ကြွင်းကျန်ရစ်နေသော အင်ပါယာကြီးခြောက်ခုကလည်း မဖိတ်ခေါ်ဘဲ ရောက်လာခဲ့ကာ ဝမ်ဖုန်းကို တစ်ယောက်ပြီးတစ်ယောက် စတင်မိတ်ဆက်ခဲ့ကြကာ ရှန်ရှန်ကျုံဂိုဏ်းနဲ့ အဆက်အသွယ်ပြုလုပ်ရန် သူတို့ဖက်မှ စတင်ကမ်းလှမ်းခဲ့ကြသည်။
သို့ပါသော်လည်း ဝမ်ဖုန်းဟာ အဆိုပါမြင့်မြတ်သောအင်ပါယာများ၏ သဘောသဘာဝကို နားလည်ထားခြင်းမရှိတာကြောင့် လက်သင့်မခံဘဲ ငြင်းဆိုခဲ့ရာ အင်ပါယာကြီး(၆)ခုလုံးကို စိတ်ပျက်သွားစေခဲ့သည်။သို့ပါသော်လည်း သူတို့က ဘာကိုမှ မကျေမနပ် မပြောဆိုခဲ့ရဲပါချေ။
ဤအချိန်၌ မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးက ရှန်ရှန်ကျုံဂိုဏ်းကို လေးစားနေကြပြီဟု ပြောဆိုရင်တောင် လွန်အံ့မည်မထင်ပါချေ။ ရှန်ရှန်ကျုံဂိုဏ်းရဲ့ထိတ်လန့်ဖွယ်ကောင်းသောခွန်အားကို တွေ့မြင်ပြီးပြီဖြစ်ရာ ဘယ်သူကများ ရှန်ရှန်ကျုံဂိုဏ်းနဲ့ အတိုက်အခံပြုလုပ်ရဲမည်နည်း။
ဖုန်းဟွာနန်းတော်ကြီးအတွင်း၌ ဝမ်ဖုန်းနှင့်အခြားသူများသည် သက်ဆိုင်ရာထိုင်ခုံများအတွင်း ထိုင်လိုက်ကြကာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။
ထိုင်ခုံ၌ထိုင်လိုက်ပြီးနောက် ဝမ်ဖုန်းက ပိုင်ဟုန်ကို ဝေ့ဝဲကြည့်ရှူလိုက်ကာ သူ၏မျက်ဝန်းများက တောက်ပနေခဲ့သည်။စနစ်ကို အဆင့်(15)သို့မြှင့်တင်လိုပါက သူ့အနေဖြင့် ကောင်းကင်တာအိုမျိုးနွယ်စုခွဲတစ်ခု၏ အသိအမှတ်ပြုခြင်းကို ရရှိရမည်ဟူသော အကြောင်းတရားကို ဝမ်ဖုန်းတစ်ယောက် မမေ့သေးပါချေ။
ကောင်းကင်မျိုးနွယ်စုအတွင်းရှိ ပိုင်ဟုန်၏အဆင့်အတန်းဖြင့်ဆိုပါက သူသာသဘောတူလက်ခံသ၍ မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုတစ်စုလုံးကလည်း ဤအကြောင်းတရားကို ငြင်းပယ်နိုင်တော့မှာ မဟုတ်ပါ။ဟုတ်တယ်မလား.။
" တာအိုရောင်းရင်းပိုင်...ခင်များပိုင်ရွှယ်ကို တွေ့ချင်သလား။ "
ဝမ်ဖုန်းက ပိုင်ဟုန်ကို စူးစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
" မလိုပါဘူး...သူမ ပျော်ရွှင်နေရင် ပြီးတာပါပဲလေ။"
ပိုင်ဟုန်က ခေါင်းကိုခါရမ်းလိုက်ပြီး နက်ရှိုင်းအသံဖြင့် ပြောလိုက်သည်။
" တာအိုရောင်းရင်းပိုင် ..မစိုးရိမ်ပါနဲ့.....ကျုပ်ရဲ့ရှန်ရှန်ကျုံဂိုဏ်းက ဘယ်တပည့်ကိုမှ ဆိုးဆိုးရွားရွားမဆက်ဆံပါဘူး။ "
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ဟုန်က ခေါင်းညိတ်လိုက်သည်။ခန်းမကြီးတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
" လက်ရှိ မွန်မြတ်ဘုံလောကရဲ့ အခြေအနေကို တာအိုရောင်းရင်းပိုင်က ဘယ်လိုများ ရှူမြင်သလဲ မသိဘူး။ "
ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းဖျော့ဖျော့တောက်ပနေခဲ့ကာ ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်သည်။
" ဟက်....တာအိုရောင်းရင်းဝမ်က ဒီမေးခွန်းကိုမေးမြန်းတာ စနောက်နေတာပဲ မဟုတ်ဘူးလား။ "
" အခု မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးမှာ ဘယ်သူကများ ရှန်ရှန်ကျုံဂိုဏ်းရဲ့အစွမ်းကို မသိလို့လဲ။ ကမ္ဘာလောကအတွင်းကလူတွေက စတင်ပြောဆိုနေကြပြီ။ ရှန်ရှန်ကျုံဂိုဏ်းက မွန်မြတ်ဘုံလောကထဲမှာ အစွမ်းအထက်ဆုံးဂိုဏ်းလို့ပေါ့။ "
ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်က လှောင်ပြောင်လိုက်ပြီး အကြင်နာတရားမရှိစွာ ပြောဆိုလိုက်သည်။
" ဒါဆိုရင် တာအိုရောင်းရင်ပိုင် စဥ်းစားကြည့်ပါလား။ ကျုပ်တို့ရဲ့ ရှန်ရှန်ကျုံဂိုဏ်းက မွန်မြတ်ဘုံလောကအတွင်းက ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရာမှာ လူသားမျိုးနွယ်ကို ကူညီပေးမယ်ဆိုရင် မွန်မြတ်ဘုံလောကအတွင်းက ကောင်းကင်တာအိုမျိုးနွယ်စုတွေ ဘာများဖြစ်သွားမလဲ။ "
ပိုင်ဟုန်၏လှောင်ပြောင်သောစကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းကပြုံးရယ်လိုက်ပြီး အမှုမထားသည့်လေသံဖြင့် တိုက်ရိုက်မေးမြန်းလိုက်သည်။
ပိုင်ဟုန်၏မျက်နှာဟာ မဲမှောင်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က ဖြောင့်တန်းသွားခဲ့ကာ ဝမ်ဖုန်းကို မျက်ဝန်းများမှေးကျဥ်းလျက် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။သူက နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်၏။
" တာအိုရောင်းရင်ဝမ် ဘာကိုများ ဆိုလိုတာပါလဲ။ "
" ကောင်းကင်တာအိုမျိုးနွယ်စုတွေက မွန်မြတ်ဘုံလောကထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး မွန်မြတ်ဘုံလောကြီးရဲ့ နယ်မြေထက်ဝက်နီးပါးခန့်ကို သိမ်းပိုက်ထားတယ်။ပြီးတော့ မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးမှာ စစ်ပွဲတွေကို ဖြစ်ပေါ်စေခဲ့တယ်။ကျုပ်တို့ရဲ့ရှန်ရှန်ကျုံဂိုဏ်းက လူသားဂိုဏ်းတစ်ခုအနေနဲ့ လူသားမျိုးနွယ်ဖက်ကရပ်တည်ပြီး ကောင်းကင်တာအိုမျိုးနွယ်စုတွေကို ရင်ဆိုင်တိုက်ခိုက်တာက သာမန်ပဲမဟုတ်ဘူးလား။ "
ဝမ်ဖုန်း၏အမူအရာက အနည်းငယ်တောင် ပြောင်းလဲမသွားခဲ့ဘဲ ပိုင်ဟုန်ကို စူးစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်က ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။လက်ရှိရှန်ရှန်ကျုံဂိုဏ်းပိုင်ဆိုင်ထားသော ခွန်အားအရဆိုပါက ကောင်းကင်တာအိုမျိုးနွယ်စုများနဲ့ရင်ဆိုင်ရန် အင်ပါယာကြီးခုနှစ်ခုကို အမှန်တကယ်ကူညီခဲ့ပါက မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်တာအိုမျိုးနွယ်စုများဟာ သူတို့ကို ရပ်တန့်နိုင်တော့မှာ မဟုတ်ပါ။သူကိုယ်တိုင်ကတောင်မှပေါ့....
သူဟာ အစွမ်းထက်သော်လည်း ရှန်ရှန်ကျုံဂိုဏ်းအတွင်း၌ သူ့ကဲ့သို့ တည်ရှိမှုကြီးတစ်ခုလည်း ရှိနေသေးသည်။အထူးသဖြင့် ရှန်ရှန်ကျုံဂိုဏ်းပိုင်ဆိုင်ထားသော ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်ရတနာကို သူကိုယ်၌ကတောင် ကြောက်လန့်နေရ၏။
ဒါပေမဲ့ လူသားမျိုးနွယ်ကို အကူအညီမပေးဖို့ ဝမ်ဖုန်းကို ပြောဆိုဖို့အတွက် သူ့မှာ ဘယ်လိုအရည်အချင်းများ ပိုင်ဆိုင်ထားလို့တုန်း။
ပြောရရင် သူက ကောင်းကင်တာအိုမျိုးနွယ်စုဝင် တစ်ယောက်ပဲလေ။ကောင်းကင်တာအိုမျိုးနွယ်စုက ယခုအချိန်မှာ လွန်ကဲတဲ့အပြုအမူတွေကို ပြုလုပ်နေခဲ့တာ မဟုတ်ပေဘူးလား။
" မရဏမျိုးနွယ်စုတွေကိုတော့ ငါလုံးဝ ဂရုမစိုက်ဘူး။ဒါပေမဲ့ မင်းတို့ကောင်းကင်မျိုးနွယ်နဲ့ အခြားမျိုးနွယ်စုတွေကိုတော့ ထိခိုက်လို့မရဘူး။ "
တခဏကြာအောင်တွေးတောလိုက်ပြီးနောက် ပိုင်ဟုန်က ခေါင်းမော့လျက် ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ကာ ခိုင်မာသောလေသံဖြင့် ပြောဆိုလိုက်သည်။
" ကျုပ်က စတင်လှုပ်ရှားချင်တယ်ဆိုရင်ရော "
ပိုင်ဟုန်၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည်။လက်ရှိ ပိုင်ဟုန်နဲ့သူ၏ဆက်ဆံရေးက မဆိုးရွားသော်လည်း၊ ပိုင်ဟုန်က လီချင်းတို့ကိုကူညီပေးခဲ့သော်လည်း သူ၏ရှန်ရှန်ကျုံဂိုဏ်းဟာ အခြားသူများ၏အကြပ်ကိုင်မှုကို ဘယ်တော့မှ သည်းခံမှာမဟုတ်ပါ။ဘယ်သူကမှ ရှန်ရှန်ကျုံဂိုဏ်းကို မခြိမ်းခြောက်နိုင်ဘူး။
" ပြောပါ...မင်းဖြစ်စေချင်နေတဲ့ အခြေအနေတွေကို ပြောပါ။ "
ပိုင်ဟုန်၏မျက်ဝန်းတွေဟာ လှုပ်ရှားသွားခဲ့သည်။သူဟာ ဝမ်ဖုန်း၏အေးစက်သောအကြည့်များ၏ ချေမှုန်းခြင်းကို ခံလိုက်ရကာ ရုတ်တရက်ပြောဆိုလိုက်သည်။ "
ရိုးရိုးသားသားပြောဆိုရပါလျှင် ရွေးချယ်စရာမရှိပါက သူဟာ ရှန်ရှန်ကျုံဂိုဏ်း၏ရန်သူ မဖြစ်လိုပါ။ဤသည်မှာ ဝမ်ဖုန်းက ကောင်းကင်မျိုးနွယ်စု၏ ကြီးမြတ်သောအရှင်တစ်ပါး၏အရှိန်အဝါရှိနေခဲ့၍ဖြစ်သလို ရှန်ရှန်ကျုံဂိုဏ်း၏ တုဖက်မပြိုင်နိုင်သော ခွန်အားကြောင့်လည်းဖြစ်၏။
ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်းက မျိုးနွယ်စုကြီးမှ သန်မာသောကျင့်ကြံသူများကို ဆက်လက်၍မစေလွှတ်သ၍ လက်ရှိမွန်မြတ်ဘုံလောကအတွင်း၌ရှိနေသော ကောင်းကင်တာအိုမျိုးနွယ်စုများဟာ ရှန်ရှန်ကျုံဂိုဏ်းနှင့် အင်ပါယာကြီးခုနှစ်ခု၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါ။
" မင်းကောင်းကင်မျိုးနွယ်စုကိုဦးဆောင်ပြီး ကောင်းကင်မျိုးနွယ်စုတစ်စုလုံးကို ငါတို့ရဲ့ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်ခိုင်းပါ။"
ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုရှိနေခဲ့ကာ ဖုံးကွယ်မထားဘဲ ချက်ချင်းပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှနဲ့ ရွှမ်းယွမ်တို့ကတောင် ပိုင်ဟုန်ကို ရုတ်တရက်စိုက်ကြည့်လိုက်မိသည်။လက်ရှိဖုန်းဟွာနန်းတော်ကြီးအတွင်းရှိလေထုဟာ လေးလံလျက်ရှိချေတော့သည်။
ပိုင်ဟုန်၏မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး သူဟာ တိတ်ဆိတ်သွားခဲ့သည်။
" ကောင်းပြီ...ဒါပေမဲ့ အခြေအနေတစ်ရပ်တော့ရှိတယ်။ "
အချိန်အတော်ကလေးကြာအောင် တိတ်ဆိတ်သွားပြီးသည့်နောက် ပိုင်ဟုန်ကခေါင်းမော့လျက် ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ကာ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
" အို...ဘယ်လိုအခြေအနေမျိုးလဲ။ "
အံ့သြသင့်နေသောအကြည့်တစ်ခုသည် ဝမ်ဖုန်း၏မျက်နှာ၌ဖြစ်ပေါ်လာခဲ့ကာ မေးမြန်းလိုက်သည်။
သူ၏စကားများကိုကြားလိုက်ရပြီးနောက် ပိုင်ဟုန်တစ်ယောက်အကြီးအကျယ်ဒေါသထွက်သွားလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့ပါသော်လည်း ပိုင်ဟုန်က ရိုးရှင်းစွာ လက်ခံလိုက်လိမ့်ဟုတော့ သူတွေးထင်မထားခဲ့ပါ။ ရိုးရှင်းလွန်းတာကြောင့် ပိုင်ဟုန်တွင် ဖုံးကွယ်ထားသောအကြံအစည်များ ရှိနေလိမ့်ဦးမည်ဟုတောင် ဝမ်ဖုန်းတစ်ယောက် တွေးထင်လိုက်မိသည်။
မဟာနတ်ဆိုးရွှမ်ရှနဲ့အခြားသူများကတောင် အံ့သြသွားကြပြီး ပိုင်ဟုန်ကို စူးစိုက်ကြည့်လိုက်မိသည်။ပိုင်ဟုန်က အကြံအစည်ပြုလုပ်နေသည့်အမူအရာမျိုး ထုတ်ဖော်ပြသခဲ့ပါက သူတို့က ချက်ချင်းကို စတင်လှုပ်ရှားမှာဖြစ်၏။