နွေဦးအင်မော်တယ်ကိုးပါး
Vol. 79 Ch. 1214
သိမ်မွေ့နူးညံ့သော အသံသည် ပဲ့တင်ထပ်သွားပြီး ရှေးဟောင်းဘုရားကျောင်းထဲမှာ ရစ်ဝဲသွားသည်။ စကားပြောသူက သူ့အရှေ့မှာ ရှိနေသော်လည်း သူတို့ကြားမှာ ခေတ်ကာလပေါင်းများစွာ ခြားနားနေသည်ဟု ရွှီချင်း ခံစားမိသည်။
ဤသည်မှာ တစ်စုံတစ်ယောက်က ဘုရားကျောင်းအပြင်ဘက်မှာ စီးဆင်းနေသော အချိန်စီးကြောင်းကို ဆွဲထုတ်လိုက်ပြီး ထိုအသံထဲသို့ ပေါင်းစပ်လိုက်သည့်အလားပင်။
နတ်ဘုရားလက်ချောင်းသည် အိပ်မပျော်နိုင်တော့ပေ။ ထို့ကြောင့် ၎င်းက ပိုပြီးတုန်ယင်လာသည်။
ရွှီချင်း၏ နှလုံးသည်လည်း ပရမ်းပတာ တုန်လှုပ်သွားသည်။ သူ့အရှေ့မှ နွေဦးအင်မော်တယ်နန်းတော်သခင်၏ ကျင့်ကြံခြင်းအဆင့်ကို သူက ထွင်းဖောက်မမြင်နိုင်ပေ။ အမှန်မှာ တစ်ဖက်လူ၏ တည်ရှိမှုကိုပင် သူက အာရုံမခံနိုင်ပေ။
ထိုအမျိုးသမီး၏ တည်ရှိမှုသည် ပုံရိပ်ယောင်ဖြစ်သည်။
ရွှီချင်းသည် အရွယ်ရောက်လာသည်နှင့်အမျှ ထိုသို့အဖြစ်အပျက်မျိုးကို တွေ့ကြုံရခြင်းသည် အတော်ရှားပါးသွားသည်။
သူ၏ အတွေ့အကြုံအရ သူက အုပ်ချုပ်သူတစ်ပါးမှစ၍ ထူးခြားဆန်းကြယ်သော သက်ရှိအများအပြားကို မြင်ဖူးသည်။
သူက နတ်ဘုရားအများအပြားကိုပင် မြင်ဖူးသည်။
ထို့ကြောင့် အရှိန်အဝါကို အကဲဖြတ်ခြင်းနှင့်ပတ်သက်လျှင် ရွှီချင်းမှာ ကိုယ်ပိုင်အယူအဆများ ရှိသည်။ သို့သော်လည်း ယခု သူသည် နွေဦးအင်မော်တယ်နန်းတော်သခင်ထံမှ မည်သည့်အရာကိုမှ မစူးစမ်းနိုင်ပေ။ ထို့ပြင် တစ်ဖက်လူထံမှ ရင်းနှီးသော မည်သည့်ခံစားမှုကိုမှ သူရှာမတွေ့ပေ။
သူက ရှေးခေတ်နှင့် ပစ္စုပ္ပန်ကြားမှာ တည်ရှိနေပြီး အစစ်အမှန်နှင့် အတုအယောင်၏ ပေါင်းစပ်မှုကြားမှာ တည်ရှိနေခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ ထိုခံစားမှုသည် ပိုပြီးပြင်းထန်လာသည်။
ထိုခံစားမှုအားလုံးသည် လျှို့ဝှက်ဆန်းကြယ်မှုသို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ အသိစိတ်ထဲသို့ တိုးဝင်လာသည်။
တစ်ဖက်လူ၏ စကားသည်တော့ လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုနှင့်အတူ နက်နဲသိမ်မွေ့လာသည်။ ဤသည်မှာ ထိုအသံက သက်ရှိအားလုံးထံမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည့်အလားပင်။
“ နွေဦးအင်မော်တယ်… ”
ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ လှိုင်းလုံးများကို ဖိနှိပ်လိုက်ပြီး တစ်ခဏကြာ တွေးတောလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မိစ္ဆာနှင်တုတ်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းက သိုလှောင်အိတ်ထဲမှ ချက်ချင်း ပျံသန်းထွက်လာပြီး ရွှီချင်း၏ လက်ထဲသို့ ဆင်းသက်သွားသည်။
“ စီနီယာက ဒီပစ္စည်းကို ပြောတာပါလား ”
ရွှီချင်းသည် နွေဦးအင်မော်တယ်နန်းတော်သခင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ဘုရားကျောင်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ရွှီချင်း၏ စကားသံသည်သာ အချိန်အတန်ကြာ ရစ်ဝဲနေသည်။
ထိုသို့တိတ်ဆိတ်နေစဉ် ရွှီချင်း၏ လက်ထဲမှ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အပြင်းအထန် တုန်ယင်နေသည်။ သူက ကြောက်ရွံ့စိတ်ကို မထိန်းချုပ်နိုင်ပေ။ ဤသည်မှာ သူက နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသည့်အလားပင်။
ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးသည်လည်း အနည်းငယ် လှုပ်ယမ်းသွားသည်။ ၎င်းက စိတ်ခံစားချက်များကို ချုပ်ထိန်းလိုက်ပြီး မဆင်မခြင် မလုပ်ဆောင်ဝံ့ချေ။
ထိုအချက်များက နွေဦးအင်မော်တယ်နန်းတော်သခင်၏ ကျင့်ကြံခြင်းအဆင့်ပေါ် ရွှီချင်း၏ အကဲဖြတ်မှုကို ပိုပြီးသေချာစေသည်။
အချိန်အတော်ကြာပြီးနောက် သိမ်မွေ့နူးညံ့သော အသံက ထပ်မံထွက်ပေါ်လာသည်။
“ ဟုတ်တယ် ဒါပေမဲ့ မဟုတ်ဘူး ”
ဝတ်ရုံဖြူအမျိုးသမီးသည် ရွှီချင်းကို ကျောပေးထားလျက် ဆက်လက် တရားထိုင်နေသည်။ သူ၏ အသံသည် အချိန်တိုအတွင်း မပျောက်ကွယ်သွားဘဲ လေထဲမှာ ရစ်ဝဲနေသည်။
“ နွေဦးအင်မော်တယ်ဆိုတာ ဘာလဲ မင်းသိလား ”
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ချက်ချင်း ပြန်မဖြေပေ။ သူက နွေဦးအင်မော်တယ်နှင့်ပတ်သက်သော သူသိထားသမျှ အရာအားလုံးကို သေချာပြန်စဉ်းစားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက တိုးညင်းစွာ ပြောသည်။
“ နွေဦးအင်မော်တယ်ဆိုတာ နယ်ပယ်တစ်ခုပါ ”
ဝတ်ရုံဖြူအမျိုးသမီးသည် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
“ မှန်တယ်… ဒါပေမဲ့ မမှန်ဘူး… မင်းဘာသာပဲ ကြည့်ချေ ”
သူ၏ အသံက လေထဲမှာ ရစ်ဝဲသွားစဉ် ဝတ်ရုံဖြူအမျိုးသမီးသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ယဇ်ပလ္လင်ပေါ်ရှိ ဖယောင်းတိုင်များ၏ အနောက်မှ ရှေးဟောင်းပန်းချီကားကိုးချပ်အနက် ပထမပန်းချီကားကို ညွှန်ပြလိုက်သည်။
ချက်ချင်းဆိုသလို ပန်းချီကားပေါ်မှ ဝေဝါးသော ခံစားမှုသည် ပျောက်ကွယ်သွားပြီး ပန်းချီကားထဲမှ ပုံရိပ်သည် တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။
ထိုလူသည် အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သည်။ သူ၏ ဦးခေါင်းတစ်ခုလုံးတွင် ဆံပင်ဖြူဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးများ ရှိသည်။ သူ၏ အမူအကျင့်သည် ကြမ်းတမ်းခက်ထန်မည့်ပုံပေါ်ပြီး သူ၏ လက်ထဲတွင် ရွှေကြိမ်လုံးတစ်လုံးကို ကိုင်ဆောင်ထားသည်။ ထိုရွှေကြိမ်လုံးကို အရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုအရိုးသည် သာမန်အရိုးမဟုတ်ပေ။ ယင်းက နတ်ဘုရားတစ်ပါး၏ အရိုးဖြစ်သည်။
ယင်းက ပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ၎င်း၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။ ထိုအရိုး၏ အရှိန်အဝါသည် နီလာနတ်သမီးထက် သာလွန်ကြောင်း ရွှီချင်း ခံစားမိသည်။
ယင်းက ပန်းချီကားတစ်ချပ်မျှသာ ဖြစ်သော်လည်း ထိုအဖိုးအိုသည် အရှေ့သို့ လမ်းလျှောက်လာနေဟန် အောက်မေ့ရသည်။ ဤသည်မှာ သူက တိမ်တိုက်များပေါ်တွင် ခြေချလိုက်သည့်အလား သူ၏ တစ်ကိုယ်လုံးတွင် အဆုံးမဲ့သော လွှမ်းမိုးဖိနှိပ်မှုဖြင့် ပြည့်နှက်နေသည်။
သူ၏ အဝတ်အစားသည် အနည်းငယ် ဆုတ်ပြဲနေသော်လည်း ယင်းက သူ၏ အသွင်အပြင်ပေါ် လုံးဝသက်ရောက်မှု မရှိပေ။ ယင်းအစား သူ၏ ကြမ်းတမ်းသော ဘဝအတွေ့အကြုံများကို ပိုပြီးပေါ်လွင်စေသည်။ သူ၏ အကြည့်သည် ကြယ်တာရာကောင်းကင်ပမာ နက်ရှိုင်းပြီး ဤလောကထဲမှ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်းရှိဟန် ရ၏။
ပန်းချီကားကိုကြည့်နေရင်း ယင်းကို မှတ်သားရန် ရွှီချင်းက ကြိုးစားလိုက်သည်။ သို့သော်လည်း သူက ထိုမျှရိုးရှင်းသော ကိစ္စကိုပင် မလုပ်ဆောင်နိုင်ကြောင်း ရှာတွေ့သွားသည်။
ဤသည်မှာ သူက ထိုပန်းချီကားထဲမှ လူကို မမှတ်မိနိုင်သည့်အလားပင်။
“ နတ်ဘုရားတွေကို တိုက်ရိုက် မကြည့်နိုင်ဘူး… အင်မော်တယ်တွေကို မမှတ်မိနိုင်ဘူး ”
ဝတ်ရုံဖြူအမျိုးသမီး၏ စကားသံသည် ဘုရားကျောင်းထဲမှာ ပျံ့လွင့်သွားသည်။
“ အခု မင်းကြည့်နေတာက ဝမ်ကူးကုန်းမြေရဲ့ နွေဦးအင်မော်တယ်ကိုးပါးထဲက တစ်ပါးပဲ… သူ့ရဲ့ ဇစ်မြစ်က လူသားမဟုတ်ဘူး… သူ့ရဲ့ အစစ်အမှန် အသွင်အပြင်ကို ဘယ်သူမှ မသိကြဘူး… ဒီပုံရိပ်က သူ့ရဲ့ သေမျိုးအရေခွံကနေ အသွင်ပြောင်းလဲသွားတဲ့ဟာပဲ ”
ဝတ်ရုံဖြူအမျိုးသမီးက နူးညံ့စွာ ပြောသည်။ ဤအခိုက်အတန့်မှာ အချိန်နိယာမသည် လေးနက်လာသည်။
သူက ကျောက်စိမ်းလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည့်အခါ ဒုတိယပန်းချီကားသည် ကြည်လင်ရှင်းလင်းလာသည်။
ထိုပန်းချီကားထဲမှ ပုံရိပ်သည်လည်း အဖိုးအိုတစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း သူက စောစောတုန်းက အဖိုးအိုနှင့် ခြားနားသည်။ သူက လွှမ်းမိုးဖိနှိပ်သော ခံစားမှုကို မပေးပေ။ ယင်းအစား ကျောင်းတော်သားတစ်ယောက်၏ အရှိန်အဝါကို ပေးသည်။
သူက ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မုတ်ဆိတ်ရှည်သည် လေထဲမှာ လှုပ်ယမ်းနေသည်။ သူ၏ အသားအရေသည် အနီရောင်ဖြစ်ပြီး သူ၏ မျက်လုံးသည် လေးနက်သည်။ ဤသည်မှာ ကောင်းကင်ဘုံတာအိုက သူ၏ မျက်လုံးထဲမှာ ဖွဲ့စည်းနေသည့်အလားပင်။
သူက ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထားပြီး သစ်သားဆံထိုးဖြင့် ထုံးဖွဲ့ထားသည်။ သူ၏ ကျောင်းတော်သားဝတ်စုံပေါ်တွင် တိမ်တိုက်များကို လက်ရာမြောက်စွာ ဇာပန်းထိုးထားလေရာ ချုပ်ရာတစ်ခုစီသည် တမူထူးခြားသော ဆွဲဆောင်မှုကို ပေးသည်။
ဤသည်မှာ နတ်ဘုရားအရှိန်အဝါဖြစ်သည်။
ချုပ်ရိုးကြောင်းတစ်ခုစီတွင် နတ်ဘုရားတစ်ပါးကို ချုပ်နှောင်ထားခြင်း ဖြစ်သည်။
“ နွေဦးအင်မော်တယ်က နယ်ပယ်တစ်ခုလို့ မင်းပြောတာ မှန်တယ်… ဒါပေမဲ့ အဲ့ဒါက နောက်ပိုင်းမျိုးဆက်တွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုသာသာပဲ… နောက်ပိုင်းမျိုးဆက်တွေရဲ့ ကျင့်ကြံသူတွေက ဝိညာဉ်စုစည်းခြင်းအဆင့်ပြီးရင် အုပ်ချုပ်သူအဆင့်၊ အုပ်ချုပ်သူအဆင့်ပြီးရင် ခြေလှမ်းဝက်အင်မော်တယ်အဆင့် ဒါမှမဟုတ် မဟာဧကရာဇ်အဆင့်လို့ သိထားကြတယ်… ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်တဲ့အခါ သူတို့က နွေဦးအင်မော်တယ်အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်သည် စကားပြောပြီးနောက် သူ၏ လက်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။ ထိုအခါ တတိယပန်းချီကားနှင့် စတုတ္ထပန်းချီကားသည် ရွှီချင်း၏ မျက်လုံးထဲမှာ ကြည်လင်ရှင်းလင်းလာသည်။
ဤသည်မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။
အမျိုးသမီး၏ ဝတ်စုံသည် ကြော့ရှင်းတင့်တယ်စွာ လွင့်မျောနေသည်။ သူ၏ မျက်နှာသည် သိမ်မွေ့နူးညံ့ပြီး သူ၏ ဆံပင်သည် ရေတံခွန်ပမာ စီးကျနေသည်။ လေတိုးဝှေ့သွားသည့်အခါတိုင်း သူ၏ ဆံနွယ်က လှုပ်ယမ်းသွားသည်။ သူ၏ အကြည့်သည် နွေဦးရေကန်ပမာ တလျှပ်လျှပ် ဝင်းလက်နေသည်။ သူ၏ အမူအရာက အစဉ်အမြဲ ပြောင်းလဲနေသော်လည်း သူ၏ ပြုံးရွှင်နေသော မျက်နှာနှင့် မဲ့နေသော မျက်နှာသည် ဆွဲဆောင်မှုတစ်မျိုးစီ ပေးသည်။
မရေမတွက်နိုင်သော အလင်းစက်လုံးများသည် နေလုံးအသေးများသဖွယ် သူ့အား ဝိုင်းရံထားကြပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ထိုအလင်းစက်လုံးများက ကြယ်ဂြိုလ်များဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။
စတုတ္ထမြောက်ပန်းချီကားထဲမှ အမျိုးသားသည်တော့ သက်လတ်ပိုင်းအရွယ် ဖြစ်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ပြင်းထန်သော အခွင့်အာဏာကို ထုတ်လွှတ်နေသည်။ သူ၏ ဆံပင်သည် ပိတုန်းရောင်ပမာ နက်မှောင်ပြီး ထူထဲသည်။ ယင်းက သူ၏ နောက်ကျောမှာ ကျဆင်းနေပြီး ညင်သာစွာ လွင့်မျောနေသည်။
သူ၏ မျက်လုံးသည် ညကောင်းကင်နှင့် ဆင်တူပြီး နက်နဲသိမ်မွေ့သည်။ သူ၏ သူငယ်အိမ်သည် ဉာဏ်ပညာကြယ်၏ အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူ၏ နှာခေါင်းသည် ဖြောင့်ဆင်းပြီး နှုတ်ခမ်းသည် ပါးလွှာသည်။ သူက တည်ငြိမ်အေးချမ်းသော ခံစားမှုကို ပေးသည်။
သူ၏ ခြေဖဝါးအောက်တွင် နတ်ဘုရားအလောင်းများက တောင်တစ်လုံးပမာ စုပုံနေကြသည်။
ရွှေရောင်သွေးသည် ပင်လယ်ကြီးတစ်စင်းနှယ် ဘေးပတ်ဝန်းကျင်သို့ စီးဆင်းနေသည်။
ထိုပန်းချီကားကို ရွှီချင်းမြင်သွားသောအခါ သူ၏ နှလုံးသည် အပြင်းအထန် တုန်ယင်သွားသည်။ ယင်းက ပန်းချီကားတစ်ခုသာဖြစ်သော်လည်း ထိုနတ်ဘုရားများက မည်မျှကြောက်စရာကောင်းကြောင်း သူအာရုံခံနိုင်သည်။
သူတို့ထဲမှာ တချို့သည် နီလာနတ်သမီးနှင့် အဆင့်တူညီပြီး တချို့သည် နီလာနတ်သမီးထက် ပိုပြီးသန်မာကြသည်။
သို့သော်လည်း ထိုသက်လတ်ပိုင်းအမျိုးသား၏ ခြေဖဝါးအောက်မှာ ၎င်းတို့က အလောင်းများထက် မပိုချေ။
ထိုစဉ် နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံက ဆက်လက် ပဲ့တင်ထပ်သွားသည်။
“ တကယ်တမ်းတော့ ရှေးခေတ်ကာလမှာ နွေဦးအင်မော်တယ်ဆိုတာက ဘွဲ့အမည်တစ်ခုပဲ… အဲ့ဒါက ရွှမ်ကမ္ဘာမြေက ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို ယွမ်ကောင်းကင်ဘုံက လူတွေ ရည်ညွှန်းခေါ်ဝေါ်တဲ့ ဘွဲ့အမည်ပဲ… သူတို့ကို အဆင့်နိမ့်အင်မော်တယ်တွေလို့ ခေါ်တယ်… သူတို့က အောက်နယ်မြေကနေ တတ်လာကြတဲ့ အဆင့်နိမ့်အင်မော်တယ်တွေ ဖြစ်တယ် ”
“ အဲ့ဒီနောက် သမိုင်းကြောင်းက တိုးတတ်ပြောင်းလဲလာတဲ့အခါ အဆင့်နိမ့်အင်မော်တယ်က နွေဦးအင်မော်တယ်ဆိုပြီး ဖြစ်လာတယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက ထိုအကြောင်းကို တစ်ခါမှ မကြားဖူးချေ။
နွေဦးအင်မော်တယ်နန်းတော်သခင်၏ စကားက အဆုံးသတ်သွားသည့်အခါ သူ၏ ကျောက်စိမ်းသဖွယ် လက်ချောင်းသည် ပဉ္စမမြောက်ပန်းချီကားဆီသို့ ညွှန်ပြလိုက်သည်။
ထိုပန်းချီကားထဲတွင် လူငယ်တစ်ယောက်၏ ပုံရိပ်ကို ဖော်ပြထားသည်။
လူငယ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အင်္ကျီလက်သည် လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူက အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ၏ ဝတ်စုံကို ရှုပ်ထွေးသော ပုံသဏ္ဍာန်များဖြင့် တန်ဆာဆင်ထားပြီး သူ၏ မြင့်မြတ်သော အဆင့်အတန်းကို ဖော်ပြနေသည်။ သူ၏ လက်ချောင်းများသည် သေးသွယ်ပြီး သူ၏ လက်ထဲမှာ မြင်းမြှီးစုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ အမျှင်တစ်ခုစီသည် လေထဲမှာ လှုပ်ယမ်းနေပြီး စုတ်ချက်တစ်ခုစီတိုင်းမှာ ကြယ်တာရာနယ်မြေတစ်ခု ကိန်းအောင်းနေသည်။
ယင်းတို့ထဲမှာ မရေမတွက်နိုင်သော လောကများနှင့် သက်ရှိအားလုံး ပါဝင်ကြသည်။
လူငယ်ကိုယ်တိုင်သည်တော့ အသက်ငယ်ရွယ်သော်လည်း သူ၏ မျက်လုံးသည် ရှေးခေတ်ဉာဏ်ပညာကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက လောကကြီး၏ အသင်္ချေအပြောင်းအလဲများကို ကိုယ်တိုင် မျက်မြင်တွေ့ဖူးသည့်အလားပင်။ သို့တိုင် သူ၏ အမူအရာသည် မပြောင်းလဲသွားပေ။ သူက ညင်သာစွာ ပြုံးထားပြီး နွေဦးလေပြေနှင့် ဆင်တူသော နွေးထွေးကြင်နာမှုကို ပေးသည်။
“ နွေဦးအင်မော်တယ်က စုစုပေါင်း ကိုးပါးရှိတယ်… သူတို့အားလုံးက မတူညီတဲ့ မျိုးနွယ်စုတွေကနေ ပေါ်ထွန်းလာခဲ့ကြတယ်… သူတို့ထဲမှာ လူသားမျိုးနွယ်က အထင်ကြီးဖို့အကောင်းဆုံးပဲ… လူသားမျိုးနွယ်ထဲမှာ နွေဦးအင်မော်တယ်ငါးပါး ပေါ်ထွန်းခဲ့တယ်… ဒါကြောင့် လူသားမျိုးနွယ်က သမိုင်းကြောင်းထဲမှာ ရှေးဘုရင်သုံးပါးကို မွေးထုတ်ပေးနိုင်ခဲ့တယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်၏ နူးညံ့သိမ်မွေ့သော အသံသည် ဆက်လက် ပဲ့တင်ထပ်သွားသည်။ သူက ထပ်မံ လက်ညှိုးညွှန်လိုက်သည့်အခါ ဆဌမမြောက် ပန်းချီကားသည် ထွန်းလင်းတောက်ပလာသည်။
ထိုပန်းချီကားထဲတွင် အမျိုးသမီးတစ်ယောက် ရှိသည်။ သူက နူးညံ့စွာ ပြုံးထားလေရာ ပွင့်လန်းနေသော အဖြူရောင်ကြာပန်းပွင့်နှင့် ဆင်တူသည်။ သူ၏ တာအိုဝတ်စုံက လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေလေရာ သူက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှင့် ဆင်တူသည်။ သူ၏ ဆံပင်ရှည်သည် ကျောနောက်ဘက်မှာ လွင့်မျောနေသည်။ သူ့မှာ မိုးမခကိုင်းသဖွယ် မျက်ခုံးများနှင့် မက်မွန်းသီးပမာ မျက်လုံးများ ရှိသည်။ ယင်းက သူ၏ မျက်နှာကို ပိုပြီးဝင်းလက်စေပြီး နှင်းကဲ့သို့ ဖြူဖွေးသော သူ၏ အသားအရေနှင့် လိုက်ဖက်သည်။
သူ၏ မျက်လုံးသည် လင်းလက်တောက်ပပြီး စိမ့်စမ်းရေပမာ ကြည်လင်သည်။
ဓားတစ်လက်သည် သူ၏ အနောက်တွင် လွင့်မျောနေသည်။ ထိုဓားသည် မင်ရည်ကဲ့သို့ နက်မှောင်ပြီး သေခြင်းအရှိန်အဝါနှင့် အဖျက်အဆီးစွမ်းအားကို ထုတ်လွှတ်နေသည်။
“ ကျန်တဲ့ နွေဦးအင်မော်တယ်သုံးပါးကတော့ ရှေးခေတ်စစ်ပွဲမှာ သေဆုံးသွားခဲ့ကြတယ်… သူတို့ရဲ့ အင်မော်တယ်စိတ်အာရုံက ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုထဲက (၅၄)ခုကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့တယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်သည် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ ကျောက်စိမ်းသဖွယ် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကျန်ရှိသော ပန်းချီကားသုံးချပ်သည် ရွှီချင်း၏ အရှေ့မှာ တစ်ချိန်တည်း ထွက်ပေါ်လာကြသည်။
ထိုပန်းချီကားသုံးချပ်သည် အနည်းငယ် မှုန်ဝါးနေသည်။ ပထမပုံရိပ်သည် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ၏ ဆံပင်သည် ရေတံခွန်ပမာ ကျဆင်းနေပြီး သူ၏ အသားအရေသည် နှင်းထက် ပိုပြီးဖြူဖွေးသည်။ သူ၏ ခန္ဓာကိုယ်သည် ကြော့ရှင်းတင့်တယ်ပြီး သိမ်မွေ့နူးညံ့သော ခံစားမှုကို ပေးသည်။ သူက တခြားလောကတစ်ခုမှ ရောက်ရှိလာသည့်ပုံပေါ်သည်။ သူ၏ နှုတ်ခမ်းသည် ဇာမနီငှက်သဖွယ် ရဲရဲတောက်ပြီး လှပသော မျက်နှာပုံစံထဲမှာ ထင်းခနဲ မြင်သာသည်။
သူ၏ အပြုံးသည် ပန်းချီကားအားလုံးထဲမှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်ပြီး အတောက်ပဆုံး ဖြစ်သည်။ ယင်းက နွေဦးရာသီ၏ နွေးထွေးမှုနှင့် တူညီသည်။ သို့သော်လည်း ယခု ၎င်းက အချိန်ကာလထဲမှာ နစ်မြုပ်သွားပြီ ဖြစ်သည်။
ဒုတိယပုံရိပ်သည် လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ အသွင်ပုံစံသည် သာမညောင်ညသာဖြစ်သော်လည်း သူ၏ အကြည့်သည် အလွန်နက်ရှိုင်းသည်။ သူ၏ မျက်နှာပေါ်တွင် အချိန်ကာလ၏ လေးနက်မှုသဘောတရားဖြင့် ပြည့်နှက်နေသည်။ သူက ရိုးရှင်းသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ လေတိုက်ခတ်မှုအောက်မှာ သူ၏ ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်နေလေရာ သူက အဝေးသို့ လွင့်မျောသွားတော့မည်ဟန် ရသည်။
နောက်ဆုံးပန်းချီကားသည်တော့ ဟာလာဟင်းလင်း ဖြစ်နေသည်။ နွေဦးအင်မော်တယ်နန်းတော်သခင်က သူ၏ အစွမ်းဖြင့် ယင်းကို ထုတ်ဖော်ပြထားသော်လည်း ပန်းချီကားထဲမှ ပုံရိပ်သည် ဝေဝါးနေဆဲပင်။ သူက အဖိုးအိုတစ်ယောက်ဖြစ်ကြောင်းသာ မသဲမကွဲ မြင်နိုင်သည်။
သူ၏ ပုံရိပ်က မထင်မရှားဖြစ်နေသော်လည်း ထိုပန်းချီကားထဲမှ ထုတ်လွှတ်နေသော အနှစ်သာရသည် ရွှီချင်း၏ အသိစိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ သူက အဖိုးအိုတစ်ယောက်ဖြစ်ဟန်ရပြီး ပြိုကျလာနေသော ကောင်းကင်ဘုံကို သူ၏ လက်နှစ်ဖက်ဖြင့် မမြှောက်ထားသည်။ သူက မပြိုလဲနိုင်သော တောင်တစ်လုံးနှယ် မြဲမြံသော ခံစားမှုကို ပေးသည်။
“ နောက်ဆုံးနွေဦးအင်မော်တယ်က သူ့ရဲ့ သေမျိုးအရေခွံကို ချန်ထားခဲ့ဖို့ အချိန်မရခဲ့ဘူး… ဒါကြောင့် သူမကျဆုံးခင်က အနှစ်သာရကိုပဲ ထိန်းသိမ်းနိုင်ခဲ့တယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်သည် ယဇ်ပလ္လင်ပေါ်မှ ပန်းချီကားများကို ကြည့်လိုက်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ပန်းချီကားများကို တည်ကြည်လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူ၏ အကြည့်က နွေဦးအင်မော်တယ်နန်းတော်သခင်ဆီသို့ ရွှေ့ပြောင်းသွားပြီး တလေးတစား ပြောသည်။
“ စီနီယာက ကျွန်တော့်ကို ခေါ်တွေ့တာ ဘာအကြောင်းကိစ္စများရှိလို့ပါလဲ ”
“ နွေဦးအင်မော်တယ်နန်းတော်ရဲ့ တာဝန်က ဝမ်ကူးကုန်းမြေရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ဖို့ပဲ… ဒါပေမဲ့ တကယ်တမ်းတော့ နွေဦးအင်မော်တယ်နန်းတော်မှာ နောက်ထပ် တာဝန်တစ်ခု ရှိသေးတယ် ”
“ အဲ့ဒါက နွေဦးအင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်အရင်းအမြစ်ကို အပြောင်းအလဲဖြစ်ပေါ်စေတဲ့ ဆင့်ကဲအတတ်ပညာတွေကို မှတ်တမ်းတင်ပေးဖို့ပဲ ”
“ မင်းရဲ့ ဝိညာဉ်မျိုးစေ့က အင်မော်တယ်အရင်းအမြစ်ကို လှိုင်းထစေခဲ့တယ်… ဒါကြောင့် မင်းရဲ့ ဝိညာဉ်မျိုးစေ့တစ်ခုကို နွေဦးအင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်အရင်းအမြစ်ထဲမှာ ထာဝရ သိမ်းဆည်းထားဖို့ ခွင့်ပြုပေးနိုင်မလား ”
“ အဲ့ဒီအတွက်အကျိုးဆောင်မှုအနေနဲ့ မင်းက အင်မော်တယ်အရင်းအမြစ်ထဲက ဆင့်ကဲအတတ်ပညာတစ်ခုရဲ့ ဉာဏ်အလင်းကို ရှာဖွေနိုင်လိမ့်မယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်က နူးညံ့စွာ ပြောသည်။ လိပ်ပြာလေး၏ အတောင်ပံပေါ်မှ မျက်လုံးသည် တဖျပ်ဖျပ်ခတ်သွားပြီး ၎င်း၏ အသံက ပဲ့တင်ထပ်လာသည်။
“ အာ… အဲ့ဒါကြောင့်ကို… ဆရာ… သူ့ရဲ့ အစုတ်အပြတ် ဆင့်ကဲအတတ်ပညာက အင်မော်တယ်အရင်းအမြစ်ကို တကယ်ပဲ လှိုင်းထစေခဲ့တာလား… အဲ့ဒါက အင်မော်တယ်အရင်းအမြစ်လေ ”
ထိုအသံထဲမှာ မယုံကြည်နိုင်မှုနှင့် မနာလိုမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နွေဦးအင်မော်တယ်နန်းတော်သခင်၏ ရည်ရွယ်ချက်က ဝိညာဉ်မျိုးစေ့ဖြစ်လိမ့်မည်ဟု သူမျှော်လင့်မထားပေ။ ယင်းက သူ့အတွက် ကြီးမားသော ကိစ္စမဟုတ်သော်လည်း အင်မော်တယ်အရင်းအမြစ်ဟုခေါ်ဆိုသော အရာကို သူစိတ်ဝင်စားသည်။
“ စီနီယာ… မင်းပြောတဲ့ အင်မော်တယ်အရင်းအမြစ်ဆိုတာ ဘာပါလဲ ”
ဤတစ်ကြိမ်တွင် ရွှီချင်း၏ မေးခွန်းကို ပြန်ဖြေသူသည် နွေဦးအင်မော်တယ်နန်းတော်သခင်မဟုတ်ပေ။ ယင်းအစား လိပ်ပြာလေးက တင်းမာသော လေသံဖြင့် ပြောသည်။
“ အင်မော်တယ်အရင်းအမြစ်ဆိုတာ ဝမ်ကူးကုန်းမြေ မြင့်တတ်လာပြီးနောက် နွေဦးအင်မော်တယ်ကိုးပါးက ဖန်တီးခဲ့တဲ့အရာပဲ… အဲ့ဒါက အရမ်းကြီးမြတ်ပြီး ကောင်းကင်ဘုံတာအိုထက် သာလွန်တဲ့ တစ်ခုတည်းသော တည်ရှိမှုပဲ ”
“ ရွှမ်ကမ္ဘာမြေရဲ့ အသင်္ချေကမ္ဘာတွေထဲမှာ အဲ့ဒါရဲ့ အကျိုးသက်ရောက်မှုက ဆင့်ကဲအတတ်ပညာအားလုံးနဲ့ နတ်ဘုရားစွမ်းရည်အားလုံးရဲ့ အရင်းအမြစ်ဖြစ်တယ် ”
“ ရွှမ်ကမ္ဘာမြေရဲ့ မန္တန်အများစုက အင်မော်တယ်အရင်းအမြစ်ကနေ ဆင်းသက်လာတာ ဖြစ်တယ်… အဲ့ဒါက နည်းလမ်းအမျိုးမျိုးနဲ့ လောကကြီးထဲမှာ ပျံ့နှံ့သွားတယ်… တစ်ချိန်တည်းမှာ အင်မော်တယ်အရင်းအမြစ်က လောကကြီးထဲမှာ အရမ်းရှားပါးပြီး တမူထူးခြားတဲ့ တာအိုတွေကို စုဆောင်းပြီး ပြန်ဖြန့်ဝေပေးတယ် ”
“ ဒီနည်းနဲ့ဆိုရင် အင်မော်တယ်အရင်းအမြစ်က ငါတို့မွေးရပ်မြေကို ထာဝရ ရှင်သန်ရပ်တည်နိုင်စေလိမ့်မယ် ”
“ ဒါက တကယ်မယုံကြည်နိုင်စရာပဲ… ဘယ်လိုလုပ် နင့်ရဲ့ ဝိညာဉ်မျိုးစေ့က အင်မော်တယ်အရင်းအမြစ်ကို လှိုင်းထစေခဲ့တာလဲ ”