အားညို၏ ဇွဲကောင်းမှု(က)
Vol. 79 Ch. 1217
ရှေးဟောင်းဘုရားကျောင်းထဲတွင် နွေဦးအင်မော်တယ်နန်းတော်သခင်သည် ရွှီချင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်သော ဒုဓလီအစေ့ကို ဖယောင်းတိုင်မီးမှ ဖြစ်ပေါ်လာသော ပြတင်းပေါက်မှတဆင့် စူးစိုက်ကြည့်နေသည်။ တဖြည်းဖြည်း ထိုဒုဓလီအစေ့သည် ဒုဓလီပန်း၏ ပင်စည်ထဲသို့ ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားသည်။
နွေဦးအင်မော်တယ်နန်းတော်သခင်၏ ဘေးမှ လိပ်ပြာလေးသည်လည်း ထိုမြင်ကွင်းကို မိန်းမောတွေဝေစွာ စိုက်ကြည့်နေသည်။ ၎င်း၏ အတွေးများက ဖရိုဖရဲ ဖြစ်သွားပြီး ၎င်းက မပြောဘဲ မနေနိုင်ပေ။
“ အာ… တစ်ယောက်တည်းလား… အဲ့ဒါက ဘာလဲဆရာ… သူ သူက ညစ်ပတ်တာလား ”
“ နှစ်ပေါင်းမြောက်များစွာကြာပြီးတဲ့နောက်မှာ ရွှမ်ကမ္ဘာမြေက ပါရမီရှင်တွေက အတတ်ပညာအားလုံးမှာ အရင်းအမြစ်ရှိရမယ်လို့ သံသယဝင်ခဲ့ကြတယ်… တစ်စုံတစ်ယောက်က အဲ့ဒီအရင်းအမြစ်ကို ရှာတွေ့ပြီး ကျင့်ကြံခြင်းအတတ်ပညာရဲ့ အထွတ်အထိပ်ကို ရောက်ချင်တယ်ဆိုရင် အရမ်းခက်ခဲလိမ့်မယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်က နူးညံ့စွာ ပြောသည်။
“ သူတို့က အင်မော်တယ်အရင်းအမြစ်ရဲ့ တည်ရှိမှုကို မသိထားကြဘူး… ဒီဟာက သူတို့ရဲ့ ခန့်မှန်းမှုတစ်ခုသာသာပဲ ”
“ ဒီခန့်မှန်းမှုက မှန်တယ်လို့ ဆိုနိုင်သလို မှားတယ်လို့လည်း ဆိုနိုင်တယ် ”
“ ရွှမ်ကမ္ဘာမြေက ကျင့်ကြံခြင်းအတတ်ပညာတွေမှာ တကယ်ပဲ အရင်းအမြစ်ရှိတယ်… တချို့က တမူထူးခြားတယ်… ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီလို လုပ်ဆောင်နိုင်မယ်ဆိုရင် သူတို့ရဲ့ အမှတ်အသားက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာလိမ့်မယ်… အင်မော်တယ်အရင်းအမြစ်ကတောင် အဲ့ဒါကို လေးစားရပြီး အမှတ်အသားကို မဖျက်ဆီးဖို့ ချွင်းချက်ထားပေးရတယ်… ဒါမှပဲ နောင်မျိုးဆက်တွေက အဲ့ဒါကို လေ့လာနိုင်ပြီး သင်ယူနိုင်လိမ့်မယ် ”
“ အဲ့ဒါကို ရွှီချင်းက လုပ်နိုင်ခဲ့တယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံထဲမှာ ချီးကျူးလေးစားသော အရိပ်အမြွက် ပါရှိသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ လေထဲမှ ဖယောင်းတိုင်မီးသည် အောက်သို့ ပြန်ဆင်းသက်လာပြီး ယဇ်ပလ္လင်ပေါ်မှ ဖယောင်းတိုင်များပေါ်သို့ ပြန်ရောက်သွားသည်။
မီးတောက်ထဲမှ အင်ပါယာချီသည်လည်း ပြန်ဆုတ်ခွာလာပြီး ဘေးပတ်ဝန်းကျင်ရှိ နံရံဆေးပန်းချီများထဲမှ လူသားဧကရာဇ်များထံသို့ ပြန်ဝင်ရောက်သွားကြသည်။
နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံသည်သာ ရှေးဟောင်းဘုရားကျောင်းထဲတွင် ဆက်လက် ရစ်ဝဲနေသည်။
လိပ်ပြာလေးသည် အနည်းငယ် တုံးအသော်လည်း သူ့ဆရာ၏ အစောနက နောင်တရသော စကားများကို ပြန်လည်စဉ်းစားမိသွားသောအခါ ထိုချီးကျူးလေးစားမှုကို အာရုံခံမိသွားသည်။ ထို့ကြောင့် ၎င်းက စိတ်ရှုပ်ထွေးသွားပြီး စကားပြောရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင် မရှိပေ။ ယင်းအစား ကြည်လင်တောက်ပသည်။ ထို့ပြင် သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်ရောင်ခြည်စက်ဝန်းတစ်ခုက လှည့်ပတ်နေသည်။ ထိုအလင်းရောင်အောက်မှာ သူ၏ သူငယ်အိမ်များသည် ကြယ်များအလား အောက်မေ့ရ၏။
ဖြစ်နိုင်သည်မှာ ယင်းတို့က အမှန်တကယ် ကြယ်များဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် နန်းတော်သခင် ”
ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး နွေဦးအင်မော်တယ်နန်းတော်သခင်ကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ဖို့ မလိုပါဘူး… မင်းက ဝိညာဉ်မျိုးစေ့ကို အင်မော်တယ်အရင်းအမြစ်ဆီ ပေးအပ်ခဲ့တယ်… အဲ့ဒါက ကြီးမားတဲ့ အကျိုးဆောင်မှုပဲ… ပြီးတော့ မင်းရဲ့ ဝိညာဉ်မျိုးစေ့က အင်မော်တယ်အရင်းအမြစ်ရဲ့ သန့်စင်ခံရပြီးရင် ကျင့်ကြံခြင်းအတတ်ပညာအဖြစ် ပြောင်းလဲသွားပြီး ရွှမ်ကမ္ဘာမြေရဲ့ အသင်္ချေကမ္ဘာတွေထဲမှာ ပျံ့နှံ့သွားလိမ့်မယ်… ရွှမ်ကမ္ဘာမြေရဲ့ အတတ်ပညာတွေထဲမှာ နောက်ထပ်ထူးခြားတဲ့ အတတ်ပညာတစ်ခု ထပ်တိုးလာလိမ့်မယ် ”
“ ဒီအကျိုးဆောင်မှုကြောင့် မင်းက အင်မော်တယ်အရင်းအမြစ်ဆီကနေ နတ်ဘုရားစွမ်းရည်တစ်ခုကို ဆင်ခြင်နားလည်ဖို့ အခွင့်အရေးရရှိခဲ့တယ် ”
“ ဒါတွေအားလုံးက အကြောင်းတရားနဲ့ အကျိုးတရားပဲ ”
“ ဒီတော့ မင်းမှာ ငါ့ကို တခြားမေးစရာရှိသေးလား ”
နွေဦးအင်မော်တယ်နန်းတော်သခင်သည် ယခင်ကထက် စကားအများကြီး ပိုပြောလာသည်။ သိသာစွာပင် ဤသည်မှာ သူက ရွှီချင်းကို ချီးကျူးလေးစားသောကြောင့် ဖြစ်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်က ယဇ်ပလ္လင်ပေါ်မှ ပန်းချီကားကိုးချပ်ပေါ်သို့ ကျရောက်သွားသည်။
“ နန်းတော်သခင်… ဝမ်ကူးကုန်းမြေကို တည်ထောင်ခဲ့ပြီး ကောင်းကင်ဘုံတာအိုကို ပျိုးထောင်ခဲ့တဲ့ နွေဦးအင်မော်တယ်တွေက ဘယ်ကို ထွက်သွားကြတာပါလဲ… နတ်ဘုရားမျက်နှာပျက်ကြီး ရောက်လာပြီးကတည်းက သူတို့က ဘာလို့ ပြန်ရောက်မလာကြတာလဲ ”
ရွှီချင်း၏ အသံသည် ရှေးဟောင်းဘုရားကျောင်းထဲမှာ ရစ်ဝဲသွားသည်။ သူရရှိသော အဖြေသည် နွေဦးအင်မော်တယ်နန်းတော်သခင်ထံမှ နူးညံ့သော သက်ပြင်းချသံ ဖြစ်သည်။
“ ကျန်တဲ့ နွေဦးအင်မော်တယ်ခြောက်ပါးရဲ့ တည်နေရာအတိအကျကို ဘယ်သူမှ မသိကြဘူး… နွေဦးအင်မော်တယ်နန်းတော်ရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာတော့ သဲလွန်စတချို့ ရှိတယ် ”
“ တချို့က ဟွမ်ကောင်းကင်ဘုံရဲ့ အနက်ပိုင်းထဲကို သွားကြတယ်… တချို့က ရွှမ်ကမ္ဘာမြေထဲမှာ အားပြန်ဖြည့်နေကြတယ်… အသေးစိတ်ကိုတော့ ငါလည်းပဲ မသိဘူး ”
“ အရမ်းကြာလှပြီ ”
နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံထဲမှာ စိတ်ခံစားချက်တချို့ ပါဝင်နေသည်။ သူ၏ စကားဆုံးသွားသည့်အခါ သူ၏ ပုံရိပ်သည် ဖြည်းညင်းစွာ ဝေဝါးသွားသည်။ သူ၏ ဘေးမှ လိပ်ပြာလေးသည် သူ့ဆရာ၏ စိတ်ညှိုးငယ်မှုကို အာရုံခံမိသွားသည်။ ထို့ကြောင့် ၎င်းသည်လည်း ဝေဝါးသွားသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ့အတွက် ထွက်ခွာသွားရမည့်အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။
ထို့ကြောင့် သူက နောက်တစ်ကြိမ် ဦးညွတ်လိုက်ပြီး ဘုရားကျောင်း၏ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။ သူက အပြင်သို့ ထွက်သွားတော့မည့်အချိန် ခေါင်းလှည့်လိုက်ပြီး ရှေးဟောင်းဘုရားကျောင်းကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။
သူ၏ အကြည့်သည် ဝေဝါးနေသော နန်းတော်သခင်ပေါ်မှာ မဟုတ်သလို ယဇ်ပလ္လင်ပေါ်မှာ မဟုတ်ပေ။ ယင်းအစား လူသားမျိုးနွယ်၏ ပထမဆုံး ဧကရာဇ်ဖြစ်သလို ပထမဆုံးရှေးဘုရင်ဖြစ်သော နံရံဆေးပန်းချီကို ဖြစ်သည်။
ဆေးပန်းချီထဲတွင် လူငယ်သည် ကြယ်တာရာကောင်းကင်ကို မော့ကြည့်နေသည်။
တစ်ချက်ကြည့်ပြီးနောက် ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး ရှေးဟောင်းဘုရားကျောင်းထဲမှ ထွက်ခွာသွားသည်။
သူက အပြင်သို့ ထွက်လျှောက်သွားသည့်အခါ သူ့အနောက်မှ ရှေးဟောင်းဘုရားကျောင်းသည် ရောင်စုံဝဲကတော့ထဲမှ ပူဖောင်းတစ်လုံးနှယ် ကွဲထွက်သွားသည်။ ထို့နောက် ဘုရားကျောင်းသည် မည်သည့်သဲလွန်စမှ မကျန်ဘဲ လုံးဝပျောက်ကွယ်သွားသည်။
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး ကြည့်လိုက်သည့်အခါ ဟာလာဟင်းလင်းဖြစ်နေသော လွင်ပြင်ကိုသာ မြင်သွားသည်။
ထိုနေရာတွင် မည်သည့်အဆောက်အဦးမှ မရှိပေ။
ဤသည်မှာ အစောနက ဖြစ်ပျက်ခဲ့သမျှက အိမ်မက်တစ်ခုဖြစ်ဟန် ရသည်။ ဤအခိုက်အတန့်မှာ နေလုံးသည် အဝေးမှ ကောင်းကင်ယံတွင် ပေါ်လျှိုးလာပြီး အာရုဏ်ဦးအလင်းရောင်ကို ထုတ်လွှတ်နေသည်။ ကောင်းကင်သည် အမှောင်ထုထဲမှ တဖြည်းဖြည်း နိုးထလာပြီး ထွန်းလင်းတောက်ပလာသည်။
ကောင်းကင်သည် နီညိုရောင်ဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
ကမ္ဘာမြေသည် နံနက်ခင်း၏ မြူခိုးအလွှာပါးဖြင့် ဝန်းရံခံထားရသည်။ အကယ်၍ တစ်ယောက်ယောက်က ထိုမြူခိုးအလွှာထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် အမြင်အာရုံသည် ဝေဝါးလာပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ခံစားရလိမ့်မည်။
ပထမဆုံး နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျလာပြီး နံနက်ခင်း၏ မြူခိုးအလွှာသည် နှင်းကဲ့သို့ အရည်ပျော်သွားသည်။ ယင်းက တဖြည်းဖြည်း ပါးလွှာလာပြီး နောက်ဆုံးမှာတော့ လုံးဝပျောက်ကွယ်သွားသည်။ နေရောင်ခြည်သည် ကောင်းကင်နှင့် မြေပြင်ကြားမှ လေဟာနယ်ကို ဖြတ်သန်းသွားပြီး ရွှီချင်းပေါ်သို့ ကျဆင်းသွားသည်။
ညအချိန်သည် ကုန်လွန်သွားသည်။
ရွှီချင်း၏ အကြည့်သည် အနီရောင်နေလုံးပေါ်သို့ ကျရောက်သွားသည်။ နံနက်ခင်းလေထဲတွင် သူ၏ အသက်ရှုထုတ်မှုသည် အဖြူရောင်မြူခိုးငွေ့ကို ဖြစ်ပေါ်စေသည်။ သူ၏ စိတ်ထဲတွင် နှစ်ကြိမ်တိုင်အောင် မြင်တွေ့ခဲ့သော ပန်းချီကားသည် ကြည်လင်ရှင်းလင်းလာသည်။
ဤသည်မှာ လူသားမျိုးနွယ်၏ ပထမဆုံးရှေးဘုရင် ဖြစ်သည်။ ထိုလူငယ်ကို ပထမဆုံးအကြိမ် သူမြင်လိုက်စဉ် ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို ရရှိခဲ့သည်။ သူက ဘုရားကျောင်းထဲမှ ပြန်ထွက်မလာခင် ထိုပန်းချီကားကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်လေရာ ထိုခံစားမှုက ပိုပြီးအားကောင်းလာသည်။
“ သူ့ကို အရင်က ငါမြင်ဖူးသလိုပဲ… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက ထိုအကြောင်းကို တွေးတောနေရင်း နေရောင်ခြည်အောက်မှာ နင်ယန်၏ စံအိမ်ဆီသို့ လျှောက်သွားသည်။
နှစ်နာရီကြာပြီးနောက် ကောင်းကင်သည် လုံးဝလင်းထိန်သွားသည်။ သူက နင်ယန်၏ စံအိမ်ရှေ့မှ ရေကန်ဆီသို့ ရောက်ရှိသွားသည့်အခါ ရွှီချင်း၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူက ရေကန်အရှေ့တွင် သူ့ကိုယ်သူ ပြန်ကြည့်လိုက်လေရာ ထိုရင်းနှီးကျွမ်းဝင်သော ခံစားမှု၏ ဇစ်မြစ်ကို ရှာတွေ့သွားသည်။
“ သူက ဆရာနဲ့ နည်းနည်းဆင်တယ် ”
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူက ရေကန်၏ မျက်နှာပြင်ပေါ်သို့ ခြေချလိုက်ပြီး စံအိမ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
သူ့ဆရာ၏ ငယ်ဘဝပုံရိပ်ကို တစ်ခါမှ သူမမြင်ဖူးပေ။ သို့သော်လည်း ထိုလူငယ်၏ အကြည့်သည် သူ့ဆရာ၏ မျက်လုံးနှင့် အတော်လေး ဆင်တူသည်။
သူက ထိုအကြောင်းကို တွေးတောနေရင်း စံအိမ်ထဲမှာ သူ့ကို စောင့်ဆိုင်းနေကြသော ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများကို မြင်သွားသည်။ သူတို့က ရွှီချင်းကို မြင်တွေ့သွားသည့်အခိုက် အော်ဟစ်ချီးမြှောက်လိုက်ကြသည်။
သူတို့ထဲမှာ နင်ယန်၊ ခုန်းရှန်းလုံနှင့် ဝူကျန်းဝူအပြင် သူတို့အုပ်စုကို နန်းမြို့တော်ဆီသို့ လိုက်ပါပို့ဆောင်ခဲ့သော ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်သခင် လီယွင်ရှန်းလည်း ပါဝင်သည်။