← Chapters

အားညို၏ ဇွဲကောင်းမှု(ခ)

Vol. 79 Ch. 1218

အားညို၏ ဇွဲကောင်းမှု(ခ)

Vol. 79 Ch. 1218

နတ်မိမယ်ကျစ်ရွှမ်းသည်လည်း ပြန်ရောက်နေပြီး အဝေးမှ ပြုံးပြနေသည်။

ခေါင်းဆောင်သည်ပင် ဤနေရာမှာ ရှိသည်။ သူက ဝူကျန်းဝူ၏ လည်ပင်းကို သိုင်းဖက်ထားပြီး တစ်ခုခုပြောနေသည်။ ရွှီချင်းရောက်ရှိလာသည်ကို မြင်သွားသောအခါ သူက ပြုံးဖြီးဖြီးလုပ်လိုက်သည်။

သူတို့က အော်ဟစ်ချီးမြှောက်ရခြင်းမှာ မူကွဲအင်မော်တယ်ကျောင်းတော်သား၏ အဖွဲ့ဝင်တစ်ယောက်ဟူသော ရွှီချင်း၏ သရုပ်က ပေါ်ပေါက်သွားခြင်းကြောင့်ဖြစ်ပြီး တာအိုဆွေးနွေးပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ရွှီချင်းက သတ္တမမင်းသားကို သတ်ဖြတ်ခဲ့ပြီး ပိုင်ရှောင်ကျိုးကို သေဆုံးစေခဲ့သည်။

ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများအတွက်တော့ သတ္တမမင်းသားနှင့် ပိုင်ရှောင်ကျိုးသည် ရန်သူတော်ကြီးများ ဖြစ်ကြသည်။

အော်ဟစ်ချီးမြှောက်သံများကို ကြားပြီး လူအုပ်ထဲမှ သူနှင့်ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို ကြည့်နေရင်း ရွှီချင်းသည် မိန်းမောတွေဝေသွားသည်။ လွန်ခဲ့သော နေ့နှင့်ညမှာ ကိစ္စအများအပြား ဖြစ်ပျက်ခဲ့သော်လည်း ယင်းက တာအိုဆွေးနွေးပွဲပြီးနောက် တစ်ညသာ ကုန်ဆုံးသေးကြောင်း ယခုမှ သူနားလည်သွားသည်။

နွေဦးအင်မော်တယ်နန်းတော်ထဲမှ အတွေ့အကြုံများနှင့် ရှေးဟောင်းဘုရားကျောင်းထဲမှ ပစ္စည်းများထဲတွင် အချိန်၏ နက်နဲမှုသဘောတရားများ ပါဝင်နေဟန် ရသည်။ ယင်းတို့က အချိန်ကုန်ဆုံးမှုအပေါ် ရွှီချင်း၏ နားလည်မှုကို ဝေဝါးသွားစေပြီး သူ့အား ရှည်လျားသော အချိန်ကာလတစ်ခု ကုန်ဆုံးသွားခဲ့သည့်အလား ခံစားမိစေသည်။

သို့သော်လည်း သူက ထိုခံစားမှုကို အမြန်ဖိနှိပ်လိုက်သည်။ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး သူက အော်ဟစ်ချီးမြှောက်နေသော လူအုပ်ကြီးထံသို့ သူ၏ ရိုသေလေးစားမှုကို ထုတ်ဖော်ပြလိုက်သည်။

ခုန်းရှန်းလုံသည် လူအုပ်ကြီးထဲမှ အရင်ဆုံး ပြေးထွက်လာသူဖြစ်သည်။ သူက နီရဲနေသော မျက်လုံးနှင့်အတူ ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက အရိုအသေပေးတော့မည့်အချိန် ရွှီချင်းက အရှေ့သို့ လျှောက်သွားပြီး သူ့ကို ပွေ့ဖက်လိုက်သည်။

ခုန်းရှန်းလုံ၏ ခန္ဓာကိုယ်သည် တစ်ခဏ ရပ်တန့်သွားသည်။ ထို့နောက် သူက ရွှီချင်းကို ပြန်ပွေ့ဖက်လိုက်သည်။

“ ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ်… ”

လီယွင်ရှန်း၏ စိတ်ခံစားချက်များသည်လည်း ပရမ်းပတာ လှုပ်ခတ်နေသည်။ သူက အရှေ့သို့ လျှောက်သွားပြီး ရွှီချင်းကို အရိုအသေပေးလိုက်သည်။

“ ခွေးမသားပိုင်နဲ့ သတ္တမမင်းသားကို သတ်ပြီး ဖုန်းဟိုင်ဒေသငယ်ရဲ့ သွေးကြွေးကို ကလဲ့စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်သခင်ရွှီ… တကယ်လို့ ရုံးတော်သခင်သာ တမလွန်ကနေ ဒီအကြောင်းကို သိမယ်ဆိုရင် အေးအေးချမ်းချမ်း အနားယူနိုင်မှာပါ ”

ဓားကိုင်အားလုံးသည် တစ်ညီတစ်ညာတည်း အရိုအသေပေးလိုက်ကြသည်။

နင်ယန်သည် သူတို့ထဲမှာ ပါဝင်ပြီး ပိုပြီးလေးနက်စွာ အရိုအသေပေးသည်။ သူ၏ စိတ်လှုပ်ရှားမှုက တခြားလူများနှင့် မတူညီသော်လည်း ယင်းက အဆုံးစွန်အထိ ရောက်ရှိနေသည်။ သတ္တမမင်းသား၏ သေဆုံးမှုနှင့် ရွှီချင်း၏ အစွမ်းထုတ်ပြမှုသည် သူ့အား ဂုဏ်ယူဝင့်ကြွားမှုကို ဖြစ်ပေါ်စေသည်။ ယခု သူ၏ နှလုံးသားထဲမှာ ရဲစွမ်းသတ္တိတချို့ ပေါ်လျှိုးလာသည်။

ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများက ပျော်ရွှင်စွာ အော်ဟစ်ချီးမြှောက်နေကြစဉ် ရွှီချင်းသည် အပြန်အလှန် တုံ့ပြန်လိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်းဆီသို့ ဦးတည်လျှောက်သွားသည်။

နံနက်ခင်းနေရောင်ခြည်အောက်တွင် နတ်မိမယ်ကျစ်ရွှမ်း၏ ပုံရိပ်သည် ကြော့ရှင်းတင့်တယ်ပြီး ဂုဏ်ကျက်သရေဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်နှာသည် ရေကန်ထက်တွင် ပွင့်လန်းနေသော ကြာပန်းပွင့်နှင့် ဆင်တူပြီး သူ၏ ရွှန်းလဲ့တောက်ပသော မျက်လုံးသည် ကန်ရေပြင်ပမာ ကြည်လင်သည်။ သူ၏ နှုတ်ခမ်းသည် ဇာမနီငှက်ကဲ့သို့ ရဲရဲတောက်သည်။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေရာ သေမျိုးလောကပေါ်သို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှယ် အောက်မေ့ရသည်။

သူ၏ မျက်ခုံးသည် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသော အဝေးမှ တောင်ကုန်းများသဖွယ် အောက်မေ့ရသည်။ သူက စကားပြောလိုက်စဉ် သူ၏ ရွှန်းလဲ့တောက်ပသော မျက်လုံးထဲမှာ လှိုင်းတချို့ ထွက်ပေါ်လာသည်။

“ နင် မနေ့ညက ဘယ်သွားနေတာလဲ… ဘာလို့ နင့်ကိုယ်ပေါ်မှာ အချိန်အငွေ့အသက်နဲ့ ဝတ်မှုံရနံ့ ကပ်တွယ်နေတာလဲ ”

နတ်မိမယ်ကျစ်ရွှမ်းသည် မူမမှန်စွာ ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက ပြန်ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အဝေးမှ ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အလျင်စလို အော်ပြောလိုက်သည်။

“ ဂျူနီယာညီလေး… ဒီကို မြန်မြန်လာစမ်း… ငါမင်းကို တစ်ခုပြောစရာရှိတယ်… အဲ့ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ ”

သူက စကားပြောပြီးနောက် အရှေ့သို့ အမြန်လျှောက်သွားသည်။ ရွှီချင်းက စကားမပြောနိုင်ခင်မှာ ခေါင်းဆောင်သည် ရွှီချင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို အဝေးသို့ ဆွဲခေါ်သွားသည်။ တစ်ချိန်တည်းမှာ သူက နတ်မိမယ်ကျစ်ရွှမ်းကို အလျင်စလို ပြောလိုက်သည်။

“ မရီး… မင်းတို့နှစ်ယောက်မှာ နောက်ပိုင်းတွေ့ဖို့ အချိန်တွေအများကြီး ရပါတယ်… ငါက တော်တော်ကြာမှ ပြန်ရောက်လာတာမို့လို့ ချင်းလေးနဲ့ အရေးကြီးကိစ္စကို အရင်ဆွေးနွေးခွင့်ပြုပါ ”

သူက စကားပြောပြီးနောက် ရွှီချင်းနှင့်အတူ မြန်မြန် ထွက်သွားသည်။

ခေါင်းဆောင်၏ အတင်းအဓမ္မ ဆွဲခေါ်မှုနှင့်ပတ်သက်ပြီး ရွှီချင်းသည် အကူအညီမဲ့မှုကို ခံစားမိသွားသည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်က လျှို့ဝှက်အခန်းတစ်ခန်းဆီသို့ ရောက်ရှိသွားကြသည်။ ထို့နောက် ခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်သည်။ နောက်ဆုံးမှာတော့ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းထံမှ အသိအမှတ်ပြုမှုကို တောင်းခံသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ဘယ်လိုလဲ ချင်းလေး… မင်းရဲ့ စီနီယာအကိုကြီးရဲ့ တုံ့ပြန်မှုက မြန်တယ်မဟုတ်လား… ဒီမှာ ငါမင်းကို ပြောပြမယ်… မင်းပြန်ရောက်လာကတည်းက မင်းရဲ့ ကိုယ်ပေါ်မှာ ဝတ်မှုံရနံ့ရှိတာကို အဝေးကနေတောင် ငါအနံ့ခံနိုင်တယ် ”

“ မင်းက ငယ်သေးတော့ အတွေ့အကြုံသိပ်မရှိသေးဘူး… မှတ်ထားပါ နောက်တစ်ခါ မင်းက အပြင်ခိုးထွက်မယ်ဆိုရင် ပြန်လာတဲ့အခါ သဲလွန်စတွေအားလုံးကို ကြိုရှင်းထားရမယ် ”

“ စီနီယာအကိုကြီးက ဒီတစ်ကြိမ်ပဲ မင်းကို ကူညီပေးနိုင်တယ်… အကြိမ်တိုင်းတော့ ငါမင်းကို ကူညီမပေးနိုင်ဘူး ”

ရွှီချင်းသည် ပြောစရာစကားမဲ့သွားသည်။ သူက ကိုယ့်ဘာသာ ဘဝမြင့်နေသော ခေါင်းဆောင်ကို ကြည့်လိုက်ပြီး မေးသည်။

“ ဒီအတောအတွင်း မင်းဘယ်ရောက်နေတာလဲ ”

ရွှီချင်းက စကားပြောလာသည့်အခါ သူ့အနားတွင် တင်ပျဉ်ခွေထိုင်နေသော ခေါင်းဆောင်သည် ရုတ်တရက် လက်မြှောက်လိုက်ပြီး မက်မွန်သီးတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သူက ပန်းသီးတစ်လုံးကို ထပ်မံ ထုတ်လိုက်ပြီး ရွှီချင်းကို ပစ်ပေးလိုက်သည်။ သူက မက်မွန်သီးကို ကိုက်စားနေရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ဒါပေါ့… ငါက ကိစ္စကြီးတစ်ခုကို လုပ်နေတာ ”

“ ငါမင်းကို ပြောပြမယ်ချင်းလေး… မင်းက အခု နာမည်ကျော်ကြားနေပြီဆိုပေမဲ့ အဲ့ဒါက နန်းမြို့တော်လေးပါပဲ…ငါ့ရဲ့ ကိစ္စကြီးသာ အောင်မြင်သွားမယ်ဆိုရင် သေချာပေါက် မင်းလန့်ဖျပ်သွားလိမ့်မယ် ”

ရွှီချင်းသည် ထိုမြင်ကွင်းကို အလွန်ရင်းနှီးပြီး ခေါင်းဆောင်က မည်သည့်အရာကို လိုချင်ကြောင်း သိထားသည်။ ထို့ကြောင့် သူက ပန်းသီးကို လက်ခံပြီးနောက် စူးစမ်းသိချင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ ဘယ်လိုကိစ္စကြီးလဲ ”

ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွသွားပြီး အရှေ့သို့ တိုးကပ်သွားကာ လေသံတိုးတိုးဖြင့် ပြောသည်။

“ အခုတလော ငါက အရင်က ငါပစ္စည်းခိုးခဲ့တဲ့ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲမှာ ရှိနေတာ… အဲ့ဒီအချိန်တုန်းက ငါ့ကိုယ်ငါ ယုံကြည်ချက်မရှိလို့ ဘာမှ မခိုးနိုင်ခဲ့ဘူး… ဒါကြောင့် ဂိုဏ်းထဲဝင်ဖို့ နည်းလမ်းတစ်ခုကို ငါစဉ်းစားခဲ့တယ် ”

“ အခု ငါက အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာပြီ… ပြီးတော့ အရည်အချင်းစစ်ဆေးပွဲက မကြာခင် စတင်တော့မယ်… အဲ့ဒီစစ်ဆေးပွဲကို အောင်မြင်နိုင်မယ်လို့ ငါ့ကိုယ်ငါ ယုံကြည်ချက်ရှိတယ်… အဲ့ဒါကို ငါအောင်မြင်တာနဲ့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာလိမ့်မယ် ”

“ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ ပစ်မှတ်နားကို ချဉ်းကပ်နိုင်လိမ့်မယ် ”

ဤသည်ကို ကြားသောအခါ အမှန်တကယ် စူးစမ်းချင်စိတ်သည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ ခေါင်းဆောင်၏ စိတ်ဝင်စားမှုကို ရရှိနိုင်သော ပစ္စည်းသည် လုံးဝသာမန်မဖြစ်နိုင်ပေ။

“ စီနီယာအကိုကြီး… မင်းက ဘာကို ခိုးဖို့ကြံနေတာလဲ ”

“ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ ”

ခေါင်းဆောင်၏ မျက်လုံးသည် ပြင်းပြသော လိုချင်တပ်မက်မှုကြောင့် လင်းလက်သွားသည်။

“ အတိတ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟိုကြက်မက အဲ့ဒီပစ္စည်းကို ခိုးသွားခဲ့တယ်… သူက အောင်မြင်သွားခဲ့တယ်လို့ မင်းထင်နေတယ်မလား… ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ကြက်မက နည်းနည်းတုံးတယ်… သူခိုးသွားခဲ့တာက အပြင်ဘက်အခွံပဲ… အဲ့ဒါက ပျက်စီးနေတဲ့ ကျောက်တုံးတစ်ခုပဲ ”

“ ငါလိုချင်တာက အထဲက စကားလုံးတွေပဲ ”

“ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာလား ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ဟုတ်တယ်… စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ ”

ခေါင်းဆောင်သည် ခပ်ရေးရေး ပြုံးလိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာမှာ ဘာလို့ စကားလုံးတွေရှိနေတာလဲလို့ မင်းမမေးတာလဲ ”

ခေါင်းဆောင်က မျှော်လင့်တကြီး ပြောသည်။

ရွှီချင်းဆီမှာ အဖြေရှိပြီးသား ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ သူက စိတ်ဝင်စားသော အမူအရာကို ထုတ်ဖော်ပြလိုက်ပြီး မေးသည်။

ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွသွားပြီး ရယ်မောလိုက်သည်။ သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။

“ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာမှာ စကားလုံးလေးလုံးရှိတယ်… တုံးအတဲ့ ဟိုကြက်မက အပြင်ဘက်အခွံကို ခိုးသွားခဲ့တယ်… ဒါပေမဲ့ အဲ့ဒီစကားလုံးလေးလုံးက ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက အသိစိတ်ရှိလာကြပြီး ထွက်ပြေးသွားခဲ့ကြတယ်… အခု သူတို့က ကျမ်းစာလွှဲပြောင်းမျှော်စင်ရဲ့ အပေါ်ထပ်တစ်နေရာက ကျောက်စိမ်းပြားတစ်ခုထဲမှာ ပုန်းအောင်းနေကြတယ်… ငါက အတွင်းစည်းတပည့်ဖြစ်လာပြီး ကျမ်းစာလွှဲပြောင်းမျှော်စင်ရဲ့ အပေါ်ထပ်ကို သွားနိုင်မယ်ဆိုရင် သူတို့ကို ရှာဖွေနိုင်လိမ့်မယ် ”

“ အဲ့ဒီစကားလုံးလေးလုံးက နတ်ဘုရားနယ်မြေတွေနဲ့ ဆက်စပ်နေတယ်… ဘယ်နတ်ဘုရားနယ်မြေမှာမဆို သတ်မှတ်ထားတဲ့ အခြေခံဖွဲ့စည်းပုံတစ်ခု ရှိတယ်… ဒါ့အပြင် မကြာခင်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က နတ်ဘုရားနယ်မြေတစ်ခုမှာ အမဲလိုက်ပွဲတော်ကို ကျင်းပဖို့ စီစဉ်နေတယ်လို့ ငါသတင်းကြားထားတယ် ”

ရွှီချင်း၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။

ဤသည်ကို ခေါင်းဆောင်က သတိထားမိသောအခါ ပိုပြီးဘဝင်မြင့်သွားသည်။

“ ဘယ်လိုလဲ… စီနီယာအကိုကြီးက အထင်ကြီးစရာကောင်းတယ်မလား… ဒီအတွက် မဟုတ်ရင် ဘာလို့ ငါက အချိန်နဲ့ စွမ်းရည်ကို အများကြီး သုံးစွဲမှာလဲ… ငါ့အသက်ကိုတောင် စတေးပြီး ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းဆီ ဝင်ရောက်ခဲ့တယ်… ဒီကိစ္စအတွက် ငါက အရမ်းကြိုးစားအားထုတ်ထားတာ ”

“ ဒါပေမဲ့ ကိစ္စမရှိဘူး… ကြိုးစားအားထုတ်ရတာ ထိုက်တန်ပါတယ်… နောက်တစ်လကြာရင် အရည်အချင်းစမ်းသပ်ပွဲကို ကျင်းပလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ငါက အတွင်းစည်းတပည့်အဖြစ် သေချာပေါက် ရာထူးတိုးလိမ့်မယ်… ပြီးသွားရင် ငါတို့တွေ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီ ခရီးထွက်ကြမယ်… သူတို့က အမဲလိုက်ပွဲတော်အတွက် နတ်ဘုရားနယ်မြေကို ဖွင့်လှစ်တဲ့အခါ ငါတို့က အထဲကို ခိုးဝင်ကြမယ် ”

ခေါင်းဆောင်၏ အကြည့်သည် တည်ကြည်ခိုင်မြဲပြီး ဖော်မပြနိုင်သော စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

“ နတ်ဘုရားနယ်မြေထဲက အမဲလိုက်ပွဲတော်လား ”

ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အကြောင်းကို တခြားလူများထက် ပိုပြီးနားလည်ထားသည်။ သို့သော်လည်း နတ်ဘုရားနယ်မြေထဲမှ အမဲလိုက်ပွဲတော်နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သူမသိထားပေ။

“ ငါလိုချင်တာကို ရပြီးတဲ့အခါကျရင် မင်းကို ပြောပြမယ် ”

ခေါင်းဆောင်သည် မက်မွန်သီးကို အကုန်စားပြီးနောက် မတ်တတ်ရပ်လိုက်ပြီး သူ၏ ဝတ်စုံကို ဖုန်ခါလိုက်သည်။

“ ကောင်းပြီ အခု ငါသွားတော့မယ်… ငါမင်းကို ကြိုပြောထားတာက မင်းဘာသာ ကြိုပြင်ဆင်ထားလို့ရအောင်ပဲ… ပြီးတော့ ငါ့ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါ ”

ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။

ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး မေးသည်။

“ ကျမ်းစာလွှဲပြောင်းမျှော်စင်ကနေ အဲ့ဒီကျောက်စိမ်းပြားကို ယူဖို့က တကယ်ခက်ခဲလို့လား ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ မပျော်မရွှင်ဖြစ်သွားသည်။

“ ချင်းလေး… မင်းက အိမ်မက်မက်နေတာပဲ… အဲ့ဒါက ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းနော်… အဲ့ဒါက ဂိုဏ်းခွဲတစ်ခုဆိုပေမဲ့ ကျမ်းစာလွှဲပြောင်းမျှော်စင်က အဲ့ဒီဂိုဏ်းရဲ့ အဓိကနယ်မြေပဲ… အဲ့ဒီမှာ မွန်စတားအိုကြီးတွေက တစ်ချိန်လုံး စောင့်ကြပ်နေတာ… အပြင်လူတွေက အထဲဝင်လို့ မရဘူး… မဟုတ်ရင် ပထမတစ်ခေါက်ကတည်းက အဲ့ဒီဟာကို ငါခိုးပြီးတာကြာပေါ့… ဘာလို့ ငါက ဒီလောက်ထိ ဒုက္ခခံနေမှာလဲ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ချန်းတောက်ဇီကို စဉ်းစားမိသွားသည်။ ထို့ကြောင့် သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။

ခေါင်းဆောင်က စူးစမ်းသိချင်လာသည်။

“ မင်းဘာလုပ်နေတာလဲ ”

“ စီနီယာအကိုကြီး… ခဏစောင့်ဦး… မင်းရဲ့ အစီအစဉ်ကို အရှိန်မြှင့်တင်ပေးဖို့ ငါကူညီပေးနိုင်မလား မသိဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ခေါင်းဆောင်သည် ဆွံ့အသွားသည်။

All Chapters