← Chapters

ညီအကိုအရင်း

Vol. 79 Ch. 1219

ညီအကိုအရင်း

Vol. 79 Ch. 1219

“ အစီအစဉ်ကို အရှိန်မြင့်စေမယ်လား ”

ခေါင်းဆောင်သည် ရွှီချင်းကို စူးစမ်းလိုစွာ စုန်ချည်ဆန်ချည် အကဲခတ်လိုက်ပြီး သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူက မွန်မက်သီးတစ်လုံးကို ထပ်မံ ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။

“ ချင်းလေး… မင်းက ငါအဝေးရောက်နေတုန်း ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းမှာ မိတ်ဆွေကောင်းတစ်ယောက် ရခဲ့တာလား… အဲ့ဒီလူက အမျိုးသမီးကျင့်ကြံသူလား… သူက ဆွဲဆောင်မှုရှိလား… မင်းရဲ့ ကိုယ်ပေါ်က ရနံ့က သူ့ဆီကလား ”

“ ငါ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို ဘာမှမပြောချင်ဘူး… ဒါပေမဲ့ မင်းမှတ်ထားပါ မင်းက ငါ့ရဲ့ ဂျူနီယာညီလေး… ငါက မင်းရဲ့ စီနီယာအကိုကြီး ”

ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် တည်ကြည်လေးနက်လာသည်။

“ ဒါကြောင့် နောက်တစ်ခါ အဲ့လိုကိစ္စမျိုးရှိလာမယ်ဆိုရင် ငါ့ကို အသိပေးပါ ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အစက သူသည် အမှန်တိုင်းပြောရန် စဉ်းစားထားသည်။ သို့သော် ယခု သူက မည်သည့်စကားမှ မပြောချင်တော့ပေ။ ထို့ကြောင့် သူက နေရာမှာ ထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ခေါင်းဆောင်ကို လျစ်လျူရှုထားလိုက်သည်။

ရွှီချင်း၏ ထိုသို့ပုံစံကို မြင်သွားသောအခါ ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းနှင့် မျက်နှာချင်းဆိုင်နေရာမှာ ထိုင်လိုက်သည်။

“ မင်းဘာလို့ ဘာမှမပြောတာလဲ… ကိစ္စမရှိဘူး… ကိစ္စမရှိဘူး… မင်းအောင်မြင်တာပဲဖြစ်ဖြစ် မအောင်မြင်တာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး… ဒါပေမဲ့ မင်းရဲ့ ကြင်နာမှုကို စီနီယာအကိုကြီးက အမြဲတမ်း မှတ်ထားမှာပါ… မင်းရဲ့ ခန္ဓာကိုယ်အတွက် ငါတကယ်ပဲ နှလုံးနာကျင်ရတယ် ချင်းလေး ”

ရွှီချင်းသည် မျက်လုံးမှိတ်ထားဆဲပင်။

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အမူအရာကို ထုတ်ဖော်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောသည်။

“ ချင်းလေး… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က နတ်ဘုရားနယ်မြေမှာ ဘာဖြစ်လို့ အမဲလိုက်ပွဲတော်ကို ကျင်းပဖို့ စီစဉ်နေတာလဲဆိုတာ မင်းသိချင်လား ”

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားသော အမူအရာ ထွက်ပေါ်လာပြီး သူက မက်မွန်သီးကို ကိုက်စားလိုက်သည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က အရမ်းသန်မာတာကို မင်းသိတယ်မလား… ဒါပေမဲ့ သူတို့က အတိတ်မှာ လူသားမျိုးနွယ်လုပ်ဆောင်ခဲ့သလိုမျိုး ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် မလုပ်ဆောင်နိုင်သေးဘူး ”

“ အဲ့ဒီအတွက် အကြောင်းအရင်းလေးခုရှိတယ် ”

“ ပထမအကြောင်းအရင်းက ဝမ်ကူးကုန်းမြေမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နဲ့ အင်အားညီမျှတဲ့ အထူးမျိုးနွယ်စုကြီးလေးခု ရှိသေးတယ်… တကယ်တော့ အဲ့ဒီမဟာမျိုးနွယ်စုကြီးငါးစုထဲမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က အဆင့်သုံးမှာပဲ ရှိတယ် ”

“ ဒုတိယအကြောင်းအရင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ဓလေ့ထုံးစံတွေနဲ့ အသက်ရှင်သန်မှုနည်းလမ်းတွေကြောင့်ပဲ… သူတို့မှာ လူဦးရေအနည်းအကျဉ်းပဲရှိပြီး ကျယ်ပြောလှတဲ့ နယ်မြေတွေကို ဖြန့်ကြက်ထားကြတယ်… ဒါကြောင့် သူတို့အများစုက နေရာအတည်တကျမရှိဘဲ တစ်နေရာကနေ တခြားတစ်နေရာကို လှည့်ပတ်သွားကြတယ်… သူတို့က နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်ပြီး မျိုးနွယ်ခြားအများအပြားကို သူတို့အတွက် ကျွန်ပြုစေတယ် ”

“ တတိယအကြောင်းအရင်းက သူတို့ရဲ့ နေ၊ လ၊ ကြယ် နတ်ဘုရားသုံးပါးကြောင့်ပဲ… သူတို့မှာ ကိုယ်ပိုင်ဘုရားကျောင်းတွေရှိပြီး အဲ့ဒါက သေမျိုးလောကအပေါ် ဩဇာသက်ရောက်မှုရှိတယ်… အဲ့ဒါကြောင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က အင်အားစုသုံးစုအဖြစ် ခွဲထွက်နေပြီး အတွင်းရေးပဋိပက္ခတွေ အများကြီး ရှိတယ် ”

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ အဆင့်မြင့်ဆုံးက နတ်ဘုရားတောင်တန်းပဲ… နတ်ဘုရားတောင်တန်းပေါ်မှာ နတ်ဘုံကျောင်းသုံးခုရဲ့ ဌာနချုပ်တွေ တည်ရှိကြတယ်… နတ်ဘုရားမြို့တော်ကို နတ်ဘုရားတောင်တန်းရဲ့ ဘေးပတ်ပတ်လည်မှာ တည်ဆောက်ထားတယ်… ဒါ့အပြင် နတ်ဘုရားမြို့တော်က မီးလျှံလဒေသကြီးထဲမှာ အထွတ်အမြတ် ဩဇာအာဏာကို ပိုင်ဆိုင်ထားတယ် ”

“ နောက်တစ်ခုက သူတော်စင်နတ်ဆရာသုံးပါးရဲ့ ရွက်ဖျက်တဲတွေပဲ… အဲ့ဒါက နတ်ဘုရားတောင်တန်းရဲ့ အနီးနားမှာ တည်ရှိပြီး ဒေသကြီးတစ်ခုလုံးမှာ ပင်မထောင်တိုင်ကြီးသုံးခုလိုပဲ ”

“ စတုတ္ထအကြောင်းအရင်းကတော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ နတ်ဘုရားသုံးပါးရှိတယ်ဆိုပေမဲ့ သူတို့ရဲ့ အလုံးစုံစွမ်းအားက တခြားမျိုးနွယ်စုကြီးတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေတုန်းပဲ… ဒါကြောင့် နှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့နောက်မှာ ပိုမိုသန်မာလာဖို့အတွက် အဲ့ဒီမျိုးနွယ်က ရိုးရာအမဲလိုက်ခြင်းကို ပြုလုပ်ခဲ့တယ်… အဲ့ဒါက သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို ဂူကောင်တွေလို ပျိုးထောင်ပေးတာနဲ့ ဆင်တူတယ်… ဒါကြောင့် သူတို့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်ရှိပြီး ပိုပြီးသန်မာတဲ့လူတွေကို ကြောက်ရွံ့ရိုသေကြတယ် ”

“ သူတို့က နှစ်ခြောက်ဆယ်ပြည့်တိုင်း အမဲလိုက်ပွဲတော်ကို ကျင်းပခဲ့တယ်… နောက်ပိုင်းမှာ သူတို့က အားနည်းတဲ့ မျိုးနွယ်စုတွေအပေါ် အမဲလိုက်တာကို မကျေနပ်နိုင်ကြတော့ဘူး… ဒါကြောင့် လွန်ခဲ့တဲ့နှစ်တွေမှာ သူတို့က နတ်ဘုရားနယ်မြေအပေါ် မျက်စိကျလာကြတယ် ”

“ နှစ်သုံးရာပြည့်တိုင်း ကျင်းပလေ့ရှိတဲ့ မဟာအမဲလိုက်ပွဲတော်မှာဆိုရင် နတ်ဘုရားသုံးပါးက နတ်ဘုရားနယ်မြေဆီသွားနိုင်ဖို့ လေဟာနယ်တွေကို ကြုံရာကျပန်း ဆုတ်ဖြဲပစ်လိမ့်မယ်… ပြီးသွားရင် သူတို့ရဲ့ မျိုးနွယ်ဝင်တွေက နတ်ဘုရားနယ်မြေဆီ ဝင်ရောက်ပြီး အမဲလိုက်တာကို စတင်နိုင်လိမ့်မယ် ”

ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။

ဤသည်မှာ ရွှီချင်းက ထိုအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ယခု သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အင်အားအကြောင်းကို ပိုပြီးနားလည်သွားသည်။

လက်ရှိလူသားမျိုးနွယ်အကြောင်းကို သူတွေးမိသွားသောအခါ ရွှီချင်းက နှုတ်ဆိတ်သွားသည်။

ခေါင်းဆောင်သည် သူ၏ လက်ထဲမှ မက်မွန်သီးကို ကုန်စင်အောင် ကိုက်စားလိုက်သည်။ သူက စကားပြန်မဆက်ခင် နောက်ထပ် မက်မွန်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။

“ နတ်ဘုရားနယ်မြေမှာ ဘာလို့ အမဲလိုက်ပွဲတော်ကျင်းပလဲဆိုတာ အခု မင်းသိပြီလား… ပြီးတော့ မဟာအမဲလိုက်ပွဲတော်ကို ကျင်းပတဲ့အခါတိုင်း ပြိုင်ပွဲအမျိုးမျိုးကို ကျင်းပလေ့ရှိတယ်… ဒါ့အပြင် အဲ့ဒီပြိုင်ပွဲတွေမှာ နိုင်ပွဲအများဆုံး ရရှိတဲ့လူကို နတ်ဘုရားတောင်တန်းကနေ ဂုဏ်သိက္ခာကြီးမားတဲ့ ဘွဲ့ဂုဏ်ပုဒ်တစ်ခုကို ချီးမြှောက်ပေးတယ်လို့ ငါကြားတယ် ”

“ အဲ့ဒါက ရွှမ်ထျန်းစစ်သူကြီးဆိုတဲ့ ဘွဲ့ဂုဏ်ပုဒ်ပဲ ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။

လိုချင်တပ်မက်သော အရိပ်အယောင်က ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အရင်ဘဝမှာ ငါက အဲ့ဒီမဟာအမဲလိုက်ပွဲတော်မှာ ပါဝင်ခဲ့တယ်… စိတ်မကောင်းစရာက ပြိုင်ပွဲဝင်နေချိန်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်… မဟုတ်ရင် ငါက ရွှမ်ထျန်းစစ်သူကြီးဆိုတဲ့ သရုပ်ကို ရရှိလိမ့်မယ် ”

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်မဟုတ်တဲ့ တခြားလူတွေရော ပါဝင်နိုင်တာလား ”

ရွှီချင်းက မေးသည်။

ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်ပဲဖြစ်ဖြစ် သူတို့ရဲ့ လက်အောက်ခံမျိုးနွယ်စုတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် အဝေးက ရောက်လာတဲ့ မျိုးနွယ်ခြားတွေပဲဖြစ်ဖြစ် အရည်အချင်းပြည့်မီတယ်ဆိုရင် သူတို့က မဟာအမဲလိုက်ပွဲတော်ထဲမှာ ပါဝင်နိုင်တယ်… ဒါပေမဲ့ သမိုင်းတစ်လျှောက်မှာ ရွှမ်ထျန်းစစ်သူကြီးဆိုတဲ့ ဘွဲ့ဂုဏ်ပုဒ်ကို ချီးမြှောက်ခံရတဲ့ လူတိုင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်တွေချည်းပဲ ”

“ ဒီတစ်ခေါက် ငါ့အစီအစဉ်က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာအမဲလိုက်ပွဲတော်ကို အသုံးချပြီး နတ်ဘုရားနယ်မြေဆီ ခိုးဝင်ဖို့ပဲ… ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး အိမ်တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

“ ချင်းလေး… မင်းရဲ့ ကောင်မလေးက လာမှာလား မလာဘူးလား… ငါစောင့်နေတာ အတော်ကြာပြီ… ဘာသတင်းမှ မကြားရသေးဘူးလား ”

“ အဲ့ဒါက ကျမ်းစာလွှဲပြောင်းမျှော်စင်နော်… မျှော်စင်ထဲက မွန်းစတားအိုကြီးရဲ့ ကျင့်ကြံခြင်းက အရမ်းအံ့ဩဖို့ကောင်းပြီး သူ့ရဲ့ စိတ်အာရုံက အရမ်းစူးရှတယ်… အဲ့ဒီမျှော်စင်နားကို ငါကပ်သွားတဲ့အခါတိုင်း ငါ့ရဲ့ ဝိညာဉ်က မရေမတွက်နိုင်တဲ့ အပ်တွေနဲ့ ထိုးစိုက်ခံရသလိုမျိုး ခံစားရတယ်… မင်းရဲ့ ကောင်မလေးက အဲ့ဒီမွန်းစတားအိုကြီးကို ကျော်လွှားနိုင်ပါ့မလား ”

ခေါင်းဆောင်သည် သူ၏ လက်ထဲမှ မက်မွန်သီးကို ကိုက်စားလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ အဲ့ဒါက ယုတ္တိမရှိဘူး… အဲ့ဒီမွန်းစတားအိုကြီးက ကျမ်းစာလွှဲပြောင်းမျှော်စင်ကနေ အပြင်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး… မင်းရဲ့ ကောင်မလေးက အထဲကို လူခေါ်သွားနိုင်လို့လား… မဟုတ်ရင် ငါပြန်သွားတာ ပိုကောင်းလိမ့်မယ် ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် အိမ်တံခါးကို ကြည့်လိုက်သည်။

“ သူတို့ရောက်လာပြီ ”

“ ဟမ် ”

ခေါင်းဆောင်က စူးစမ်းသိချင်လာပြီး စကားပြောရန် ပြင်လိုက်စဉ် ဓားကိုင်တစ်ယောက်၏ အသံက အခန်းအပြင်ဘက်မှ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ရွှီချင်းကို တွေ့ချင်နေကြောင်း အကြောင်းကြားလာသည်။

“ သူ့ကို ဒီခေါ်လာခဲ့ပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ ဘယ်သူလဲ ”

ခေါင်းဆောင်သည် ပိုပြီးသိချင်စိတ်ပြင်းပြလာသည်။ သူက တံခါးကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။ မကြာမီ တစ်စုံတစ်ခုကို သူအာရုံခံမိသွားပြီး တံခါးခေါက်သံကို ကြားလိုက်သည်။

ရွှီချင်းသည် လက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုအခါ တံခါးပွင့်သွားပြီး ဘေးပတ်ပတ်လည်မှ အချုပ်အနှောင်စည်းများထဲတွင် ဝင်ပေါက်တစ်နေရာစာ ထွက်ပေါ်လာသည်။ အဖိုးအိုတစ်ယောက်၏ ပုံရိပ်သည် တံခါးအပြင်ဘက်တွင် ထွက်ပေါ်လာပြီး လျှို့ဝှက်အခန်းထဲသို့ တစ်လှမ်းချင်းစီ လျှောက်ဝင်လာသည်။

ထိုအဖိုးအိုသည် တစ်ခေါင်းလုံး ဆံပင်ဖြူနေပြီး သာမန်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ သရုပ်ကို ပြောရန် မဖြစ်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ဗလာနတ္ထိစွမ်းအင်လှိုင်းများသည် အလွန်နက်ရှိုင်းသည်။ သူ၏ မျက်လုံးသည်လည်း ထွန်းလင်းတောက်ပသည်။

သူ၏ ရောက်ရှိလာမှုက ခေါင်းဆောင်ကို သတိကြီးစွာ ထားရှိစေသည်။

အဖိုးအိုသည် ရွှီချင်းကို မြင်တွေ့သွားသောအခါ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ချပေးလိုက်သည်။

“ အားလုံးက ဒီထဲမှာရှိပါတယ်… ခုနစ်ရက်ပြည့်ရင် မင်းက အဲ့ဒါတွေကို ပြန်ပေးရပါမယ် ”

ထိုသို့ပြောပြီးနောက် အဖိုးအိုသည် အနောက်ဆုတ်သွားပြီး လျှို့ဝှက်အခန်းထဲမှ ပြန်ထွက်သွားသည်။ မကြာမီ သူက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် သူက စကားသုံးခွန်းသာ ပြောခဲ့သည်။ သူက ခေါင်းဆောင်ကိုပင် တစ်ချက်မကြည့်သွားခဲ့ပေ။

သူထွက်သွားပြီးနောက် ခေါင်းဆောင်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူက တစ်ဖက်လူထွက်သွားသော နေရာကို ကြည့်လိုက်သည်။ ထို့နောက် သူက ကြမ်းပြင်ပေါ်မှ သိုလှောင်အိတ်ကို ကြည့်လိုက်သည်။

“ ချင်းလေး… အဲ့ဒါဘယ်သူလဲ… သူ့ရဲ့ ကျင့်ကြံခြင်းက မရိုးရှင်းဘူး… ပြီးတော့ အားလုံးက ဒီသိုလှောင်အိတ်ထဲမှာရှိတယ်လို့ သူပြောသွားတယ်… အဲ့ထဲမှာ ဘာရှိတာလဲ ”

ခေါင်းဆောင်၏ အသက်ရှုသံသည် အနည်းငယ် မြန်ဆန်လာသည်။ ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသော်လည်း ယင်းက ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။

“ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲရဲ့ ကျမ်းစာလွှဲပြောင်းမျှော်စင်ဆီက ကျောက်စိမ်းပြားအားလုံးက ဒီထဲမှာ ရှိတယ် ”

ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ သိုလှောင်အိတ်သည် ခေါင်းဆောင်ဆီသို့ ပျံသန်းသွားသည်။

“ မဖြစ်နိုင်တာ ”

ခေါင်းဆောင်သည် ရုတ်တရက် ထိုင်ချလိုက်ပြီး သိုလှောင်အိတ်ကို ဖမ်းဆုပ်လိုက်သည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်သည့်အခါ သူ၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ သူက ရွှီချင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

သူ၏ အမူအရာမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။

သူ့နတ်ဘုရားစိတ်အာရုံ၏ စစ်ဆေးမှုအောက်မှာ ထိုသိုလှောင်အိတ်ထဲတွင် ကျောက်စိမ်းပြားတစ်သိန်းရှိကြောင်း သူအာရုံခံမိသည်။ တစ်နည်းအားဖြင့် ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲထဲမှာရှိသော အရာအားလုံးက ဤသိုလှောင်အိတ်ထဲမှာ ရှိသည်။ သူ၏ ယခင်က စစ်ဆေးမှုများကြောင့် ထိုကျောက်စိမ်းပြားများက ကျမ်းစာလွှဲပြောင်းမျှော်စင်ထဲမှ ကျောက်စိမ်းပြားများဖြစ်ကြောင်း သူမှတ်မိသည်။

ထို့ပြင် အရေအတွက်အားဖြင့် ယင်းတို့အားလုံးက ဤသိုလှောင်အိတ်ထဲမှာ ရှိလောက်၏။

အရေးကြီးသည်မှာ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ၏ အရှိန်အဝါကို ထိုကျောက်စိမ်းပြားများထဲမှာ သူအာရုံခံမိသည်။ တစ်နည်းအားဖြင့်ဆိုရသော် လွတ်မြောက်သွားသော စကားလုံးများက ဤကျောက်စိမ်းပြားများထဲမှာ ရှိသည်။

“ ဒါက…”

ခေါင်းဆောင်သည် စိတ်ရှုပ်ထွေးသွားသည်။

ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းအကြောင်းကို သူသိသည်။ ထို့ကြောင့် ဂိုဏ်းခွဲတစ်ခု၏ ကျမ်းစာလွှဲပြောင်းမျှော်စင်မှ ပစ္စည်းများကို တခြားတစ်ယောက်အား ငှားရန် အလွန်ခက်ခဲကြောင်း သူနားလည်သည်။ ထိုသို့လုပ်ဆောင်ရန် ဂိုဏ်းခွဲ၏ ဂိုဏ်းခေါင်းဆောင်နှင့် အဓိကဂိုဏ်းတော်ကြီးထံမှ ခွင့်ပြုချက်ကို လိုအပ်သည်။

ဤကိစ္စကို ခွင့်ပြုသူသည် ဂိုဏ်းထဲမှာ အဆင့်အတန်း အလွန်မြင့်မားသူ ဖြစ်ရမည်။

ဤအခိုက်အတန့်မှာ သိုလှောင်အိတ်ကို ကြည့်နေရင်း ခေါင်းဆောင်သည် အနည်းငယ် စိတ်အားငယ်သွားသည်။ သူက ဤအတောအတွင်း မည်မျှကြိုးစားအားထုတ်ခဲ့ပြီး မည်မျှပေးဆပ်ခဲ့ကြောင်း စဉ်းစားမိသွားသည်။ ယင်းကို ပြီးမြောက်ရန် အချိန်တစ်လကြာဦးလိမ့်မည်။ သို့သော်လည်း ရွှီချင်းက အသံပို့လွှတ်ရုံသာ လုပ်ဆောင်ခဲ့သည်။

ထိုခံစားမှုက သူ၏ အစီအစဉ်ကို အရှိန်မြင့်စေခဲ့မှုနှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားမှုအားလုံးကို ဆုံးရှုံးသွားစေသည်။ ယင်းအစား သူက စိတ်အားငယ်သွားသည်။ ထို့ကြောင့် သူက ရွှီချင်းကို ခါးသီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ မင်းဘာလို့ အရင်က ငါ့ကို အဲ့ဒီအကြောင်း မပြောခဲ့တာလဲ… ”

“ မင်းငါ့ကို ဒီနေ့မှ ပြောတာ မဟုတ်ဘူးလား ”

ရွှီချင်းက အမူအရာကင်းမဲ့စွာ ပြောသည်။

ခေါင်းဆောင်သည် ပိုပြီးစိတ်အားငယ်သွားသည်။

“ အဲ့ဒီလူက ဘယ်သူလဲ ”

“ သူက ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်မယ် ”

ရွှီချင်းက ပြန်ပြောသည်။

“ မဖြစ်နိုင်တာ… အဓိကဂိုဏ်းတော်ကြီးရဲ့ အကြီးအကဲတွေတောင် အဲ့လိုမလုပ်နိုင်ဘူး… ဒီလူရဲ့ အဆင့်အတန်းက အကြီးအကဲတွေထက် ပိုပြီးမြင့်မားရမယ် ”

ခေါင်းဆောင်က ပြောသည်။

“ အဲ့ဒါက အရေးမကြီးဘူး… အခု မင်းလိုချင်တဲ့ ပစ္စည်းကို ရှာနိုင်ပြီမဟုတ်ဘူးလား… ခုနစ်ရက်ပြည့်ရင် အဲ့ဒါတွေကို ပြန်ပို့ရမယ်ဆိုတာ မမေ့နဲ့ ”

ရွှီချင်းသည် စကားပြောပြီးနောက် မတ်တတ်ရပ်လိုက်ပြီး အခန်းအပြင်သို့ ထွက်လျှောက်သွားသည်။ သူက ယနေ့ စိတ်ပျော်ရွှင်နေသည်။

လျှို့ဝှက်အခန်းထဲတွင် ခေါင်းဆောင်သည် သိုလှောင်အိတ်ကို ကိုင်ထားလျက် ရွှီချင်း၏ နောက်ကျောကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ မည်သို့ပြောရမည်မှန်း သူမသိတော့ချေ။ အချိန်အတော်ကြာပြီးနောက် သူက သုန်မှုန်စွာ ခေါင်းငုံ့လိုက်ပြီး စကားလုံးများကို ရှာဖွေလိုက်သည်။

ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲဆီသို့ ပြန်သွားခြင်းသည် လုံးဝအဓိပ္ပာယ်မဲ့သွားသည်။

“ မဟုတ်ဘူး… အဲ့လိုမဖြစ်ရဘူး… စီနီယာအကိုကြီးအနေနဲ့ ငါက မျက်နှာပျက်လို့ မဖြစ်ဘူး… ”

ခေါင်းဆောင်၏ အကြည့်ထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း မည်သို့လုပ်ဆောင်ရမည်ကို သူမသိပေ။

“ အား… ခေါင်းကိုက်လိုက်တာ… ကျင့်ကြံခြင်းနဲ့ပတ်သက်ရင် ငါက ချိပ်တံဆိပ်တွေကို ဖြေလျှော့ပြီး စီနီယာအကိုကြီးဆိုတဲ့ ဂုဏ်သိက္ခာကို ပြန်ယူနိုင်တယ်… ဒါပေမဲ့ အခုကိစ္စမှာ ငါဘာလုပ်နိုင်မှာလဲ… ”

ခေါင်းဆောင်သည် စကားလုံးများကို ရှာဖွေနေရင်း ရွှီချင်းကို မည်သို့အနိုင်ယူရန် စဉ်းစားနေသည်။ နောက်ဆုံးမှာတော့ သူက အံတင်းတင်းကြိတ်လိုက်သည်။

“ အဲ့ဒီအချိန်ကျရင် အရင်ဘဝပေါင်းများစွာက ငါ့ရဲ့ သရုပ်တွေကို အသုံးပြုပစ်မယ် ”

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး တစ်ပတ်ကုန်ဆုံးသွားသည်။

ထိုခုနစ်ရက်အတွင်းမှာ တာအိုဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ပေါ် စုံစမ်းစစ်ဆေးမှုသည် တဖြည်းဖြည်း စတင်လာသည်။ နေ့တိုင်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများကို စုံစမ်းစစ်ဆေးရန် ခေါ်ဆောင်သွားကြသည်။ နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးသည် ဤကိစ္စကို အာရုံစိုက်ထားကြသည်။

သတ္တမမင်းသား၏ သေဆုံးမှုသည်တော့ သူက မျိုးနွယ်ပုန်ကန်မှုကို ကျူးလွန်ခဲ့ပြီး ဧကရာဇ်ဓား၏ သတ်ဖြတ်ခံခဲ့ရသောကြောင့် ဈာပနပွဲကို မကျင်းပခဲ့ပေ။ ယင်းအစား မင်းသားဟူသော သူ၏ တော်ဝင်အဆင့်အတန်းကို ဖယ်ရှားပစ်လိုက်သည်။ ထို့ပြင် သူ့ကို တော်ဝင်ဘုရားကျောင်းထဲမှာပင် အုတ်ဂူတစ်ခု မပြုလုပ်ပေးခဲ့ပေ။

သမိုင်းကြောင်းသည်သာ သတ္တမမင်းသား၏ အဖြစ်အပျက်ကို မှတ်တမ်းတင်ပေးလိမ့်မည်။

“ ရွှမ်ကျန်းပြက္ခဒိန် (၂၉၃၆)ခုနစ် ဆောင်းရာသီတွင် သတ္တမမင်းသားက မျိုးနွယ်ပုန်ကန်မှုကို ကျူးလွန်ခဲ့ပြီး ဧကရာဇ်ဓားရဲ့ သုတ်သင်ခံခဲ့ရတယ် ”

ဤသည်မှာ သူ၏ အဆုံးသတ်ဖြစ်သည်။

သက်တံ့လမ်းကြောင်းပေါ်တွင် သတ္တမမင်းသားကို ကိုယ်စားပြုသော အမွှေးတိုင်သည်လည်း ပြာဖြစ်သွားသည်။ ယခု အမွှေးတိုင်သည် (၁၂)တိုင် မဟုတ်တော့ပေ။ (၁၁)တိုင်သာ ကျန်ရှိတော့သည်။

ရွှီချင်း၏ နာမည်သည် နန်းမြို့တော်၏ အတွင်းနှင့်အပြင်မှာ ပျံ့နှံ့သွားသည်။ လူတိုင်းက သူ့ကို သိသွားကြသည်။

ဤအခိုက်အတန့်မှာ နယ်စပ်ဒေသကို စောင့်ကြပ်ရန်အတွက် ပထမကောင်းကင်ဘုရင်နောက်သို့ လိုက်ပါသွားပြီး နန်းမြို့တော်မှ နှစ်အတော်ကြာ ထွက်ခွာသွားခဲ့သော ပဉ္စမမင်းသားသည် နန်းမြို့တော်သို့ ပြန်လာနေပြီဖြစ်ကြောင်း သတင်းပို့လာသည်။

ထိုသတင်းထွက်ပေါ်လာသည့်အခါ နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးတွင် ဆွေးနွေးမှုများ ထွက်ပေါ်လာကြသည်။

သတ္တမမင်းသားသေဆုံးပြီးနောက် ဤကိစ္စသည် လူအများအပြား၏ စိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

အဘယ့်ကြောင့်ဆိုသော် သတ္တမမင်းသားနှင့် ပဉ္စမမင်းသားသည် ညီအကိုအရင်းများ ဖြစ်သောကြောင့် ဖြစ်သည်။

ရက်အနည်းငယ် ကုန်ဆုံးပြီးနောက် တစ်နေ့သော နံနက်ခင်းအချိန်တွင် ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာသည်။

နန်းမြို့တော်၏ အရှေ့ဘက်ဂိတ်တံခါး၏ အပြင်ဘက် ရှေးဟောင်းစည်းချအစီအရင်၏ အပေါ်တွင် အလင်းရောင်သည် ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာသည်။ ကောင်းကင်၏ တောက်ပမှုအောက်မှာ စစ်တပ်တစ်တပ်သည် တည်နေရာပြောင်းရွှေ့လာသည်။ အဝေးမှကြည့်လျှင် အလံတိုင်များက လေထဲမှာ တလွင့်လွင့် မြှောက်တင်နေကြောင်း မြင်နိုင်လိမ့်မည်။ စစ်တပ်သည် အလွန်အံ့ဖွယ်ကောင်းပြီး ၎င်း၏ ထွက်ပေါ်လာမှုက ကောင်းကင်ပေါ်မှ တိမ်တိုက်များကို လှုပ်ရှားထကြွသွားစေသည်။

စစ်တပ်၏ အရှေ့တွင် လူတစ်ယောက်သည် ခေါင်းနှစ်လုံးနဂါးနက်တစ်ကောင်ပေါ်မှာ ထိုင်နေသည်။

ထိုလူသည် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နန်းမြို့တော်ဆီသို့ အေးတိအေးစက် စိုက်ကြည့်နေသည်။

သူ၏ ဆံပင်ရှည်သည် လေထဲမှာ လွင့်မျောနေပြီး သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သိသာစွာပင် သူ၏ ဘဝမှာ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားပေသည်။ သူ့အနောက်မှ စစ်သည်တော်အားလုံးသည် တိတ်ဆိတ်နေကြသည်။

“ ငါပြန်လာပြီ ”

အနက်ရောင်စစ်ချပ်ဝတ်နှင့် အမျိုးသားသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

All Chapters