← Chapters

ချင်းလေး မင်းဘာလုပ်နေတာလဲ

Vol. 79 Ch. 1226

ချင်းလေး မင်းဘာလုပ်နေတာလဲ

Vol. 79 Ch. 1226

“ ချင်းလေး… မင်းဘာကို စောင့်နေတာလဲ… စောစောက တားမြစ်ဇုန်ထဲကို ငါတို့ဝင်လာတော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အမှတ်အသားကို ငါအာရုံခံမိခဲ့တယ်… တစ်ယောက်ယောက်က ဒီတားမြစ်ဇုန်ကို သူ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတာ ဖြစ်မယ် ”

ခေါင်းဆောင်သည် ယားယံမှုနှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အဖုအဖောင်းများကို သည်းခံနေရင်း ရွှီချင်းကို ကြည့်လိုက်သည်။

“ မြန်မြန်လုပ်ပါ… ငါမင်းကို ပြောပြမယ် ချင်းလေး… ဒီခံစားချက်က အရမ်းသက်တောင့်သက်သာရှိတယ်… ပိုပြီးအကိုက်ခံရလေ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက ပိုပြီးတိုးမြှင့်လေပဲ ”

“ အတိတ်တုန်းက မဟာအမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲမှာ ငါက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တယ်… အဲ့ဒီပြိုင်ပွဲကို ကောင်းကင်ပြိုကျခြင်းလို့ ဘာလို့ခေါ်လဲ မင်းသိလား… ဘာလို့လဲဆိုတော့ နတ်ဘုရားတောင်တန်းရဲ့ ကီလိုမီတာငါးသောင်းအတွင်းမှာ ကောင်းကင်က ပြိုကျလာပြီးတော့ လူတိုင်းကို ဖိနှိပ်လို့ပဲ ”

“ အဲ့ဒါက အကြောင်းအရင်းတွေထဲက တစ်ခုပဲ… ပြီးတော့ ဒီပြိုင်ပွဲမှာ ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်ရောက ဖော်မပြနိုင်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်… အတိုချုပ်ပြောရရင် နာကျင်မှုမျိုးစုံက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာလိမ့်မယ်… အဲ့ဒီအခါကျရင် မင်းက အရှေ့ကို ခြေတစ်လှမ်းရွှေ့ဖို့တောင် မနည်းကြိုးစားရလိမ့်မယ် ”

“ အဲ့ဒီအချိန်တုန်းက ငါ့ခန္ဓာကိုယ်က ပိန်ပါးပြီး ဘာမှကြိုတင်မပြင်ဆင်နိုင်ခဲ့ဘူး… အဲ့ဒါကြောင့် ငါက သတိလစ်လုနီးပါး ပြင်းထန်တဲ့ နာကျင်မှုဒဏ်ကို ခံစားခဲ့ရတယ်… ဒါပေမဲ့ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ လူတွေနဲ့ လူ့ဘီလူးကျင့်ကြံသူတွေကို ပြိုင်ပွဲမှာ ငါမြင်ခဲ့တယ်… သူတို့က ပထမပြိုင်ပွဲမှာ အထူးအားသာချက် ရှိကြတယ် ”

“ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ငါက နည်းလမ်းတစ်ခုကို စဉ်းစားခဲ့တယ်… နောက်ဆုံးမှာ ဒီတားမြစ်ဇုန်ကို ငါရှာတွေ့သွားခဲ့တယ်… တကယ်လို့ မင်းက သန္ဓေပြောင်းခြင်တွေရဲ့ အဆိပ်ကို တောင့်ခံနိုင်မယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်က အချိန်တိုအတွင်းမှာ ပိုပြီးသန်မာလာလိမ့်မယ် ”

“ ဒါ့အပြင် အဲ့ဒါက လူတွေရဲ့ နာကျင်မှုအပေါ် အာရုံခံနိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးလာစေလိမ့်မယ်… အဲ့ဒါက ပထမပြိုင်ပွဲအတွက် အထူးသင့်တော်တယ်… အဲ့ဒီဘဝမှာတုန်းက ဒီနည်းလမ်းကို စောစောစီးစီး ငါမစဉ်းစားမိခဲ့တာ ရင်နာစရာပဲ ”

“ ချင်းလေး… ငါ့ကို ယုံကြည်စမ်းပါ ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် သူ၏ ကျင့်ကြံခြင်းအခြေခံကို နည်းလမ်းအမျိုးမျိုးဖြင့် လှည့်ပတ်လိုက်သည်။ အဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ ခြင်များသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီး ချက်ချင်း သေဆုံးသွားကြသည်။ သိသာစွာပင် ခေါင်းဆောင်က သူတို့ကို အဆိပ်ဖြင့် သတ်ပစ်လိုက်ခြင်းဖြစ်သည်။

ခေါင်းဆောင်သည် အလွန်ဇွဲကောင်းပြီး သူ၏ လက်ရှိအခြေအနေကို မကျေနပ်နိုင်သေးပေ။ ထို့ကြောင့် သူက နောက်ထပ် ခြင်အုပ်စုများကို ဆွဲဆောင်လိုက်သည်။

ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် သူ့အား ရွှံ့မြေခွေးပြောခဲ့သော မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲများအကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ခေါင်းဆောင်၏ စကားထက်စာလျှင် ရွှံ့မြေခွေး၏ စကားက ပိုပြီးအကျိုးအကြောင်းဆီလျော်ကြောင်း သူခံစားမိသည်။

အတိတ်တွင် ခေါင်းဆောင်သည် သူ၏ အတွေ့အကြုံများထဲမှာ စိတ်နှစ်ထားခဲ့သဖြင့် ပြိုင်ပွဲစည်းမျဉ်းများက ပြောင်းလဲသွားကြောင်းကို မသိသေးဟန် ရ၏။ မည်သို့ဖြစ်ပါစေ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးက မီးလျှံလဌာနချုပ်ဖြင့် အလွန်ဝေးကွာလေရာ အမဲလိုက်ပွဲတော်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို မည်သို့ကြောင့် အလွယ်တကူ ရယူနိုင်မည်နည်း။

အကယ်၍ သူက ပြိုင်ပွဲစည်းမျဉ်းများကို ကြိုသိချင်လျှင် မျိုးနွယ်စုတစ်ခုလုံးကို စုံစမ်းစစ်ဆေးရလိမ့်မည်။ ယင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။

ထို့ကြောင့် ရွှီချင်းသည် ရွှံ့မြေခွေးထံမှ သူရရှိထားသော သတင်းအချက်အလက်များကို ခေါင်းဆောင်အား ထုတ်ပြောရန် ပြင်လိုက်သည်။

သို့သော်လည်း သူက စကားပြောတော့မည့်အချိန် ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ဆေးပုလင်းတစ်လုံးကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်သည်။

“ ချင်းလေး… စီနီယာအကိုကြီးက မင်းအပေါ် မချစ်ဘူးလို့ မပြောနဲ့… ဒါက မင်းအပေါ်ထားတဲ့ ငါ့အချစ်ပဲ… တကယ်လို့ မင်းက ဆေးပုလင်းကို ဖွင့်လိုက်မယ်ဆိုရင် ခြင်တွေကို ငါ့လိုပဲ ဆွဲဆောင်နိုင်လိမ့်မယ် ”

“ ပြီးတော့ ဆေးပုလင်းထဲက ဒြပ်နှောရနံ့က မင်းအတွက် ငါအထူးပြင်ဆင်ထားတဲ့ ဟာပဲ… အဲ့ဒါက ခြင်မတွေကို ငါ့ဆီ ရောက်လာအောင် ဆွဲဆောင်ပေးပြီးတော့ ခြင်ထီးတွေကို မင်းဆီ ရောက်လာအောင် ဆွဲဆောင်ပေးလိမ့်မယ်… ဟီး ဟီး ”

ခေါင်းဆောင်၏ တစ်ကိုယ်လုံးသည် ဖူးရောင်နေသည်။ သူက နာကျင်နေသော်လည်း ရွှီချင်းကို မျက်စပစ်ပြလိုက်သည်။ ယခု သူ၏ အသွင်ပုံစံသည် အလွန်အရုပ်ဆိုးသည်။ သူက မျက်စိမှိတ်ပြပြီးနောက် ယင်းတို့ကို ပြန်မဖွင့်နိုင်တော့ပေ။

ရွှီချင်းသည် ဆေးပုလင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆေးပုလင်းကို ကောက်ယူလိုက်ပြီး သိမ်းဆည်းလိုက်သည်။ အစောနက သူပြောချင်သော စကားများကို ပြန်မျိုချလိုက်သည်။

ထို့နောက် သူက အနီရောင်တားမြစ်တောင်ဆီသို့ လျှောက်သွားသည်။ သူက တောင်ခြေမှနေ၍ ခေါင်းမော့လိုက်ပြီး တောင်ထိပ်ကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ညာလက်ကို မြှောက်လိုက်ကာ တောင်ပေါ်သို့ ဖိချလိုက်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ယင်းက ကြောက်စရာကောင်းသော အရှိန်အဝါသို့ ပြောင်းလဲသွားပြီး တောင်ထိပ်ကို လွှမ်းခြုံသွားသည်။ ထိုအခါ တားမြစ်တောင်သည် တုန်ယင်သွားပြီး ဝုန်းခနဲ မြည်ဟိန်းသံများ ပဲ့တင်ထပ်လာသည်။

တောင်ပေါ်မှ ခြင်များသည် ကြောက်လန့်သွားကြပြီး အုပ်စုလိုက် ပျံသန်းသွားကြသည်။ ၎င်းတို့က အနက်ရောင်မြူခိုးပမာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ယင်းက မူလက မှောင်ရီနေသော တားမြစ်ဇုန်ကို ပိုပြီးနက်မှောင်သွားစေသည်။

တဝီဝီမြည်သံများက ချက်ချင်း ပေါ်လျှိုးထွက်လာပြီး လူတိုင်းက ထိတ်လန့်သွားကြသည်။

ထိုမြင်ကွင်းကို ခေါင်းဆောင်မြင်သွားသောအခါ ရွှီချင်းက ခြင်များကို ဆွဲဆောင်ရန် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သူသတိပြုမိသွားသည်။ သူက မအံ့ဩဘဲ မနေနိုင်ပေ။

“ အာ… မင်းဘာလုပ်နေတာလဲ ”

ရွှီချင်းသည် စကားမပြောပေ။ ဤအခိုက်အတန့်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်နှစ်သန်းသည် မြန်ဆန်စွာ လှုပ်ရှားထကြွလာပြီး အပြင်ဘက်သို့ တိုးထွက်လာကြသည်။

အဝေးမှ ကြည့်လျှင် ထိုဝိညာဉ်ချည်မျှင်များက ကောင်းကင်နှင့် ဆက်သွယ်နေဟန် အောက်မေ့ရပြီး မရေမတွက်နိုင်သော လျှပ်စီးသွားများကို ဆွဲဆောင်နေပုံပေါ်သည်။ နောက်ဆုံးမှာတော့ ယင်းတို့က ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်၏ ဘေးပတ်ပတ်လည်တွင် ရစ်ခွေသွားကာ ကြီးမားသော အင်အားတစ်ခုကို ဖြစ်ပေါ်စေသည်။

ဤသည်မှာ ဧရာမလက်ဝါးတစ်ခုက ဗလာနတ္ထိထဲမှ ထွက်ပေါ်လာသည့်အလား တောင်ထိပ်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီး အကြမ်းပတမ်း ဆွဲမလိုက်သည်။

သူက တောင်ကို မြေကြီးပေါ်မှ မြှောက်တင်ချင်သည်။

မြေပြင်သည် တုန်ယင်သွားပြီး တားမြစ်ဇုန်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ တားမြစ်တောင်သည်လည်း တုန်လှုပ်သွားသည်။

ခေါင်းဆောင်သည် သူ၏ မျက်လုံးကို ပြူးကျယ်စွာ ဖွင့်ချင်သည်။ သို့သော်လည်း ထိုသို့သူမလုပ်ဆောင်နိုင်ပေ။ သူက သံသယဝင်လာသည့်အခါ သူ၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။

သူက စကားပြောတော့မည့်အချိန် ပိုပြီးကျယ်လောင်သော ဝုန်းခနဲ မြည်သံသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ဆွဲမခံနေရသော တောင်မှ မြည်ဟိန်းထွက်လာသည်။ တောင်သည် အပြင်းအထန် လှုပ်ခါသွားပြီး ဝိညာဉ်ချည်မျှင်နှစ်သန်း၏ ဆွဲမမှုအောက်မှာ အက်ကွဲရာများသည် မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။

တောင်သည် ခုနစ်လက်မခန့် အပေါ်သို့ မြှောက်တတ်သွားသည်။

သွေးနှင့်တူသော အနက်ရောင်အရည်သည် တောင်၏ အောက်ခြေနှင့် မြေကြီးထဲမှ စိမ့်ထွက်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က မြေကြီးပေါ်မှာ လဲလျောင်းပြီး တစ်ချက်ကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သော အနက်ရောင်အသွေးအသားများကို တောင်နှင့် မြေကြီးကြားထဲမှာ မြင်နိုင်လိမ့်မည်။

ထိုနေရာမှာ အရိုများလည်း ရှိသည်။

၎င်းက မည်သို့ကြောင့် တောင်ဖြစ်နိုင်မည်နည်း။ ၎င်းက ရုပ်ခန္ဓာကိုယ်တစ်ခုဖြစ်ကြောင်း ရှင်းလင်းပေသည်။ ဤသည်မှာ တားမြစ်ဇုန်၏ ရုပ်ခန္ဓာကိုယ်ဖြစ်သည်။

ထိုရှာတွေ့မှုက ရွှီချင်းကို အနည်းငယ် အံ့ဩသွားစေသည်။

တားမြစ်ဇုန်ထဲမှ တောင်သည် အပြင်ဘက်မှ တောင်များထက် အများကြီး ပိုပြီးလေးလံသည်။ ယင်းကို အာရုံခံမိပြီးနောက် ရွှီချင်းသည် တောင်မြစ်ဇုန်အကြောင်း အနည်းငယ် ပိုပြီးနားလည်သွားသည်။

ထို့ပြင် ဤတောင်က ကိုယ်ပိုင်ဖိအားတစ်ခုကို သယ်ဆောင်ထားလေရာ ယင်းကို ဆွဲမခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

ထို့ပြင် ၎င်းကို မမြှောက်လိုက်သဖြင့် ဒြပ်နှောများသည် ပိုပြီးသိပ်သည်းစွာ ပျံ့နှံ့ထွက်လာသည်။

အရေးကြီးဆုံးမှာ ဤတောင်နှင့် တားမြစ်ဇုန်ကြားမှ ဆက်သွယ်မှု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းကို အဝေးသို့ ယူဆောင်သွားချင်လျှင် ယင်းက သက်ရှိလူသားတစ်ယောက်၏ အသားကို လှီးဖြတ်သွားခြင်းနှင့် ဆင်တူလိမ့်မည်။

ယခုအချိန်မှာ တောင်က အနည်းငယ် ကြွတတ်လာသဖြင့် တားမြစ်ဇုန်တစ်ခုလုံးသည် အသက်ဝင်လာဟန် ရသည်။ မြက်ပင်များ၊ သစ်ပင်များ၊ ဒြပ်နှောများနှင့် ကျောက်ဆောင်များသည် ငြင်းဆန်သော စိတ်ဆန္ဒနှင့် ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်လာကြသည်။

မြေကြီးသည် လှုပ်ရှားထကြွလာသည်။ ရှေးခေတ်ကတည်းက ဤတားမြစ်ဇုန်ထဲတွင် သေဆုံးသွားခဲ့ကြသော သက်ရှိများ၏ အလောင်းများသည် တစ်ကောင်ပြီးတစ်ကောင် မြေကြီးထဲမှ တွားသွားထွက်လာကြသည်။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော အမူအကျင့်နှင့်အတူ ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ပြေးသွားကြသည်။

ယင်းက အလွယ်တကူ လက်မလျော့ချင်ပေ။

တားမြစ်ဇုန်တစ်ခုလုံးသည် ကိုယ်ပိုင်အသိစိတ်ရှိလာသည့်အလား ရွှီချင်းကို ပစ်မှတ်ထားလိုက်သည်။ တိုက်ခတ်နေသော လေသည် တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။ ယင်းက လေတိုက်သံလော သို့မဟုတ် စကားသံလော သေချာကွဲကွဲပြားပြား မသိနိုင်ပေ။

“ ထွက်သွား ”

“ အခုချက်ချင်း ထွက်သွား ”

“ သေစမ်း ”

ထိုစကားသံများသည် ရွှီချင်း၏ အကြည့်ကို ပိုပြီးအေးစက်သွားစေသည်။

သူက ဖိအားကို တောင့်ခံနိုင်သည်။ ဝိညာဉ်ချည်မျှင်များနှင့်အတူ တောင်၏ အလေးချိန်ကို သူတောင့်ခံနိုင်သည်။

သူက ဒြပ်နှောများကိုလည်း လျစ်လျူရှုနိုင်သည်။ ဤတောင်က တားမြစ်ဇုန်နှင့်တစ်သားတည်း ဖြစ်သည်ဟူသော အချက်သည်တော့…

“ မင်းက ငါ့ကို မပေးချင်ဘူးဆိုမှတော့ တောင်ကို မင်းနဲ့အတူ ငါယူသွားမယ် ”

ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။ သူက ပြေးတမ်းလိုက်တမ်း ကစားနေသော အရိပ်လေးကို ခေါ်လိုက်ပြီး အမိန့်တစ်ခု ပေးလိုက်သည်။

“ ဒီတားမြစ်ဇုန်ကို ဝါးမျိုစမ်း ”

အရိပ်လေးသည် ထိုအမိန့်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အကယ်၍ အတိတ်တုန်းကဆိုလျှင် ၎င်းက ယင်းကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ ၎င်းက ဗိုက်ဆာလာသည့်အခါတိုင်း ဆန္ဒရှိသလို စားပစ်လိမ့်မည်။ သို့သော်လည်း ရွှီချင်းနှင့် တွေ့ဆုံပြီးနောက်ပိုင်း ၎င်းက အမြဲတမ်း စိုးရိမ်နေရသည်။ ရွှီချင်း၏ ခွင့်ပြုချက်မရှိဘဲ ၎င်းက ဘာမှမလုပ်ဆောင်ဝံ့ပေ။

ထို့ကြောင့် ၎င်းက မြူခိုးနောက်သို့ လိုက်ဖမ်းပြီး နှိပ်စက်ရုံသာ လုပ်ဝံ့သည်။ ၎င်းကို တိုက်ရိုက် ဝါးမမျိုဝံ့ပေ။ ၎င်းက အမှားတစ်ခုခုလုပ်မိသွားပြီး နောက်တစ်ကြိမ် အပြစ်ပေးခံရမည်ကို စိုးရိမ်သည်။

သို့ဖြစ်၍ ရွှီချင်း၏ အမိန့်ကို ရရှိသွားပြီးနောက် သွေးနီရောင်မြူခိုးကို နှိပ်စက်နေသော အရိပ်လေးသည် ချက်ချင်း စိတ်လှုပ်ရှားလာသည်။ ၎င်း၏ စိတ်ခံစားချက်များက ချက်ချင်း ပေါ်လျှိုးထွက်လာသည့်အခါ ၎င်းက အရွယ်အစားကြီးမားသော အရိပ်တစ်ခုအဖြစ်သို့ တိုက်ရိုက် အသွင်ပြောင်းလဲသွားပြီး မြေပြင်ပေါ်မှ မြှောက်တတ်သွားသည်။

၎င်းက အနက်ရောင်ကန့်လန့်ကာနှင့် ဆင်တူသည်။

မည်သူမဆို ထိုကန့်လန့်ကာပေါ်မှာ တားမြစ်ဇုန်တစ်ခုရှိကြောင်း မြင်နိုင်လိမ့်မည်။

ထိုတားမြစ်ဇုန်ထဲတွင် တောအုပ်တစ်ခုရှိသည်။ တောအုပ်၏ အနက်ပိုင်းထဲတွင် အလွန်ရှည်လျားသော သစ်ပင်ကြီးတစ်ပင် ရှိသည်။ သစ်ပင်ကြီးသည် မရေမတွက်နိုင်သော မျက်လုံးများဖြင့် ပြည့်နှက်နေသည်။

ထိုသစ်ပင်ကြီးသည် ထူးခြားဆန်းကြယ်သော သက်ရှိတစ်မျိုးဖြစ်သည်။ သစ်ပင်ကြီး၏ အကိုင်းတစ်ခုပေါ်တွင် အနက်ရောင်ခေါင်းတလားတစ်လုံးကို တန်းလန်းချိတ်ဆွဲထားသည်။ ဤသည်မှာ အရိပ်လေး ထုတ်ဖော်ပြခဲ့သော ပထမအသွင်သဏ္ဍာန် အရိပ်သစ်ပင်ဖြစ်သည်။

သစ်ပင်ကြီးပေါ်တွင် ချိတ်ဆွဲခံထားရသော ခေါင်းတလားသည် ဧရာမနာရီတစ်လုံး၏ ချိန်သီးပမာ ဘယ်မှညာသို့ လှုပ်ယမ်းနေသည်။ ခေါင်းတလားထဲတွင် အလွန်စူးရှသော ကုတ်ခြစ်သံများ ထွက်ပေါ်နေသည်။ ဤသည်မှာ ခေါင်းတလားထဲမှ တည်ရှိမှုက သစ်သားပြင်ကို လက်သည်းဖြင့် ကုတ်ခြစ်နေဟန် ရသည်။ ထို့ပြင် တီးတိုးရေရွတ်သံသည် ခေါင်းတလားထဲမှ ပျံ့လွင့်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်နေသည်။

နောက်အခိုက်အတန့်မှာ သစ်ပင်ကြီးပေါ်မှ မျက်လုံးအားလုံးသည် တစ်ပြိုင်နက် ပွင့်သွားကြသည်။

သစ်ပင်ကြီးတစ်ခုတည်း မဟုတ်ပေ။ အနက်ရောင်ကန့်လန့်ကာ၏ တားမြစ်ဇုန်ထဲမှ မရေမတွက်နိုင်သော မျက်လုံးများသည်လည်း ဤအခိုက်အတန့်မှာ ပွင့်သွားကြသည်။ ၎င်းတို့က မိစ္ဆာဆန်သော အနီရောင်အလင်းနှင့် လောဘရမ္မက်ကို ထုတ်လွှတ်လိုက်ကြသည်။ ကြီးမားသော အက်ကွဲကြောင်းတစ်ခုသည် ကန့်လန့်ကာပေါ်မှာ ပွင့်ဟသွားသည်။

၎င်းက ယိုယွင်းပျက်စီးသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ၎င်းက ထွက်ပြေးနေသော သွေးနီရောင်မြူခိုးဆီသို့ မြန်ဆန်စွာ ခုန်အုပ်လိုက်သည်။

အော်ဟစ်ညည်းညူသံသည် တားမြစ်ဇုန်ထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ တားမြစ်ဇုန်တစ်ခုလုံးသည် ပိုပြီးကြမ်းတမ်းစွာ တုန်လှုပ်လာသည်။ ထို့ပြင် ကျောချမ်းဖွယ်ကောင်းသော ဝါးစားသံသည် အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။

၎င်းက မရပ်မနား ဝါးစားနေသည်။

ထိုသို့ဝါးစားနေရင်း ကန့်လန့်ကာအဖြစ် အသွင်ပြောင်းလဲထားသော အရိပ်လေးသည် မြေပြင်ပေါ်သို့ ပြန်ဆင်းသက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကြက်သွားသည်။ ၎င်းက ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို လွှမ်းခြုံသွားသည်။

သစ်ပင်များဖြစ်စေ သို့မဟုတ် သန္ဓေပြောင်းသားရဲများဖြစ်စေ၊ အသက်ရှိနေသူများဖြစ်စေ သို့မဟုတ် သေဆုံးနေသူများဖြစ်စေ ၎င်းတို့အားလုံးသည် အရိပ်လေး၏ လွှမ်းခြုံခံလိုက်ရပြီးနောက် ဝေဝါးသွားကြသည်။

အရိပ်လေး၏ လွှမ်းခြုံမှုအောက်တွင် မြေကြီး၏ အရောင်သည် မီးခိုးရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ယင်းက အသက်ဓာတ်ကို မပေးပေ။ ယင်းအစား သေခြင်းအရှိန်အဝါကို ပေးသည်။ ထိုမီးခိုးရောင်သည် ဤကမ္ဘာမြေ၏ နောက်ခံအရောင်နှင့် ဆင်တူပေသည်။

ဤသည်မှာ အသားတုံးတစ်တုံးက ဝါးမျိုခံနေရသည့်အလားပင်။

တားမြစ်ဇုန်သည် တုန်လှုပ်သွားပြီး လေသည် ပိုပြီး ကြမ်းတမ်းစွာ တိုက်ခတ်လာသည်။ လေတိုက်ခတ်သွားသည့်အခါတိုင်း နာကျင်ဖွယ်အော်ညည်းသံသည် တားမြစ်ဇုန်ထဲမှာ ပဲ့တင်ထပ်သွားသည်။

အရိပ်လေးက ပိုပြီးဖြန့်ကြက်သွားလေ အော်ညည်းသံက ပိုပြီးကျယ်လောင်လာလေ ဖြစ်သည်။

ထိုမြင်ကွင်းသည် ခေါင်းဆောင်ကို ထိတ်လန့်သွားစေသည်။

“ ချင်းလေး… မင်းက ခြင်ကိုက်ခံရုံနဲ့တင် ရပြီလေ… မင်း… မင်း ဘာလို့ ဒီတားမြစ်ဇုန်ကို အဝေးကို သယ်ဆောင်သွားမှာတုန်း ”

ရွှီချင်းသည် ပြန်မဖြေပေ။ အရိပ်လေးက စတင်ဖြန့်ကြက်နေပြီး ဤတားမြစ်ဇုန်ကို ဝါးမျိုနေကြောင်း သူအာရုံခံမိသွားသည့်အခါ တောင်ပေါ်သို့ သူ၏ လက်ဖဝါးကို ထပ်မံ ဖိချလိုက်သည်။ ချက်ချင်းဆိုသလို ကျယ်လောင်သော အသံသည် တောင်ထိပ်မှ မြည်ဟိန်းထွက်လာသည်။ နောက်အခိုက်အတန့်မှာ တောင်သည် နောက်ထပ် ခုနစ်လက်မခန့် ကြွတတ်သွားသည်။

ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်ချည်မျှင်များ၏ ဆွဲအားသည် ပိုပြီးအားကောင်းသည်။ ယင်းက ကြမ်းကြုတ်သော အားလှိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ အရပ်မျက်နှာအသီးသီးမှ တစ်ဟုန်ထိုး ပြေးလာနေကြသော အလောင်းကောင်များကို ရိုက်ခတ်သွားသည်။ အလောင်းကောင်များသည် ရွှီချင်းနားသို့ မရောက်မီ ပေတစ်ထောင်အကွာမှာ ပြိုကွဲပျက်စီးသွားကြသည်။

တားမြစ်ဇုန်သည် အရိပ်လေး၏ ဝါးမျိုခံနေရပြီး တားမြစ်တောင်သည် ရွှီချင်း၏ ရွှေ့ပြောင်းခြင်းခံနေရသည်။

ဤအခိုက်အတန့်မှာ အရိပ်လေးသည် စိတ်ခံစားမှုလှိုင်းတစ်ခုကို အရင်ဆုံး ပို့လွှတ်လိုက်ပြီး ရွှီချင်းကို သတိပေးလိုက်သည်။ ချက်ချင်းဆိုသလို ခေါင်းဆောင်၏ မျက်လုံးထဲမှာ အပြာရောင်အလင်း ပေါ်လျှိုးလာသည်။ သူ၏ အဖုအပိမ့်ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး သူ့အနောက်ကို လှည့်ကြည့်လိုက်သည်။

သူတို့၏ အနောက်တွင် သက်တံ့တိမ်တိုက်တစ်ခုသည် တားမြစ်ဇုန်၏ အခြားတစ်ဖက်မှ အမြန်ပျံသန်းလာနေသည်။

လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့် ဗလာနတ္ထိပထမအဆင့် ကျင့်ကြံခြင်းစွမ်းအားသည် ပုံရိပ်ယောင်ဥက္ကာပျံတစ်ထောင်သို့ ပြောင်းလဲသွားကြသည်။ ယင်းတို့က သက်တံ့တိမ်တိုက်၏ ဘေးပတ်ဝန်းကျင်တွင် လွင့်မျောနေကြသည်။

သက်တံ့တိမ်တိုက်ထဲတွင် ရှည်လျားသော ပုံရိပ်တစ်ခု ရှိသည်။

သူက လူသားတစ်ယောက်နှင့် ဆင်တူသော်လည်း သန်မာထွားကြိုင်းသည်။ သူက ပေနှစ်ဆယ်နီးပါး ရှည်လျားလေရာ လူ့ဘီလူးငယ်တစ်ကောင်နှင့် ဆင်တူသည်။

သူ၏ ရွှေရောင်ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေပြီး ကြီးကျယ်မြင့်မြတ်သော ဂုဏ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏ မျက်လုံးသည်လည်း ရွှေရောင်ဖြစ်ပြီး မြင့်မြတ်သော ခံစားမှုကို ပေးသည်။ သူ၏ သူငယ်အိမ်သည် လူသားများနှင့် ခြားနားသည်။ ယင်းတို့က ဒေါင်လိုက်တည်ရှိနေပြီး နဂါးမျက်လုံးနှင့် ဆင်တူသည်။

သူ၏ ခန္ဓာကိုယ်သည် အလွန်သိပ်သည်းသော သွေးနှင့်ချီကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုနှင့် ဆင်တူသည်။ သူ၏ တိုက်ပွဲစွမ်းအားသည် နယ်ပယ်တူသော တခြားမျိုးနွယ်မှ ကျင့်ကြံသူများထက် ပိုပြီးသာလွန်ကြောင်း ထင်ရှားပေသည်။

ထို့ပြင် အားနည်းသော သွေးမျိုးဆက်စွမ်းအားသည်လည်း ရှိနေသေးသည်။ ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများသည် သူ၏ ရောက်ရှိလာမှုကြောင့် ဖယ်ရှားခံလိုက်ရသည်။ သိသာစွာပင် ဒြပ်နှောကျူးကျော်ဝင်ရောက်မှုအပေါ် ထိုလူ၏ ခုခံနိုင်စွမ်းသည် မျိုးနွယ်စုအများအပြားထက် သာလွန်သည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ် ”

ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားပြီး နှုတ်ခမ်းသပ်လိုက်သည်။

All Chapters