← Chapters

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးမျာ၏ လျှို့ဝှက်ချက်

Vol. 93 Ch. 1383

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးမျာ၏ လျှို့ဝှက်ချက်

Vol. 93 Ch. 1383

“မဖြစ်နိုင်တာ”

ထိုသည်ကိုမြင်သောအခါ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် တုန်လှုပ်သွား၏။

ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ဖြင့် သူတို့၏ ဓမ္မလက်နက်များကို ခုခံနိုင်စဥ်ကပင် သူတို့သည် ဤမျှလောက် တုန်လှုပ်မသွားခဲ့ပေ။ သို့သော်လည်း ယခုမြင်နေရသော မြင်ကွင်းသည် သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်သွားခဲ့လေပြီ။

ပုံမှန်အခြေအနေမှာဆိုလျှင် သာမန်ကျင့်ကြံသူများသည် တစ်ကြိမ်မှာ ဓမ္မပညာရပ်တစ်ခုကိုသာ ထုတ်ဖော်နိုင်ကြ၏။

စွမ်းအားကြီးမားသော ပြိုင်စံရှားတချို့သည် နှစ်ခု သုံးခုကို ချက်ချင်းထုတ်ဖော်နိုင်ကြ၏။

ဥပမာအားဖြင့် အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတချို့သည် ဓမ္မပညာရပ် ၅ခု သို့မဟုတ် ၆ခုလောက်ကို ထုတ်ဖော်နိုင်ကောင်း ထုတ်ဖော်နိုင်ကြပေလိမ့်မည်။

အဲ့ဒါသည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က လုံလောက်အောင်သန်မာမှုရှိမရှိ ဆိုရုံမျှသာ မဟုတ်တော့ပေ။

အဲ့ဒါထက် ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ပြီးနောက် သေချာပေါက် တစ်ခဏရပ်နားရသောကြောင့်ဖြစ်၏။ ထိုသဘောတရားသည် လက်သီးထိုးခြင်းနှင့် ဆင်တူလေသည်။ လူတစ်ယောက်သည် ဒုတိယလက်သီးချက်ကို မထိုးခင် ပထမလက်သီးကို ပြန်ရုပ်သိမ်းရမည်ဖြစ်ပြီး ထို့နောက်မှသာ တစ်ဖန်ပြန်လည် ထိုးနှက်နိုင်မည်ဖြစ်၏။

ဆူဇီမိုကကဲ့သို့ ထိပ်တန်းအဆင့် ဓမ္မပညာရပ် ၃၀ ကျော်ကို တစ်ခါတည်းထုတ်ဖော်နိုင်သည့် လူမျိုးက မရှိပေ။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်သည် နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ရှင်သန်နေထိုင်လာခဲ့သော်လည်း သူတို့သည် ကျင့်ကြံရေးလောကမှာ ဤကဲ့သို့သောအခြေအနေတစ်ရပ်နှင့် တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

ထိုဓမ္မပညာရပ် ၃၀ ကျော်သည် ဒေါင်ဖန်ရွှမ် ၊ ရှီမန်ထောင်နှင့် အခြားသူများကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ သူတို့ထံသို့ ထုတ်ဖော်လိုက်မည်ဆိုလျှင် သူတို့က ဒဏ်ရာမရရှိသွားဘူးဆိုလျှင်တောင် သေချာပေါက် သက်သာလှမည် မဟုတ်ပေ။

တကယ်တော့... သူတို့နှစ်ယောက်သည် ဤအကြောင်းနှင့်ပတ်သက်၍ မသိရှိသည်မှာ သဘာဝကျလေသည်။

အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ အနှစ်သာရကို ပိုင်ဆိုင်ထားပြီး မနှိုင်းယှဥ်သာအောင် သန့်စင်နေသည့်အပြင် ဆူဇီမို ထိုသို့လုပ်နိုင်ရသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုလည်းရှိ၏။

အဲ့ဒါက ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုဖြစ်၏။ ၎င်း၏ သိပ်သည်းပြင်းထန်သော စွမ်းအားအပြင် ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်မှုများစွာရှိလေသည်။

ယခုအချိန်တွင် ဖန်တီးခြင်းကြာခုံသည် ဆူဇီမို၏အသိစိတ်ထဲမှာ လှည့်လည်နေပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်အောက်မှာ ဖြည်းဖြည်းချင်း ချာလပတ်လည်နေ၏။ ကြာပွင့်ချပ်များသည် ဂမ္ဘီရအလင်းဖြင့် ပြည့်နှက်နေပြီး ကြာစိမ့်ပေါက် ၆၃ပေါက်ကနေ အလင်းရောင်ခြည်များက လျှံတက်ကာ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို ခိုင်မာသော စွမ်းအားစီးကြောင်းတစ်ခုအဖြစ် ထောက်ပံ့ပေးနေ၏။

ထို့ကြောင်ပင် ဆူဇီမိုသည် ကြမ်းကြုတ်ခက်ထန်သော ဓမ္မပညာရပ်များက်ု ချက်ချင်းပင် တရစပ်ထုတ်ဖော်နိုင်ခြင်းဖြစ်၏။

တကယ်တော့ အဲ့ဒါသည် ဂူဂိုဏ်း၏အောက်ခြေတွင် ဖန်တီးခြင်းကြာခုံ ပြန်လည်ရှင်သန်လာပြီးကတည်းက နိုးထလာခဲ့သော စွမ်းရည်တစ်ခုဖြစ်၏။ သို့သော် ယခုအခါ ဖန်တီးခြင်းကြာခုံသည် အဆင့်-၇ အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး ၎င်းထုတ်ဖော်နိုင်သောစွမ်းအားက အကန့်အသတ်ထိ ရောက်ရှိလာ၏။

သူ၏တိုက်ခိုက်မှုက ကမ္ဘာတုန်လောက်လေသည်။

“အထီးကျန်သိုင်းသခင်... နင်ကသေချင်နေပြီဆိုမှတော့ ငါတို့ကို အပြစ်မတင်နဲ့တော့”

အမျိုးသမီးအိုက မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်၏။

“ဘဝဖြတ်ပိုင်း... ဘာမှထိန်ချန်မနေနဲ့ သူ့ကိုတိုက်ရိုက်သတ်ဖြတ်လိုက်ရအောင်”

သူမ၏ စကားမဆုံးသေးခင်မှာပင် အမျိုးသမီးအိုသည် လက်နှစ်ဖက်ဖြင့် ငွေရောင်သံကွင်းတစ်စုံကို ဆုပ်ကိုင်ပြီး ကြမ်းကြုတ်ခက်ထန်စွာဖြင့် ရှေ့သို့ပစ်ပေါက်လိုက်၏။

ငွေရောင်သံကွင်းသည် အေးစက်စက်အလင်းတန်းတစ်ခုအသွင်​ပြောင်းလဲသွားပြီး ဆူဇီမို၏ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာ၏။

တစ်ချိန်တည်းမှာပင် အကြီးအကဲဘဝဖြတ်ပိုင်းက သူ့လက်ထဲရှိဓားနှင့်အတူ တိုက်ခိုက်လိုက်၏။

ဓားသွားက တုန်ခါသွားလေသည်။

လေထဲတွင် ၎င်းသည် အဆိပ်ပြင်းသောမြွေတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲသွားလေသည်။

အေးစက်စက်အော်ရာတစ်ခုကိုဖြာထုတ်ပေးပြီး ၎င်း၏အဆိပ်သွားစွယ်များကို ဖြဲကာ ဆူဇီမိုကိုကိုက်ချဖို့ လာနေ၏။

ဓမ္မလက်နက်နှစ်ခုသည် တစ်ချိန်တည်းမှာ ရောက်ရှိလာကြ၏။

ဤတစ်ခေါက်တွင်တော့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ငဲ့ကွက်ထိန်ချန်ခြင်းမရှိကြတော့ပေ။

“အထီးကျန်သိုင်းသခင် စောစောက နင် ကြွားလုံးထုတ်နေခဲ့တာမလား... နင့်ရဲ့လက်ကျန်ခွန်အား ၅၀ ရာခိုင်နှုန်းက ဘယ်နေရာမှာရှိလဲ ကြည့်ရသေးတာပေါ့”

အမျိုးသမီးအိုက လှောင်ရယ်လိုက်၏။

စောစောကတင် ဆူဇီမိုသည် အမျိုးသမီးအို၏တိုက်ခိုက်မှုကို ခုခံခဲ့စဉ်က သူ၏ခွန်အား ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုထားသည်ဟု ပြောခဲ့လေသည်။ အမျိုးသမီးအိုက အဲ့ဒါကိုဘယ်လိုလုပ် ယုံကြည်နိုင်ပါ့မလဲ။

“ကောင်းပြီလေ... ငါဘာတတ်နိုင်လဲ ပြပေးရသေးတာပေါ့”

ဆူဇီမို၏အကြည့်က သိပ်သည်းကျစ်လျစ်လာပြီး သူ၏နှာရောင်က တောက်ပလာ၏။ အစိမ်းရောင်ကြာခုံတစ်ခုက ပျံသန်းထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းရောင်ခြည် သန်းပေါင်းများစွာဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် တစီစီအော်မြည်၍ ငွေရောင်သံကွင်းများနှင့် ဓားဆီသို့ ပြေးဝင်သွား၏။

ချွမ်း.... ချွမ်း....

သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက စင်ထွက်သွား၏။

ငွေရောင်သံကွင်းများသည် သူတို့၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလာပြီး ဘဝဖြတ်ပိုင်း၏ ဓားကလည်း ၎င်း၏ဓားသွားကို ထုတ်ဖော်ပြသလာ၏။

အဲ့ဒီမှာ ခဏမျှရပ်တန့်သွား၏။

ရုတ်တရက်... လက်နက်သုံးခုက ထိတွေ့ရိုက်ခတ်သွားပြီး အလင်းတန်းများအသွင်ပြောင်းလဲကာ အသီးသီးပြန်ကန်ထွက်လာကြ၏။

အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာနှင့်ပတ်သက်၍ အထူးတလည်ပြောနေစရာမရှိပေ။ အဲ့ဒါက လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုဖြစ်၏။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ ဓမ္မလက်နက်များကတော့.. သူတို့သည် စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များထက် များစွာပို၍ စွမ်းအားကြီးမားလေသည်။

လက်နက်သုံးခု ထိတွေ့ရိုက်ခတ်ခြင်းကနေ ထွက်ပေါ်လာသော စွမ်းအားသည် အရမ်းကိုကြောက်စရာကောင်း၏။

အဲ့ဒါက ဖန်တီးခြင်းကြာခုံမဟုတ်ဘဲ အခြားမူလစွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်သာဆိုလျှင် အပိုင်းပိုင်းဆုတ်ဖြဲခံရပေလိမ့်မည်။

ဘန်း... ဘန်း.... ဘန်း...

စောစောက ဆူဇီမိုထုတ်ဖော်ခဲ့သော ထိပ်တန်းအဆင့် ဓမ္မပညာရပ် ၃၀ ကျော်သည် ဆင်းသက်လာခဲ့ပြီဖြစ်ပြီး ဒေါင်ဖန်ရွှမ် ၊ ရှီမန်ထောင်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများနှင့် ထိတွေ့ရိုက်ခတ်သွား၏။

အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

မိစ္ဆာနှိမ်နှင်းချိပ်စည်း ၊ သားရဲနှိမ်နှင်းချိပ်စည်းနှင့် အင်မော်တယ်ထောင်ချောက်ချိပ်စည်းကဲ့သို့ အတော်အတန်အားနည်းသော ဓမ္မပညာရပ်များနှင့် တွေ့ကြုံရသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့က ရှင်သန်နိုင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်သာရရှိသွားကြ၏။

သို့သော်လည်း မဟာမြင်းမိုရ်တောင်ချိပ်စည်းနှင့် မဟာဝရဇိန်လှည်းဘီးချိပ်စည်းကဲ့သို့ ဓမ္မပညာရပ်များနှင့် တွေ့ဆုံမိသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် နေရာမှာပင် သူတို့၏ ခန္ဓာကိုယ်များက ပျက်စီးကြေမွသွားကြ၏။

ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်အချို့သည် ဓမ္မပညာရပ်နှစ်ခု သို့မဟုတ် သုံးခုနှင့် ထိတွေ့ရိုက်ခတ်မိကြ၏။

သူတို့သည် နေရာမှာပင်ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားကြ၏။ အဲ့ဒီမှာ အလောင်းပင်မကျန်ရှိဘဲ သူတို့၏ အမြုတေစိတ်ဝိညာဥ်များကလည်း ချက်ချင်းပင် ပျက်ပြယ်သွားကြ၏။

တစ်ခဏအတွင်းမှာပင် တိုက်ပွဲ၏ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။

အဲ့ဒါက တိုတောင်းသော်လည်း အလွန်တရာ တုန်လှုပ်စရာကောင်းလေသည်။

တိုက်ပွဲမြေပြင်သည် အလောင်းများဖြင့် ပြန့်ကျဲနေပြီး လတ်ဆတ်သောသွေးများက အလွန်တရာ ချောက်ချားဖွယ်ရာပုံစံဖြင့် တစ်စက်စက်စီးကျနေ၏။

ပေမင်ရွှယ်သည် သူမ၏လှပေသာ မျက်လုံးနှစ်ဖက်ကို ပြူးကျယ်ပြီး အသက်ရှူဖို့ပင် မေ့လျော့နေ၏။

ကျန်ရှိနေသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက် ၂၀ ကျော်တွင် ထက်ဝက်ကျော်က ဆူဇီမို၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်ခံလိုက်ရပြီဖြစ်၏။

ဒေါင်ဖန်ရွှမ် ၊ ရှီမန်ထောင်နှင့် အခြားသုံးယောက်သာ ကျန်ရှိခဲ့လေသည်။

သူတို့ကြားတွင် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် သေလုမျောပါးဖြစ်နေပြီး သူတို့၏အသက်ဓာတ်များက လျင်မြန်စွာ လျော့ကျနေပြီဖြစ်၏။

မိသားစုသခင်နှစ်ယောက်သည် အသက်ကယ်အဆောင်နှင့် နည်းလမ်းတချို့ ရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူတို့ကလည်း နေရာမှာပင်သေဆုံးနေကြပေလိမ့်မည်။

သူတို့နှစ်ယောက်သည် တုန်လှုပ်ချောက်ချားသွားပြီး ဆူဇီမိုကို စိုးရိမ်ထိတ်လန့်နေသောမျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

“အထီးကျန်သိုင်းသခင်”

ထိုသည်ကိုမြင်သောအခါ အမျိုးသမီးအို၏မျက်လုံးများက ပြူးကျယ်သွားပြီး မုန်းတီးမှုဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။

ရှီမန်ရှေးတော်ဝင်မိသားစုတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကျန်ရှိနေသေးသော်လည်း ယနေ့ဆုံးရှုံးမှုက အရမ်းကိုကြီးမားလေသည်။

စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဘဝသက်တမ်းက နှစ်နှစ်သောင်းဖြစ်၏။

ခက်ခက်ခဲခဲပြုစုပျိုးထောင်ခဲ့ရသော သူတို့ထဲမှများစွာသည် ဤကဲ့သို့ပင် အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။

အမျိုးသမီးအိုသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။ သူမ၏ တိုက်ခိုက်မှု လွဲချော်သွားသည်ကို တွေ့မြင်ပြီးနောက် သူမသည် ဆူဇီမိုကို အသက်ရှုခွင့်မပေးလိုဘဲ တစ်ဖန်ထပ်၍ တိုက်ခိုက်လိုက်၏။

သူမသည် သူမ၏လက်နှစ်ဖက်နှင့်အတူ ထူးဆန်းသော လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး တုန်လှုပ်ချောက်ချားစရာကောင်းသော စွမ်းအားတစ်ခုကို ထွက်ပေါ်လာစေ၏။

သူမ၏ ပိန်လှီနေသော လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ဝေ့ယမ်းပြီးအေးစက်နေသော လတစ်စင်းကဲ့သို့ အလင်းတန်းတစ်ခုကို ပစ်လွင့်ထွက်ပေါ်သွားစေ၏။ အဲ့ဒါက တိတ်ဆိတ်ငြိမ်သက်၍ အေးစက်နေသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဇီ....

အေးစက်နေသောလမင်း ဖြတ်သွားရာတစ်လျှောက် လေဟာနယ်တွင် ပါးလွှာသော အက်ကွဲကြောင်းများက ဖြစ်ပေါ်လာ၏။

လေဟာနယ်ပင်လျှင် အေးစက်နေသောလမင်း၏ စွမ်းအားကို ခံနိုင်ရည်မရှိပေ။

ဆူဇီမို၏သူငယ်အိမ်နှစ်ဖက်က အနည်းငယ်တင်းကျပ်သွား၏။

ထိုလမင်း၏စွမ်းအားက ဓမ္မစွမ်းအားများ၏ အကန့်အသတ်ကို ကျော်လွန်သွားပုံရ၏။

သူက ခေါင်းနပန်းကြီးလာလေသည်။

“အဲ့ဒါက...”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားလေသည်။

ထိုစဥ်မှာပင် အကြီးအကဲဘဝဖြတ်ပိုင်းသည်လည်း သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ရူးသွပ်စွာလှည့်ပတ်ပြီး ဓားကွက်တစ်ခုကိုထုတ်ဖော်ကာ ဆူဇီမိုရှိရာဘက်သို့ ညင်သာစွာ ပစ်ထုတ်လိုက်၏။

အေးစက်နေသော အလင်းတစ်ခုက အကြီးအကဲဘဝဖြတ်ပိုင်း၏ လက်ချောင်းထိပ်ဖျားကနေ ရုန်းကန်ထွက်ပေါ်လာ၏။

အဲ့ဒါက မနှေးလွန်းမမြန်လွန်းပေ။

သို့သော်လည်း ထိုအေးစက်နေသောအလင်းသည် အလွန်တရာ အန္တရယ်များသောအငွေ့အသက်တစ်ခုကို ဖြာထုတ်ပေးနေ၏။

“အထီးကျန်သိုင်းသခင်... မင်းရဲ့ မောက်မာမှုနဲ့ မိုက်မဲမှုအတွက် ပေးဆပ်ရတော့မယ်”

အကြီးအကဲဘဝဖြတ်ပိုင်းက အေးစက်စွာဖြင့် ပြောဆိုလိုက်၏။

“တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်က မဟာယာနအဆင့်ကို မဝင်ရောက်သေးဘူးဆိုပေမဲ့ ငါတို့က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို အလွယ်တကူသတ်ဖြတ်နိုင်တယ်ဆိုတာ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတွေက နတ်ဘုရားစွမ်းအားတစ်စွန်းတစ်ကို နားလည်ဆင်ခြင်နိုင်နေပြီမို့လို့ပဲ”

ဆူဇီမိုသည် ဖြစ်ပျက်နေသည့်အရာများကို နားလည်သွားပြီး ဆက်လက်၍ သံသယမရှိတော့ပေ။

ရှေးဟောင်းခေတ်က ဆိုရိုးစကားတစ်ခုရှိဘေသည်။

စိတ်ဝိညာဥ်စွမ်းအင်သည် ဓမ္မစွမ်းအားများကို မယှဥ်နိုင်သလို ဓမ္မစွမ်းအားများကလည်း နတ်ဘုရားစွမ်းအားများကို မယှဥ်နိုင်ပေ။

စောစောက အမျိုးသမီးအိုနှင့် အကြီးအကဲဘဝဖြတ်ပိုင်းထုတ်ဖော်ခဲ့သောစွမ်းအားသည် ဓမ္မစွမ်းအား၏ အကန့်အသတ်ကို ကျော်လွန်သွားပုံရသည်ဟု ဆူဇီမိုက ခံစားမိနေခဲ့၏။ အဲ့ဒီမှာ ဖြစ်နိုင်ချေတစ်ခုသာလျှင် ရှိတော့လေသည်။

နတ်ဘုရာစွမ်းအား...

အဲ့ဒါသည် နတ်ဘုရားစွမ်းအားတစ်စွန်းတစ်စသာဖြစ်သော်လည်း မည်သည့်ဓမ္မစွမ်းအားထက်မဆို များစွာပို၍သန်မာပြီး များစွာပို၍ ကြောက်စရာကောင်းနေ၏။

All Chapters