နတ်ဘုရားစွမ်းအားများနှင့် ဆန့်ကျင်၍
Vol. 93 Ch. 1384
အဲ့ဒါသည် နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စသာဖြစ်သော်လည်း တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်နှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကြားမှာ ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခုကို ဖြစ်ပေါ်စေ၏။
အဲ့ဒါသည် နတ်ဘုရားစွမ်းအားတစ်စွန်းတစ်စသာလျှင်ဖြစ်သော်လည်း ခန်းမထဲရှိလေဟာနယ်သည် အဲ့ဒါကိုခံနိုင်ရည်မရှိဘဲ အက်ကွဲကြောင်းတချို့ပင်ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
“အထီးကျန်သိုင်းသခင်... နင့်မှာ တခြားဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”
အမျိုးသမီးအိုက ရက်စက်ကြမ်းကြုတ်သောအမူအရာနှင့်အတူ စူးစူးဝါးဝါးအော်လိုက်၏။
ထိုအခိုက်အတန့်တွင် အထီးကျန်သိုင်းသခင်သည် ထိပ်တန်းအဆင့် ဓမ္မပညာရပ် ၃၀ ကျော်ကို ထုတ်ဖော်ထားခါစဖြစ်ပြီး သူ့အနေဖြင့် သူတို့ကို အချိန်တိုအတွင်း ဒုတိယအကြိမ်ထုတ်ဖော်ဖို့က ခက်ခဲပေလိမ့်မည်။
ဖန်တီးခြင်းကြာခုံကတော့ ၎င်းသည် စောစောက ထိတွေ့ရိုက်ခတ်မှုမှာ လွင့်စင်ထွက်သွားပြီး ခန်းမ၏ နံရံမှာစိုက်ဝင်ကာ လောလောဆယ် အကူအညီမပေးနိုင်တော့ပေ။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်မှုများနှင့် နတ်ဘုရားစွမ်းအားနှစ်ခု၏ စွမ်းအားများနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုမှာ ခုခံစရာနည်းလမ်းများ မကျန်ရှိတော့ဟုထင်ရ၏။
အမျိုးသမီးအိုနှင့် အကြီးအကဲဘဝဖြတ်ပိုင်း နှစ်ယောက်စလုံးသည် ဆူဇီမိုသေဆုံးမှုကို စောင့်ဆိုင်းနေကြ၏။
သို့သော်လည်း သူ့တို့နှစ်ယောက်စလုံးသည် သူ့ကိုကြည့်နေရင်း ရုတ်တရက် မအီမသာခံစားလာရ၏။
သူက အရမ်းကိုတည်ငြိမ်လွန်းနေ၏။
သူသည် သေရတော့မယ်ဆိုတာ သိနေတာတောင် သူ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှု တစ်စွန်းတစ်စမှ ရှိမနေပေ။
ဆူဇီမိုသည် တစ်စုံတစ်ရာအပေါ် မှီခိုနေသေးသည့်အလားပင်။
“မဖြစ်နိုင်တာ”
သူတို့နှစ်ယောက်စလုံးက ချက်ချင်းပင် ထိုအတွေးကို ပယ်ချလိုက်၏။
အထီးကျန်သိုင်းသခင်မှာ ဝှက်ဖဲတစ်စုံတစ်ရာကျန်ရှိနေဦးမည်ဆိုရင်တောင် သူက နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။
သူတို့နှစ်ယောက်စလုံးက အဲ့ဒါကို လက်မခံနိုင်ကြပေ။
ထိုစဥ်မှာပင် ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏သွေးချီကိုတလိပ်လိပ်တက်လာစေကာ သူ၏မျိုးဆက်သွေး၏ အကန့်အသတ်ထိ ချက်ချင်းပင်တွန်းတင်လိုက်၏။
ဘန်း.... ဘုန်း… ဘုန်း...
ဆူနာမီသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“ဆူနာမီသွေးလောက်နဲ့ နတ်ဘုရားစွမ်းအားတွေကို ခုခံဖို့ကြိုးစားချင်နေတာလား... နင်က တကယ်ကို ကောင်းမှန်းဆိုးမှန်း နားမလည်တာပဲ”
အမျိုးသမီးအိုက အေးစက်စွာပြုံး၍ စိတ်သက်သာရာရသွား၏။
“ဟမ်...”
ထိုစဥ်မှာပင် အကြီးအကဲဘဝဖြတ်ပိုင်း၏ အမူအရာကပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
“တစ်ခုခုတော့လွဲနေပြီ”
အမျိုးသမီးအိုကလည်း တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွားပြီး သူမ၏မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။
ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို အကန့်အသတ်ထိလှည့်ပတ်ပြီးတာတောင် သူ့သွေးချီ၏ စွမ်းအားသည် ရပ်တန့်မည့်လက္ခဏာမရှိဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်ကို သူတို့နှစ်ယောက်စလုံးက ခံစားမိလိုက်၏။
“အဲ့ဒါက...”
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်က တုန်လှုပ်ချောက်ချားသွား၏။
ထို့နောက်ချက်ချင်းပင် သူတို့သည် မနှိုင်းယှဥ်သာအောင် တူန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။
ဆူဇီမို၏နောက်ဘက်တွင် တဖျတ်ဖျတ်တလက်လက်တောက်ပနေသော အစိမ်းရောင်ကြာပန်းတစ်ခုက ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို ထိုးဖောက်တော့မည့်အလား ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ၎င်းသည် ခမ်းနားထည်ဝါသောပုံစံဖြင့် ဖြန့်ကြက်လာသော ပြိုးပြိုးပြက်ပြက် အလင်းရောင်နှင့်အတူ တောက်ပနေ၏။
“ဒါ-ဒါက...”
သူမ၏နှုတ်ခမ်းသည် အနည်းငယ် တုန်ယင်နေပြီး ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
မျိုးဆက်သွေးနယ်မြေ...
အကြီးအကဲဘဝဖြတ်ပိုင်းက ခက်ခက်ခဲခဲပြောလိုက်၏။
ဆူနာမီသွေး၏အထက်တွင် မျိုးဆက်သွေးနယ်မြေရှိလေသည်။
သမိုင်းတစ်လျှောက်တွင် မျိုးဆက်တစ်ခုချင်းစီမှာ မျိုးဆက်သွေးနယ်မြေကိုကျင့်ကြံနိုင်သည့် ကျင့်ကြံသူများက အလွန်တရာ နည်းပါးစွာသာရှိလေသည်။ ထိုသူတို့အားလုံးသည် သက်ဆိုင်ရာဂိုဏ်းများ၏ ထိပ်တန်းအဆင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
အဲ့ဒီမှာ သမိုင်းတစ်လျှောက်တွင် မည်သည့်မျိုးဆက်သွေးနယ်မြေအဆင့်သတ်မှတ်ချက်မှ မရှိခဲ့ပေ။
အကြောင်းမှာ မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်သော ကျင့်ကြံသူများက အရမ်းကိုရှားပါးသောကြောင့်ဖြစ်၏။ အဲ့ဒါကိုကျင့်ကြံနိုင်သော မည်သူမဆို သူတို့မျိုးဆက်တွင် ပြိုင်ဘက်ကင်းကြလေသည်။ အဲ့ဒီမှာ ဘယ်လိုလုပ် အဆင့်သတ်မှတ်ချက်တစ်ခု ရှိနိုင်ပါတော့မလဲ။
သို့သော်လည်း မျိုးဆက်သွေးနယ်မြေများသည်လည်း ခွန်အားကွာဟချက်ရှိလေသည်။
ဥပမာအားဖြင့် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကိုကျင့်ကြံထားသော အစစ်အမှန်နဂါးခန္ဓာကနေ ဆင်းသက်လာသည့် မျိုးဆက်သွေးနယ်မြေသည် အလွန်တရာကြောက်စရာကောင်းလေသည်။ အဆုံးသတ်မှာဖြစ်ပေါ်လာသော လိပ်ပြာပုံရိပ်ယောင်သည် ပို၍ပင်ကြောက်စရာကောင်းပြီး ၎င်းကို ယှဥ်နိုင်သည့်အရာ ယခါအချိန်ထိ မတွေ့မြင်ဖူးသေးပေ။
ယခုဆူဇီမို၏ ဤမျိုးဆက်သွေးနယ်မြေကတော့ တစ်မူထူးခြားမှုရှိလေသည်။ အဲ့ဒါက အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်၏။
ဤတစ်ခေါက်တွင် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အသွင်ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲမှာရှိသည့် အညစ်အကြေးများကို ဖယ်ရှင်းပစ်ခဲ့၏။ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကပင်လျှင် အရမ်းကိုသန့်စင်နေခဲ့ပြီဖြစ်၏။
ထို့ကြောင့်သူသည် မျိုးဆက်သွေးနယ်မြေတစ်ခုကို စုဖွဲ့လာနိုင်သည်မှာ သဘာဝကျလေသည်။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်စလုံးက ဆူဇီမိုကို စိုက်ကြည့်လိုက်ကြ၏။
ဖျတ်ခနဲဆို ဆူဇီမို၏ ပုံရိပ်က ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။
သူတို့ရှေ့တွင် ဝင်းလက်တောက်ပနေပြီး အလွန်တရာကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေသည့် ဖန်တီးခြင်းကြာပဒုမ္မာ တစ်ခုသာလျှင် ကျန်ရှိတော့၏။
ထိုအခိုက်အတန့်တွင် သူတို့နတ်ဘုရားစွမ်းအားနှစ်ခု၏ စွမ်းအားသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့်ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
လေဟာနယ်တစ်ခုလုံးက အေးခဲသွားသည်ဟုထင်ရ၏။
ပေမင်ရွှယ်သည် နားထဲမှာတဝီဝီမြည်သွားပြီး မည်သည့်အသံကိုမှ ဆက်လက်၍မကြားနိုင်တော့ပေ။
သိပ်မကြာခင် သူမ၏အာရုံငါးပါးကလည်း ပျောက်ကွယ်သွား၏။
သူမသည် သူမ၏အာရုံများနှင့် အသိစိတ်ကို တဖြည်းဖြည်းပြန်လည်ရရှိလာပြီးနောက် ဂမ္ဘီရစိမ့်စမ်းထဲရှိ ရေစီးကြောင်းများက တလိပ်လိပ်တက်လာပြီး ဧရာမကျောက်တုံးထံမှ ထူးဆန်းသောစွမ်းအားတစ်ခု ဖြာထွက်လာနေသည်ကို ခံစားမိလိုက်၏။
ဘန်း...ဘုန်း... ဘုန်း...
ခန်းမက ပြိုကျတော့မည့်ဆဲဆဲ ဖြစ်လာခဲ့၏။
များပြားလှစွာသော အပျက်အစီးအကျိုးအပဲ့များက လိမ့်ဆင်းလာပြီး ဖုန်များက တထောင်းထောင်းထသွား၏။
အရာရာတိုင်းကို ဝါးမျိုနိုင်သည်ဟု ထင်ရသော အေးစက်စက်အော်ရာတစ်ခုနှင့် ထိတွေ့ရိုက်ခတ်မိသည့်နေရာတိုင်းမှာ လေဟာနယ်သည် အနက်ရောင်အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာ၏။
ထိုစွမ်းအားများက လေဟာနယ်ကိုပင် ကြေမွသွားစေ၏။
သူတို့က ညီတူမျှတူ ယှဥ်ပြိုင်လိုက်နိုင်ကြ၏။
ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေသည် နတ်ဘုရားစွမ်းအား နှစ်ခုကို ပိတ်ဆို့တားဆီးလိုက်နိုင်၏။
တကယ်တော့ အဲ့ဒါသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ နတ်ဘုရားစွမ်းအားသာလျှင်ဖြစ်၏။ ဒါ့အပြင် ၎င်းသည် အစစ်အမှန်နတ်ဘုရားစွမ်းအားများနှင့်ယှဥ်လျှင် လျစ်လျူရှု၍ရနိုင်လောက်သော စွမ်းအားတစ်စွန်းတစ်စမျှသာဖြစ်၏။
ထောင့်တစ်နေရာတွင် ပုန်းကွယ်နေကြသော ဒေါင်ဖန်ရွှမ်နှင့် ရှီမန်ထောင်သည်လည်း သူတို့၏အသိစိတ်များကို တဖြည်းဖြည်းပြန်လည်ရရှိလာပြီး ထိုမြင်ကွင်းကို တွေ့မြင်လိုက်ကြ၏။
စောစောက ခန်းမထဲတွင် သူတို့တွေ့မြင်ခဲ့ရသော ဖန်တီးခြင်းကြာပဒုမ္မာသည် ရတနာတစ်ခုမဟုတ်ဘဲ စွမ်းအားကြီးပုဂ္ဂိုလ်အထီးကျန်သိုင်းသခင်ပင်ဖြစ်နေ၏။
လေထဲတွင်...
ဆူဇီမို၏ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကလည်း နောက်သို့ဆက်တိုက် ဆုတ်လိုက်ရ၏။
သူတို့နှစ်ယောက်စလုံး၏မျက်နှာများက အနည်းငယ်ဖြူဖျော့နေ၏။
အပေါ်ယံကြည့်လျှင်တော့ ထိုထိတွေ့ရိုက်ခတ်မှုသည် ညီတူမျှတူဖြစ်ခဲ့သည်ဟု ထင်ရ၏။ သို့သော်လည်း အမျိုးသမီးအိုနှင့် အကြီးအကဲဘဝဖြတ်ပိုင်းသည် သိသိသာသာအရေးနိမ့်သွားခဲ့၏။
အမျိုးသမီးအိုက နှစ်နှစ်သောင်းနီးပါး ရှင်သန်နေထိုင်လာခဲ့ပြီးလေပြီ။
သူမသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်ပြီး နှစ်နှစ်သောင်းကျော်အောင် ရှင်သန်နေနိုင်သည်ဆိုလျှင်တောင် သူမသည် ဘဝသက်တမ်းများစွာ မကျန်ရှိတော့ပေ။
သူမ၏သွေးချီက စတင်၍ ယိုယွင်းပျက်စီးနေပြီဖြစ်၏။
အကြီးအကဲဘဝဖြတ်ပိုင်းကတော့ အတော်အတန်ငယ်ရွယ်သေးလေသည်။
သို့သော်လည်း တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်က ဘယ်လောက်ပင်ငယ်ငယ် ဆူဇီမိုနှင့် ယှဥ်နိုင်မည်မဟုတ်ပေ။
သူတို့၏ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့က သူနှင့်ယှဥ်လျှင် ကမ္ဘာတစ်ခုခြားနေ၏။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ဤထိတွေ့ရိုက်ခတ်မှုတွင် အနည်းငယ် ထိခိုက်ခံစားခဲ့ရ၏။
တကယ်တော့ ဤထိခိုက်မှုသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများအတွက် ပြောပလောက်စရာမဟုတ်ပေ။
“အထီးကျန်သိုင်းသခင်... နင်... နင်...”
အမျိုးသမီးအိုသည် ဆူဖီမိုကို ငေးကြည့်နေ၏။ သူမသည် တစ်စုံတစ်ရာကိုပြောချင်သော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ပေ။
ဆူဇီမိုသည် စောစောက သူ၏ခွန်အား ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်ဟု ပြောခဲ့ဖူးလေသည်။ သူက လုံးဝချဲ့ကားပြောဆိုနေခြင်း မဟုတ်ခဲ့ပေ။
တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် နက်နက်ရှိုင်းရှိုင်း သတိထားမှုကိုတွေ့မြင်လိုက်ရ၏။
ထိုသတိထားမှုထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်ပါ ပါဝင်နေ၏။
အထီးကျန်သိုင်းသခင်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ဝင်ရောက်ခါစဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူ၏တိုက်ခိုက်ရည်ခွန်အားသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများနှင့် ယှဥ်နိုင်နေပြီဖြစ်၏။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် စိတ်ထဲမှာမချင့်မရဲ ခံစားလာရ၏။
သို့သော်လည်း အထီးကျန်သိုင်းသခင် ဤနေရာမှာရှိနေသရွေ့ သူတို့အနေဖြင့် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို တိုက်ခိုက်ဖို့အတွက် ခက်ခဲသွားတော့မည်ဆိုတာကို သိရှိလိုက်ကြ၏။
ယခုအချိန်တွင် တစ်ခုတည်းသောအချိန်မှာ ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာပြီး သူတို့၏ မိသားစုကလန်များဆီသို့ပြန်သွားဖို့ဖြစ်၏။ ထိုအချိန်ကျလျှင် သူတို့သည် အခြားသောတစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများကို စုစည်းခေါ်ဆောင်လာပြီး အထီးကျန်သိုင်းသခင်ကို အတူတကွ ပေါင်းစည်းသတ်ဖြတ်နိုင်မည်ဖြစ်၏။
“ဟားဟားဟားဟား...”
ထိုစဥ်မှာပင် ခန်းမအပြင်ဘက်ကနေ ကျယ်လောင်သောရယ်သံက ထွက်ပေါ်လာ၏။
“အထီးကျန်သိုင်းသခင်က သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားလို့ ကျုပ်ကြားထားတာ... အခု ကိုယ်တိုင်မြင်တွေ့မှပဲ ကောလာဟလတွေက အမှတ်တကယ်ပဲဆိုတာ သိလိုက်ရပြီ”
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က တစ်မူထူးခြားသောအော်ရာနှင့်အတူ လျှောက်လှမ်းဝင်ရောက်လာ၏။ သူက လေထဲတွင်ရှိနေသော ဆူဇီမိုကိုကြည့်ပြီး လက်သီးနှစ်ဖက်ယှက်ပြလိုက်၏။
“ကျုပ်က... နန်းကုန်ရှေးတော်ဝင်မိသားစုက မိသားစုသခင် နန်းကုန်လီပါ... တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်ကို နှုတ်ဆက်ပါတယ်”
နန်းကုန်လီ၏နောက်တွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်ကျော် မတ်တတ်ရပ်နေကြ၏။
နန်းကုန်လင်းကလည်း သူတို့ထဲတွင်ပါဝင်လေသည်။
နန်းကုန်ရှေးတော်ဝင်မိသားစုသည် နောက်ဆုံးမှာရောက်ရှိလာကြ၏။
ဆူဇီမိုသည် အနည်းငယ်မော့ကြည့်ပြီး မှင်သေသေဖြင့် မေးလိုက်၏။
“နန်းကုန်မိသားစုကလည်း ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းအတွက် တိုက်ခိုက်ချင်တာလား “
“နန်းကုန်လီ... ခင်ဗျားက တိုက်ပွဲကနေ အကျိုးအမြတ်အားလုံးကိုရိတ်သိမ်းချင်လို့ အခုမှရောက်လာတာပေါ့လေ... ခင်ဗျားတော်တော်အကြံပက်စက်တာပဲ... ဟမ့်”
ဒေါင်ဖန်ရွှမ်က မုန်းတီးစွာဖြင့် ပြောလိုက်၏။
နန်းကုန်လီသည် ညင်သာစွာပြုံး၍ ဒေါင်ဖန်ရွှမ်ကို လျစ်လျူရှုပြီး ဆူဇီမိုကိုသာ ပြောလိုက်လေသည်။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်...ခင်ဗျား နားလည်မှုလွဲနေပါပြီ... နန်းကုန်ရှေးတော်ဝင်မိသားစုက ခင်ဗျားနဲ့ရော ပေမင်ကလန်နဲ့ပါ သေချာပေါက်ရန်ဘက်အဖြစ်ခံမှာ မဟုတ်ဘူး”