← Chapters

ကောင်းကင်သတ်ဖြတ်ခြင်း

Vol. 93 Ch. 1385

ကောင်းကင်သတ်ဖြတ်ခြင်း

Vol. 93 Ch. 1385

ထိုစဥ်မှာပင် နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုက ခန်းမအပြင်ဘက်ကနေ လျှောက်လှမ်းဝင်ရောက်လာ၏။ သူတို့ထဲတွင် ပေမင်အောင်နှင့် ပေမင်ကလန်သားတချို့လည်းပါဝင်လေသည်။

“မောင်လေး ...”

ပေမင်ရွှယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“နင်တို့ကိုတတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ ငါမပြောခဲ့ဘူးလား... ဘာလို့ပြန်လာကြတာလဲ”

ပေမင်အောင်သည် ပေမင်ရွှယ် အနည်းငယ်ဒေါသထွက်နေသည်ကို မြင်သောအခါ သူက အလောတကြီးရှင်းပြလိုက်၏။

“ကျုပ်တို့က အစတုန်းကတော့ ထွက်ခွာသွားမလို့ပဲ... ဒါပေမဲ့ ကျုပ်တို့လျှောက်သွားပြီး ဘယ်လောက်မှဝေးဝေးမရောက်သေးဘူး ရှီမန်နဲ့ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက ကျင့်ကြံသူတွေက ကျုပ်တို့ကို တိုက်ခိုက်ခဲ့ကြတယ်... နန်းကုန်မိသားစုကပညာရှင်တွေရောက်လာပြီး ကျုပ်တို့ကို ကယ်တင်ခဲ့လို့သာ ကံကောင်းသွားတာ”

ပေမင်ကလန်ခေါင်းဆောင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“အဲ့လိုသာမဟုတ်ဘူးဆိုရင် ပေမင်ကလန်က မျိုးတုံးသတ်ဖြတ်ခံရနေလောက်ပြီ”

ပေမင်ရွယ်က တိတ်တဆိတ်တုန်လှုပ်သွား၏။

ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုများသည် ပေမင်ကလန်၏ လျှို့ဝှက်ချက်ကို တွေ့ရှိသွားပြီးနောက် သူတို့သည် လုံးဝတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပေမင်ကလန်ကို အမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားခဲ့လေသည်။

“နန်းကုန်ရှေးတော်ဝင်မိသားစုက စီနီယာတွေကို ကျေးဇူးတင်ပါတယ်”

ပေမင်ရွှယ်က နန်းကုန်လင်းနှင့် အခြားသူများကို လေးလေးနက်နက်ဦးညွှတ်လိုက်၏။

နန်းကုန်ရှေးတော်ဝင်မိသားစုသည် သူတို့ကိုဝင်ရောက်ကူညီပေးခဲ့ခြင်းမှာ သူမ၏ဆရာကြောင့်ဆိုတာကို သူမသိထားလေသည်။ ထိုသို့ဆိုလျှင်တောင် အဲ့ဒါက ကြီးမားသည့်ကျေးဇူးတရားဖြစ်လေသည်။

“ရပါတယ်... ရပါတယ်”

နန်းကုန်လီက ညင်သာစွာ ပြုံးလိုက်၏။

“မိန်းကလေး... ထထ အဲ့လိုတွေ လုပ်နေစရာမလိုဘူး”

ပေမင်ရွှယ် ဦးညွှတ်လာသည်ကိုတွေ့မြင်သောအခါ နန်းကုန်လင်းက အလောတကြီးရှောင်တိမ်းလိုက်၏။ သူ၏ကျင့်ကြံမှုအဆင့်က ပေမင်ရွှယ်ထက် မြင့်မားသော်လည်း ဝါစဥ်အရဆိုလျှင် သူကသာ ပေမင်ရွှယ်ကို ဦးညွှတ်ရမည်ဖြစ်၏။

ဆူဇီမို၏ အမူအရာကလည်း နူးညံ့သွား၏။

“နန်းကုန်လီ... နန်းကုန်မိသားစုရဲ့ မိသားစုသခင်နေနဲ့ ခင်ဗျားက ပေမင်ရှေးတော်ဝင်မိသားစုက အဲ့ဒီခွေးမကို တကယ်ကူညီပေးနေတာပဲ... ခင်ဗျားတို့နန်းကုန်မိသားစုက မဟာအကြီးအကဲက ဒီကိစ္စကို သိရဲ့လား”

အကြီးအကဲဘဝဖြတ်ပိုင်းက ဖြည်းဖြည်းချင်း မေးလိုက်၏။

“ဒါပေါ့... ငါသိတာပေါ့”

ထိုစဥ်မှာပင် နဂါးခေါင်းလမ်းလျှောက်တောင်ဝှေးနှင့်အတူ အဖိုးအိုတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်ရောက်လာ၏။ သူက နန်းကုန်ရှေးတော်ဝင်မိသားစု၏ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အကြီးအကဲလန်ထျန်ဖြစ်၏။

“လန်ထျန်”

အမျိုးသမီးအိုက ကြမ်းကြုတ်ခက်ထန်စွာဖြင့် အော်ဟစ်လိုက်၏။

“ဒါက... ဘာသဘောလဲ အထီးကျန်သိုင်းသခင်က သူ့ရဲ့ဝှက်ဖဲတွေအားလုံးကို ထုတ်သုံးခဲ့ပြီးပြီ... ငါတို့သုံးယောက်ပူးပေါင်းလိုက်တာနဲ့ ငါတို့က သူ့ကိုဖိနှိမ်နိုင်နေပြီ”

“အဲ့ဒီအချိန်ကျရင် ငါတို့ရှေးတော်ဝင်မိသားစု ၃စုက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကို အညီအမျှခွဲဝေယူလို့ရနေပြီပဲ... အဲ့လိုဘာလို့မလုပ်ရမှာလဲ”

အကြီးအကဲလန်ထျန်က သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြီး သက်ပြင်းချလိုက်၏။

“ဘဝဖြတ်ပိုင်း... ငွေရောင်ကျော့ကွင်း တော်ကြတော့”

“တော်ကြတော့... ဟုတ်လား”

အမျိုးသမီးအိုက ထပ်မံ၍အော်ပြောလိုက်၏။

“အဲ့ဒီအထီးကျန်သိုင်းသခင်ရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတဲ့ ငါတို့ရှေးတော်ဝင်မိသားစု နှစ်စုကလူတွေ ဘယ်လောက်တောင်များသွားပြီလဲ... ဒီနေ့သူ့လက်ထဲမှာသေဆုံးခဲ့ရတာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၃၀ ရှိသွားပြီ... နင်က ငါတို့ကိုတားဆီးချင်သေးတာလား”

“အထီးကျန်သိုင်းသခင်က ငါတို့ရှေးတော်ဝင်မိသားစု နှစ်စုနဲ့ စစ်ကြေညာခဲ့ပြီဆိုမှတော့ သူက တောင်ပိုင်းဒေသကနေ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်ကူးသာယဥ်နေလိုက်တော့”

အကြီးအကဲဘဝဖြတ်ပိုင်းကလည်း အေးစက်နေသောအမူအရာရှိပြီး အမျိုးသမီးအိုနှင့် အကြည့်ချင်းဖလှယ်လိုက်၏။

“သွားကြရအောင်”

သူတို့နှစ်ယောက်သည် ဤနေရာကနေ ထွက်ခွာပြီး သူတို့မိသားစု၏ အခြားသော တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများကို ဖိတ်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပြီဖြစ်၏။

သူတို့၏ တွက်ချက်မှုအရ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး ၅ယောက်ရှိမည်ဆိုလျှင် သူတို့က အထီးကျန်သိုင်းသခင်ကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

“မင်းတို့ကို ဘယ်သူက သွားခွင့်ပေးသေးလို့လဲ”

ထိုစဥ်မှာပင် ဆူဇီမိုက ရုတ်တရက်ဝင်ရောက်ပြောဆိုလိုက်၏။ သူ၏လေသံက တည်ငြိမ်နေသော်လည်း အေးစက်နေသော သတ်ဖြတ်လိုစိတ်တစ်ခုပါဝင်နေ၏။

အကြီးအကဲဘဝဖြတ်ပိုင်းနှင့် အမျိုးသမီးအိုက ခဏမျှ ကြောင်အ,မှက်တက်သွားကြ၏။

ထို့နောက်ချက်ချင်းပင် သူတို့၏မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုမှုက ဖျတ်ခနဲပေါ်လာကြ၏။

“ဟီးဟီး”

အကြီးအကဲဘဝဖြတ်ပိုင်း ရယ်မော၍ခေါင်းခါလိုက်၏။

“ဘာလဲ... မင်းက ငါတို့ကိုတားချင်သေးတာလား... မင်းက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ရောက်ချင်းမှာပဲ ငါတို့ကို စိန်ခေါ်နိုင်လောက်အောင် တကယ်ပဲသန်မာနေပြီဆိုတာ ငါဝန်ခံတယ်... ဒါပေမဲ့ မင်းက ငါတို့ထွက်ခွာတာကို တားချင်တယ်ဆိုရင်တော့ အိပ်မက်မက်နေတာပဲဖြစ်ရမယ်”

ဤတစ်​ကြိမ်တွင်တော့... အကြီးအကဲ လန်ထျန်ပင်လျှင် ဝင်ရောက်ပြောဆိုခြင်းမရှိတော့ပေ။

သူ၏ထင်မြင်ချက်အရ ဆူဇီမို၏တိုက်ခိုက်ရည်ခွန်အားသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်နှင့် မတိမ်းမယိမ်းမှာရှိလေသည်။

သူတို့နှစ်ယောက်က ထွက်ခွာသွားချင်သည်ဆိုလျှင် ဆူဇီမိုက သူတို့ကိုတားဆီးနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း အကြီးအကဲလန်ထျန်၏ သရုပ်သကန်က အနည်းငယ်ထူးခြားသည့်အတွက် သူက ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုမှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများကို အလွယ်တကူဝင်ရောက်မတိုက်ခိုက်နိုင်ပေ။ မဟုတ်ပါက အခြေအနေသည် ဆက်လက်၍ အချိန်တိုးမြင့်လာမည်ဆိုလျှင် ရှေးတော်ဝင်မိသားစုများကြားမှာ ကြီးမားသည့် တိုက်ပွဲတစ်ခုဖြစ်လာဖို့များပြီး နောက်ဆက်တွဲအကျိုးဆက်များက ခန့်မှန်း၍မရလောက်အောင် ဖြစ်လာပေလိမ့်မည်။

“မင်းတို့တွေ သွားချင်တယ်ဆိုလည်း ရတယ်လေ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါပေမဲ့... မင်းတို့နှစ်ယောက်က နောက်နောင်ပေမင်ကလန်ကို လက်စားမချေရဘူးလို့ ငါ့ရှေ့မှာ ကျိန်ဆိုရမယ်... မင်းတို့က အဲ့ဒီကျိန်ဆိုမှုကိုဖောက်ဖျက်မယ်ဆိုရင် ကောင်းကင်ဘုံက မင်းတို့ကိုဖျက်ဆီးလိမ့်မယ်”

“ဟားဟား”

အကြီးအကဲဘဝဖြတ်ပိုင်းက ဒေါသအရမ်းထွက်နေသော်လည်း သူက ရယ်မောလိုက်၏။

“မင်းက ငါတို့ကို တကယ်ပဲ အဲ့လိုကျိန်ဆိုစေချင်နေတာလား”

“ကောင်လေး အထီးကျန်သိုင်းသခင်... မင်းကိုယ်မင်းဘယ်သူထင်နေလဲ”

အမျိုးသမီးအိုကလည်း ဆက်လက်၍သည်းမခံနိုင်တော့ဘဲ ကျိန်ဆဲပြောဆိုလိုက်၏။

“ငါတို့က နာမည်ကြီးကျော်ကြားခဲ့တုန်းက နင်က မွေးတောင်မွေးသေးမှာမဟုတ်ဘူး... နင်က ငါတို့ကို ကျိန်ဆိုခိုင်းရအောင် ဘာများအဆင့်မီလို့လဲ”

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ရှင်သန်နေထိုင်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ဤကဲ့သို့သော ခြိမ်း​ခြောက်မှုနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။

သူတို့အတွက်တော့ ဆူဇီမို၏စကားများက သူတို့ကိုစော်ကားပြောဆိုမှုဖြစ်လေသည်။

ဆူဇီမိုသည် သူတို့အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးနေခြင်းဖြစ်ကြောင်း သူတို့က နားမလည်ခဲ့ကြပေ။

“မင်းတို့တွေက ကျိန်ဆိုမှုမပြုလုပ်ချင်ဘူးဆိုမှတော့ ထွက်မသွားနဲ့တော့”

ဆတ်ခနဲဆို ဆူဇီမိုသည် အကြီးအကဲဘဝဖြတ်ပိုင်းနှင့် အမျိုးသမီးအိုထံသို့ လျှောက်လှမ်းလာ၏။

“သွားမယ်ဟေ့”

အကြီးအကဲဘဝဖြတ်ပိုင်းနှင့် အမျိုးသမီးအိုက ဆူဇီမိုနှင့် ဆက်လက်တိုက်ခိုက်လိုစိတ်မရှိကြပေ။ သူတို့နှစ်ယောက်သည် ဟိန်းဟောက်၍ ခန်းမထဲကနေ လှည့်ထွက်​ပြေးလိုက်ကြလေသည်။

ရုတ်တရက်ဆိုသလို...

တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခုက ဆင်းသက်လာပြီး ခန်းမထဲရှိ အပူချိန်က ထိုးဆင်းသွား၏။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

အကြီးအကဲဘဝဖြတ်ပိုင်းနှင့် အမျိုးသမီးအိုသည် ရှေ့သို့ ပြေးနေရင်း နောက်သို့ အလိုလိုလှည့်ကြည့်လိုက်ကြ၏။

ထိုအကြည့်တစ်ချက်သည် မနှိုင်းယှဥ်သာအောင် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်သွားစေ၏။

ဇီ.... ဇီ.... ဇီ....

ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် ဓားပညာရပ်တစ်ခုကို ထုတ်ဖော်ပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ်ကနေ ပြိုးပြိုးပြက်ပြက် ဓားချီများက အရိပ်ပေါင်းထောင်နှင့်ချီ၍ ပေါက်ကွဲထွက်ပေါ်လာ၏။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် တုန်လှုပ်သွားပြီး သူတို့၏သူငယ်အိမ်များက တင်းကျပ်သွား၏။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ....

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် သူတို့၏မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခုသည် အလွန်တရာစွမ်းအားကြီးမားသော်လည်း အဲ့ဒါက တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမို၏တိုက်ခိုက်မှုကနေ ထွက်ပေါ်လာသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် အခုတစ်ထောင်မဟုတ်ဘဲ အရေအတွက်ထောင်ပေါင်းများစွာ ဖြစ်လေသည်။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် ကောင်းကင်နှင့်မြေကြီးကိုလှုပ်ခါသွားစေပြီး လေဟာနယ်ကို အပိုင်းပိုင်းလှီးဖြတ်ကာ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ ထွက်လမ်းများအားလုံးကို ဖြတ်တောက်လိုက်၏။

အကြီးအကဲဘဝဖြတ်ပိုင်းနှင့် အမျိုးသမီးအိုသည် သူတို့၏မျက်လုံးများက ကျိန်းစပ်လာသည်ဟု ခံစားရပြီး မျက်ရည်များက အထိန်းအကွပ်မဲ့စွာ စီးကျလာ၏။

သူတို့ကိုမပြောနှင့် တိုက်ပွဲနယ်မြေ၏အပြင်ဘက်ရှိ အကြီးအကဲလန်ထျန်ပင်လျှင် တူန်လှုပ်သွားရပြီး အလိုလိုနောက်ဆုတ်လိုက်ရ၏။

ထောင်ပေါင်းများစွာသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများက သိပ်သည်းပြင်းထန်သော အဖျက်စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။

ချွမ်း... ချွမ်း.... ချွမ်း...

အမျိုးသမီးအိုနှင့် အကြီးအကဲဘဝဖြတ်ပိုင်းသည် သူတို့၏ခွန်အားကုန်ဖြင့် တိုက်ခိုက်နေကြဆဲ ဖြစ်၏။ သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ထိန်းချုပ်ရင်း သူတို့သည် များပြားလှစွာသော အဆောင်လက်ဖွဲ့များနှင့် ဝှက်ဖဲများကိုထုတ်ဖော်ကာ ဝင်ရောက်လာသော ဓားချီများကို ခုခံနေကြ၏။ သို့သော်လည်း ဓားချီများက အရမ်းကိုများပြားလွန်းပြီး ဓားပင်လယ်တစ်ခုလိုဖြစ်နေကာ သူတို့နှစ်ယောက်ကိုဝါးမျိုဖို့အတွက် တဝုန်းဝုန်းရိုက်ခတ်နေ၏။

ဖောက်... ဖောက်... ဖောက်...

သွေးများက ဖြာထွက်လာ၏။

ထိုအခိုက်အတန့်တွင် ဒေါင်ဖန်ရွှမ်နှင့် ရှီမန်ထောင်သည် ထောင့်တစ်နေရာမှာ ကွေးညွှတ်နေပြီး လုံးဝကြက်သေသေနေကြ၏။ သူတို့သည် ထိတ်လန့်တကြား အမူအရာများနှင့်အတူ သူတို့၏ခန္ဓာကိုယ်များက တဆတ်ဆတ်တုန်ယင်နေကြ၏။

သူတို့သည် ရှေးတော်ဝင်မိသားစုသခင်များ၏ သွင်ပြင်ဟန်ပန်မျိုး လုံးဝမရှိတော့ပေ။

မိသားစုသခင်နှစ်ယောက်သည် အထီးကျန်သိုင်းသခင် ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ နောက်ဆုံးမှာ နားလည်သွားကြ၏။

ထိုကြောက်ရွံ့မှုသည် အိပ်မက်ဆိုးတစ်ခုကဲ့သို့ သူတို့ဘဝတစ်လျှောက်လိုက်ပါလာတော့မည်ဖြစ်ပြီး ဘယ်တော့မှ မေ့ဖျောက်လို့ရနိုင်တော့မည် မဟုတ်ပေ။

​ဘုန်း... ဘုန်း...

သွေးသံရဲရဲ ခန္ဓာကိုယ်နှစ်ခုသည် အင်အားချိနဲ့သော အမူအရာများနှင့်အတူ လေထဲကနေ ပြုတ်ကျလာကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထပ်တလဲလဲလှီးဖြတ်ခြင်းခံထားရပြီး သူတို့၏ အသားများက မွစာကျဲကာ ပုံပျက်ပန်းပျက်ဖြစ်နေ၏။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများသည် သိပ်သည်းပြင်းထန်သောအသက်ဓာတ်အားကို တကယ်ပင်ပိုင်ဆိုင်လေသည်။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီထောင်ပေါင်းများစွာ၏ လှီးဖြတ်ခြင်းခံရပြီးတာတောင် သူတို့သည် ချက်ချင်းသေဆုံးမသွားဘဲ အသက်တစ်မျှင်ဖြင့် နောက်ဆုံးအသက်ကို ဆက်နိုင်နေဆဲ ဖြစ်၏။

တကယ်တော့... သူတို့၏အသိစိတ်များက ကြေမွသွားခဲ့ပြီဖြစ်ပြီး ဓားချီဖြင့် ထိုးဖောက်ခြင်းခံထားရ၏။ သူတို့၏ အမြုတေစိတ်ဝိညာဥ်များပင်လျှင် ဓားချီကြောင့် ဒဏ်ရာများရရှိထားပြီး သူတို့သည် ဆက်လက်၍ ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

All Chapters